Published 24 July 2022
တရုတ်နိုင်ငံ တျန်ဝန်-၁ ဂြိုဟ်ပတ်ယာဉ်က အရည်အသွေးမြင့်မားတဲ့ ပုံရိပ်တွေကို ပြန်ပို့ပေးခဲ့ပါတယ်။ အဲဒီပုံရိပ်တွေဟာ အင်္ဂါဂြိုဟ်ရဲ့ အတွင်းအကျဆုံးနှင့်ကြီးမားတဲ့ သဘာဝဂြိုဟ်ငယ်”လ” နှစ်စင်းရဲ့ ပုံရိပ်တွေပါဝင်ပါတယ်။
အဲဒီပုံတွေကို တျန်ဝန်-၁ မှာတပ်ဆင်ထားတဲ့ အရည်အသွေးမြင့်ကင်မရာတစ်လုံးကနေ ရိုက်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီပုံတွေ ရိုက်ကူးစဉ်မှာ တျန်ဝန်-၁ ဟာ အဲဒီဂြိုဟ်ငယ်နှစ်စင်းကနေ ၅၀၀၀ ကီလိုမီတာအကွာမှာရှိနေပါတယ်။
“ လဂြိုဟ်ငယ်တွေရဲ့ပုံရိပ်တွေကို ဂြိုဟ်ပတ်ယာဉ်ရဲ့ အရည်အသွေးမြင့် ကင်မရာပေါ်က လှိုင်းဖမ်းကိရိယာကနေ ဖမ်းယူခဲ့တာပါ။ ကြိုတင်သတ်မှတ်ထားတဲ့ရည်မှန်းချက်ဖြစ်တဲ့ အင်္ဂါဂြိုဟ်တစ်ခုလုံရဲ့ ပုံတွေကိုရယူပြီးနောက် ဒါဟာ နောက်တိုးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်” လို့ တျန်ဝန်-၁ ရဲ့ ဒုတိယဒီဇိုင်းအင်ဂျင်နီယာချုပ် ကျူဆင်ဟွာက ပြောပါတယ်။
တျန်ဝန်-၁က ရိုက်ကူးတဲ့ ပုံတွေမှာ အဲဒီ လဂြိုဟ်ငယ်ကလေးတွေဟာ သေးငယ်ပြီး အာလူးတစ်လုံးလို ပုံမကျပန်းမကျ ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ လဂြိုဟ်ငယ်ကလေးတွေရဲ့ မျက်နှာပြင်မှာ အစင်းကြောင်းအချို့တွေ့ရပါတယ်။ ဒါတွေဟာ နှစ်ကာလအကြာကြီးတုန်းက ရိုက်ခတ်မှုတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ပြီးတော့ အချင်း ၂ ကီလိုမီတာလောက်ရှိတဲ့ ချိုင့်ကြီးတစ်ခုကိုလည်း ပုံရဲ့ အပေါ်ညာထောင့်မှာတွေ့နိုင်ကြပါတယ်။
“ အရည်အသွေးမြင့်ကင်ရာကနေ ပုံတွေရိုက်ယူဖို့ ဂြိုဟ်ပတ်ယာဉ်ဟာ သူ့မှာရှိတဲ့ ထိန်းချုပ်မောင်းနှင်တဲ့ စွမ်းရည်ကို ကျွန်တော်တို့ အသုံးပြုခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ဟာ အင်္ဂါဂြိုဟ်နှင့်သူ့ရဲ့ လတွေကို သိပ္ပံနည်းကျကျ လေ့လာကြည့်ရှုနိုင်တယ်ဆိုတာ သက်သေပြတာပဲဖြစ်တယ်။ အင်္ဂါဂြိုဟ်ရဲ့ လက ဘယ်လိုဖွဲ့စည်းဖြစ်တည်လာတာလဲ။ အဲဒီလဂြိုဟ်ငယ်ကလေးက တဖြည်းဖြည်းနှင့် အင်္ဂါဂြိုဟ်ထဲ တိုက်မိပျက်ကျသွားမလား။ ဒီမေးခွန်းတွေအတွက် သိပ္ပံနည်းကျအချက်အလက်တွေ ကျွန်တော်တို့လိုအပ်တယ်။ သိပ္ပံပညာရှင်အဖွဲ့ဟာ သူတို့ရဲ့ စွမ်းရည်တွေ အစွမ်းကုန်ထုတ်သုံးပြီး နောက်ထပ်လေ့လာကြည့်ရှုချင်တာတွေ ထပ်တောင်းနိုင်တယ်။ ဥပမာ လဂြိုဟ်ငယ်တွေရဲ့ ထောင့်အမျိုးမျိုးကပုံတွေအပါအဝင်ပေါ့” လို့ ကျူးက ဆက်ပြောပါတယ်။
တျန်ဝန်-၁ ဟာ တရုတ်ရဲ့ ပထမဆုံး အင်္ဂါဂြိုဟ်မစ်ရှင်ဖြစ်ပြီး အဲဒီအထဲမှာ ဂြိုဟ်ပတ်ယာဉ်နှင့် ဂြိုဟ်သွားယာဉ် ကျုရောင်း တို့ ပါဝင်ပါတယ်။
