Published 12 August 2022
အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့် အမေရိကန်နှင့်သူ့မဟာမိတ်တပ်ဖွဲ့တွေဟာ သောကြာနေ့က လက်တွေ့ပစ်ခတ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ ဒေသဆိုင်ရာ ပဋိပက္ခတစ်ခုကို ဟန့်တားဖို့ဖြစ်တယ်လို့ အမေရိကန်ထိပ်တန်းဗိုလ်ချူပ်ကြီးတစ်ဦးကပြောပါတယ်။
ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အခိုင်အမာဆောင်ရွက်မှုတွေတိုးမြှင့်လာတဲ့အပေါ် အမေရိကန်နှင့် အာရှမဟာမိတ်တွေက စိုးရိမ်မှုတွေကြီးထွားလာပါတယ်။ ဒါပေမယ့် ယခင်စစ်ရေးလေ့ကျင့်ရေးတွေထက် ယခုလေ့ကျင်မှုက ကြီးမားပေမယ့် ဒါဟာ ဘယ်နိုင်ငံတစ်နိုင်ငံကိုမှ မရည်ရွယ်ပါဘူးလို့ အမေရိကန်ကပြောပါတယ်။
ဒီလေ့ကျင့်ခန်းကို အင်ဒိုနီးရှားက စူပါ ဂရုဒါ ဒိုင်း (Super Garuda Shield) လို့ အမည်ပေးထားပြီး တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်အပြီး သိပ်မကြာခင်လုပ်ဆောင်လာကြတာပါ။
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မတည်မငြိမ်ဖြစ်စေတဲ့လှုပ်ရှားဆေင်ရွက်မှုတွေဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်မှုတွေ ဖြစ်နေပြီး ဒါမျိုးကို ကျွန်တော်တို့ရှောင်ရှားလိုတာဖြစ်တယ်။ ကျွန်တော်တို့ဟာနေ့တိုင်း စစ်ပွဲမဖြစ်ဖို့ ကြိုးစားတားဆီးနေတယ်” လို့ အမေရိကန် အာရှပစိဖိတ်စစ်တိုင်းမှူး ရေတပ်ဗိုလ်ချူပ်ကြီး ဂျွန် အက်ကွီလီနိုကပြောပါတယ်။
သောကြာနေ့လေ့ကျင့်မှုကိုတော့ ဩစတြေလျနှင့်စင်္ကာပူတပ်ဖွဲ့တွေက အမေရိကန်နှင့်အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့်အတူ ပါဝင်ခဲ့ကြပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အပါချီရဟတ်ယာဉ်တွေက စနစ်တကျပျံသန်းပြီး စက်သေနတ်တွေ၊ ဒုံးပျံတွေနှင့် တောင်ထူထပ်တဲ့လေ့ကျင့်ရေးဧရိယာမှာ ပစ်ခတ်ကြပြီး ဂျဗီလင် တင့်ကားဖျက်ဒုံကျည်တွေကိုလည်း ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်ခန်းဟာ ထိုင်ဝမ်အခြေအနေကြောင့် ပြုလုပ်တယ်ဆိုတဲ့ အချက်ကို အင်ဒိုနီးရှား တပ်ချုပ် အန်ဒီကာ ပတ်ကာဆာက ငြင်းဆိုလိုက်ပြီး ဒီပွဲကို စီစဉ်ထားခဲ့တာကြာပြီလို့ပြောပါတယ်။
အက်ကွီလီနိုက အင်ဒိုနီးရှားမိတ်ဆွေပြောတဲ့နောက် သံယောက်လိုက်ပြောရမှာပဲလို့ဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ တစ်နှစ်ပတ်လုံးမှာ ဒီလိုလေ့ကျင့်ခန်းတွေ ၁၂၀ ခန့်အထိလုပ်ဆောင်နေတယ်။ ဒေသထဲက နိုင်ငံတွေ ပိုအခြေအနေကောင်းလာတဲ့အတွက် ဒီလိုလေ့ကျင့်ခန်းတွေ ပိုပြီး လွတ်လပ်လာပြီး ခက်ခဲရှုပ်ထွေးတာတွေပါလာလိမ့်မယ်လို့ ပြောသွားပါတယ်။
ကနေဒါ၊ပြင်သစ်၊အိန္ဒိယ၊မလေးရှား၊တောင်ကိုးရီးယား၊ပါပေါနယူးဂီနီ၊ အရှေ့တီမော်လ်၊နှင့်ဗြိတိန်တို့က စောင့်ကြည့်လေ့လာသူအဆင့်အဖြစ် ယခုစစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့ကြပါတယ်။
Source: AFP
#Indonesia_US_Joint_Live_Drill
#US_China
#Asia_Pacific
#Local_News
Published_12 August 2022
လတ်တလောမှာ သောင်ရင်းမြစ်ရေတက်လာလို မြဝတီဘက်မှာ ရေတွေတက်နေပြီး မဲဆောက်ဘက်က ဆည်ရေလွှတ်မယ်ကြားနေရတဲ့အတွက် မြဝတီရှိ မြေနိမ့်ပိုင်းဒေသတွေ ရေလွှမ်းမိုးမှာ စိုးရိမ်နေရတယ်လို့ ကရင်ပြည်နယ်လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဦးမောင် Rescue အဖွဲ့မှ ဦးမောင်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 12 August 2022
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းကနေ ထုတ်ပြန်ထားတဲ့ ဈေးနှုန်းတွေထက် ပြင်ပဈေးကွက်မှာ ၂၅ သိန်းအထက် ရှိနေတယ်လို့ အရောင်းအဝယ်ပြုလုပ်နေတဲ့ ရွှေဈေးကွက်အတွင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 12 August 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ဆက်တိုက်မြင့်တက်လာနေသလို မြို့နယ်အချို့မှာလည်း စက်သုံးဆီတွေပြတ်လပ်နေပြီး ဝယ်ယူရခက်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 12 August 2022
၁။ စက်သုံးဆီဈေးနှုန်းဆက်တိုက်မြင့်တက်လာ၊ မြို့နယ်အချို့စက်သုံးဆီ ပြတ်လပ်နေ၍ ဝယ်ယူရခက်နေ
၂။ ရွှေအသင်းမှ ထုတ်ပြန်သည့်ဈေးထက် ပြင်ပပေါက်ဈေးတွင် ရွှေဈေးကျပ်၂၅ သိန်း အထက်ရှိနေ
၃။ ကရင်ပြည်နယ်၊ မြဝတီဒေသတွင်ရေဘေးနှင့် သဘာဝဘေးအတွက်စိုးရိမ်နေရ
၄။ Forrest_Gump ဇာတ်ကားအား မွမ်းမံရိုက်ကူးထားသည့် ဘောလိဝုဒ်ဇာတ်ကားဖြင့် အိန္ဒိယရုပ်ရှင်လောက ပြန်လည်ဦးမော့လာရန်မျှော်လင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 12 August 2022
လက်ရှိဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂,၇၀၀ ကျပ်အထိ ရှိလာတယ်လို့ ငွေကြေးဈေးကွက်ဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_12 August 2022
(၅) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ( ၅ )ရက်မှ (၁၀)ရက်အထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်လိုက်သည်၊၊
ပြပွဲကို ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ (၅၀၀)စာရင်းဝင် ကုမ္ပဏီများနှင့် လုပ်ငန်းနယ်ပယ်မှ ထိပ်တန်းကုမ္ပဏီများ (၂၇၀)ကျော် ပါဝင်လက်မှတ်ရေးထိုးကြပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံ (၅၀)ကျော်မှ အွန်လိုင်းမှတစ်ဆင့် ပါဝင်ခင်းကျင်းပြသကြမည်ဟု အတည်ပြုထားသည်။
ကုန်စည်ပြပွဲသို့ ပင်လယ်ရပ်ခြားမှကုမ္ပဏီများ တက်တက်ကြွကြွပါဝင်ကြပြီး စာချုပ်ချုပ်ဆိုထားသော ပြပွဲဧရိယာမှာ စီစဉ်ထားသောဧရိယာ၏ (၉၀)% ခန့် ရှိကြောင်းနှင့် နည်းပညာဆိုင်ရာ စက်ပစ္စည်းပြပွဲဧရိယာတွင် ဉာဏ်ရည်တု သီးသန့်ဧရိယာကို ထည့်သွင်းထားမည်ဖြစ်သည်ဟုဆိုသည်၊၊
လက်ရှိတွင် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ကျင်းပရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

ymg/tthl
#Yangon_Media_Group
#Local_News
Published_12 August 2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ပလင်းကမ်းသာယာဆင်စခန်းတွင် ယနေ့ သြဂုတ်လ ၁၂ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ (World Elephant Day) အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျောင်းသားကျောင်းသူတွေကို ကမ္ဘာ့ဆင်များနေ့ ဖြစ်ပေါ်လာပုံ ၊ ဆင်တွေရဲ့အကြောင်း အချက်အလက်တွေ၊ ဆင်တွေကို ကာကွယ်ထိန်းသိမ်းဖို့ အရေးကြီးပုံ စတာတွေကိုဆွေးနွေးရှင်းပြတာတွေ လုပ်တယ်"ဟု အဆိုပါ ဆင်စခန်းတာဝန်ရှိသူက ဆိုသည်။
