#LocalNews
Published - 17 July 2022
ပြည်တွင်းရှိ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိပါ၀င်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေစာရင်း နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန် ဗဟိုဘဏ်မှ ဇူလိုင် ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုဘဏ်က ယင်းကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။
ပြည်ပပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းရှိသည့် မြန်မာကုမ္ပဏီများ၏စာရင်းကိုလည်း အဆိုပါကော်မတီက ဗဟိုဘဏ်သို့ ပူးတွဲပေးပို့လာကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းကြောင့် နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် (AD) လိုင်စင်ရ ဘဏ်တွေအနေဖြင့် မိမိတို့ဘဏ်တွင် ဖွင့်ထားသည့် အဆိုပါကုမ္ပဏီများ၏ နိုင်ငံခြားငွေလက်ကျန်စာရင်းကို ဇူလိုင် ၁၅ ရက်နောက်ဆုံးထားတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ နိုင်ငံခြားငွေစာရင်းရှိ လက်ကျန်ငွေကို မြန်မာငွေဖြင့်ပြန်၀ယ်ရာတွင် ဆောလျင်စွာဆောင်ရွက်ရမည်ဖြစ်ပြီး ၀ယ်ယူရရှိသည့် ပမာဏကိုလည်း ဇူလိုင် ၁၈ ရက်နေ့နောက်ဆုံးထား၍ ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ရန်ပျက်ကွက်ပါက နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၅ ဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအနေဖြင့် ချေးငွေ အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ခြင်းကို လတ်တလောကာလတွင် ဆိုင်းငံ့ထားရန် ဗဟိုဘဏ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အကြောင်းကြားထားသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 17 July 202
ယနေ့(ဇူလိုင် ၁၇) ရက်မှစတင်ပြီး မြို့နယ် ၁၁ ခုတွင် သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားအုန်းဆီရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးဆီတင်သွင်းသော ကုမ္ပဏီများမှ ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ အရောင်းဈေးကားများဖြင့် စားသုံးဆီများကို တိုက်ရိုက်ရောင်းချပေးသွားမည်ဖြစ်သည်။
ကနဦးရောင်းချပေးသွားမည့် မြို့နယ်များမှာ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ သာကေတ၊ လှည်းကူး၊ မှော်ဘီ၊ ဒဂုံအရှေ့၊ ဒဂုံ မြောက်၊ စမ်းချောင်းနှင့် လှိုင်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရောင်းချမှုပုံစံမှာ အပတ်စဉ်ပြောင်းလဲသွားသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် မြို့နယ်များကိုလည်း နောက်ရက်များတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၆၅၀ ကျပ်အဖြစ် သတ်မှတ်ထုတ်ပြန်ထားခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _16 July 2022
Online စနစ်ဖြင့် တရားမဝင်ပညာသင်ကြားမှုအစီအစဉ်ကို ဦးဆောင်သူ အပါအဝင် ၃ ဦးအား ဖမ်းဆီးမိကြောင်း နစက က ထုတ်ပြန်လိုက်သည်။
ယင်းမှာ Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်ကို Online စနစ်ဖြင့် သင်ကြားနိုင်ရန် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားသည့် မြစ်သားမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်လှစ်ထားသော ကောင်းသိုက်စိုး(CDM ၊ လက်ထောက်မြို့နယ်ပညာရေးမှူး)၊ ၃၂ နှစ်၊ (ဘ) ဦးရန်အောင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နေသူဖြစ်ပြီး ဇူလိုင်လ ၁၃ ရက် နေ့လယ်က ဖမ်းဆီးမိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထယးသည်။
