TV Yangon Times Matters အစီအစဉ်
Published - 17 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးထွန်းအေး(တရားလွှတ်တော်ရှေ့နေ)နှင့်အတူ
-"မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါးအမှုတွေက လူ့အဖွဲ့အစည်းအတွက် မဖြစ်သင့်ကျင့်ဝတ်သိက္ခာနဲ့ မညီတဲ့အတွက် အမှုမလိုက်ပေးဖြစ်တော့ပါဘူးဆိုတဲ့အကြောင်း
-မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဆီမှာ တစ်လလောက်ကပ္ပိယလုပ်ခဲ့ပြီးဆရာတော်နားမှာ အနီးကပ်ခြေဆုပ်လက်နယ်ပြုခွင့်ရခဲ့သလို အဆိုအမိန့်တွေလည်းနားထောင်ခွင့်ရခဲ့တဲ့အကြောင်း
-'Facebook ပေါ်မှ စာစုများ'စာအုပ်ဟာ အသက်၇၉နှစ်မှာ ပထမဆုံးလုပ်ခွင့်ရတဲ့အရာလေးပါဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 17 July 2022
၂၀၁၈ခုနှစ်က ဂျီဟတ်တွေကို ဖော်ထုတ်ဖို့ ဆီးရီးယား စစ်ဆင်ရေးလုပ်ခဲ့ပြီးကတည်းက လူသူကင်းမဲ့တဲ့မြို့လို ဖြစ်ခဲ့တဲ့ ဟာဂျာ အယ်အက်ရှ်ဝတ်ဒ်မြို့ဟာ ယခုဆို အခွင့်အလမ်းတစ်ခု၊ အသုံးဝင်စရာတစ်ခု ရှိလာခဲ့ပါပြီ။ အဲဒါကတော့ ဂျက်ကီချန်းက သူထုတ်လုပ်တဲ့ "Home Operation" ဆိုတဲ့ အက်ရှင်ရုပ်ရှင်ဇာတ်ကားတစ်ခုအတွက် ရိုက်ကွင်းတစ်ခုဖြစ်လာ ခဲ့တာကြောင့်ပါ။
အဲဒီဇာတ်ကားက ယီမင်စစ်ပွဲအတွင်း တရုတ်နိုင်ငံသားတွေနှင့် အခြားနိုင်ငံသားတွေကို တရုတ်က ကယ်ထုတ်တဲ့အကြောင်း ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဲဒီယီမင်စစ်ဆင်ရေးဟာ တရုတ်အတွက် အထင်ကရတစ်ခုဖြစ်ခဲ့တာပါ။
ကြာသပတေးနေ့ကတော့ ဟာဂျာ အက်အက်ရှ်ဝတ်ဒ်မို့ဟာ ယီမင်မျိုးနွယ်စု အဝတ်အစားတွေ ဝတ်ဆင်ထားကြတဲ့ သရုပ်ဆောင်တွေ၊ ဆီးရီးယားလူမျိုး အဖြည့်သရုပ်ဆောင်တွေ၊ ပြီးတော့ ပိုလိုရှပ်ဝတ်ထားတဲ့ ရိုက်ကူးရေးအဖွဲ့သားတွေနှင့် ပြည့်သွားခဲ့ပါတယ်။
ဂျက်ကီချန်းဟာ ဒီဇာတ်ကားမှာ အဓိကထုတ်လုပ်သူဖြစ်ပါတယ်။ဒီဇာတ်ကားကျောရိုးဟာ လူကြည့်များမယ့် ဇာတ်ကားတစ်ကား ဖြစ်လာနိုင်ပြီး သူရဲကောင်းဆန်ဆန်ကယ်ထုတ်မှုမှာ တရုတ်အာဏာပိုင်တွေရဲ့ အခန်းကဏ္ဍကို အမွှမ်းတင်ထားတာပါ။
ဒီဇာတ်ကားရဲ့ ရိုက်ကူးရေးအဖွဲ့သားတစ်ဦးဖြစ်တဲ့ ဆီရီးယာလူမျိုး ဇီယတ် အလီက ယခုလိုပြောပါတယ်။
ဒီနေ့ ကျွန်တော်တို့ တရုတ်ရုပ်ရှင် 'Home Operation' ကို စတင်ရိုက်ကူနေပါတယ်။ ဇာတ်ကားက တရုတ်နိုင်ငံသား ၆၀၀ ကျော်နှင့် အခြားနိုင်ငံသား ၂၀၀ကျော်ကို တရုတ်အစိုးရက အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုကနေ ပြည်တွင်းစစ်ပွဲအတွင်း ကယ်ထုတ်တဲ့ ဇာတ်လမ်းပါ။ ဒီဇာတ်ကားက စစ်ပွဲအကြောင်းပြောတာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းရေးအကြောင်း ပြောမှာပါ။ အကြမ်းဖက်မှုတွေလည်း ထည့်ရိုက်မှာမဟုတ်ဘူး။ ဒီဇာတ်ကားကို ဂျက်ကီချန်းက ထုတ်လုပ်ပါတယ်။ ဒါရိုက်တာက လူငယ်တရုတ်ဒါရိုက်တာ ယင်စီးဆုန်းဖြစ်ပါတယ်” လို့ သူကပြောတာပါ။
နောက်ထပ်ရိုက်ကူးရေးအဖွဲ့သားဖြစ်တဲ့ ဆီရီးယားလူမျိုး ရာဝက်ရှာဟင်းက
