Published 1 Nov 2022

လူပေါင်း ၁၃၇ ဦးသေဆုံးခဲ့ရတဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က မော်ဘီ မြစ်ကူးကြိုးတံတား ပြတ်မကျခင် စက္ကန့်ပိုင်းအလို မြင်ကွင်းကို CCTV ကင်မရာက မှတ်တမ်းတင်လိုက်နိုင်ပါတယ်။

အဲဒီမှတ်တမ်းမှာ  တံတားကြိုးမပြတ်ခင် စက္ကန့်ပိုင်းကလေးမှာ လူငယ်အချို့က တံတားကို တမင်သက်သက် လှုပ်ခါနေကြတာကိုတွေ့ရပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ ဇာတိ ဂူဂျာရတ်ပြည်နယ်က ဒီအဖြစ်ဆိုးကို သူ့တစ်သက်မှာ ဒီလောက်ထိခိုက်ကြေကွဲရတာမျိုး မကြုံဖူးဘူးလို့ မိုဒီက ဆို့နင့်စွာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Source AFP

 

#Morbi_Bridge

#India_Bridge_Tragedy

#India_ Gujarat

Published 1 Nov 2022 လူပေါင်း ၁၃၇ ဦးသေဆုံးခဲ့ရတဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က မော်ဘီ မြစ်ကူးကြိုးတံတား ပြတ်မကျခင် စက္ကန့်ပိုင်းအလို မြင်ကွင်းကို"/>