၎င်းနှင့်အတူ ဝင်းဗိုလ်(ခ)ဘိုဘို(CDM ၊ မူလတန်းပြ)၊ ၂၈ နှစ်၊ (ဘ) ဦးထွန်းရွှေ၊ ကျောက်ဆည်မြို့နယ်၊ ကျားကာရွာနေသူနှင့် သန့်စင်ထိုက်(CDM ၊ မူလတန်းပြ)၊ ၂၈ နှစ်၊ (ဘ) ဦးမောင်အေး၊ မြစ်သားမြို့နယ်၊ မြင်းရွာကြီးကျေးရွာနေသူတို့ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်အတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
Kaung For You Federal Private School Team ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် Online မှတစ်ဆင့် အဖွဲ့ဝင် ၁၂ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် စတင်သင်ကြားပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ ထိုသို့သင်ကြားပို့ချနိုင်ရန်အတွက် CDM ပြုလုပ်ထားသူ ဆရာ၊ဆရာမ ၄၀၀ ဦးခန့်အား ခန့်အပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဇွန်လ ၁ ရက်မှစတင်၍ Online မှတစ်ဆင့် ကျောင်းအပ်လက်ခံခဲ့ပြီး Online အခြေပြုစာသင်ကြားမှု အတွက် Zoom Application၊ Facebook ၊ Telegram ၊ Signal ၊ Gmail ၊ Messenger တို့တွင် Group များဖွဲ့၍ ဆက်သွယ်အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းထုတ်ပြန်ထားသည်။
ထိုသို့ Online မှတစ်ဆင့် စာသင်ကြားမည့် CDM ကျောင်းဆရာ၊ဆရာမများအတွက် လစာငွေကို ကျောင်းအပ်နှံသူ ကျောင်းသား၊ကျောင်းသူများ၏ မိဘများထံမှ တစ်လလျှင် တစ်ဦးအနည်းဆုံး ၁၀,၀၀၀ ကျပ်နှုန်းကောက်ခံခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များမှ စစ်ဆေးပေါ်ပေါက်ချက်များအပေါ်အခြေခံ၍ Kaung For You Federal Private School တရားမဝင်စာသင်ကြားမှု အစီအစဉ်တွင်ပါဝင်သည့် ဆရာ၊ဆရာမများ၊ ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကိုလည်း ဆက်လက်ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။
ymg/mt
#Yangon _ Media _Group
#Health_Matters
Published - 16 July 2022
-မြန်မာနိုင်ငံမှာရော အန္တရာယ်ဘယ်လောက်အထိရှိပါသလဲ လှိုင်းမဖြစ်အောင် ဘာတွေပြင်ဆင်သင့်သလဲ??
#Yangon_Media_Group
#WorldEntertainment
Published 16 July 2022
ကိုရီးယား-အမေရိကန်ကပြားလူမျိုး ကေပေါ့ပ်အဆိုတော်'အဲလက်ဆာ'ဟာ ကလေးဘဝကတည်းက စင်ပေါ်မှာ ဖျော်ဖြေချင်နေသူဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 16 July 2022
-သူ့ကြောင့် ကိုဗစ်လှိုင်းအသစ်တွေ ထပ်ပေါ်လာနိုင်ပါသလား??
#Yangon_Media_Group
Published 16 July 2022
သတင်းစာဆရာ ဂျာမေးလ်ခါရှိုဂီကို သတ်ဖြတ်တဲ့ကိစ္စလို အမှားတွေကို ဆော်ဒီအာရေဗျအနေနှင့် တားဆီးဖို့ ဆောင်ရွက်ခဲ့တယ်။ဒါပေမယ့် အမေရိကန်ကလည်း အီရတ်ကိစ္စ အပါအဝင် အမှားတွေလုပ်ခဲ့တာပဲလို့ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ပြောခဲ့တယ်လို့ ဆော်ဒီအရာရှိတစ်ဦးရဲ့ ပြောစကားအရသိရပါတယ်။
ရိုက်တာကိုပေးပို့တဲ့ ခေါင်းဆောင်နှစ်ဦး သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေနှင့်ဆိုင်တဲ့ သတင်းထုတ်ပြန်ချက်မှာ အခြားနိုင်ငံတွေကို အချို့တန်ဖိုးတွေ အတင်းအဓမ္မ သွတ်သွင်းတာဟာ ရလဒ်ပြောင်းပြန်ဖြစ်သွားနိုင်တယ်လို့ ဆော်ဒီဘုရင့်နိုင်ငံရဲ့ လက်ရှိခေါင်းဆောင်က ပြောကြားခဲ့တဲ့အကြောင်း ဖော်ပြပါရှိပါတယ်။
မင်းသား မိုဟာမက်က အနောက်ဘက်ကမ်းခြေကို အစ္စရေးတွေ ဝင်ရောက်စီးနင်းစဉ်က ပါလက်စတိုင်း-အမေရိကန် သတင်းစာဆရာ ရှီရင်း အာဘူအက်လက် အသတ်ခံရတာကိုပါ ပြောဆိုခဲ့ပြီး အီရတ်က အာဘူဂရက် အကျဉ်းထောင်ကိုပါ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ အဲဒီတစ်နှစ်တည်းမှာပဲ ကမ္ဘာ့အခြာနေရာတွေမှာ အခြားသတင်းစာဆရာတွေ အသတ်ခံရတဲ့ ဝမ်းနည်းစရာ အဖြစ်တွေ ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနှင့် အာဘူဂရက် အကျဉ်းထောင်ဖြစ်ရပ်လိုမျိုး အမှားတွေ အများကြီး ကျုးလွန်ခဲ့တယ်” လို့ အိမ်ရှေ့မင်းသားကပြောပါတယ်။