“ ဆီးရီးယားနိုင်ငံမှာ စစ်ကြောင့်ပျက်စီးခဲ့တဲ့နေရာတစ်ခုက ယခု ရုပ်ရှင်စတူဒီယိုတစ်ခုဖြစ်လာခဲ့တာပါ။ ဒီနေရာဟာ ရုပ်ရှင်ထုတ်လုပ်သူတွေကို ရုပ်ရှင်လာရိုက်ဖို့ ဖြည်းဖြည်းချင်း ဆွဲဆောင်လာနေပါတယ်။ ဒီလိုပုံစံမျိုး စတူဒီယိုတစ်ခု တည်ဆောက်ရင် အတော်ပိုက်ဆံကုန်မှာပါ။ အခုဒီနေရာမှာ စတူဒီယိုက အဆင်သင့်ရနေတယ်လေ” လို့ပြောကြားခဲ့ပါတယ်။
#Source_AFP
#IS_Ex_Base_becomes_Film_studio
# Hajar_al_Aswad_Syria_ Home_Operation_Movie
#Jackie_Chan_Home_Operation
TV Yangon Times Matters အစီအစဉ်
Published - 17 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးထွန်းအေး(တရားလွှတ်တော်ရှေ့နေ)နှင့်အတူ
-"မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါးအမှုတွေက လူ့အဖွဲ့အစည်းအတွက် မဖြစ်သင့်ကျင့်ဝတ်သိက္ခာနဲ့ မညီတဲ့အတွက် အမှုမလိုက်ပေးဖြစ်တော့ပါဘူးဆိုတဲ့အကြောင်း
-မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဆီမှာ တစ်လလောက်ကပ္ပိယလုပ်ခဲ့ပြီးဆရာတော်နားမှာ အနီးကပ်ခြေဆုပ်လက်နယ်ပြုခွင့်ရခဲ့သလို အဆိုအမိန့်တွေလည်းနားထောင်ခွင့်ရခဲ့တဲ့အကြောင်း
-'Facebook ပေါ်မှ စာစုများ'စာအုပ်ဟာ အသက်၇၉နှစ်မှာ ပထမဆုံးလုပ်ခွင့်ရတဲ့အရာလေးပါဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_Sport
Published_ 17 July 2022
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၂ ခုနှစ် အာဆီယံ အမျိုးသမီးချန်ပီယံရှစ် တတိယလုပွဲ မြန်မာအမျိုးသမီးအသင်းဟာ ဗီယက်နမ်ကို ၄ ဂိုး ၃ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး တတိယဆု ရရှိခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းအတွက် ဂိုးများကို စန်းသော်သော်က ၃ ဂိုးနဲ့ လင်းမြင့်မိုရ် က တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ပွဲစဉ်ပထမပိုင်းမှာ မြန်မာအသင်းက ၉ မိနစ်မှာ စန်းသော်သော်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး၊ ၂၃ မိနစ်နဲ့ ၃၉ မိနစ်တို့မှာ ဗီယက်နမ်က ၂ ဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်း ၅၇ မိနစ်မှာ စန်းသော်သော်ကပဲ ဒုတိယချေပဂိုးကိုလည်းကောင်း၊ ပွဲချိန် မိနစ် ၈၀ မှာ ဗီယက်နမ်က တတိယဦးဆောင်ဂိုးရရှိခဲ့သော်လည်း မြန်မာအသင်းမှ လင်းမြင့်မိုရ်က ၈၂ မိနစ်မှာ တတိယချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၆ မိနစ်မှာ စန်းသော်သော်ကပဲ သွင်းယူပေးခဲ့လို့ (၄)ဂိုး၊ (၃)ဂိုးနဲ့ ခက်ခက်ခဲခဲအနိုင်ယူပြီး၊ တတိယကြေးတံဆိပ်ဆုနဲ့ အိမ်အပြန်မျက်နှာပန်းလှခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဗီယက်နမ်အသင်းကို (၄) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တတိယနေရာအတွက် ပရိသတ်တွေက မျှော်လင့်ချက်သိပ်မရှိခဲ့ပေမယ့် ဒီပွဲမှာတော့ ဂိုးတွေအပြိုင်အဆိုင်သွင်းယူပြီး တတိယဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group.
