#LocalNews
Published_12 May 2022
ရန်ကုန်-ပုသိမ်ကားလမ်းမကြီးတိုးချဲ့ရာတွင်ဓာတ်အားလိုင်းများ ရွှေ့ပြောင်းရန်ရှိသောကြောင့် ၍လှိုင်သာယာရှိမြို့နယ်အချို့တွင် မနက်ဖြန် လျှပ်စစ်ဓတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သိရသည်။
ဓာတ်အားလိုင်းအသစ် တည်ဆောက်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရာတွင် မနက်ဖြန် မေလ ၁၃ ရက် နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီထိ 33kVလှိုင်သာယာ-လှိုင်သာယာ(၁၊၂)ဖီဒါ နှင့် 33kV နဝဒေး+ရွှေသံလွင်ဖီဒါ တို့ကို ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
ယင်းကြောင့်လှိုင်သာယာ (အရှေ့)၊လှိုင်သာယာ(အနောက်)မြို့နယ် နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -12 May 2022
လတ်တလော ပုဂံဒေသမှာလုံခြုံရေးအရ သံတံခါးတွေတပ်ဆင်တာ၊ CCTV Network တပ်ဆင်တာတွေဆောင်ရွက်သွားဖို့ရှိတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံဌာနခွဲ)၊ ညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 12 May 2022
(၅)လတာ ကာလအတွင်း တရုတ်-လာအို မီးရထားလမ်းကြောင်းကနေ စုစုပေါင်းကုန်တန်ချိန် ၂.၉ သန်း ပို့ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်-လာအိုမီးရထားလမ်း စတင်လည်ပတ်သည့် ၅ လတာအတွင်း စုစုပေါင်းကုန်တန်ချိန် ၂.၉ သန်း ပို့ဆောင်ခဲ့ပြီး ၅ လမြောက်တွင် ကုန်ပို့ဆောင်မှုပမာဏသည် တန်ချိန် ၁.၁ သန်းရှိသဖြင့် ပထမဆုံးလ၏ ၁၇၀,၀၀၀ တန်ထက် ၅.၅ ဆ တိုးများလာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရီးသွားလာသူ ၂.၇ သန်းကျော်ကို ပို့ဆောင်ပေးခဲ့သဖြင့် ခရီးသည်ပို့ဆောင်ပေးမှု အခြေအနေကောင်းမွန်ကာ နိုင်ငံတကာ ကုန်စည်စီးဆင်းမှုလမ်းမကြီးအခန်းကဏ္ဍ စတင်ပေါ်လွင်လာတယ်လို့ ဆိုပါတယ်။
လက်ရှိတွင် တရုတ်-လာအိုမီးရထားလမ်း၏ နိုင်ငံဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏသည် တန်ချိန်း ၅ သိန်းကျော်ရှိပြီးဖြစ်ကာ ထိုင်း၊ မြန်မာ၊ လာအို၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ စသည့်နိုင်ငံနှင့် ဒေသပေါင်း (၁၀)ခုကျော်သို ပို့ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ကုန်ပစ္စည်းအမျိုးအစားသည်လည်း စတင်လည်ပတ်သည့် ကနဦးကာလက ရာဘာ၊ ဓာတ်မြေသြဇာ၊ ကုန်မျိုးစုံမှ အီလက်ထရောနစ်၊ photovoaltic ၊ ဆက်သွယ်ရေး၊ မော်တော်ယာဉ်၊ ပန်းမန်စသည့် အမျိုးအစား (၁၀၀)ကျော်အထိ တိုးချဲ့လာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - တရုတ် သံရုံး
ymg/kg
#Yangon_Media_Group
#LocalNews
Published_12 May 2022
ကိုဗစ်ကြောင့် ပိတ်ထားခဲ့သည့် စစ်တွေတက္ကသိုလ်၏ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် နေ့သင်တန်းများကို ယနေ့ မေလ ၁၂ ရက်မှ ဇူလိုင်လ ၂၇ ရက်ထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ကျောင်းများကို ပိတ်ထားခဲ့ကြရခြင်းလည်း ဖြစ်သည်။
စစ်တွေတက္ကသိုလ်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မေလ ၅ ရက်ကလည်း ဝိဇ္ဇာ၊ သိပ္ပံ နောက်ဆုံးနှစ်အတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ ပဉ္စမနှစ် ဥပဒေတန်း၊ မဟာအရည်အချင်းစစ်အတန်း၊ ပထမနှစ် မဟာအတန်းနှင့် ဒုတိယနှစ် ဂုဏ်ထူးတန်းတို့ကို စတင်ဖွင့်လှစ်ခဲ့သည်။
Photo-na rinjara
ymg/mt
#Yangon_Media_Group
#LocalNews
Published_12 May 2022
တိုင်းရင်းသားတွေ ပြန်လည်ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုကလွဲရင် တခြားနည်းလမ်းမရှိဘူးလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ဆိုပါတယ်။
#Yangon_Media_Group
#LocalNews
Published -12 May 2022
မြန်မာနိုင်ငံမှာ နှစ်ကြိမ်ပြည့်ကာကွယ်ဆေးထိုးပြီး နောက်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ မေလ(၁၀)ရက်အထိ စာရင်းတွေအရ ထပ်ဆောင်းကာကွယ်ဆေးထိုးထားသူ(၁)သန်းခြောက်သိန်းကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
ကိုဗစ်ကာကွယ်ဆေးထိုးအခြေအနေနဲ့ ပတ်သက်လို့ ပထမအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ (၆)သန်း ခြောက်သိန်းကျော်၊နှစ်ကြိမ်ပြည့်ထိုးပြီးသူ(၂၄)သန်း ကျော်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးထားသူ(၁)သန်းခြောက်သိန်းကျော်၊ ပထမအကြိမ်နဲ့ အကြိမ်ပြည့်ထိုးနှံပြီးသန်း(၃၀)ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်၊၊
