#World_Disaster
Published 2 September 2022
မစ္စစ္စပီပြည်နယ်မြို့တော်မှာ ပြီးခဲ့တဲ့ ၄ ရက်ကတည်းက
ရေသန့်စက်ရုံကြီးပျက်ယွင်းခဲ့တာကြောင့် ရေကောင်းရေသန့်မရရှိတဲ့လူတွေအတွက် မြို့တော်ရဲ့နေရာ ၇ နေရာမှာ ကြာသပတေးနေ့က ရေသန့်ဗူးများ ဖြန့်ဝေပေးနေရပါတယ်။
မြို့တော်ဂျက်ဆန်ရှိ ရေဗူးဖြန့်ဝေရေးနေရာတွေနဲ့ ကုန်စုံဆိုင်တွေမှာ ရေသန့်ဗူးရရှိဖို့ လူတွေတန်းစီစောင့်ဆိုင်းနေရပါတယ်။
O.B. Curtis ရေသန့်စက်ရုံကို ညဘက်တွေအထိပါ ပြုပြင်နေပြီး အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း
မြို့တော်က ကြေညာထားပါတယ်။
လတ်တလောရေလျှံခြင်းဖြစ်ပွားခဲ့တာကြောင့် တနင်္လာနေ့ညက ရေသန့်စက်ရုံဟာ ထိခိုက်သွားပြီး အလုပ်မလုပ်နိုင်ဖြစ်ခဲ့ရပါတယ်။
ပြုပြင်မှုတွေက နောက်ရက်တွေအထိ ပြုလုပ်ရဖွယ်ရှိပေမယ့် အခုလက်ရှိအလားအလာက တိုးတက်နေပါတယ်လို့ ထုတ်ပြန်ထားကာ အချို့နေရာတွေကို ရေအကန့်အသတ်ဖြင့် လွှတ်ပေးထားပြီလို့ သိရပါတယ်။
ရေသန့်မရရှိတဲ့ လူပေါင်း ၁၈၀,၀၀၀ ခန့်နေထိုင်တဲ့ နေရာတဝိုက်နဲ့ မြို့တော်ရှိ ရေသန့်ဖြန့်ဖြူးရေးနေရာများသို့ နိုင်ငံတော်လုံခြုံရေးအဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်သွားမှာဖြစ်ကြောင်း မစ္စစ္စပီအုပ်ချုပ်ရေးမှူး'တိတ်ရိဗ်စ်'က ပြောပြသွားပါတယ်။
"မြို့ပေါ်ကပြည်သူတွေ အားလုံးအနေနဲ့ ဒီလိုအခက်အခဲကြုံတွေ့နေရတာကို ကျွန်တော်သဘောပေါက်ပါတယ်၊ တကယ်ကိုစိတ်ပျက်စရာပါ၊
အမြန်ဆုံးပြင်ဆင်နိုင်အောင် ကြိုးစားနေပါတယ်" လို့ 'ရိဗ်စ်'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျက်ဆန်မြို့တော်မှာ အခြေအနေတွေက အတော်ရိုက်ခတ်နေကာ စတိုးဆိုင်တွေနဲ့ စားသောက်ဆိုင်များ ပိတ်ထားရပြီး စာသင်ကျောင်းများနဲ့ ဂျက်ဆန်ပြည်နယ်တက္ကသိုလ်တိုဟာ အွန်လိုင်းသင်ကြားမှုပုံစံသို့ ပြောင်းလဲသင်ကြားနေရပါတယ်။
"ကျွန်မမှာ ကလေး ၆ ယောက်ရှိပါတယ်၊ ဒီရေသန့်ဗူးတွေကရေနဲ့ သွားမတိုက်ဖို့၊ မျက်နှာမသစ်မိဖို့ ကလေးတွေကို တစ်ချိန်လုံးသတိပေးနေရပါတယ်၊ မိဘတစ်ယောက်အနေနဲ့ ဒီလိုရေသန့်မရတဲ့ အကြပ်အတည်းအတွင်း ဒီမိသားစုအသက်ရှင်ရုန်းကန်နိုင်ဖို့ ကျွန်မဘာမဆိုလုပ်ရမှာပါ" လို့ 'ဒန်နီကာဆမ်မြူယယ်'က ပြောပြပါတယ်။
တနင်္လာနေ့ စက်ရုံပျက်ပြီးတော့ ဒေသတွင်းအဖွဲ့များက ယာယီရေစုပ်စက်များ အပြိုင်အဆိုင်တပ်ဆင်ကြပြီး လက်ရှိစက်ပစ္စည်းတွေကို ပြုပြင်နေကြပါတယ်။