TV Yangon Times Matters အစီအစဉ်
Published - 17 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးထွန်းအေး(တရားလွှတ်တော်ရှေ့နေ)နှင့်အတူ
-"မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါးအမှုတွေက လူအဖွဲအစည်းအတွက် မဖြစ်သင့်ကျင့်ဝတ်သိက္ခာနဲ့ မညီတဲ့အတွက် အမှုမလိုက်ပေးဖြစ်တော့ပါဘူးဆိုတဲ့အကြောင်း
-မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဆီမှာ တစ်လလောက်ကပ္ပိယလုပ်ခဲ့ပြီးဆရာတော်နားမှာ အနီးကပ်ခြေဆုပ်လက်နယ်ပြုခွင့်ရခဲ့သလို အဆိုအမိန့်တွေလည်းနားထောင်ခွင့်ရခဲ့တဲ့အကြောင်း
-'Facebook ပေါ်မှ စာစုများ'စာအုပ်ဟာ အသက်၇၉နှစ်မှာ ပထမဆုံးလုပ်ခွင့်ရတဲ့အရာလေးပါဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 17 July 2022
အိန္ဒိယနိုင်ငံအပေါ် ငွေကြေးဖောင်းပွမှု ဖိအားက အထွတ်အထိပ်ရောက်နေပေမယ့် ကမ္ဘာ့အလျင်မြန်ဆုံးကြီးထွားနေတဲ့ စီးပွားရေးဖြစ်နေတဲ့ အိန္ဒိယအနေနှင့် လမ်းကြောင်းမှန်ပေါ်ရှိနေတယ်လို့ အိန္ဒိယ ဗဟိုဘဏ်က ပြောပါတယ်။
ကမ္ဘာကြီးမှာ စီးပွားရေးကျဆင်းမှုနှင့်စစ်ပွဲတွေကြောင့် စိုးရွံ့မှုတွေရှိနေလင့်ကစား အိန္ဒိယစီးပွားရေးဟာ ဒူပေနာပေကြံ့ကြံခံ နိုင်တဲ့ အသွင်အပြင်လက္ခဏာပြသနေတယ်လို့ အိန္ဒိယအရန်ငွေကြေးဘဏ်က စနေနေ့က ထုတ်ပြန်တဲ့ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အားကောင်းတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေနှင့် ထုတ်လုပ်မှုတွေ ဝန်ဆောင်မှုတွေမှာ ပိုကောင်းမွန် လာတာတွေကြောင့် ကာလလတ်မှာ မြင့်မားတဲ့တိုးတက်ရေးလမ်းကြောင်းကို သွားနေတယ်လို့ အစီရင်ခံစာကပြောပါတယ်။
အကယ်၍ လက်ရှိ အခြေခံစားကုန်တွေဈေးနှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ထောက်ပို့ကွင်းဆက်ဖိအားတွေ ဆက်လျှော့ချနိုင် မယ်ဆိုရင် “ လက်ရှိ ငွေကြေးဖောင်းပွမှုအဆိုးဆုံးဖြစ်နေတာတွေဟာ နောက်မှာကျန်ရစ်ခဲ့ပြီး အိန္ဒိယစီးပွားရေးဟာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု ထောင်ချောက်ကနေ လွတ်မြောက်နိုင်လိမ့်မယ်” လို့ ဘဏ်ကပြောပါတယ်။
စီးပွားရေးရဲ့ ပင်ကိုသန်စွမ်းမှုကို မီးမွှေးပေးမယ့် မီးစတွေက လေထဲမှာရှိနေကြပြီး ကမ္ဘာ့အလျင်မြန်ဆုံး ဖွံ့ဖြိုတိုးတက်နေတဲ့ စီးပွားရေးတစ်ခုအဖြစ် ပေါ်ထွန်းလာလိမ့်မယ်လို့လည်း ဘဏ်ကဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လက်ကား ဈေးတွေဟာ ဇွန်လမှာ ဆယ်စုနှစ်သုံးစုအတွင်း အမြင့်မားဆုံးဖြစ်လာရာကနေ ရေနံစိမ်းနှင့် စားသုံးဆီအပါအဝင် ကုန်ကြမ်းတွေ ဈေးကျလာတဲ့အတွက် ယခုဆို ဈေးတွေပြန်ကျဆင်းလာနေပါတယ်။
#Source_Bloomberg
#India_Inflation_ease
#India_Economy
#အိန္ဒိယစီးပွားရေး
Published 17 July 2022
အရှေ့အလယ်ပိုင်းခရီးစဉ်နောက်ဆုံးနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်စစ်တပ်ရဲ့ တစ်ကိုယ်ကောင်းဆန်မှု ဆိုပြီး မတော်တဆမှားပြောမိခဲ့ပါတယ်။ စနေနေ့က ဆော်ဒီအာရေဗျနိုင်ငံ ဂျီဒတ်မြို့မှာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီခေါင်ခေါင်းဆောင်တွေကိုပြောဆိုတဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ မိန့်ခွန်းမှာ ဘိုင်ဒင်က မတော်တဆမှားယွင်းစွာပြောဆိုမိခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ selfishness နှင့် selflessness ကိုမှားပြောမိခဲ့တာဖြစ်ပြီး စကားအမှားကို ပြောနေတုန်းပဲ ချက်ခြင်းပြန်ပြင်ပြောခဲ့ပါတယ်။