ကျူရောင်းဟာ မေလ၁၅ရက်က အင်္ဂါဂြိုဟ်ပေါ် အန္တရာယ်ကင်းစွာ ဆင်းသက်ခဲ့ပြီးအဲဒီ အောင်မြင်မှဒက တရုတ်နိုင်ငံကို ဂြိုဟ်နီကြီးပေါ် ယာဉ်ဆင်းသက်နိုင်တဲ့ ကမ္ဘာ့ တတိယနိုင်ငံအဖြစ် ရောက်ရှိစေခဲ့ပါတယ်။
#Source_CCTV+
#China's_Tianwen-1
#Mars’s_Phobos
#China_space_technology
Published: 24 July 2022
တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံ မြို့တော်ဒေသမှာ ကျင်းပတဲ့ တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုမှာ သေနတ်ပစ်ခတ်မှု တစ်ခုကြောင့် လူ(၃)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီသေဆုံးသူတွေထဲမှာ မတည်ငြိမ်တဲ့ နိုင်ငံတောင်ပိုင်းက မြို့တော်ဝန်ဟောင်းတစ်ဦးလည်းပါဝင်တယ်လို့ ရဲကပြောပါတယ်။
သေနတ်ပစ်ခတ်မှုဟာ တောင်ပိုင်း လာမီတန်မြို့တော်ဝန်ဟောင်း ရို့စ်ဖူရီဂေးကို လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပုံရတယ်လို့ ကွီဇွန်မြို့ရဲဌာနမှဓး ရီမတ်စ် မီဒီနာက ပြောပါတယ်။
ကျောင်းဝင်းလုံခြုံရေးအရာရှိတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ပစ်ခတ်သူလို့သံသယဖြစ်သူ ဒဏ်ရာရရှိခဲ့ပြီး သူ့ကို ကားနှင့် လိုက်ဖမ်းဆီးရာမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ယခုအခါ သူ့ကို စစ်ကြောမေးမြန်းမှုတွေလုပ်နေတယ်လို့ ရဲဌာနမှူးက သတင်းထောက်တွေကိုပြောပါတယ်။
“ သူ့ကြည့်ရတာ စိတ်ပိုင်းဖြတ်ထားတဲ့ လုပ်ကြံရေးသမားတစ်ဦးဖြစ်ပုံရတယ်” လို့ မီဒီနာက ဆက်ပြောပါတယ်။
ကွီဇွန်ဟာ မြို့တော်မနီလာဒေသရဲ့ အစိတ်အပိုင်းဒေသတစ်ခုဖြစ်ပြီး မြို့ပေါင်း ၁၆မြို့နှင့် နေထိုင်င်သူပေါင်း ၁၃သန်းခန့် ရှိပါတယ်။
ဖူရီဂေးဟာ အန်တီနီယိုဒီ မနီလာ တက္ကသိုလ် ဥပဒေကျောင်းဘွဲ့ရ သမီးဖြစ်သူရဲ့ ဘွဲနှင်းသဘင်ကို တက်ဖို့ဆဲဆဲမှာ သေနတ်နှင့် အပစ်ခံလိုက်ရတာဖြစ်ပါတယ်။အဲဒီတက္ကသိုလ်ဟာ ဖိလစ်ပိုင်ရဲ့ ဂုဏ်သိက္ခာအရှိဆုံး တက္ကသိုလ်တွေထဲမှာ တစ်ုအပါအဝင်ဖြစ်တယ်လို့ မီဒီနာကပြောပါတယ်။
သေနတ်ပစ်သမားလို့သံသယဖြစ်ရသူဟာ ဘွဲ့နှင့်သဘင်တက်တဲ့ ဆွေမျိုးသားချင်းတွေမရှိပါဘူး။ ပြီးတော့ သူဟာ ဘာဆီလန် ပြည်နယ်၊လာမီတန်ဒေသခံတစ်ဦးဖြစ်ပါတယ်။အဲဒီနေရာဟာ ဓားပြတိုက်မှု၊ပြန်ပေးဆွဲမှုတွေ လုပ်နေတဲ့ အစ္စလမ်ထောက်ခံလိုလားသူ အစွန်းရောက်အဖွဲ့ အာဘူဆေယက်ဖ်ရဲ့ အမာခံနယ်မြေလည်းဖြစ်ပါတယ်။
နောက်ထပ်သေဆုံးသူနှစ်ဦးမှာ တက္ကသိုလ်ဝင်းလုံခြုံရေးအရာရှိနှင့် အမည်မသိ အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ရဲကပြောပါတယ်။