ကြာသပတေးနေ့မှာတော့ ရေသိုလှောင်တိုင်ကီတွေ တဝက်ကျော်လောက် ပြန်လည်စတင်ရေဖြည့်လျက်ရှိကာ ရေတိုင်ကီထဲရှိ ရေပမာဏမြင့်တက်လာတာနဲ့အမျှ ရေလွှတ်အားလည်း များလာမှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအဖွဲ့က အကူအညီများစေလွှတ်ဖို့ အင်္ဂါနေ့နှောင်းပိုင်းမှာ အရေးပေါ်ကြေညာချက်ကို အတည်ပြုလိုက်ပြီး ဖက်ဒရယ်အရေးပေါ်စီမံရေးအဖွဲ့နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့တို့ကို ဂျက်ဆန်မြို့သို့ စေလွှတ်ထားပါတယ်။
"ဒေသတွင်းအာဏာပိုင်များနဲ့ ပူးပေါင်းအဖြေရှာပြီး ဂျက်ဆန်မြို့ကလူတွေ သန့်ရှင်းစိတ်ချရတဲ့ သောက်သုံးရေသေချာပေါက်ရရှိဖို့ ကြိုးပမ်းသွားပါမယ်" လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ'ကာရင်ဂျွန်ပီရာ'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 2 September 2022
ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေပြီး ပိုမိုအသက်ရှည်စွာနေထိုင်နိုင်တဲ့ အကျိုးကျေးဇူးလည်း ပါဝင်ပါတယ်။
ဘယ်လိုလေ့ကျင့်ခန်းမျိုး၊ ဘယ်လောက်ကြာကြာ ပြုလုပ်ခြင်းမျိုးက အကောင်းဆုံးဖြစ်စေလဲဆိုတာကို လေ့လာသုံးသပ်နေဆဲဖြစ်ပါတယ်။
ကိုယ်ကာယလှုပ်ရှားမှုပဲဖြစ်ဖြစ် ကြံ့ခိုင်သန်စွမ်းမှုလေ့ကျင့်ခန်းပဲဖြစ်ဖြစ် အသက်ဆုံးပါးနိုင်ချေကို လျော့နည်းစေတယ်လို့ သုတေသီများတွေ့ရှိထားကာ ကိုယ်ကာယလေ့ကျင့်ခန်း တစ်ပတ်ကို ၁ နာရီမှ ၃ နာရီကြားနဲ့ ကြံ့ခိုင်သန်စွမ်းမှုလေ့ကျင့်ခန်း တစ်ပတ်ကို ၁ ကြိမ် ၂ ကြိမ်ပြုလုပ်ခြင်းဖြင့် အသက်အန္တရာယ် ပိုပြီးတော့တောင် နည်းပါးသွားပါသေးကြောင်း British Journal of Sports Medicine ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အထိုင်များတဲ့ လူနေမှုပုံစံကနေ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ဆေးလိပ်သောက်ရာကနေ ဆေးလိပ်ဖြတ်လိုက်တဲ့သူလိုပါပဲလို့ သိပ္ပံပညာရှင်'ကာဗာကိုးလ်မန်း'က ဖော်ပြခဲ့ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းက သက်ရှည်ကျန်းမာဖို့အတွက် အရေးကြီးဆုံးလုပ်ဆောင်ချက်ဖြစ်ကြောင်း ဒီတွေ့ရှိချက်က သက်သေပါပဲ။
သုသေသနအတွက် ၁၉၉၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကြား အမေရိကန်လူမျိုး ၄ သိန်းကျော်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။
လေ့ကျင့်ခန်းတွေကို ဘယ်လောက်ပြင်းထန်တဲ့အထိ ပြုလုပ်တယ်၊ တစ်ပတ်ကို ဘယ်နှကြိမ်မျှပြုလုပ်လဲဆိုတာတွေကို မေးမြန်းခဲ့ကြပါတယ်။