သူက “We’ll always honor the bravery and selfishness — selflessness of the — and sacrifices of the Americans who served, including my son, Major Beau Biden, who was stationed in Iraq for a year,” လို့ပြောခဲ့တာပါ။
“ အီရတ်မှာ တစ်နှစ်အခြေစိုက်နေထိုင်ခဲ့တဲ့ ကျွန်တော့်သား ဗိုလ်မှူး Beau Biden အပါအဝင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမေရိကန်တွေရဲ့ ရဲရင့်မှုနှင့် တစ်ကိုယ်ကောင်းဆန်မှု selfishness (အမှားပြင်ပြော)ကိုယ်ကျိုးမငဲ့မှု selflessness ၊စွန့်လွှတ်စွန့်စားမှုတို့ကို ကျွန်တော်တို့ အမြဲဂုဏ်ပြုပါတယ်” လို့ သူကပြောခဲ့တာဖြစ်ပါတယ်။
နယူးယောက်ပို့စ်သတင်းစာရဲ့ဖော်ပြချက်အရ ဆော်ဒီမှာ စကားအမှားမပြောခင်တစ်ရက်အလိုမှာ “ honour of the Holocaust” (ဟော်လိုကော့စ်ကိုဂုဏ်ပြု)လို့ အစ္စရေးမှာ မှားပြောမိခဲ့ပြီး ချက်ခြင်းပဲ အမှန်ဖြစ်တဲ့ "horror of the holocaust" (ဟော်လိုကော့စ်ရဲ့ကြောက်မက်ဖွယ်ရာ)လို့ပြန်ပြင်ပြောခဲ့ရသေးကြောင်း သိရပါတယ်။
#Source_NDTV/Twitters
ရုပ်သံကြည့်ရန်>>>
Published 17 July 2022
ချမ်းသာဖေဖေ ဆင်းရဲဖေဖေ Rich Dad Poor Dad စာအုပ်ရေးသားတဲ့ စာရေးဆရာ ရောဘတ်ကီယိုဆာကီက ဘစ်ကွိုင်ဟာ တန်ဖိုး သုညပဲရှိတယ်လို့ ပြောလိုက်ပါတယ်။ ပြီးတော့ ငွေစက္ကူအစား ရွှေနှင့်ငွေကိုပဲ စုဆောင်းဖို့ ဆွယ်တရားဟောပါတယ်။ ပြီးတော့ ငွေကြေးဖောင်းပွမှုကြီးက လူတွေကို သုတ်သင်ဖယ်ရှားပစ်မှာကိုလည်း သတိပေးလိုက်ပါတယ်။ သူ့ရဲ့ ရေဒီယို အစီအစဉ် ကနေ သူပြောသမျှထဲက မှတ်သားဖွယ်ရာ ပြောစကား (၁၀)ခုကို အောက်မှာဖော်ပြအပ်ပါတယ်။
အောက်မှာဖော်ပြထားတာတွေက ကီယိုဆာကီရဲ့ အကောင်းဆုံးပြောစကား(၁၀)ခုဖြစ်ပါတယ်။ အတိုအရှည်နှင့် ရှင်းလင်းမှု အတွက် အနည်းငယ်တည်းဖြတ်ထားပါတယ်။
၁။ ကျွန်တော် ဘစ်ကွိုင် အရောင်းအဝယ်လုပ်တယ်။ ဒါပေမယ့် သူ့မှာ တန်ဖိုးရှိတယ်လို့ ကျွန်တော်မထင်ဘူး။ ကျွန်တော် ကစားပွဲတစ်ခုကစားတာလောက်ပဲရှိတယ်။ (မေ-၁၁)
၂။ ငွေစုသူတွေဟာ ဆုံးရှုံးသူတွေပဲ။ သူတို့က ငွေစက္ကူတွေရိုက်နှိပ်နေတဲ့အချိန် ခင်ဗျား ဘာဖြစ်လို့ ဒေါ်လာတွေစုနေရမှာလဲ။ ကျွန်တော့်အတွက် အဲဒါက အဓိပ္ပါယ်ကိုမရှိဘူး (မေ-၂၂)
၃။ အမေရိကန်ဒေါ်လာဟာ အတုအယောင်ကြီးပါ။ ဘာမှတန်ဖိုးမရှိဘူး။ အဲဒါကြောင့် ကျွန်တော်က ရွှေနှင့်ငွေကို ပိုင်ဆိုင်ထားတာဖြစ်တယ်။လက်ဆုပ်လက်ကိုင်ပြလို့ရတာတစ်ခုခုကိုပဲ ကျွန်တော်ပိုင်ဆိုင်ချင်တယ်။ ရေနံပိုင်ချင်ပိုင်မယ်။ ဓာတ်မြေဩဇာ ပိုင်ချင်ပိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက တစ်ခုခုလုပ်ပေးနေလို့ပဲဖြစ်တယ်။ (မေ-၁၁)
၄။ ကျွန်တော်က ကိုးနှစ်သား ချာတိတ်အရွယ်ကတည်းက ပိုက်ဆံအကြောင်း လေ့လာခဲ့တာ။ ပိုက်ဆံကို ထိန်းချုပ်နေတဲ့ သူတွေဟာ အစိုးရတွေ၊အာဏာရှင်တွေနှင့် သက်ဦးဆုံပိုင်တွေလောက်ပဲဖြစ်တယ်။ ဖက်ဒရယ်အရန်ငွေကြေးဘဏ်နှင့် အမေရိကန်ဘဏ္ဍာရေးဌာနလေ။ ကျွန်တော့်မှာ ရွှေတွေ၊ငွေတွေနှင့် ဘစ်ကွိုင်တွေရှိနေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက ကျွန်တော်အစိုးရကို မယုံလို့။ ကျွန်တော်ဖက်ဒရယ်အရန်ငွေကြေးဘဏ်ကိုမယုံလို့။ ကျွန်တော်အမေရိကန် ဘဏ္ဍာရေးဌာန ကိုမယုံလို့ပဲ။ (မေ-၁၁)