သေနတ်ပစ်မှုကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်က ဖျက်သိမ်းခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ သေနတ်ပစ်မှုတွေဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူရှေ့ သေနတ်ကိုင်ဆောင်ဖို့ လိုင်စင်ရယူရန် လိုအပ်လို့ဖြစ်ပါတယ်။
ဒီလူသတ်မှုကို ဖော်ထုတ်စစ်ဆေးအရေးယူဖို့ ဥပဒေစိုးမိုးရေးအေဂျင်စီတွေက ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ကတိပေးပါတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
#Source_Reuters
#Philippines_shooting
#shooting_at_university_graduation
#Philippines_violence

TV Yangon Times Matters အစီအစဉ်
Published - 24 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဝင်းထိန် (ဟိုတယ်/ ခရီး)နှင့်အတူ
-"အစားအသောက်သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး အစာအဆိပ် မဖြစ်စေရေးကို ကာကွယ်ရမယ့်နည်းလမ်းများအကြောင်း
-ထွန်းဖောင်ဒေးရှင်း စာပေဆုရ ဟိုတယ်နှင့်ခရီးသွား(၅)အုပ်တွဲ စာအုပ်စီးရီးထုတ်ဖြစ်ခဲ့တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 24 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဝင်းထိန် (ဟိုတယ်/ ခရီး)နှင့်အတူ
-"အစားအသောက်သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး အစာအဆိပ် မဖြစ်စေရေးကို ကာကွယ်ရမယ့်နည်းလမ်းများအကြောင်း
-ထွန်းဖောင်ဒေးရှင်း စာပေဆုရ ဟိုတယ်နှင့်ခရီးသွား(၅)အုပ်တွဲ စာအုပ်စီးရီးထုတ်ဖြစ်ခဲ့တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 24 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဝင်းထိန် (ဟိုတယ်/ ခရီး)နှင့်အတူ
-"အစားအသောက်သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး အစာအဆိပ် မဖြစ်စေရေးကို ကာကွယ်ရမယ့်နည်းလမ်းများအကြောင်း
-ထွန်းဖောင်ဒေးရှင်း စာပေဆုရ ဟိုတယ်နှင့်ခရီးသွား(၅)အုပ်တွဲ စာအုပ်စီးရီးထုတ်ဖြစ်ခဲ့တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_24 July 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှ မူးယစ်ဆေးရောင်းချနေသည်ဆိုသော ကသဲရပ်ကွက်အတွင်း နေအိမ်သို့ ပူးပေါင်းအဖွဲ့ကဝင်ရောက်၍ ရောင်းချသူများအား ၂၀၂၂ ဇူလိုင်လ ၂၃ ရက် ည ၈ နာရီခွဲခန့်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကသဲရပ်ကွက်၊ အကွက်(၃)၊ မဏိပူရရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အသက် ၃၇ နှစ်အရွယ် မချိုမာခိုင်(ခ)ယာယီ အား တွေ့ရှိရပြီး ၎င်း၏ယာဘက်လက်တွင် ကိုင်ဆောင်ထားသော ပန်းရောင်လက်ဆွဲပလပ်စတစ်အိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ် ၁ အိတ်လျှင် WY နှင့် R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၆၉၇ဝ ပြား(ကာလတန်ဖိုး ၁၃,၉၄ဝ,ဝဝဝ ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိမူးယစ်ဆေးဝါးများသည် ကျောက်တော်မြို့ ၊ မြို့သစ်ရပ်ကွက်၊ကျော်ရဲအောင်လမ်းနေသူ အသက် ၄၀ အရွယ် ဦးခင်မောင်က ရောင်းချပေးရန် နေအိမ်သို့လာပေးသည့် ဆေးပြားများဖြစ်ကြောင်း ၎င်းက ထွက်ဆိုခဲ့ကြောင်း ပြည်နယ်အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းသို့ ထွက်ဆိုခဲ့သဖြင့် ဦးခင်မောင် တည်းခိုနေထိုင်သည့် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ ဗောဓိလမ်း၊ အိမ်အမှတ်(B/17) နေအိမ်ဆိုင်ခန်းကို သွားရောက်ရှာဖွေခဲ့ရာ ဦးခင်မောင်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ယခုအခါ ဖမ်းဆီးရမိသူ ၂ ဦးအား စစ်တွေမြို့မရဲစခန်းတွင် မူးယစ်ဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 24 July 2022
သူနေမကောင်းစဖြစ်ချိန်က ဗိုက်လေးနည်းနည်းဖောင်းလာတယ်ပေါ့၊၊အဲဒီ့ကနေကျွန်တော်တို့ ဆေးတွေကျွေးတယ်၊၊ ဗိုက်ကတဖြည်းဖြည်းဖောင်းလာတဲ့အတွက် ဓာတ်မှန်ရိုက်တယ်၊၊ ကျွန်တော်တို့အစား အသောက်လေးတွေ ပြန်ပြောင်းထားပေးတယ်၊၊ သူ့အတွက် အားဆေးလေးပြောင်းပေးထားတယ်... ဦးလှမျိုး၊တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်မှုကျွမ်းကျင်သူ Senior Keeper (ရန်ကုန်တိရစ္ဆာန်ဥယျာဉ်)
#Yangon_Media_Group
#LocalNews
Published_24 July 2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အနောက်ရပ်ကွက်၊ ၂၉ လမ်း ၈၄x၈၅ ကြားတွင် ယနေ့ ဇူလိုင်လ ၂၄ ရက် ၃ နာရီ ၄၃ မိနစ်ခန့်က အဆောက်အဦဖြိုရာမှ အုတ်တံတိုင်းပိ၍ လူနှစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယင်းဖြစ်စဉ်ကြောင့် အမျိုးသား နှစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း၊သေဆုံးသူများကို ဈေးချိုအရန်မီးသတ်စခန်းနှင့် ကျောက်ဆစ်အရန်မီးသတ်စခန်းမှ ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူများမှာ မစိုးရိမ်ရကြောင်းလည်း သိရသည်။
အဆိုပါ တိုက်ပြိုကျမှုဖြစ်ပွားရာသို့ ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ၂၂ရက်ကလည်း မော်လမြိုင်မြို့တွင် ကျောင်းအုတ်တံတိုင်းပြိုကျ၍ လူ ၅ ဦး သေဆုံးခဲ့သေးသည်။
ymg/mt
#Yangon_Media_Group






