#World_Health
Published 31 August 2022
မြေပဲစားသုံးတဲ့အခါ ဗိုက်ပြည့်ဝနေစေပြီး အစာထပ်မစားချင်တော့တာကြောင့် ကယ်လိုရီအဝင်နည်းကာ ကိုယ်အလေးချိန်ကျစေကြောင်း အများအပြား လေ့လာတွေ့ရှိထားပါတယ်။
အဟာရတန်ဖိုးဘယ်လောက်ပဲဖြစ်ဖြစ် အဆီစားမိခြင်းက ဗိုက်ပြည့်ဝစေတာလားဆိုတာကို နောက်ထပ်လေ့လာခဲ့ကြပါတယ်။
အဲဒီနောက် အာလူးချောင်းကြော်ရဲ့ သက်ရောက်မှုကို လေ့လာခဲ့ပါတယ်။
အဆီများစွာပါဝင်ပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အာလူးချောင်းကြော်တွေကို ဗာဒံစေ့နဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
ဗာဒံစေ့တွေက ပရိုတိန်း၊ ဗိုက်တာမင်၊ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကောင်းကျိုးပြုအဆီ ၆၀ ရာခိုင်နှုန်း ပိုမိုပါဝင်ပါတယ်။
အာလူးချောင်းကြော် ၃၀၀ ကယ်လိုရီ သို့မဟုတ် ဗာဒံစေ့ ၃၀၀ ကယ်လိုရီကို စမ်းသပ်မယ့်လူတွေအား စားသုံးစေခဲ့ပါတယ်။
သူတို့ရဲ့ ကိုယ်အလေးချိန်၊ အဆီပါဝင်မှုရာခိုင်နှုန်း၊ ဆီးချိုအဖြေများကို မှတ်တမ်းတင်ထားပါတယ်။
ရက် ၃၀ ကြာပြီးနောက် ကိုယ်အလေးချိန်ကွာခြားခြင်းမရှိသလို ဆီးချိုတိုးလာခြင်းလည်း မရှိပါဘူး။
"လှော်ထားတဲ့ဗာဒံစေ့တွေက ကယ်လိုရီများတယ်လို့ လူအများကထင်ကြပေမယ့် တကယ်တော့မဟုတ်ပါဘူး၊ လှော်ထားတဲ့ဗာဒံစေ့ပဲဖြစ်ဖြစ် မလှော်ထားတာပဲဖြစ်ဖြစ် ဗာဒံစေ့ ၁၀၀ ဂရမ်တိုင်းမှာ ၅၈၀ မှ ၆၂၀ ကယ်လိုရီပါဝင်ပါတယ်"လို့ ဒေါက်တာ'မိုင်ယာရိုစ်မန်'က ရှင်းပြပါတယ်။
"အဟာရတန်ဖိုးအရကြည့်ရင် ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေ ကွာခြားမှုမရှိပါဘူး၊ ဖက်တီးအက်ဆစ်နဲ့ ပရိုတိန်းတွေလည်း မကွာခြားကြပါဘူး" လို့ ပြောပြပါတယ်။
တစ်ခုတည်းသောကွာခြားချက်က ဆားပါဝင်မှုပမာဏပါပဲ။
ဗာဒံစေ့လှော် ၁၀၀ ဂရမ်မှာ ဆိုဒီယမ် ၁၀၀ မီလီဂရမ်ပါဝင်ပြီး ဒီဆားပမာဏက လက်ဘက်ရည်ဇွန်းတစ်ဇွန်းရဲ့ ၁၀ ပုံ ၁ ပုံထက်တောင် နည်းပါးပါသေးတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published-31 Aug 2022
စစ်အေးတိုက်ပွဲကို သွေးထွက်သံယိုမှုမရှိ အဆုံးသတ်နိုင်ခဲ့ပေမယ့် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတာကို ဟန့်တားနိုင်စွမ်း မရှိခဲ့တဲ့ မီခေးလ်ဂေါ်ဘာချော့ဗ်ဟာ အသက်၉၁နှစ်အရွယ် မှာ အင်္ဂါနေ့က ကွယ်လွန်ခဲ့တယ်လို့ မော်စကိုက ဆေးရုံအရာရှိ တွေကပြောပါတယ်။
ဆိုဗီယက်ရဲ့ နောက်ဆုံးသမ္မတဖြစ်ခဲ့တဲ့ ဂေါ်ဘာချော့ဗ်ဟာ အမေရိကန်ပြည်ထောင်စုနှင့် လက်နက်ယှဉ်ပြိုင်မှုလျော့ချနိုင်ခဲ့ပြီး အနောက်နိုင်ငံတွေနှင့် မိတ်ဖက်လုပ်ကာ ဒုတိယကမ္ဘာစစ်ကတည်းက ဥရောပကိုပိုင်းခြားခဲ့တဲ့ သံမဏိလိုက်ကာကြီးကို ဖယ်ရှားနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးတော့ ဂျာမနီပြန်လည်ပေါင်းစည်းရေးကိုလည်း ဆောင်ကြဉ်းနိုင်ခဲ့သူပါ။