၅။ ရွှေဒင်္ဂါးပြားတွေနောက်မှာ ဘယ်သူမှမရှိဘူး။ ဘာနိုင်ငံရေးမှမရှိဘူး။ ဘာလှည့်ဖျားမှုမှမရှိဘူး (မေ-၁၁)
၆။ အန္တရာယ်ရှိတဲ့အရာတွေကြောင့် လူတွေ သုတ်သင်ဖယ်ရှားပစ်ခံနေရပြီ။ ငွေကြေးဖောင်းပွမှုက လူတွေကိုသတ်နေတယ်။ စားနပ် ရိက္ခာနှင့် လောင်စာဆီ..၊ အဲဒါတွေကို ကျွန်တော်ကြောက်တယ်။ (ဇွန်-၁၅)
၇။ ခင်ဗျားဟာ တကယ့်ကို မိုက်မဲသူတစ်ဦးဖြစ်နိုင်တယ်။ ခင်ဗျားရဲ့ ပိုက်ဆံတွေကို အက်ပဲလ်ထဲ ထည့်ထားတယ်။ ပြီးတော့ ခင်ဗျားတကယ်ချမ်းသာလာတယ်။ ဒါမှမဟုတ် ဘစ်ကွိုင်။ ပြီးတော့ “ အလိုဘုရားသခင်။ ကျွန်တော်ချမ်းသာနေပါလား။ ကျွန်တော်စမတ်ကျလှပါလားပေါ့။ အဲဒီနောက် ဈေးကွက်က ဆက်တိုက်ကျဆင်းလာရော။ ခင်ဗျားအတော်မိုက်မဲလှပါလား။ (ဇွန်-၂၂)
၈။ အမြဲဒါကိုသတိရပါ။ နွားသိုးဟာ လှေကားတွေပေါ်တက်တယ်။ဝက်ဝံကတော့ ပြတင်းကနေ ထွက်လာတယ်။ ဝက်ဝံက ခုန်တော့မယ်လို့ ကျွန်တော်ထင်တယ်။( ဆိုလိုသည်မှာ နွားသိုးဈေးကွက်တွေ bull markets က ဖြည်းဖြည်းချင်း တက် လာနေပြီး ဝက်ဝံ ဈေးကွက်တွေ bear markets က ရုတ်တရက် တိုက်ခိုက်တယ်လို့ပြောချင်တာ- ) ( ဇွန်-၁၅)( bull markets သည် ဘဏ္ဍာရေးဈေးကွက်ကို ရည်ညွှန်းပြီး bear markets သည် စတော့ဈေးကွက်ကို ရည်ညွှန်းပါတယ်)
၉။ မျက်နှာပြင်ပေါ်မှာ အခွင့်အလမ်းတွေ ပိုပြီး ပေါလောမျောပါနေတော့မှာဖြစ်သလို ခန္ဓာကိုယ်တွေကလည်း ပေါလောမျော နေတော့မှာဖြစ်တယ်၊( စီးပွားရေးကျဆင်းမှုကာလအတွင်းမှာ ဈေးဆစ်တာတွေ ပေါ်ထွန်းလာမှာဖြစ်သလို လုပ်ငန်းတွေလည်း လဲကျတော့မှာကို ကီယိုဆာကီက ဆိုလိုခြင်းဖြစ်ပါတယ်) ( ဇွန်-၂၂)
၁၀။ လူတွေက ငါးရာခိုင်နှုန်းအတွက် ငိုကြွေးတိုင်တန်းနေကြတယ်။ ဒါတွေအားလုံးကို ခင်ဗျားခေါင်းထဲက နားလည်လိုက်တာနှင့် ခင်ဗျားဦးနှောက်ထဲမှာ ဒိုင်ခွက်ကို ချိန်ညှိနိုင်လိမ့်မယ်။ ခင်ဗျားဟာ မတူညီတဲ့ ကမ္ဘာတစ်ခုကို မြင်တွေ့သွားလိမ့်မယ်။ ဒီကနေ့မှာ အခွင့်အလမ်းတွေပိုရှိသွားလိမ့်မယ်။ ( လက်ရှိ ဖြစ်နိုင်ချေ အတိုးနှုန်း၅ရာခိုင်နှုန်းအပေါ် ရင်းနှီးမြှပ်နှံသူများက ထိတ်ထိတ်ပျာပျာဖြစ်နေကြခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ သူတို့အနေနှင့် လျှော့ဈေးနှင့်ရတဲ့ ပိုင်ဆိုင်မှုတွေ ပေါ်ထွန်းလာမှာကို စိတ်လှုပ်ရှားလာနိုင်တယ်ဟု သူကပြောခြင်းဖြစ်ပါတယ်) ( ဇွန် -၁၅)
#Source_Insider
#Robert_Kiyosaki
#The_Rich_Dad_Radio_Show
#World_Economy
Published 17 July 2022
မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ တက်ရောက်မည်ဆိုပါက ကြိုဆိုမှာဖြစ်တယ်လို့ ရုရှားဖက်ဒရေးးနိုင်ငံ Novosibirsk State University ပါမောက္ခချုပ် Dr. Mikhail Petrovich Fedoruk ကပြောကြားခဲ့တယ်လို့သိရပါတယ်။
ရုရှားဖက်ဒရေးရှင်းကို ရောက်ရှိခဲ့တဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇူလိုင်(၁၆)ရက်က အဆိုပါတက္ကသိုလ်တွင် တွေ့ဆုံစဉ် ပါမောက္ခချုပ်က ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
