#World_Health
Published 31 October 2022

 

စီးကရက်အတု(vape)သောက်သုံးသူတွေဟာ စီးကရက်အစစ်သောက်သုံးသူတွေကဲ့သို့ပင် နှလုံးရောဂါအန္တရာယ်ရှိနိုင်တယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။

 

ကြွက်တွေနဲ့ လူတွေမှာစမ်းသပ်ခဲ့တဲ့ လေ့လာချက်နှစ်ရပ်အရ စီးကရက်အတုသောက်သူတွေမှာ ဆေးလိပ်သောက်သူတွေလိုမျိုး သွေးကြောထိခိုက်မှုရှိနေကြောင်း တွေ့ရှိရပါတယ်။

 

သွေးကြောတွေထိခိုက်ပြီး အလုပ်မလုပ်နိုင်တဲ့အခါ နှလုံးနဲ့ခန္ဓာကိုယ်တလျှောက် အောက်ဆီဂျင်နဲ့သွေးများ ကောင်းစွာမလည်ပတ်နိုင်တော့ပါဘူး။

 

ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာနဲ့ အခြားအသက်ရှူလမ်းကြောင်းပြဿနာတွေပါ ဖြစ်နိုင်တာကြောင့် စီးကရက်အတုတွေထက် ပိုမိုဆိုးရွားနေသေးတယ်လို့ ဆိုရမှာပါ။

 

ဒါပေမဲ့ ကုမ္ပဏီတွေ ကြော်ငြာဆွဲဆောင်နေသလိုမျိုး စီးကရက်အတုတွေက အန္တရာယ်ကင်းတဲ့ပစ္စည်းဆိုတာတော့ မဟုတ်ပါဘူး။

 

အမေရိကန်အစိုးရက လူငယ်နဲ့လူကြီးတွေကြား စီးကရက်အတုစွဲလမ်းလာတာကို သတိထားလာကြပါတယ်။

 

စီးကရက်အတုရော ဆေးလိပ်ရောပါ သောက်သုံးရင်တော့ ထိခိုက်မှုက ပေါင်းစုံပြီးပိုဆိုးရွားလာနိုင်ပါတယ်။

 

သူတို့ရဲ့သက်ရောက်မှုက သွေးကြောမကြီးတွေ ကောင်းစွာမပွင့်တော့ဘဲ နှလုံးနဲ့အခြားတစ်ရှူးများဆီ သွေးလုံလောက်စွာမရရှိတော့တာဖြစ်ပါတယ်။

 

သွေးကြောနံရံဆဲလ်တွေထိခိုက်တဲ့အခါ သွေးတိုး၊ နှလုံးသွေးကြောရောဂါများ ဖြစ်ပွားလာနိုင်ပါတယ်။

 

အသက်ရှူလမ်းကြောင်းထဲမှာ တစ်ခုခုရှိနေတဲ့အခါ သွေးကြောလုပ်ငန်းဆောင်တာများ ထိခိုက်ပျက်စီးနိုင်ပါတယ်။

 

ဆေးလိပ်သောက်သူတွေနဲ့ စီးကရက်အတုသောက်သူတွေမှာ နိုက်ထရစ်အောက်ဆိုဒ်ထုတ်လုပ်မှုလျော့နည်းလာပါတယ်။

 

စီးကရက်အတုသောက်သူတွေရဲ့ သွေးကြောဆဲလ်စိမ့်ဝင်နိုင်စွမ်းက ဆေးလိပ်သောက်သူတွေထက်ပိုပြီး မြင့်မားနေပါတယ်။

 

စိမ့်ဝင်မှုများလာတဲ့အခါ တုံ့ပြန်တဲ့ပစ္စည်းတွေပါ ယိုစိမ့်ကုန်တာကြောင့် ဆဲလ်ပျက်စီးခြင်းတွေဖြစ်လာပါတယ်။

 

တွေ့ရှိချက်များအရ စီးကရက်အတုရော ဆေးလိပ်ပါ သုံးစွဲသူတွေမှာ တစ်မျိုးချင်းသုံးသူတွေထက် ကျန်းမာရေးအန္တရာယ်ပိုရှိနေပါတယ်။

 

Source: Daily Mail
#Yangon_Media_Group