#WorldHealth
Published 21 April 2022
ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးတဲ့လူတွေမှာ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုထိခိုက်စေပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့အခြားမျိုးဗီဇကွဲကူးစက်မှုတွေကို ကာကွယ်ပေးနိုင်စွမ်းနည်းပါးသွားကြောင်း လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးရရှိတဲ့ ပဋိပစ္စည်း(antibody)ထွက်ရှိမှု သို့မဟုတ် အရင် SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲကူးစက်မှုတွေကရတဲ့ ပဋိပစ္စည်းတွေနဲ့မတူတဲ့အချက်က အိုမီခရွန် BA.1, BA.2 မျိုးဗီဇကွဲကူးစက်မှုများမှရရှိတဲ့ ပဋိပစ္စည်းတွေဟာ ဗိုင်းရပ်စ်ရဲ့အခြားမျိုးဗီဇကွဲကူးစက်မှုတွေကို မကာကွယ်ပေးနိုင်ကြောင်း သုတေသီတွေက အိုမီခရွန်ကူးစက်ထားတဲ့ သွေးနမူနာများကိုစစ်ဆေးကြည့်ပြီး သိရှိခဲ့ကြပါတယ်။
ဗိုင်းရပ်စ်ရဲ့ အရင်မျိုးဗီဇကွဲတွေကို ကာကွယ်ပေးနိုင်ဖို့ထုတ်လုပ်ထားတဲ့ mRNA ကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးနောက် အိုမီခရွန်ကူးစက်ခဲ့တဲ့လူတွေဟာ အိုမီခရွန်ရဲ့နောက်ထပ်မျိုးဗီဇကွဲနှစ်မျိုးကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းတွေအများအပြားထွက်ရှိနိုင်ပေမယ့် အရင် SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကိုတော့ ကာကွယ်နိုင်စွမ်းနည်းပါးကြောင်း Nature Portfolio မှာဖော်ပြထားပါတယ်။
ကာကွယ်ဆေးထိုးနှံခြင်း သို့မဟုတ် ကိုဗစ်ရောဂါကူးစက်ခြင်းမှရရှိတဲ့ခုခံအားစနစ်က အိုမီခရွန်ကူးစက်ပြီးနောက် ထွက်လာတဲ့ပဋိပစ္စည်းတွေဟာ အိုမီခရွန်မျိုးဗီဇကွဲတွေကိုသာ သီးသန့်ကာကွယ်ပေးနိုင်ပြီး အိုမီခရွန်မဟုတ်တဲ့မျိုးဗီဇကွဲတွေကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းတွေတော့ ထွက်ပေါ်လာခြင်းမရှိကြောင်း ဩစတြီးယား ဗီယင်နာဆေးပညာတက္ကသိုလ်မှ'ကာရင်စတီယက်စနီ'နဲ့ 'ဂျူဒီတီအဘာလေ'တို့က ပြောပြခဲ့ပါတယ်။
BA.2 ကူးစက်မှုမှရရှိတဲ့ ပဋိပစ္စည်းတွေဟာ အခြားမျိုးဗီဇကွဲတွေကို ကာကွယ်ပေးနိုင်ဖွယ်မရှိဘူးလို့ ဖော်ပြထားပါတယ်။
လေ့လာချက်ထဲမှာတော့ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ အားမြှင့်ကာကွယ်ဆေး(booster)တွေ အရေးကြီးကြောင်း အလေးထားဖော်ပြထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 21 April 2022
မလေးရှားနိုင်ငံက မြန်မာနိုင်ငံသို့လှူဒါန်းသော Astrazeneca အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၅ သိန်း doses သည် ဧပြီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကွာလာလမ်ပူလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။
မလေးရှားနိုင်ငံက လှူဒါန်းသည့် Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား Malaysia-Myanmar Business Clamber(MMBC) ဥက္ကဌ Ms. Loi Jin Choo ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ Counsellor, Mr. Muhammad Syukri Bin Azmi နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တာ၀န်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ရောက်ရှိလာတဲ့ ကာကွယ်ဆေးများကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းတွင် အအေးလမ်းကြောင်းမပြတ် သိုလှောင်ထားရှိမှာ ဖြစ်ပါတယ်။
အဆိုပါ Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်းနှင့် ဦးတည်အုပ်စုအလိုက် ပြည်သူ့ဆေးရုံများနှင့် ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ယနေ့အထိ ကာကွယ် ဆေးတစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူဦးရေ ၂၈ ဒသမ ၉၇ သန်းကျော်ရှိပြီး ထပ်ဆောင်းကာကွယ်ဆေး ၁ ဒသမ ၂ သန်း doses ထိုးနှံပြီးဖြစ်ရာ ကာကွယ်ဆေး doses ပေါင်း ၅၂ ဒသမ ၆၅ သန်းကျော် ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group.