ဒါပေမယ့် သူ့ရဲ့ပြည်တွင်းပြုပြင်ပြောင်းလဲမှုဟာ သမ္မတပူတင်က “နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်ဆုံး နိုင်ငံရေး ကပ်ဘေးကြီး” လို့ ဆိုခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးကို ချိနဲ့သွားစေပြီး ပြိုလဲပျက်စီးသွားစေခဲ့ပါတယ်။
“မီးခေးလ်ဂေါ်ဘာချော့ဗ်ဟာ ပြင်းထန်ပြီး နာတာရှည်ဖြစ်နေတဲ့ရောဂါတစ်ခုနှင့် ကွယ်လွန်သွားပါတယ်” လို့ ရုရှား ဗဟိုဆေးရုံကြီးက ပြောပါတယ်။
ပူတင်က သူ့ရဲ့ အနက်ရှိုက်ဆုံးဝမ်းနည်းကြေကွဲမှုကို ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့က အင်တာဖက်သတင်းဌာနကိုပြောပါတယ်။ မနက်ဖန်မှာ သူ့မိသားစုနှင့်မိတ်ဆွေများထံ ဝမ်းနည်းကြောင်း သတင်းစကား တယ်လီဂရမ်နှင့်ပါးပါလိမ့်မယ်” လို့ သူကပြောပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေက သူ့သေဆုံးမှုအတွက် ချက်ခြင်းပဲ သူ့ကိုသတိတရစကားတွေပြောဆိုခဲ့ကြပါတယ်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယင်က ၁၉၉၀ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ ဂေါ်ဘာချော့ဗ်ဟာ လွတ်လပ်တဲ့ ဥရောပကို လမ်းဖွင့်ပေးခဲ့သူလို့ ချီးကျူးလိုက်ပါတယ်။
ဆိုဗီယက်လူ့အဖွဲ့အစည်းကို ဖွင့်ပေးလိုက်တဲ့ မမောမပမ်းနိုင်တဲ့ ကတိကဝတ်တွေဟာ ယခုတိုင် ကျွန်တော်တို့အားလုံး အတွက် နမူနာတစ်ခုဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ကပြောပါတယ်။
ယခုအထိတော့ အမေရိကန်နှင့်အိမ်ဖြူတော်ထံက ဘာတစ်ခုမှတုန့်ပြန်မှုမရှိသေးပါဘူး။
Source Reuters
#Mikhail_Gorbachev
#Mikhail_Gorbachev_died
#Soviet_Union




#Local_News
Published_30 August 2022
လတ်တလောမှာ မြန်မာနိုင်ငံဆရာဝန်အသင်းအနေနဲ့ အသင်းရဲ့ ဆောင်ရွက်မှုတွေ ရပ်နားထားရပေမယ့်လည်း ဆေးပညာရပ်ပြန့်ပွားရေးအတွက်ဆေးပညာရပ်ဆိုင်ရာ သင်တန်းတွေ၊ သင်ကြားရေးတွေပြန်လည်စတင်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်းရဲ့တာဝန်ရှိသူထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Published 30 Aug 2022
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ်က စမတ်လယ်ယာတွေဟာ အင်တာနက်အသုံးချနည်းပညာတွေ သုံးတဲ့အတွက် လယ်ယာထွက်ကုန်ထုတ်လုပ်မှုစွမ်းရည်တွေ တိုးတက်မှုရှိနေကြပါတယ်။
