Published 31 Oct 2022

◉ရုပ်ရှင်သရုပ်ဆောင်နှင့် “Produce 101 Season 2” ပြိုင်ပွဲဝင်ဟောင်း လီဂျီဟန် Lee Ji Han ဟာ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော် အီတေးဝန်ကြေကွဲစရာဖြစ်ရပ်ထဲ သေဆုံးခဲ့ရ

◉အောက်တိုဘာ ၂၉ ရက် အီတေးဝန် မတော်တဆဖြစ်ရပ်တွင် လီဂျီဟန် ကွယ်လွန်ခဲ့သည်မှာ မှန်ကန်ပါတယ်လို့ သူ့ရဲ့ အေဂျင်စီ 935 Entertainmentက အောက်တိုဘာ ၃၀ရက်တွင် အတည်ပြု

◉“ အဲဒီသတင်းမမှန်ပါဘူးလို့ ကျွန်တော်တို့က ယုံထားခဲ့တာ။ အခုတော့ သတင်းကြားရတော့ အတော်တုန်လှုပ်သွားရတယ်။ မိသားစုဟာ အလွန်ထိခိုက်ကြေကွဲနေကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အထူးသတိထားနေရတယ်။ သူကောင်းမွန်ရာ ငြိမ်းအေးစွာနားခိုနိုင်ပါစေ” လို့ အေဂျင်စီကိုယ်စားလှယ်ကပြော

◉လီဂျီဟန်ဟာ  ၂၀၁၇ခုနှစ်မှာ “Produce 101 Season 2”မှာ သီချင်းဆိုဝင်ရောက်ယှဉ်ပြိုင်ရင်း လူသိများလာသူဖြစ်ပြီး ၂၀၁၉ခုနှစ်ကထုတ်လုပ်သည့် “Today Was Another Nam Hyun Day”ဟုဆိုသည့် ဝက်ဘ်ဒရာမာတွင် သရုပ်ဆောင်မင်းသားဖြစ်ခဲ့

◉သူသေဆုံးချိန်တွင် အသက် ၂၄နှစ်ရှိပြီဖြစ်

◉စနေနေ့ည ဖြစ်ခဲ့သော ဟော်လိုဝင်ပွဲ လူအုပ်ပြိုလဲမှုကြောင့် လူပေါင်း ၁၅၄ ဦးကျော်သေဆုံးခဲ့ပြီး အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြ

Source Soompi

#Lee_Ji_Han

#Itaewon_tragedy

#South_Korea_haloween