အခြားအချက်အလက်များနဲ့ နာတာရှည်ရောဂါအခြေအနေများပါ ထည့်တွက်ပြီးနောက် အနည်းငယ်ပြင်းထန်တဲ့ကိုယ်ကာယလေ့ကျင့်ခန်းကို တစ်ပတ်ကို ၁ နာရီမျှပြုလုပ်သူတွေဟာ သေဆုံးနိုင်ချေ ၁၅ ရာခိုင်နှုန်းနည်းပါးပြီး တစ်ပတ်ကို ၃ နာရီပြုလုပ်သူတွေက ၂၇ ရာခိုင်နှုန်း ပိုနည်းပါးခဲ့ပါတယ်။
ကြံ့ခိုင်သန်စွမ်းလေ့ကျင့်ခန်းများကို တစ်ပတ်ကို ၁ ကြိမ် ၂ ကြိမ်ခန့်ပြုလုပ်သူတွေက လုံးဝမလုပ်တဲ့သူတွေထက် သေဆုံးနိုင်ချေ ၄၀ ရာခိုင်နှုန်း ပိုနည်းခဲ့ပါတယ်။
ဒါဟာ ဆေးလိပ်မသောက်သူနဲ့ ဆေးလိပ်သောက်သူတို့ကြား ကွာခြားချက်နဲ့ ဆင်တူနေပါတယ်။
"ကြွက်သားတွေ ကျန်းမာသန်စွမ်းရင် ပိုပြီးတော့ အသက်ရှည်ကျန်းမာစွာ နေရပါလိမ့်မယ်" လို့ ဘေလာဆေးပညာကောလိပ်မှ ဒေါက်တာ'ဘရုစ်မိုစ်လီ'က ဆိုပါတယ်။
နေ့စဉ်လှုပ်ရှားလုပ်ကိုင်မှုတိုင်းအတွက် ကြွက်သားသန်စွမ်းမှုက အရေးပါ လှပါတယ်။
လူတစ်ယောက်က အသက် ၃၀ အရွယ်ခန့်ကစပြီး ကြွက်သားသန်စွမ်းမှုလျော့နည်းလာပေမယ့် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သေးတာကြောင့် လေ့ကျင့်ခန်းစလုပ်ဖို့ နောက်ကျတယ်ဆိုတာမျိုး မရှိပါဘူး။
ဒါပေမဲ့ ထိခိုက်ဒဏ်ရာမဖြစ်စေရန်အတွက် ပုံမှန်လေးပြုလုပ်သွားဖို့တော့ လိုအပ်ပါတယ်။
"လူတွေကိုမေးကြည့်တဲ့အခါ အသက်ကြီးလာရင် မှီခိုမှု မရှိဘဲနဲ့ ကျန်းမာသန်စွမ်းတဲ့ဘဝကို လိုချင်ကြတာပါပဲ"လို့ ဒေါက်တာ'ကွန်စီလ်ဂျာ'က မှတ်ချက်ပြုခဲ့ပါတယ်။
Source: The Straits Times
#Yangon_Media_Group
#Local_News
Published_ 1 September 2022
လတ်တလောမှာ ပြည်တွင်းမှာ ကိုဗစ်ပိုးတွေ့ရှိမှုတွေများပြားနေပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်သံသယရှိသူတွေကို မြို့နယ်တိုင်းမှာ အခမဲ့စစ်ဆေးပေးတာ၊ ကုသပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
#World_Art
Published 1 Sept 2022
အထည်ဒီဇိုင်နာ'ဘရစ်ဂျစ်ဆင်း'က အနီရောင်ပေါ်ပီဘိန်းပန်းဖောင်းကြွပုံပါတဲ့ အဝတ်စကြီးကို ဖြန့်ပြနေခဲ့ပါတယ်။
#Yangon_Media_Group
Published 1 Sept 2022
နက်ဖလစ်မှာ လူကြိုက်များနေတဲ့ အော်တဇင်ဖြစ်နေတဲ့ ရှေ့နေတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ကေ-ဒရာမာစီးရီးကြောင့် တောင်ကိုးရီးယားမှာ ကိုယ့်ကိုကိုယ်ဆန်းစစ်သုံးသပ်မှုတွေဖြစ်လာနေကြပါတယ်။
ချစ်စဖွယ် အဲဒီ “ မတူထူးခြားတဲ့ရှေ့နေမလေးဝူး”(Extraordinary Attorney Woo)ဆိုတဲ့ ဒရာမားစီးရီးဟာ အာရုံကြော ကွဲလွဲမှုဖြစ်နေတဲ ရှေ့နေတစ်ဦးအကြောင်း ရိုက်ကူးထားပါတယ်။ ဒီစီးရီးဟာ နာမည်ကြီး စကွစ်ဂိမ်း စီးရီးပြီးလျှင် တစ်လအတွင်း လူကြည့်အများဆုံး အင်္ဂလိပ်ဘာသာစကားမဟုတ်တဲ့ စီရီးဖြစ်လာပါတယ်။
