Published 31 Oct 2022

ဘယ်လ်ဂျီယမ်နိုင်ငံမှာ FiFe  ဖီဖီကမ္ဘာ့ပြပွဲ ပိတ်ပွဲကို ကျင်းပခဲ့ပါတယ်။ ဖီဖီကမ္ဘာ့ပြပွဲဟာ နိုင်ငံတကာ ကြောင်ပြပွဲကြီး တစ်ခုဖြစ်ပြီး နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

ယခုနှစ်မှာ ဘယ်လ်ဂျီယမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပတာဖြစ်ပါတယ်။

ကမ္ဘာ့အချောအလှဆုံးကြောင်ပြိုင်ပွဲကို ပိတ်ပွဲနှင့်အတူကျင်းပခဲ့ရာမှာ  အခန်းကဏ္ဍအမျိုးမျိုးအတွက် ကြောင် ၂၆ ကောင်က သရဖူဆောင်းခဲ့ကြပါတယ်။

အဲဒီကြောင်ပြိုင်ပွဲမှာ တစ်ကမ္ဘာလုံးက ကြောင်ပေါင်း ၂၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲမြို့ မြောက်ဘက် နက်ကာဟာ ပြပွဲခန်းမကြီးမှာ ကျင်းပခဲ့ကြပြီး တစ်ကမ္ဘာလုံးက  ပြခန်းပေါင်း ၁၅၀၀ ကျော်လာရောက်ခင်းကျင်းခဲ့ကြပါတယ်။ တစ်ရက်တစ်ရက်ကိုလည်း  ကြောင်ချစ်သူ ထောင်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့ကြပါတယ်။

Source: AFP