ဟိုင်းယန်စီရင်စုကရွာတစ်ရွာမှာ လယ်သမားတွေဟာ သူတို့ရဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ လယ်ယာတွေကို လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်ကြပါတယ်။ အဲဒီအထဲမှာ ရှုဟွာလန်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
ရှုရဲ့ ၃၃ ဟက်တာရှိတဲ့လယ်ထဲမှာ အင်တာနက်အခြေခံနည်းပညာတွေနှင့် အာရုံခံကိရိယာတွေ တပ်ဆင်ပြီး အပင်တွေ ဖွံ့ဖြိုးကြီးထွားလာတဲ့ ဝန်းကျင်ကို စမ်းသပ်တာ၊သတိပေးတာ၊ခွဲခြမ်းစိတ်ဖြာတာနှင့်ချိန်ညှိတာတွေ ဆောင်ရွက်နေပါတယ်။ အဲဒါကြောင့် ရေနှင့် ဓာတ်မြေဩဇာကို ချွေတာသုံးစွဲနိုင်ပြီး အလုပ်သမားခတွေကိုလည်း သက်သာစေပါတယ်။
ရှုက သတင်းထောက်ကို ပြောပြနေစဉ်မှာပဲ သူ့ရဲ့ ဂရင်းဟောက်စ်ပန်ကာတွေက အလိုလို စတင် လည်ပတ်ပါတော့တယ်။
“ ပန်ကာတွေက အလိုအလျောက်အဖွင့်အပိတ်လုပ်တာ။ အခန်းတွင်း အပူချိန်က ၃၀ ဒီဂရီဆဲဆိယတ်စ်ရောက်ရင် ပန်ကာတွေက အလိုလိုလည်ပတ်လာပြီး ၂၅ ဒီဂရီဆဲဆိယတ်စ်ရောက်တာနှင့် အလိုလိုပြန်ပိတ်သွားတယ်” လို့ ရှုက ပြောပါတယ်။
ထူးခြားတဲ့ သစ်သီးတွေနှင့် ဟင်းသီးဟင်းရွက်တွေအားလုံး ကျွန်တော့် ဂရင်းဟောက်စ်ထဲ တွေ့နိုင်တယ်။ အဲဒါတွေအားလုံးကို အင်တာနက်ရဲ့ အိုင်အိုတီစနစ်နှင့် ဒစ်ဂျစ်တယ်နည်းအရ စီမံထိန်းကျောင်းပေးနေတာဖြစ်တယ် လို့လည်း သူကပြောပါတယ်။
အိုင်အိုတီစနစ်နှင့် ဒီဥယျဉ်ထဲက ယာခင်းတွေအားလုံး စီမံလုပ်ဆောင်နေပါတယ်။ ပန်ကာတွေ၊ရေလိုက်ကာ တွေနှင့် နေကာပိုက်တွေ၊ ပြီးတော့ ဂရင်းဟောက်စ်ရဲ့ အပူချိန်နှင့် စိုထိုင်းဆတွေကို အဲဒီနည်းပညာနှင့် ထိန်းသိမ်းစီမံနေပါတယ်” လို့ သူကဆက်ပြောပါတယ်။
အဲဒီအတွက် ရင်းနှီးမြှပ်နှံစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၆.၃သန်းနှင့်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၁၁၃သန်းရှိပြီး သူဟာ ဒစ်ဂျစ်တယ်စမတ်ဂရင်းဟောက်စ်ပေါင်း ၁၉ ခုတည်ဆောက်ထားပါတယ်။ အဲဒီဂရင်းဟောက်စ်တွေက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပါတယ်။
“ ကျွန်တော်တို့အပင်တွေကြီးထွားလာတာကို အချိန်နှင့်တပြေးညီစီမံလုပ်ဆာင်နိုင်ပါတယ်။ ရောဂါတွေ၊ပိုးမွှားကောင်တွေနှင့် အမြင့်မားဆုံး ကြီးထွားမှုဝန်းကျင်ရရှိအောင် အမြဲစောင့်ကြည့်နိုင်ကြပါတယ်”လို့လည်းသူကပြောပါတယ်။
“ ပဲနို့နှင့် ကြက်၌တွေကိုအသုံးပြုပြီး အော်ဂဲနစ်မြေဩဇာ ကျွန်တော်တို့လုပ်ပါတယ်။ အဲဒီနောက် အစက်ချစနစ်သုံးပြီး အပင်တွေကို လိုအပ်တဲ့ အဟာရပမာဏကိုတိတိကျကျပေးနိုင်တယ်” လို့ သူကပြောပါတယ်။
အဲဒီဒေသမှာ နည်းပညာအသစ်တွေက လယ်ယာထွက်ကုန်တွေကို ဈေးကွက်မှာ လူကြိုက်များစေပါတယ်။
အလုပ်အများဆုံးရာသီမှာ အလုပ်သမားတွေဟာ ယာထဲနေ့တိုင်းလာပြီး သစ်သီးဝလံဟင်းသီးဟင်းရွက်တွေကို ဖြန့်ဖြူးရောင်းချဖို့ ထုတ်ပိုးကြပါတယ်။ သူတို့ရဲ့ ဝင်ငွေက သတိထားမိစရာဖြစ်လို့ အနီးအနားရွာတွေကလူတော်တော်များများ အလုပ်လုပ်ဖို့ ဆွဲဆောင်ပေးနေပါတယ်။