တက္ကသိုလ် အစည်းအဝေးခန်းမတွင် Novosibirsk State University ၏ စာပေသင်ကြား ပို့ချပေးနေမှုဆိုင်ရာ Video File ကို ဖွင့်လှစ်ပြသခဲ့ပြီး ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ နိုင်ငံခြားသင်တန်းသားများကို လက်ခံသင်ကြားပေးနေမှုများ၊ အဆင့်မြင့်ဘွဲ့လွန်ပညာသင်တန်းများ၏ သင်ရိုး ညွှန်းတမ်းအလိုက် သင်ကြားဆောင်ရွက်မှု အစီအစဉ်များ၊ ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရေးအတွက် အဆောင်နှင့်အားကစားရုံများ ထည့်သွင်း တည်ဆောက်ထားရှိမှုများ၊ မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ လာရောက်တက်ရောက်မည်ဆိုပါကလည်း အသင့်ကြိုဆိုမည်ဖြစ်တဲ့အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါရှင်းလင်းဆွေးနွေးမှုတွေအပေါ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ် မှုအတွက် အရည်အချင်း သတ်မှတ်ချက်တွေ၊ မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသားများ စေလွှတ်တက်ရောက် ပညာသင်ကြားနိုင်မည့် အခြေအနေများတွေနှင့်ပတ်သက်လို့လည်း သိရှိလိုတာတွေကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့တယ်လို့ သတင်းအရသိရပါတယ်။
အဆိုပါ Novosibirsk State University သည် ၁၉၅၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ သည့် ပုဂ္ဂလိကပိုင် သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် QS World University ၌ အဆင့် ၂၄၆ ရရှိခဲ့ကြောင်း၊ တက္ကသိုလ်တွင် လူမှုပညာရပ်ဆိုင်ရာဌာနခွဲ၊ ဆေးပညာနှင့် စိတ်ပညာဌာနခွဲ၊ ဒဿနိကဗေဒနှင့် ဥပဒေဌာနခွဲ၊ သင်္ချာနှင့် စက်မှုသိပ္ပံဌာနခွဲ၊ ရူပဗေဒဌာနခွဲ၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒဌာနခွဲ၊ သဘာဝ သိပ္ပံဌာနခွဲ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဌာနခွဲနှင့် လေ့ကျင့်ရေး ဌာနခွဲတို့အပြင် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျပန်နှင့် တရုတ်ဘာသာ စကားတို့ကို ဒုတိယ ဘာသာစကားအဖြစ် သင်ကြား ပို့ချပေးလျက်ရှိသည့် ဘာသာစကား သင်တန်းများလည်း ရှိကြောင်း သိရှိရပါတယ်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲဝင်များဟာ ဇူလိုင် ၁၆ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirskမြို၊ Tolmachevo လေဆိပ်မှ ပြန်လည်ထွက်ခွာရာ မြန်မာစံတော်ချိန်ညပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group

Published 17 July 2022
ဂျပန်နိုင်ငံမှာ ပိုပြီးကျန်းမာရေးနှင့်ပြည့်စုံတဲ့ ယဉ်ကျေးမှုတစ်ခု ဆောင်ကြဉ်းနိုင်ဖို့ အီတိုကီကော်ပိုရေးရှင်းနှင့် ကိုယိုဂျူ ဂိုဟန် ကေကေတို့ဟာ စီးပွားဖက်ပြုလုပ်ပြီး ဒေါင်လိုက်ပုံစံ တစ်မှေးအိပ် သေတ္တာတစ်ခုကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။
တိုကျိုအခြေစိုက် ပရိဘောဂအထူးကျွမ်းကျင် ကုမ္ပဏီဖြစ်တဲ့ အီတိုကီနှင့် ဟိုကိုင်းဒိုက သုံးထပ်သားရောင်းချတဲ့ ကိုယိုဂျူ ဂိုဟန်တို့ဟာ စီးပွားရေးလုပ်ငန်းများ မိတ်ဖက်ရှာပွဲတစ်ခုမှာ တွေ့ကြရာကနေ ဒီလုပ်ငန်းပေါ်ထွက်လာတာဖြစ်ပါတယ်။သူတို့ နှစ်ဖွဲ့ဟာ ဇူလိုင် ၁၄ရက်ကြာသပတေးနေ့က သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် တစ်မှေးအိပ်သေတ္တာ ဒီဇိုင်း ရေးဆွဲနေပါတယ်။ ဈေးနှုန်းနှင့် ဘယ်တော့ ရောင်းမလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။
ဂျပန်နိုင်ငံမှာ အင်မတန်ရှည်လျားတဲ့ အလုပ်ချိန်ဟာ ဝန်ထမ်းတွေကြားထဲမှာ နာမည်ကြီး ကိစ္စတစ်ခုဖြစ်နေပါတယ်။ ဂျပန်နိုင်ငံမှာ အလုပ်ချိန်အပြည့်တစ်ခု ဒါမှမဟုတ် ခရီးဝေးအလုပ်ဆင်းရသူတွေအတွက် နေ့ခင်းပိုင်း တစ်ရေးတစ်မောအိပ်စက် နိုင်ဖို့ သတ်မှတ်ပေးရတာတောင်ရှိနေပါတယ်။