ကေပေါ့ အဖွဲ့ BTS တို့ကလည်း အဲဒီစီးရီးရဲ့ ပရိဿတ်တွေဖြစ်နေပြီး ဝူးနှင့် သူမရဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ဦးအကြား တွေဆုံနှုတ်ဆက်တဲ့ပုံစံကို သူတို့အဖွဲ့က ဗွီဒီယိုရိုက်ကူးတင်ဆက်ခဲ့ပြီး ပို့စ်တင်တာကြောင့် ဆိုရှယ်မီဒီယာတစ်လွှား ကြည့်ရသူတွေ မျက်ရည်စို့ခဲ့ကြပါတယ်။
ဒါပေမယ့် အပိုင်း ၁၆ ပိုင်းပါတဲ့ အဲဒီစီးရီးထဲမှာ ဦးနှောက်စားစရာကောင်းလှတဲ့ ဥပဒေပြသနာတွေအပေါ် သူမအတွက် ထူးခြားကောင်းမွန်တဲ့ အဖြေတွေ ရှာဖို့ ဝိုင်းကူညီပေးနေတဲ့ ရှေ့နေပေါက်စကလေးတစ်ဦး၊ပြီးတော့ မကြာခဏဆိုသလိုပဲ သူမကို လူမှုအသိုင်းအဝန်းမှ ဖယ်ထုတ်ခံရသလိုဖြစ်ခဲ့ရတာတွေကိုလည်း ရိုက်ကူးတင်ဆက်ထားတဲ့အတွက် အော်တဇင်နှင့် ပတ်သက်ပြီး တောင်ကိုးရီးယားမှာ အရေးကြီးတဲ့ ငြင်းခုံဆွေးနွေးမှုတွေလည်း ဖြစ်လာစေပါတယ်။
စီးရီးထဲမှာ ဝူယောင်ဝူးဟာ အိုင်ကျူ ၁၆၄ အဆင့်အထိရှိတဲ့ ဉာဏ်ရည်မြင့်မားသူကလေးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ အဆက်အစပ်မရှိတဲ့ စကာလုံးတွေ စာကြောင်းတွေကို ထပ်ခါထပ်ခါရွတ်တတ်တဲ့ အက်ကိုလာလီယာလို့ခေါ်တဲ့ အော်တဇင်ရဲ့ လက္ခဏာတွေပြတတ်တာမျိုးတော့ရှိနေပါတယ်။
ဝူးအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး ပတ်အန်ဘင်ဟာ အသက် ၂၉နှစ်ရှိပါပြီ။ ဒီစရိုက်မျိုး သရုပ်ဆောင်တာကို လက်ခံဖို့အတွက် သူမအနေနှင့် အစပထမမှာ အတော်ကလေးချီတုံချတုံဖြစ်ခဲ့တယ်လို့ သူမကပြောပါတယ်။ သူမဟာ ဒီဇတ်လမ်းရဲ့ စွမ်းပကားက တောင်ကိုးရီးယားနှင့် အခြားနေရာတွေက အော်တဇင်ဖြစ်နေတဲ့သူတွေအပေါ် ရိုက်ခတ်မှုရှိမှာကို တွေးမိလို့ ဖြစ်ပါတယ်။
“ ကျွန်မဟာ သရုပ်ဆောင်တစ်ဦးအနေနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်” လို့ သူမက အေအက်ဖ်ပီကို ပြောပါတယ်။
“ ဒီဇာတ်ကားက အော်တဇင်ဖြစ်နေတဲ့သူတွေနှင့် သူတို့မိသားစုတွေအပေါ် သေချာပေါက် ရိုက်ခတ်မှုရှိလိမ့်မယ်လို့ ကျွန်မသိခဲ့ တယ်” လို့ သူမကပြောပါတယ်။
“ ဒါ ပထမဆုံးအကြိမ် ကျွန်မဘာလုပ်ရမှန်း မသိဖြစ်ခဲ့ရတာပဲ။ ဇာတ်ညွှန်းကိုဖတ်ကြည့်တဲ့အခါ ကျွန်မဘယ်လိုသရုပ်ဆောင် ဖော်ကျူးရမလဲ ပေါ့” လို့ သူမက ဖြည့်စွက်ပြောကြားပါတယ်။
ဒါပေမယ့် တောင်ကိုးရီးယားမက အော်တဇင်ဖြစ်နေတဲ့သူတွေရဲ့ မိသားစုတွေကတော့ “ဒီဇာတ်လမ်းဟာ တကယ့်ကို စိတ်ကူးယဉ်ပဲ ပြီးတော့ သူမသရုပ်ဆောင်တာ သဘာဝမကျဘူး” လို့ပြောနေကြပါတယ်။