#Local_News
Published_ 21 April 2022
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် နှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ စိုးဦးကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြား
ရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းသည် GAVI HSS2 Grant (Global Alliance for Vaccines and Immunization-Health System Strengthening 2) ဖြင့် ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ စီမံချက်မန်နေဂျာအဖြစ် ဆောင်ရွက်စဉ် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းကို နစ်နာဆုံးရှုံးစေခဲ့ခြင်းကြောင့် ဒေါက်တာ ထားထားလင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ထို့ပြင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးသည် GAVI HSS2 Grant ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများတွင် တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူဖြစ်သည့် အလျောက် နိုင်ငံတော်၏ ငွေကြေးနစ်နာဆုံးရှုံးစေသည့် ဒေါက်တာထားထားလင်း၏ ဆောင်ရွက်မှုတွင် ကြီးကြပ်စစ်ဆေးရန် ပျက်ကွက်ခြင်း၊ စီမံခန့်ခွဲရန် ပျက်ကွက်ခြင်း တို့သည် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရန်အတွက် အားပေးကူညီမှုကို ဖြစ်စေခဲ့ခြင်းကြောင့် ဒေါက်တာစိုးဦးအပေါ် ယင်းဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်၌ တရားစွဲဆိုတင်ပိုခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၃၆/၂၀၂၁ ဖြင့် လက်ခံစစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group.
#LocalNews
Published_20 April 2022

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်အတွင်း၌ ယနေ့ ဧပြီလ ၂၀ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် (၂)နှစ်လုံးပြိုလဲသွားကာ အလုံး(၅၀) အမိုးလန်ပျက်စီးသွားကြောင်း သိရသည်။

ယင်းအပြင် သစ်ပင်ကြီးငယ်များ၊ဆက်သွယ်ရေးတာဝါတိုင်များ၊လျှပ်စစ်မီးတိုင်များလည်း ကျိုးကျပြိုလဲမှုများ ဖြစ်ခဲ့ရကြောင်း ၊ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်မှ နေအိမ် ၂ လုံး၊ စကုမြို့ အမှတ်(၁)ရပ်ကွက်မှ နေအိမ် ၄ လုံး၊ ကံသာကျေးရွာမှ နေအိမ် ၄ လုံး၊ ကံကုလားကျေးရွာမှ နေအိမ် အလုံး(၃၀)၊ တောင်မန်းကျေးရွာမှ နေအိမ်တစ်လုံး၊ ကြာကန်ကျေးရွာမှ နေအိမ် ၃ လုံး၊ ဆင်ခေါင်းကျေးရွာမှ နေအိမ် ၄ လုံး၊ ကျောက်တန်းကျေးရွာမှ နေအိမ်တစ်လုံးနှင့် ကဒီးကျေးရွာတွင် နေအိမ် ၂ လုံး ပြိုလဲကာ နေအိမ်တစ်လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

လေပြင်းတိုက်ခတ်မှုများရှိခဲ့သော်လည်း လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့ပေ။

ymg/mt
#Yangon_Media_Group
#WorldAutomotive