#LocalNews
Published_24 July 2022
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၁၂၅လမ်း၊၅၈ လမ်းနှင့် ၅၉ လမ်းကြားရှိ (စ)ဈေးမြောက်ဘက် တိုက်တန်းတွင် ဖွင့်လှစ်ထားသော မောသစ်ရွှေဆိုင်ကို ယနေ့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဓားပြတိုက်ခဲ့ကာ ရွှေ(၁)ပိဿာကျော်နှင့် ငွေကျပ်သိန်း ၆၀ ကို ယူဆောင်သွားကြောင်း သိရသည်။
မောသစ်ရွှေဆိုင်သို့ အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်၍ ယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦး၏ ခြေဖမိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတွင် မောသစ်အမည်ဖြစ် ဖွင့်လှစ်ထားသော ရွှေဆိုင်များအနက် ယင်းရွှေဆိုင်မှာ ဒုတိယအကြိမ်မြောက်ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်ဓားပြတိုက်ခံရသော ဆိုင်မှာ ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းနှင့် ၁၃၄လမ်းထောင့်ရှိ ဆိုင်ဖြစ်ကာ ယင်းအချိန်က ရွှေ ၆၅ ကျပ်သားနှင့် ငွေကျပ်(၁၁၈၀)သိန်း ယူဆောင်သွားကြကြောင်း သိရသည်။
ယမန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊နန္ဒာကျေးရွာအုပ်စု၊နန္ဒမြောက်ကျေးရွာတွင် အမည်မသိအမျိုးသားသုံးဦးက သေနတ်ပစ်ဖောက်၍ လင်မယားနှစ်ယောက်ထံမှ ငွေနှင့်ဖုန်းများကို ဓားပြတိုက်ယူမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_24 July 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက်၌ ယနေ့(ဇူလိုင်လ ၂၄ ရက်) နံနက်အစောပိုင်းက မုန့်တီအခြောက်ခံနေရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဦးလှမိုးအောင်(ဘ)ဦးမောင်စိုးအောင် ၏ မုန့်တီခြောက်လုပ်ငန်းလုပ်ကိုင်သည့် အဆောက်အဦးအတွင်း မုန့်တီများကို လျှပ်စစ်မီးဖြင့် အခြောက်ခံနေစဉ် ပန်ကာဖြင့် ဆက်သွယ်ထားသည့် ဝါယာကြိုးအဟောင်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးရှိမျက်နှာကြက် တာလပတ်စကို ကူးစက်ကာ အဆောက်အဦးအား ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး ကာလတန်ဖိုး ၁၉၆၀၀၀၀ ကျပ်၊ တရုတ်နိုင်ငံလုပ်လက်ဆွဲမီးစက်အသေး ၁ လုံး ကာလတန်ဖိုး ၁၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၂၀၆၀၀၀၀ ကျပ်ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူ၊တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ယခုအခါ မီးပေါ့ဆသုံးစွဲသူ ဦးလှမိုးအောင်အား မြောက်ဦးမြို့မရဲစခန်း၌ အမှုဖွင့်လှစ်၍ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