“ ဂျပန်နိုင်ငံမှာ သန့်စင်ခန်းထဲ တံခါးပိတ်ပြီး တစ်ရေးအိပ်ကြရသူတွေ အများကြီးရှိနေကြတယ်။ ဒီလိုတစ်ရေးအိပ်ကြတာဟာ ကျန်းမာရေးနှင့်ညီညွတ်လှတယ်လို့ ကျွန်တော်တာ့မထင်ဘူး။ သက်သောင့်သက်သာရှိတဲ့နေရာမှာ မှေးလိုက်တာ က ပိုကောင်းတယ်” လို့ အီတိုကီက ဆက်သွယ်ရေးဒါရိုက်တာ ဆာကို ကာဝါရှီမားက ပြောပါတယ်။
တစ်မှေးအိပ်သေတ္တာအသုံးပြုသူတစ်ဦးဟာ ဒေါင်လိုက်ထောင်ထားတဲ့ အတောင့်ပုံစံမျိုးထဲ့ တစ်မှေးမှေးရတာပါ။ မူလဒီဇိုင်းမှာ လဲမကျအောင် ဦးခေါင်း၊ဒူးခေါင်းနှင့် နောက်ကျောတို့ကို ညင်ညင်သာသာကလေး ထောက်မပေးထားပါတယ်။ သုတေသနပြုချက်တွေအရ တစ်မှေးအိပ်စက်အနားယူတာဟာ ထုတ်လုပ်မှုစွမ်းအားမြင့်မားတိုးတက်စေတယ်လို့ တွေ့ရှိရတဲ့ အတွက် ဒီတီထွင်မှုကြောင့် ဂျပန်နိုင်ငံရဲ့ ဝန်ထမ်းအလုပ်သမားတွေဟာ တစ်နေ့တာလုံးမှာ တစ်မှေးအိပ်စက်နိုင်တော့မှာ ဖြစ်ပါတယ်။
“ ဂျပန်တော်တော်များများက အနားမယူဘဲ ဆက်တိုက်အလုပ်လုပ်နေကြတယ်လို့ ကျွန်တော်ထင်တယ်။ ကုမ္ပဏီအနေနှင့် အနားယူဖို့အတွက် ပိုပြီးပျော့ပြောင်းတဲ့ ချည်းကပ်မှုတစ်ခုအဖြစ် ဒီပစ္စည်းကို ကုမ္ပဏီက အသုံးပြုနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ကာဝါရှီမားကပြောပါတယ်။
#Source_Bloomberg
#Nap_Box_Japan
#Japan_work_society
#Japanese_employees
#WorldWildlife
Published 17 July 2022
ဘာစီလိုနာကမ်းရိုးတန်း ရေပြင်တလျှောက် သွားလာနေတဲ့ ကမ္ဘာ့အမြန်ဆုံးငါးမန်းကို ရေအောက်ဓာတ်ပုံဆရာတစ်ဦးက မကြာသေးမီက ရိုက်ကူးမိခဲ့ပါတယ်။
ဆူးတောင်တို ငါးမန်းပြာမျိုးက တစ်နာရီ ၄၅ မိုင်နှုန်းဖြင့်သွားနိုင်ပြီး မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ပင်ထဲပင်လယ်မှာ ပထမဆုံးတွေ့ခဲ့ရတာဖြစ်ပါတယ်။
ထိုငါးမန်းများဟာ စက်မှုငါးဖမ်းခြင်းလုပ်ငန်း၊ နိုင်ငံတကာဆူးတောင်ရောင်းဝယ်ခြင်းလုပ်ငန်းတွေရဲ့ ပစ်မှတ်ဖြစ်ပြီး အာရှဈေးကွက်မှာ လိုချင်သူများပါတယ်။
အဆိုပါတွေ့ရှိမှုကို စူးစမ်းရှာဖွေရေးအဖွဲ့တစ်ဖွဲ့က တွေ့ရှိတာဖြစ်ပြီး ရှစ်ပေရှည်လျားတဲ့ ငါးမန်းဟာ ရေထဲမှာ အေးအေးဆေးဆေးကူးခတ်နေခဲ့ကြောင်း ဆိုပါတယ်။
ဓာတ်ပုံရိုက်ကူးမိခဲ့တဲ့ ရေအောင်ဓာတ်ပုံဆရာ'ဒေးဗစ်ဂျာရာ'နဲ့ 'ကားလိုစ်မိုလီနာ'တိုက "အရိပ်မည်းကြီးတစ်ခုလှုပ်ရှားသွားတာ တွေ့လိုက်ပါတယ်၊ ကျွန်တော်တို့ နည်းနည်းရှုပ်ထွေးသွားခဲ့တယ်၊ ဒါပေမဲ့ ပင်လယ်ထဲက တစ်ခုခုထိုးထွက်လာတယ်၊ အစကတော့ နေရောင်လာခံတဲ့ ငါးလိုထင်တာပေါ့၊ ခဏနေတော့ အဲဒါကကျောရိုးဆူးတောင်မှန်းသိလိုက်ရတယ်၊ စိတ်ချရတဲ့ အကွာအဝေးလောက်ရောက်တော့ ရပ်လိုက်တယ်၊ သူကလည်း လှေနားကိုကပ်လာပါတယ်" လို့ ပြောပြသွားပါတယ်။
ရေထဲခုန်ချပြီး ငါးမန်းကိုအနီးကပ်ရိုက်ကူးချင်ပေမယ့် ဒီလိုမလုပ်သင့်ဘူးလို့ အသိဝင်လာကြောင်း 'ဂျာရာ'က El Pais ကို ပြောကြားခဲ့ပါတယ်။
အဲဒီနောက် ရိုက်ကူးမိပုံများကို ဆန်းစစ်လေ့လာခဲ့ရာ ဒါဟာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် ဆူးတောင်တိုငါးမန်ပြာဖြစ်ကြောင်း သိရှိခဲ့ကြပါတယ်။
ဒါဟာ မြေထဲပင်လယ်ဂေဟနစ်အတွက် ကောင်းတဲ့လက္ခဏာဖြစ်ကြောင်း ဘာစီလိုနာအဏ္ဏဝါ သိပ္ပံတက္ကသိုလ်မှ ဇီဝပညာရှင်'ဘာရီယာ'က ရှင်းပြခဲ့ပါတယ်။
ထိုငါးမန်းက နှာတံရှည်ရှည်နဲ့ ရှည်လျားချွန်သွယ်တဲ့အစွယ်တွေရှိပါတယ်။