လမ်းတောင်မလျှောက်နိုင်တဲ့ကလေးငယ်တစ်ဦးက စက်ဘီးစီးပြိုင်ပွဲမှာ ရွှေတံဆိပ်ရ သလိုမျိုးဖြစ်နေတယ်လို့လည်း အော်တဇင်ကလေးငယ်တစ်ဦးရဲ့ မိခင် လီဒွန်ဂျူးက ပြည်တွင်းရုပ်သံတစ်ခုကိုပြောပါတယ်။
ဒရာမာ အမြင့်ဆုံးဖြစ်ဖို့ ဝူးကို စိတ်ကူးယာဉ်ဇာတ်ကောင်အဖြစ် ဖန်တီးခဲ့တယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒါဟာ တောင်ကိုးရီးယားကသူတော်တော်များများ သဘောပေါက်ထားသလိုမဟုတ်တဲ့ အမှန်တရားပဲလို့ စိတ်ပညာရှင် ကင်အီ ဂျွန်းက ပြောပါတယ်။
အော်တဇင်ဖြစ်နေတဲ့သူတွေရဲ့ သုံးပုံတစ်ပုံဟာ သာမာန်ဉာဏ်ရည်ထက်မြင့်မားကြပြီး အော်တဇင်လက္ခဏာတွေ သိသိသာသာ ပြတာလည်းမရှိဘူး၊ သူတို့ အော်တဇင်ဖြစ်လို့ဖြစ်နေမှန်းတောင်မသိကြဘူး လို့လည်း သူမကဖြည့်စွက်ပြောပါတယ်။
Source AFP
#Autism
#Extraordinary_Attorney_Woo
#Netflix_most_popular_K_Drama
#Local_News
Published-1 Setember 2022
အာဆီယံနိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုတာဟာ လာမယ့်ခရီးသွားရာသီအတွက် အထောက်အကူဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-1 Setember 2022
ပြည်တွင်းကစားသောက်ဆိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူတွေအနေနဲ့ ကျွမ်းကျင်လုပ်သားရှားပါးမှုတွေနဲ့အလုပ်လက်မဲ့ပြဿနာတွေဖြစ်ပေါ်လာနိုင်တယ်လို မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဌဦးနေလင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 1 September 2022
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှုန်းထား သတ်မှတ်ချက်နဲ့ ပိုကုန်ရငွေ လဲလှယ်မှုကို ဖြေလျော့လိုက်ပြီးနောက် ဆက်တိုက်မြင့်တက်ခဲ့တဲ့ မတ်ပဲဈေးဟာ လက်ရှိမှာ FAQ တစ်တန်ကို ကျပ် ( ၁၉ သိန်း_ ၂ သောင်း) ဝန်းကျင်အထိ မြင့်တက်လာပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 1 September 2022
၁။ မတ်ပဲ FAQ တစ်တန် ကျပ် ၁၉ သိန်းကျော်အထိ မြင့်တက်လာ
၂။ စားသောက်ဆိုင်လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် အလုပ်လက်မဲ့ပြဿနာများ ဖြစ်လာနိုင်ဟုဆို
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှအဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 1 Setember 2022