Published 24 July 2022
အမည်မဖော်လိုတဲ့ တောင်အမေရိကား ကုမ္ပဏီတစ်ခုက သူ့သားလိုလူတွေ ပိုပြီးဖန်တီးလိုတဲ့အတွက် သူ့ဆီက သုတ်ပိုးအလှုခံဖို့ ချဉ်းကပ်ခဲ့တယ်လို့ အီလွန်မတ်စ်ရဲ့ ဖခင်ဖြစ်သူက ပြောဆိုလိုက်ပါတယ်။
အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာရိုးမတ်စ်က“ ကိုလံဘီယာက ကုမ္ပဏီတစ်ခုက ကိုလံဘီယာမှာရှိတဲ့ အထက်တန်းလွှာအမျိုးသမီးတွေကိုယ်ဝန်ဆောင်ဖို့ ကျွန်တော့်ကို သုတ်ပိုးလှူပေးပါလို့ပြောတယ်။ သူတို့က အီလွန်ကို ဖန်တီးတဲ့ တကယ့်လူဆီကိုသွားနိုင်တာမို့ ဘာဖြစ်လို့ အီလွန်ဆီသွားနေမှာလဲလို့ပြောကြတယ်” လို့ The Sun သတင်းစာကိုပြောကြားပါတယ်။
လတ်တလောမှာ အာရိုးမတ်စ်က သူဟာ အသက်၃၅နှစ်အရွယ် မယားပါသမီးနှင့် ဒုတိယမြောက်ကလေးရထားတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ဖခင်ဖြစ်သူဟာ ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ လုပ်ဖို့က မျိုးပွားဖို့။ကလေးတွေ များများ ရဖို့ပဲဖြစ်တယ်လို့ မကြာသေးခင်က ပြောထားပါတယ်။
“ နောက်ထပ်ကလေးတစ်ယောက်ထပ်ရမယ်ဆိုရင် ယူဦးမယ်။ ကလေးမယူဖို့ ဘာအကြောင်းပြချက်မှ မမြင်ဘူး” လို့လည်း သူကပြောပါတယ်။
သုတ်ပိုးလှူဖို့အတွက် သူကို ပိုက်ဆံပေးမယ်လို့ ကမ်းလှမ်းတာမရှိခဲ့ဘူးလို့လည်း တောင်အာဖရိကသားဖြစ်တဲ့သူက The Sun ကိုပြောပါတယ်။ “ ဒါပေမယ့် သူတို့က ကျွန်တော့်ကို ပထမတန်းစားခရီးသွားအဆင့်ပေးတယ်။ ကြယ်ငါးပွင့်ဟိုတယ်မှာနေဖို့။ ဒီလိုအဆင့်အတန်းတွေကမ်းလှမ်းခဲ့ပါတယ်”
သတင်းစာတိုက်က သူ့အနေနှင့် ဒီလိုကမ်းလှမ်းမှုမျိုးလက်ခံမှာလားမေးတော့သူက ဘာဖြစ်လို့လက်မခံနိုင်စရာ ရှိမလဲလို့ ပြန်ဖြေပါတယ်။
၂၀၁၇ခုနှစ် ရိုလင်းစတုန်း ပရိုဖိုင်းမှာပါတဲ့ သားဖြစ်သူ အယ်လွန်မတ်စ်ရဲ့အပြောအရတော့ ဖခင်ဖြစ်သူ အာရွန်မတ်ခစ်ဟာ အိုင်ကျူမှာ ထူးချွန်တဲ့အဆင့်ရှိကြောင်းနှင့် တောင်အာဖရိကမှာ အသက်အငယ်ဆုံးနှင့် အရည်အချင်းမီ အင်ဂျင်နီယာ တစ်ယောက်ဖြစ်လာတာလို့ သိရပါတယ်။
နည်းပညာလုပ်ငန်းဘီလျံနာဖြစ်သူ အယ်လွန်မတ်စ်ကလည်း ဖခင်နှင့် ခပ်တန်းတန်းဖြစ်နေပေမယ့် မျိုးပွားတဲ့ကိစ္စမှာတော့ အဖေနှင့်သား တစ်သဘောတည်းရှိနေပါတယ်။
အီလွန်မတစ်က ကလေးမွေးနှုန်းတွေ နှစ်ပေါင်းများစွာ ကျဆင်းလာတာကို စိတ်ပူကြောင်း မကြာခဏဆိုသလို ထုတ်ပြောတတ်ပါတယ်။ “ ကလေးတွေ များများမမွေးတော့ရင် လူ့ယဉ်ကျေးမှုကြီး ပြိုကျပျက်စီးလိမ့်မယ်” လို့ သူက တွစတာမှာ ရေးခဲ့ပါတယ်။