“ လယ်ယာစိုက်ပျိုးရေး ပုံစံသစ်က လယ်ယာထွက်ကုန်စွမ်းဆောင်ရည်တိုးတက်စေတယ်။ လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို အဲသလို ကုမ္ပဏီတွေကို အငှားချပေးတဲ့အတွက် အဲဒီကနေဝင်ငွေရတဲ့အပြင် အားလပ်တဲ့အချိန်မှာ အဲဒီမှာ ဝင်လုပ်ကိုင်တဲ့အတွက် ပိုက်ဆံတွေပိုရတယ်” လို့ ရွာရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ချေးဟွေးကျားက ပြောပါတယ်။
Source: CCTVPlus
#Smart_farms
#China_modern-agriculture
#Internet-of-the-things
#World_Energy
Published 30 August 2022
ဂျာမနီနိုင်ငံ မောဘာ့ဂ်ကျောက်မီးသွေးစက်ရုံ အလုပ်မလုပ်တာ ၁ နှစ်ကျော်ရှိခဲ့ပြီးနောက် ဂျာမနီမှာ လောင်စာစွမ်းအင်မလုံလောက်တဲ့ပြဿနာကို ထိုစက်ရုံက ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
#Yangon_Media_Group
#Local_News
Published _ 30 August 2022
နေပြည်တော်မြို့ရှိ အိမ်ခြံမြေဈေးတွေ မြင့်တက်နေပြီး ဝယ်ယူလိုသူနဲ့ ဝယ်လိုအားတွေလည်း နှစ်ဆမြင့်တက်နေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း(နေပြည်တော်)မှ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 30 August 2022
ပြည်တွင်းမှာ ငွေကြေးမတည်ငြိမ်တာတွေကြောင့် ခရီးသွားလုပ်ငန်းကို အများကြီး ထိခိုက်နိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 30 August 2022
၁။ ရခိုင်ပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကျပ် ၁၀ ဘီလီယံ ထုတ်ချေးရန်စီစဉ်နေ
၂။ ငွေကြေးမတည်ငြိမ်မှုကြောင့် ခရီးသွားလုပ်ငန်းထိခိုက်နိုင်ဟု UMTA ဥက္ကဌပြော
၃။ နေပြည်တော်တွင် အိမ်ခြံမြေဝယ်ယူလိုသူ နှစ်ဆကျော်မြင့်နေဟုဆို
၄။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန် ဂျာမနီကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_30 August 2022
လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူမှု မပြုလုပ်ဘဲ ကြာမြင့်ပြီ ဖြစ်တဲ့ ဆူးလေစေတီတော်ကို လာမယ့်ပွင့်လင်းရာသီမှာ ရွှေသင်္ကန်းကပ်လှူတော့မှာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 30 Aug 2022
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မစ္စတာဂေါတမ်အက်ဒါနီကို ပြင်ပက လူအနည်းငယ်လောက်ပဲသိကြတာပါ။