ဒီငါးမန်းမျိုးကို အပူပိုင်းနဲ့ သမပိုင်းကမ်းလွန်ပင်လယ်အားလုံး၊ အရှေ့ကမ်းရိုးတန်း၊ မက္ကဆီကိုပင်လယ်ကွေ့၊ ကာရစ်ဘီယံပင်လယ်နဲ့အခု မြေထဲပင်လယ်တို့မှာ တွေ့ရှိရတတ်ပါတယ်။
အရွယ်ရောက်ပြီးသား အကောင်တွေက တိုက်ရည်ခိုက်ရည်ကောင်းပြီး ရေထဲကနေ မကြာခဏခုန်ထွက်တတ်ကာ အလျား ၁၄.၈ ပေနဲ့ အလေးချိန် ပေါင် ၁,၁၀၀ ထက် ပိုများတတ်ပါတယ်။
သူတို့က သေးငယ်တဲ့ရေနေသတ္တဝါများကို ဖမ်းယူစားသောက်လေ့ရှိကြပါတယ်။
မျိုးသုဉ်းမယ့်အန္တရာယ်ရှိပေမယ့်လဲ သူတို့နေတဲ့ရေထဲမှာ လူတွေရောက်နေရင် အလိုလို သိနေကြပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 17 July 2022
လတ်တလောရက်ပိုင်းတွေမှာ ဝမ်းနည်းသလိုခံစားမိနေတာမျိုးက လေဖြတ်ခြင်းဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ကြိုတင်သိရှိနိုင်တဲ့လက္ခဏာဖြစ်ပါတယ်။
လေဖြတ်ဝေဒနာသည်တွေဟာ လေမဖြတ်ခင်မှာ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်းတို့ကို နှစ်အနည်းငယ်တိုင်အောင် ခံစားခဲ့ရတာကို သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
ဖြစ်နိုင်တဲ့ဆက်စပ်မှုတွေက သေချာမသိရသေးပေမယ့် သွေးကြောတွေမှာ စိတ်ဖိစီးခြင်းကို ဖြစ်စေတဲ့ရောင်ရမ်းခြင်းမျိုး ဖြစ်ပေါ်တာကြောင့်လို့ ယူဆရဖွယ်ရှိပါတယ်။
လေဖြတ်ပြီးမှတင် မဟုတ်ပါဘူး၊ စိတ်ဓာတ်ကျခြင်းက လေဖြတ်ခြင်းမဖြစ်ခင်မှာလည်း လက္ခဏာပေါ်ပေါက်တတ်ပါတယ်။
စိတ်ဓာတ်ကျခြင်းလက္ခဏာတွေ၊ မောပန်းနွမ်းနယ်တဲ့လက္ခဏာတွေ အနည်းငယ်ပိုဖြစ်လာရင်တောင် လေဖြတ်ခြင်းဖြစ်လာနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။
လေဖြတ်ခြင်းမဖြစ်ဖူးတဲ့ လူကြီးအယောက် ၁ သောင်းကို ၁၀ နှစ်ကျော်ကြာအောင် လေ့လာမှုပြုလုပ်ခဲ့ကြပါတယ်။
အဲဒီနောက် လေဖြတ်ခဲ့တဲ့ဝေဒနာသည်တွေဟာ လေမဖြတ်ခင် ၂ နှစ်လောက်မှာ စိတ်ကျဝေဒနာလက္ခဏာတွေ ခံစားခဲ့ရတာကို တွေ့ရှိခဲ့ကြပါတယ်။
လေဖြတ်ရောဂါဖြစ်ပြီးမှ စိတ်ကျဝေဒနာဖြစ်လေ့ရှိတယ်လို တွေ့ရှိထားကြပေမယ့် အခုအခါမှာတော့ လေဖြတ်ခြင်းမဖြစ်မီမှာပင် စိတ်ကျဝေဒနာလက္ခဏာများ ခံစားကြရတာကို တွေ့ရှိခဲ့ပါတယ်။
အသက် ၆၅ နှစ်အထက် လူကြီး ၁၀,၇၉၇ ဦးကို ၁၂ နှစ်ကြာအောင် စောင့်ကြည့်လေ့လာခဲ့ရာ ၄၂၅ ဦးက လေဖြတ်ဝေဒနာ ခံစားခဲ့ရပါတယ်။
စောင့်ကြည့်နေတဲ့လူအားလုံးကို ၂ နှစ်တစ်ခါ စိတ်ဓာတ်ကျလက္ခဏာခံစားရခြင်းနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ကြပါတယ်။
ထိုလက္ခဏာတွေထဲမှာ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း၊ အိပ်မပျော်ခြင်းစတဲ့ လက္ခဏာတွေ ပါဝင်ပါတယ်။
ဒါပေမဲ့လည်း လေဖြတ်ခြင်းမဖြစ်ခင် စိတ်ဓာတ်ကျလက္ခဏာပေါ်ပေါက်တာက အနည်းငယ်သာတွေ့ရှိရပြီး အမြဲတမ်းစမ်းသပ်တွေ့ရှိတာမျိုး မဟုတ်ပါဘူး။
သွေးကြောထဲမှာ သွေးခဲပိတ်ဆိုပြီး ဦးနှောက်မှာ သွေးလည်ပတ်မှုမရှိတဲ့အခါ လေဖြတ်ခြင်းဖြစ်ပေါ်ပါတယ်။
သွေးကြောပေါက်ထွက်ပြီး ဦးနှောက်ထဲ သွေးတွေပြည့်လျှံကာ အခြားနေရာတွေသွေးမလောက်တဲ့အခါမျိုးမှာလည်း လေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။
လေဖြတ်ဝေဒနာသည် ၃ ပုံ ၁ ပုံလောက်က အချိုအချိန်တွေမှာ စိတ်ဓာတ်ကျခြင်းဖြစ်ပွားတတ်ပြီး ဦးနှောက်မှာ ဇီဝဓာတုပြောင်းလဲမှုများဖြစ်ပေါ်တတ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 1634 of 1914