ဆေးနဲ့ ဆေးပစ္စည်းသွင်းသူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆေး/ဝါးအသင်းတို့ရဲ့ ခွင့်ပြုချက်ယူရန် မလိုတော့ဘဲ သွင်းကုန်လိုင်စင် တိုက်ရိုက်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 1 Sept 2022
၂၀၂၂ ခုနှစ်အတွင်းမှာ ယူနီဆက်က မြန်မာနိုင်ငံရှိ လူဦးရေ ငါးသိန်းနီးပါးကို ရေနဲ့သန့်ရှင်းရေးဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ကြောင်း သိရပါတယ်။
ဒီဝန်ဆောင်မှုတွေမှာ သောက်ရေသန့်များ ပေးဝေခြင်း၊ ဘေးကင်းစိတ်ချရပြီး သင့်လျော်တဲ့အိမ်သာများ ဆောက်လုပ်ပေးခြင်း၊ အရေးပါတဲ့ အမျိုးသမီးဓမ္မတာဆိုင်ရာ သန့်ရှင်းရေးသုံး WASH ထောက်ပံ့ပစ္စည်းများ ပေးဝေခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာပေးခြင်းများ ပါဝင်တယ်လို့ ဆိုပါတယ်။
ယူနီဆက်ရဲ့ အရေးပေါ်ရေဖြန့်ဝေပေးရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ လူဦးရေ ၃ သောင်းကျော်က လစဉ်ရေသန့်ဘူးများ ရရှိနေကြပါတယ်။
ထို့ပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ လိုအပ်ချက်များရှိနေသူ လူဦးရေ နှစ်သိန်း ငါးသောင်း သုံးထောင်ထံ သောက်ရေသန့်များ ပံ့ပိုးပေးခဲ့ပါတယ်။
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့က ကျေးရွာနေပြည်သူ ၆,၀၀၀ ကျော်အတွက် သန့်ရှင်းတဲ့ သောက်ရေသန့်ရရှိစေဖို့ စိတ်ချရတဲ့ ရေပေးဝေရေး စနစ်တွေကို ထူထောင်ပေးထားပြီးဖြစ်တယ်လို့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#ymg_mnn
#Yangon_Media_Group
#Local_News
Published-1 Setember 2022
နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ အမေရိကန်ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာချက်ထွက်ပြီး နောက်ပိုင်းတွင် ရွှေဈေးနှင့် ဒေါ်လာဈေး အနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်းကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာထားခြင်းဖြစ်သည်။
လက်ရှိ ရွှေဈေးနှုန်းမှာ သြဂုတ်လ ၃၁ ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ အထက်တွင်ရှိနေပြီး ယနေ့စက်တင်ဘာလ (၁) ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ ဝန်းကျင်သာရှိကြောင်း၊ ဒေါ်လာဈေးနှုန်းသည်လည်း ကျပ် ၃၅၀၀ အောက်သို့ ကျဆင်းသွားခြင်းဖြစ်သည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းသည်လည်း ဓာတ်ဆီတစ်လီတာ ကျပ် ၂၃၀ နှင့် ဒီဇယ်တစ်လီတာ ၁၀၅ ကျပ်အထိ ကျဆင်းလာခဲ့သည်။
#Ymg/STH
#Yangon_Media_Group
Page 1627 of 1991