ယခု အိန္ဒိယသူဋ္ဌေးကြီးဖြစ်နေတဲ့သူဟာ ကောလိပ်ကျောင်းမပြီးခင်ထွက်ခဲ့ရသူဖြစ်ပါတယ်။ သူဟာ ပထမဆုံး စိန်ကုန်သည် အဖြစ် သူ့ကံတရားကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ကျောက်မီးသွေး,,။ အဲဒီနောက် တဖြည်းဖြည်းနှင့် အကြီးဆုံး လုပ်ငန်းစုကြီးတွေထဲက တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ အဲဒီသူဟာ အခု ကမ္ဘာပေါ်မှာ တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။
ဒါဟာ အာရှမှာ ပထမဆုံးအဖြစ် အာရှသားတစ်ဦးဟာ ဘလွမ်းဘတ်ရဲ့ ထိပ်တန်းဘီလျံနာ(၃)ဦးစာရင်းဝင်ဖြစ်လာတာပါ။ ရီလိုင်းယင့်စ် အင်ဒတ်စထရီက မစ္စတာ မူကက်ရှ် အမ်ဘာနီနှင့် အလီဘာဘာပူးတွဲတည်ထောင်သူ ဂျက်မာတို့တောင် အဲဒီ အဆင့်မရောက်ခဲ့ကြပါဘူး။
အမေရိကန်ဒေါ်လ၁၃၇.၄ ဘီလျံချမ်းသာကြွယ်ဝတဲ့ မစ္စတာ အက်ဒါနီဟာ LVMH ဥက္ကဋ္ဌ ဘားနတ် အာနော့တ်ကို ကျော်ဖြတ် ပြီး တတိယနေရာ ရောက်သွားတာဖြစ်ပါတယ်။ သူ့ရှေ့မှာ တက်စ်လာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်နှင့် အမေဇုန်ဒေါ့ကွမ်းတည်ထောင်သူ ဂျက်ဘီဇော့တို့ပဲရှိပါတော့တယ်။
အသက် (၆၀)ရှိပြီဖြစ်တဲ့ မစ္စတာ အက်ဒါနီဟာ ကျောက်မီးသွေးမှသည် ဆိပ်ကမ်းတွေအထိပါတဲ့ သူ့ရဲ့လုပ်ငန်းစုကြီးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ချဲ့ထွင်ခဲ့တာပါ။ အဲဒါကြောင့် ဒေတာစင်တာမှသည် ဘိလပ်မြေလုပ်ငန်း၊မီဒီယာနှင့် အလျူမီနီယမ်တွေအထို လုပ်ငန်းစုံလှပါတယ်။
သူ့ရဲ့လုပ်ငန်းအုပ်စုဟာ အခုဆို အိန္ဒိယရဲ့ အကြီးဆုံးပုဂ္ဂလိက ဆိပ်ကမ်းလုပ်ငန်းများလုပ်ကိုင်နေပြီး လေဆိပ်တွေစီမံခန့်ခွဲသူ၊ မြို့ဓာတ်ငွေ့ဖြန့်ချိသူနှင့် ကျောက်မီးသွေးသတ္တုတွင်းတွေအထိ ပိုင်ဆိုင်ထားပါတယ်။ ဩစတြေလျက ကာမိုက်ကယ်သတ္တုမိုင်း ဆိုရင် ပတ်ဝန်းကျင်ဝါဒီတွေရဲ့ ဝေဖန်ပြစ်တင်ခြင်းခံနေရပါတယ်။ သူဟာ နိုဝင်ဘာလတုန်းက အစိမ်းရောင်စီးပွားရေးအတွက် ဒေါ်လာ ၇၀ဘီလျံရင်းနှီးမြှပ်နှံမှုလုပ်မယ်လို့ ကတိပေးခဲ့တဲ့အတွက် ကမ္ဘာ့အကြီးဆုံးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်သူ ဖြစ်လာပါလိမ့်မယ်။
မစ္စတာအက်ဒါနီဟာ အခြားသူဋ္ဌေးကြီးတွေလိုပဲ ပရဟိတလုပ်ငန်းတွေအတွက်လည်း လှူဒါန်းဖို့ရှိပါတယ်။ သူဟာ သူ့ရဲ့ အသက်(၆၀) ပြည့်မွေးနေ့အဖြစ် လူမှုရေးလုပ်ငန်းတွေကို ဒေါ်လာ ၇.၇ဘီလျံလှူဒါန်းမယ်လို့ ကတိပြုထားပါတယ်။
Source: Reuters
#Mr_Gautam_Adani
#world's_3rd_richest_person
#Indian_tycoon_Guatam_Adani

#Local_News
Published _ 30 August 2022
ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်သုံးယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံ၊ အလုပ်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ပါက စက်မှုဇုန်များနှင့် ပတ်သက်သည့် ကိစ္စရပ်တစ်ချို့အား အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လျှပ်စစ်ကားထုတ်လုပ်သည့် စက်ရုံတွေရင်းနှီးမြှုပ်နှံမည်ဆိုလျှင် စည်ပင်လိုင်စင် အမြန်ရရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေလျှော့ပေးသွားမှာဖြစ်သလို စက်မှုဇုန်ကော်မတီများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး စက်မှုဇုန်ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနှင့် အဆိုပါလျှပ်စစ်ယာဉ်များအတွက် Charging Station ဟုခေါ်တွင်သည့် ဘက်ထရီအားသွင်းသည့် နေရာ ၃၆ နေရာကိုလည်း တည်ဆောက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်သုံး မော်တော်ယာဉ် တင်သကော်မ ထုတ်လုပ်တာနှင့် ပတ်သက်သည့် မူဝါဒများ ချမှတ်နိုင်ရန် လုပ်ဆောင်နေပြီး အမျိုးသားလျှပ်စစ်သုံးယာဉ်ဖြင့်ဆက်စပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်ညှိနှိင်း ကြီးကြပ်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်ဆောင်ရွက်နေကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 30 August 2022
ငွေလဲနှုန်းအပြောင်းအလဲကြောင့် သြဂုတ်လအတွင်း နှမ်းတစ်အိတ်လျှင် ကျပ်ရှစ်သောင်း နီးပါးအထိ စျေးနှုန်းမြင့်တက်လာသည်ဟု ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
သြဂုတ်လ ၂ ရက်က နှမ်းနက်(စမုံ) တစ်အိတ်လျှင် ကျပ် ၁၉၅၀၀၀ မှ ၂၃၅၀၀၀၊ နှမ်းဖြူ(ဂျပန်) တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၀၊ နှမ်းဖြူ(ရိုးရိုး) တစ်အိတ်လျှင် ကျပ် ၁၉၀၀၀၀ မှ ၂၀၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ကျပ် ၁၈၇၀၀၀ မှ ၁၉၀၀၀၀ ရှိခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် နှမ်းနက် (စမုံ) တစ်အိတ်လျှင် ကျပ် ၂၆၀၀၀၀ မှ ၃၁၀၀၀၀ ၊ နှမ်းဖြူ တစ်အိတ်လျှင် ကျပ် ၂၆၀၀၀၀ မှ ၂၉၀၀၀၀ ၊ နှမ်းဖြူ(ဂျပန်) တစ်အိတ်လျှင် ကျပ် ၃၁၀၀၀၀ ၊ နှမ်းညို တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၀ မှ ၂၃၀၀၀၀ အထိ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။
နှမ်းစျေးကတော့ ကောင်းတယ်။ မန္တလေး တချို့ဘက်တွေမှာ နှမ်းစိုက်ချိန် မိုးဦးကျနောက်ကျတယ်။ အဲ့ဒါကြောင့် နေရာတော်တော်များများက နှမ်းမစိုက်ကြဘူး။ စိုက်ကြတဲ့သူတွေလည်း ရှိပါတယ်။ စိုက်ကြတဲ့သူတွေကလည်း နောက်နှစ်အတွက် ပျိုးရဖို့လောက်ပဲ စိုက်ကြတယ် ဟု တောင်သူတစ်ဦးထံမှ သိရသည်။
နှမ်းကို မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၌ အများဆုံး စိုက်ပျိုးကြပြီး ယခုရာသီသည် နှမ်းရိတ်သိမ်းချိန်ဖြစ်သည်။
#ymg/NN
#Yangon_Media_Group
Page 1631 of 1992