ယင်းအပြင် ကျောင်းသား ကျောင်းသူများအား စာကြည့်တိုက်နှင့်စာအုပ်စာပေဆိုင်ရာများ ဆွေးနွေးရှင်းပြခြင်း၊ သစ်ပင်၊ သစ်တော ဆိုင်ရာ သိကောင်းစရာများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး လုပ်ငန်းစဉ်များ အကြောင်းကို သက်ဆိုင်ရာဌာနအလိုက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဆင်များနေ့ (World Elephant Day) တွင် ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင် ၆ ကောင်ကို ဧည့်သည်များနှင့်အတူ ဆင်စာဘူဖေး ကျွေးခဲ့ကြကြောင်းလည်း သိရသည်။


ymg/mt
#Yangon_Media_Group
#Local_News
Published _ 12 August 2022
ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသော ပြည်တွင်းခရီးသွား လုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်လာနိုင်စေရန်အတွက် သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို လာမည့်စက်တင်ဘာအတွင်း ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် နိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြပွဲများကို ပြုလုပ်ခဲ့ရာ၊ ကိုဗစ်ကာလမတိုင်မီက ၆ ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့ပြီး၊ လာမည့် စက်တင်ဘာတွင် သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင် ခရီးသွားပွင့်လင်းရာသီသည် အောက်တိုဘာတွင် စတင်သည့်အတွက် ခရီးသွားလုပ်ငန်းကုမ္ပဏီများက စက်တင်ဘာမှ စတင်ကာ ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို ပြသရောင်းချလေ့ရှိကြောင်း၊ ယခုကဲ့သို့ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲ ကျင်းပပြီး ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို တစ်စုတစ်ဝေးတည်း ပြသရောင်းချခြင်းဖြင့် ခရီးသွားပြည်သူ များအနေဖြင့် ခရီးစဉ်များကို ရွေးချယ် ဝယ်ယူရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန် ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါ သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို လာမည့် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ LOTTE HOTEL ၌ ကျင်းပရန်စီစဉ်ထားပြီး၊ မည်သူမဆို ဝင်ရောက်လေ့လာနိုင်ကြောင်း၊ ထိုပြပွဲတွင် ခရီးသွားပြည်သူများက မိမိတို့သွားရောက်လိုသောပြည်တွင်း၊ ပြည်ပခရီးစဉ်များကို လာရောက်လေ့လာကာ ဝယ်ယူနိုင်မည့်အပြင် အထူးအစီအစဉ် အနေဖြင့် ဈေးနှုန်းလျှော့ရောင်းသော ခရီးစဉ်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 12 August 2022
ရန်ကုန်မှ အခြားတိုင်းနှင့်ပြည်နယ်များကို ပြေးဆွဲပေးနေသည့် အဝေးပြေးယာဉ်လိုင်းများတွင် လူမဲ့တန်ဆာပစ္စည်းတင်ဆောင်ခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအများပြည်သူ သယ်ယူပို့ဆောင်ရေး ကော်မတီ (YRTC) မှ သိရသည်။
