#LocalNews
Published_20 April 2022

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်အတွင်း၌ ယနေ့ ဧပြီလ ၂၀ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် (၂)နှစ်လုံးပြိုလဲသွားကာ အလုံး(၅၀) အမိုးလန်ပျက်စီးသွားကြောင်း သိရသည်။

ယင်းအပြင် သစ်ပင်ကြီးငယ်များ၊ဆက်သွယ်ရေးတာဝါတိုင်များ၊လျှပ်စစ်မီးတိုင်များလည်း ကျိုးကျပြိုလဲမှုများ ဖြစ်ခဲ့ရကြောင်း ၊ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်မှ နေအိမ် ၂ လုံး၊ စကုမြို့ အမှတ်(၁)ရပ်ကွက်မှ နေအိမ် ၄ လုံး၊ ကံသာကျေးရွာမှ နေအိမ် ၄ လုံး၊ ကံကုလားကျေးရွာမှ နေအိမ် အလုံး(၃၀)၊ တောင်မန်းကျေးရွာမှ နေအိမ်တစ်လုံး၊ ကြာကန်ကျေးရွာမှ နေအိမ် ၃ လုံး၊ ဆင်ခေါင်းကျေးရွာမှ နေအိမ် ၄ လုံး၊ ကျောက်တန်းကျေးရွာမှ နေအိမ်တစ်လုံးနှင့် ကဒီးကျေးရွာတွင် နေအိမ် ၂ လုံး ပြိုလဲကာ နေအိမ်တစ်လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

လေပြင်းတိုက်ခတ်မှုများရှိခဲ့သော်လည်း လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့ပေ။

ymg/mt
#Yangon_Media_Group