Published 20 April 2022
အမေရိကန်ပြည်ထောင်စုမှာ လျှပ်စစ်ကားများရေပန်းစားလျက်ရှိပြီး လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် ကားပိုင်ရှင်တွေက စီးပွားရေးအရတွက်ချေကိုက်စေဖို့ လျှပ်စစ်ကားများကိုစိတ်ဝင်စားလာကြကြောင်း နယူးယော့ခ် နိုင်ငံတကာမော်တော်ကားပြပွဲမှ ပြသသူများက ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
Published 20 April 2022
အီရတ်နိုင်ငံဟာ နှစ်ပတ်အတွင်းမှာ ဖုန်မှုန်မုန်တိုင်း တတိယအကြိမ်မြောက် တိုက်ခတ်ခြင်းခံရပါတယ်။အဲဒါကြောင့် ဘဂ္ဂဒက်နှင့် နာဂျက်ဖ် အကြားပျံသန်းနေတဲ့ လေယာဉ်တွေအားလုံး ရပ်နားထားရပါတယ်။ ဒါဟာ ရာသီဥတုဖြစ်စဉ်တွေ အကြိမ်ကြိမ်ဖြစ်မှုတွေ များပြားလာနေတဲ့ အရိပ်အယောင်တွေပဲဖြစ်ပါတယ်။
Source AFP
Published 20 April 2022
တရုတ်နိုင်ငံ၊ ဟွာလောင်းဝမ်းဓာတ်ပေါင်းဖိုက တည်ဆောက်တဲ့ တတိယမျိုးဆက်သစ် နျူကလီးယားဓာတ်ပေါင်းဖိုက ထုတ်လုပ်ပေးတဲ့ နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပါကစ္စတန်နိုင်ငံမှာ ဧပြီ၁၈ရက် တနင်္လာနေ့က စတင်လည်ပတ်နေပြီဖြစ်ပါတယ်။
ကရာချိယူနစ်(၃) လို့အမည်ပေးထားတဲ့ အဆိုပါစက်ရုံဟာ ဟွာလောင်းဓာတ်ပေါင်းဖိုအသုံးပြုပြီး ကမ္ဘာအနှံ့ တည်ဆောက်တဲ့ နျူကလီယားဓာတ်အားပေးစက်ရုံတွေထဲမှာ စတုတ္ထမြောက်ဖြစ်ပါတယ်။ကရာချိယူနစ်(၂)နှင့်(၃)တို့ဟာ ဟွာလောင်းဝမ်းက တည်ဆောက်ပေးတာဖြစ်ပြီး ပါကစ္စတန်နိုင်ငံမှာလျှပ်စစ်ဓာတ်အား ၂၀ ဘီလီယံကီလိုဝပ်နာရီ ထုတ်လုပ် ပေးတော့မှာဖြစ်တယ်လို့ တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း (CNNC) ကပြောပါတယ်။
ဟွာလောင်းဝမ်းဓာတ်ပေါင်းဖိုရဲ့ ပင်မအစိတ်အပိုင်းတွေအားလုံးကို တရုတ်နိုင်ငံက ထုတ်လုပ်တာဖြစ်ပါတယ်။ ဓာတ်ပေါင်းဖိုရဲ့ ဒီဇိုင်းအရ သက်တမ်းဟာ နှစ်ပေါင်း ၆၀ရှိပြီး ကမ္ဘာ့အန္တရာယ်ကင်းရှင်းရေးစံနှုန်းတွေနှင့် အညီတည်ဆောက်ထားပါတယ်လို့ ကုမ္ပဏီကပြောပါတယ်။
ဒီစီမံကိန်းက ပါကစ္စတန်ရဲ့စီးပွားရေးနှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ပေးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်။
ဟွာလောင်းဝမ်းရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ (၂)ရုံဟာ တရုတ်နိုင်ငံမှာ လည်ပတ်နေတာဖြစ်ပါတယ်။
Source CMG
#LocalNews
Published_20 April 2022
ရခိုင်ပြည်နယ်တစ်ခုလုံးသို့ သင်္ကြန်ကာလအတွင်းမှာ လေကြောင်းနဲ့ ဝင်လာတဲ့ ခရီးသည် တစ်သောင်းခြောက်ထောင်ကျော်ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_20 April 2022
မဲသဝေါဒေသကို စစ်မီးပွားမကျရောက်လာစေဖို့ ထိုင်းနယ်ခြားစောင့်တပ်၊ မြန်မာဘက်က နစက မဲသဝေါအခြေစိုက်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 20 April 2022