ရန်ကုန်တိုင်းအခြေပြု၍ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့ကနေ ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများတွင် လူမပါဘဲ ပစ္စည်းပို့သည့် လူမဲ့တန်ဆာ တင်ဆောင်မှုကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း YRTC ကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။
အဝေးပြေးယာဉ်လိုင်းများတွင် ကုန်ပစ္စည်းတင်ခွင့်မပြုရန် ယခင်ကတည်းက ညွှန်ကြားထား ခြင်းဖြစ်ပြီး ခရီးသည်မရှိသည့် ကိုဗစ်ကာလတွင် နားလည်မှုဖြင့် ကုန်ပစ္စည်းတင်ဆောင်မှုရှိသော်လည်း တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။
ရန်ကုန်ကနေ အခြားမြို့များကို ကုန်ပစ္စည်းတင်ပို့လိုသည့် ခရီးသည်များအနေဖြင့် ကုန်ပစ္စည်းတင်ပို့လိုပါက ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးနှင့် အခြားကုန်တင်ယာဉ်များနှင့်သာ ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_12 August 2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ကရင်ခြံရပ်ကွက် အလုံလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းထောင့်တွင် YBS တစ်စီးပေါ် သစ်ပင်ပိ သည့် ဖြစ်စဉ် ယနေ့ဖြစ်ပွားခဲ့သည်။
အဆိုပါ YBS ပေါ်သို့ သစ်ပင်ကြီးလဲကျပိမိသည့် ဖြစ်စဉ်နေရာသို့ အလုံမြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ရကြောင်းနှင့် လူထိခိုက်ဒဏ်ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

photo - MFSD
ymg/mt
#Yangon_Media_Group
#Local_News
Published_12 August 2022
လတ်တလောတွင် မယ်ဆိုင်မြစ်နှင့်သောင်ရင်းမြစ်တို့သည် စိုးရိမ်ရေအမှတ်အထက်ရှိနေပြီး ကျန်မြစ်များဖြစ်သည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်စသည့် မြစ်များတွင်လည်း မြစ်ရေတိုးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်၊၊
သြဂုတ်လ(၁၂)ရက်ထုတ်ပြန်ချက်အရ မယ်ဆိုင်မြစ်သည် တာချီလိတ်မြိုတွင် စိုးရိမ်ရေအမှတ်ရောက်နေပြီး နောက်(၁)ရက်အတွင်း(၂)ပေခန့်မြင့်တက်လာနိုင်၍ တာချီလိတ်ဒေသရှိမြစ်ကမ်းနားနေထိုင်သူများ မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ထားသည်၊၊
ဒီ့အပြင် သောင်ရင်းမြစ်ရေသည် မြဝတီတွင် စိုးရိမ်ရေအမှတ်အထက်ရောက်ရှိနေသည့်အတွက် မြဝတီဒေသရှိမြစ်ကမ်းနားနေထိုင်သူများ မြေနိမ့်ပိုင်းနေထိုင်သူများကို သတိပေးချက်ထုတ်ပြန်ထားသည်၊၊
သြဂုတ်လဒုတိယ(၁၀)ရက်အတွက်မြစ်ရေခန့်မှန်းချက်ထုတ်ပြန်ထားရာတွင်လည်း ဧရာဝတီမြစ်ရေသည် အနည်းဆုံး(၁)ပေမှ အများဆုံး(၃)ပေခွဲအထိ၊ ချင်းတွင်းမြစ်ရေသည် (၂)ပေမှ(၅)ပေခန့်၊ မြစ်သာမြစ်ရေ၊ စစ်တောင်းမြစ်ရေ၊ ဒုဌဝတီမြစ်ရေ၊ ပဲခူးမြစ်ရေ၊ သံလွင်မြစ်ရေ၊သောင်ရင်းမြစ်ရေ၊ ငဝန်မြစ်ရေ၊ တိုးမြစ်ရေ၊ ကုလားတန်မြစ်ရေ၊ လေးမြို့မြစ်ရေ၊ ဘီးလင်းမြစ်ရေများလည်း လက်ရှိမြစ်ရေအမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလကသတိပေးချက်ထုတ်ပြန်ထားသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1628 of 1956