ကမ္ဘာ့လူဦးရေဟာ ၁၉၅၀ခုနှစ်ကတည်းကစပြီး မြင့်တက်နှုန်းဟာ နှေးကွေးလာနေပါတယ်။ ၂၀၂၀မှာ တစ်ရာခိုင်နှုန်းအောက် အထိကျဆင်းသွားတယ်လို့ ကုလသမဂ္ဂသတင်းအချက်အလက်တွေအရသိရပါတယ်။ ဒါပေမယ့ ကုလသမဂ္ဂက နိုဝင်ဘာမှာ ကမ္ဘာ့လူဦးရေဟာ ၈ ဘီလျံရောက်လာမယ်လို့ခန့်မှန်းထားပါတယ်။ ၁၉၅၀မှာ တစ်ဘီလျံရှိခဲ့ရာက ၂၀၅၀မှာ ၉.၇ ဘီလျံရှိလာမယ်လို့လည်း ခန့်မှန်းထားတာဖြစ်ပါတယ်။
Source: Insider
#Elon_Musk
#Errol_Musk
#Errol_Musk_Donation_sperm
Published 23 July 2022
အမေရိကန်ပြည်ထောင်စု ယူတ ပြည်နယ်ရဲ့ အထင်ကရအမှတ်အသားဖြစ်တဲ့ ဂရိတ်ရေငန်ရေကန်ကြီးဟာ မကြုံစဖူး ရေခန်းခြောက်မှုတွေဖြစ်နေပြီး ၁၈၄၇ ခုနှစ်ကစပြီး အနိမ့်ဆုံးရေမှတ်ရောက်ရှိကာ စံချိန်တင်ခန်းခြောက်နေပါတယ်။
ဂရိတ်ရေငန်ကန်ကြီးဟာ အနောက်ဖက် ကမ္ဘာခြမ်းမှာ အကြီးမားဆုံး ရေငန်ကန်ကြီးဖြစ်ပြီး ကမ္ဘာပေါ်မှာ နဝမမြောက် အကြီးဆုံး ကုန်းတွင်းပိတ်ရေကန်ကြီးတစ်ခုဖြစ်ပါတယ်။
လာမယ့် ဆောင်းဦးရာသီနှင့််ဆောင်းရာသီမှာ ရေအမြင့်မှာ ဆက်လက်ကျဆင်းနေဦးမယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနကပြောပါတယ်။ အဲဒီရေအမြင့်ကျဆင်းနေခြင်းဟာ သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ် လုပ်ငန်းကွင်းဆက်တွေကို အကြီးအကျယ်ထိခိုက်နိုင်ပြီး အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံအထိဆုံးရှုံးနိုင်ပါတယ်။
လက်ရှိမှာတော့ ကန်ကြီးရဲ့ ဧရိယာဟာ ၁၉၈၀ပြည့်လွန်နှစ်တွေတုန်းက ၇၇၆,၉၆၉ စတုရန်းကီလိုမီတာရှိခဲ့ရာကနေ အခုဆို ၂၄၆၀၄၈ စတုရန်းကီလိုမီတာအထိ ကျုံ့သွားပါတယ်။ ကန်ကြီးရဲ့ ကြမ်းပြင် ၂၀၀၀ စတုရန်းကီလိုမီတာလောက် ပေါ်လာတာ ဖြစ်ပါတယ်။
အန္တရာယ်ရှိတဲ့ ကန်အောက်ခြေက အနယ်အမှုန်တွေ လေထဲရောက်သွားလို့ လေတိုက်လိုက်ရင် ဒေသခံတွေအတွက် ကျန်းမာရေးထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ရေအမြင့်ကျဆင်းလာရတာဟာ ရာသီဥတုပြောင်းလဲခြင်းနှင့် လူသားတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေကြောင့်ဖြစ်တယ်လို့လည်း ပညာရှင်တွေကပြောပါတယ်။
“ အပူချိန်တွေမြင့်တက်လာတာကြောင့် ကောက်ပဲသီးနှံတွေနှင့်လူသားတွေအတွက် ရေလိုအပ်ချက်မြင့်မားလာတယ်။ အဲဒါကြောင့် ကန်ထဲစီးဝင်မယ့် ရေပမာဏာတော်တော်များများက စီးမဝင်တော့ဘဲ လူတွေကို လမ်းကြောင်းလွှဲပြီး ထုတ်နုတ် သုံးစွဲလိုက်ကြတာဖြစ်တယ်” လို့ ကိုလံဘီယာတက္ကသိုလ် လက်အောက်က လာမွန့် ဒိုဟာတီ ကမ္ဘာမြေကြီး စောင့်ကြည့်ရေး အဖွဲ့ရဲ့ သုတေသနပညာရှင် ရစ်ချတ်ဆီးဂါးကပြောကြားလိုက်ပါတယ်ရှင်။
#Soure_CCTV+
#Utah_Great_Salt_Lake
#iconic_landmark
#Climate_Change
Page 1625 of 1917