မြန်မာနိုင်ငံအတွင်း ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ကစတင်ပြီး ပြည်ပလေကြောင်းခရီးစဉ်တွေကို စတင်ခွင့်ပြုလိုက်တဲ့အတွက် လာရောက်မယ့် ခရီးသည်တွေအနေနဲ့ လက်မှတ်ဝယ်ရာမှာ ကော်မာရှယ်လေယာဉ်နဲ့ ကယ်ဆယ်ရေးလေယာဉ် ကွဲပြားစွာ ဝယ်ယူဖို့လိုပါတယ်။
#Yangon_Media_Group
#LocalNews
Published - 20 April 2022
ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုဒေသတွင် ဓါတ်ဆီတစ်ဂါလံလျှင် ၁၂,၀၀၀ ကျပ်အထိ ပေါက် ဈေးရှိနေပြီး ဓါတ်ဆီရရှိဖို့အတွက် ဒေသခံများက ဆီဆိုင်များမှာအလုအယက်ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -20 Apr 2022
ရန်ကုန်တိုင်းဒေသကြီးအတွင် အများပြည်သူသုံးယာဉ်လိုင်းအချို့နေရာတွင် လျှပ်စစ်ကားများဝင်ရောက်ပြေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ YRTA ကနေ ယာဉ်လိုင်းကုမ္ပဏီအချို့ကိုဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းခံတယ်လို့ သိရပါတယ်။
အဆိုပါ သဘောထားတောင်းခံမှုကို ဖုန်းဖြင့်ဆက်သွယ်ပြောဆိုတာဖြစ်ပြီး မည်သည့်ယာဉ်အမျိုးအစားမည်သည့်ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတာကိုတော့ တရားဝင်စာရွက်စာတမ်းနဲ့အကြောင်းကြားတာမျိုးမရှိဘူးလို့ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းကုမ္ပဏီ တစ်ခုကနေသိရပါတယ်။
"ဘာကားအမျိုးအစားလည်း ဘယ်နှစ်ယောက်ဆံ့တာလည်း ဘယ်သူလုပ်မှာလည်းဆိုတာမသိရပါဘူး ဖုန်းနဲ့ဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းခံတာပဲ စာရွက်စာတမ်းမပေးပါဘူးသဘောထားသိချင်တယ်ပဲပြောတယ် ကုမ္ပဏီဘက်ကတော့ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးမှ သဘောထားအကြောင်းပြန်ပေးမယ်ပြောထားတယ်"လို့ ယာဉ်လိုင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မတ်လ ၂၉ ရက်နေ့ကပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့နိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ မီးရထားနဲ့မော်တော်ယာဉ်တွေမှာ လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထားတွေ အစားထိုးသုံးစွဲပါက စက်သုံးဆီသုံးစွဲမှုကို လျော့ချချွေတာနိုင်မယ်လို့ ပြောပါတယ်။
ပြည်ပကတင်သွင်းတဲ့ လောင်စာဆီတွေကို ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ၇၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၂၆ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ ၁ ရာခိုင်နှုန်းသာ အသုံးပြုနေပြီး လျှပ်စစ်ကား၊ လျှပ်စစ်ရထားတွေ အစားထိုးသုံးစွဲပါက စက်သုံးဆီသုံးစွဲမှုတွေ ချွေတာနိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် Public Transportations ကိစ္စရပ်တွေမှာ လျှပ်စစ်ကို အသုံးပြုနိုင်မယ်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးရှိမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
Page 1980 of 2101