“ ကမ္ဘာ့အခြားနိုင်ငံတွေ အထူးးသဖြင့် အမေရိကန်နှင့် ဆော်ဒီတို့ဟာ နှစ်ဘက်သဘောတူထားတဲ့ တန်ဖိုးတွေကို အတူတူ မျှဝေကြမှာဖြစ်ပြီး သဘောမတူတဲ့ တန်ဖိုးတွေလည်ရှိနေတာဖြစ်တယ်”လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ ဒါပေမယ့် ဒီတန်ဖိုးတွေကို အတင်းအကျပ် သွတ်သွင်းဖို့ကြိုးစားတာဟာ ဆန့်ကျင်ဖက် အကျိးသက်ရောက်မှုတွေပဲဖြစ်စေနိုင်တယ်။ အီရန်နှင့် အာဖဂန်နစ္စတန်မှာ အမေရိကန်မအောင်မြင်ခဲ့ရတာတွေလိုဖြစ်တယ်” လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုဖြစ်ပြီးနောက်ကမ္ဘာ့အဆိုးရွားဆုံး လောင်စာအကျပ်အတည်းပေါ်ပေါက်လာတဲ့အလျောက် အမေရိကန်ဟာ ဆော်ဒီအာရေဗျအပေါ် ရပ်တည်ချက် ပျော့ပြောင်းခဲ့ပါတယ်။
#Source_AFP
#Saudi_US
#Biden_Visit_Saudi
#ဆော်ဒီအာရေဗျ_အမေရိကန်
Published 16 July 2022
မက္ကဆီကို အနောက်မြောက်ပိုင်း လော့စ် မိုချစ်ဒေသမှာ စစ်တပ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူ ၁၄ ဦးသေဆုံးခဲ့ပါတယ်။ မူးယစ်ရာဇာ ရာဖယ်လ်ကာရို ကွင်တာရိုကို ဖမ်းဆီးတဲ့ မစ်ရှင်ကို အကူအညီပေးပြီးနောက် ပျက်ကျခဲ့တာဖြစ်တယ်လို့ မက္ကဆီကို သမ္မတ အင်ဒရေးစ် မန်နျူယယ် လိုပက်ဇ် အောဘရာဒေါက ပြောပါတယ်။
#Source_AFP
#Helicopter_crash
#Mexico_Helicopter_Accident
#မက္ကဆီကို
#Health_Matters
Published - 16 July 2022
-Centaurus အိုမီခရွန်ဆိုတဲ့ မျိုးကွဲအသစ်အကြောင်း
#Yangon_Media_Group
#Loacl_News
Published_16 July 2022
ထိုင်းနိုင်ငံအချုပ်အသီးသီးမှ မြန်မာနိုင်ငံသား ၁၆၈ ဦး ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင် နေရပ်ပြန်ခွင့်ရပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်ခန်းများတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသူများ ဖြစ်ကြောင်း၊ ယင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၅၃ ဦး ပါဝင်ကြောင်း၊ ယင်းတို့အား ရနောင်းမြို့ကနေ စက်လှေဖြင့် ကော့သောင်းမြို့သို့
ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက ထိုင်းအချုပ်များမှ ကော့သောင်းဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သား ၆၅၆ ဦးအထိ ရှိပြီဖြစ်ကြောင်း၊ ကော့သောင်းမြို့ဘက်တွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက စစ်ဆေးမှုများ၊ အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အထက်ထိုးပြီးသူများအား RTT ဖြင့် စစ်ဆေး၍ နေရပ်ချက်ခြင်း ပြန်ပို့ပေးသော်လည်း ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်နှင့် လုံးဝကာကွယ်ဆေးမထိုးရသေးသူများအနေဖြင့် ကွာရန်တင်း ၅ ရက် နေကြရမည် ဖြစ်ကြောင်း သိရသည်။


ymg/mt
#Yangon_Media_Group
#Local_News
Published_16 July 2022
ပြည်ပချေးငွေကို အတိုးရော အရင်းပါ ပြန်မဆပ်ဘဲ ယာယီရပ်ထားဖို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်တာကြောင့် ပြည်သူတွေ စိုးရိမ်မှုဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 16 July 2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်၊ တွံတေး၊ ကော့မှူးမြို့နယ်တွေမှာ စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း Agricultural tourism ဖော်ဆောင်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးနောင်းနောင်းဟန်က ပြောပါတယ်၊၊
#Yangon_Media_Group
Page 1635 of 1914