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားသူ စုစုပေါင်းသန်း(၃၀)ကျော်၊ အကြိမ်ရေအားဖြင့်(၅၆)သန်းကျော်ထိုးနှံပြီးစီးထားပြီ ဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_12 May 2022
ပတ်စ်ပို့စာအုပ်မလိုဘဲ Border Pass ဖြင့် ထိုင်းနိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ခွင့် ရရှိရေးအတွက် ယနေ့ မေလ ၁၂ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ သွားရောက်လုပ်ကိုင်ခွင့် ရရှိလျှင် မြန်မာနယ်စပ်အထွက်ဂိတ်မှ ကိုယ်ပိုင်မှတ်ပုံတင်ပြ၍ ၃ လ သက်တမ်းရှိ Border Pass နယ်စပ်ဖြတ်ကျော်စာအုပ် တစ်ပါတည်းရရှိမည်ဖြစ်ပြီး Border Pass ကိုလည်း တစ်လ တစ်ကြိမ် သက်တမ်းတိုးနိုင်စေရန် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ထားကြောင်းလည်း သိရသည်။
"မေလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွေ ဖြစ်တဲ့ မဲ့ဆောက်၊ ကန်ကျနဘုရီ၊ ရနောင်းတွေမှာ အလုပ်သမားခေါ်ယူဖို့ ဆွေးနွေးတာ၊ ထိုင်းနိုင်ငံနယ်စပ်အလုပ်သမား ဥပဒေနဲ့ အလုပ်သမားခေါ်ဖို့ ရှိတယ်လို့ သိရတယ်။
ပတ်စ်ပို့စာအုပ်မလိုဘူးပေါ့ Border Pass စာအုပ်နဲ့ပဲ သွားရောက်အလုပ်လုပ်ခွင့်ရရင် ပိုကောင်းတယ်။ မြန်မာနိုင်ငံမှာက အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းနေတော့ ထိုင်းဘက်ကို သွားပြီး အလုပ်လုပ်ချင်သူတွေအတွက် ဒီနည်းလမ်းက ကောင်းတယ်"ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက် - မြဝတီနှင့် ရနောင်းဘက်ခြမ်းမှ မေလတစ်ရက်ကစ၍ Border Pass ဖြင့် ထိုင်းနိုင်ငံကို ဝင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက သတင်းထွက်ပေါ်ခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 12 May 2022
ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် FDA က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စျေးများအား ရှောင်တခင်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရှောင်တခင် စစ်ဆေးမှုကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူအသိပညာပေး နေပြည်တော် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဒေါက်တာဇော်လွင် ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ(ဈေးများဌာန)တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့စစ်ဆေးမှုတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့မဈေး
(သီရိရတနာဈေး)၊ မြို့မဈေး၊ တပ်ကုန်းမြို့မဈေး၊ သပြေကုန်းဈေးများသို့ စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - နေပြည်တော်ကောင်စီ
ymg/kg
#Yangon_Media_Group
#LocalNews
Published -12 May 2022
လာမယ့်မေလ(၁၄)ရက်၊ ကဆုန်လပြည့်နေ့မှာ မဟာဝိဇယစေတီတော်ကြီးမှာ အနေကဇာတင်အခမ်းအနားကျင်းပ ပြုလုပ်သွားမှာဖြစ်သလို အများပြည်သူလည်း ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်ဖို့ ပြင်ဆင်ပေးထားတယ်လို့ ဂေါပကအဖွဲထံမှ သိရပါတယ်၊၊
ကဆုန်လပြည့်နေ့မှာ မဟာဝိဇယစေတီတော်ကြီးရှိ ဗောဓိညောင်ပင်နှစ်ပင်မှာ မနက်(၅)နာရီက စလို့ အများပြည်သူဘုရားဖူးတွေ ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်တယ်လို့ ဆိုပါတယ်၊၊
"မနက်(၅)နာရီခွဲလောက်မှာ အနေကဇာတင်မယ်၊၊ ဆရာတော်ငါးပါးနဲ့ အာရုံဆွမ်းကပ်လှူပါမယ်၊၊ညောင်ရေသွန်းလောင်းလှူဖို့ မနက်(၅)နာရီက စဖွင့်မယ် ည(၇) အထိဖွင့်ပေးထားပါတယ်၊၊ဆရာတော် သံဃာတော်တွေ ညောင်ရေသွန်းလောင်းပြီးနောက် အများပြည်သူညောင်ရေသွန်းလောင်းနိုင်ပါတယ်၊၊ ညောင်ရေသွန်းလောင်းနိုင်ဖို့ အတာအိုးတွေရေတွေလည်း အဆင်သင့်ပြင်ပေးထားပါတယ်"လို့ မဟာဝိဇယစေတီတော်၊ ဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးသိန်းမြင့် က YMG ကိုပြောပါတယ်၊၊
မဟာဝိဇယစေတီတော်ကြီးမှာ ( ၁၅ )ကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းမှ ရွှေလှောင်လိပ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ချိပ်ပိတ်တင်ဒါစနစ်နဲ့ ရောင်းချဖို့ ဆောင်ရွက်နေပြီး မေလ(၁၂)ရက်မှာ တင်ဒါတင်သွင်းလွှာတွေ စတင်ရောင်းချမှာဖြစ်ပြီး မေလ(၁၆)ရက်မှာ အရောင်းပိတ်ကာ မေလ(၁၉)ရက်မှာ တင်ဒါဖွင့်ဖောက်မှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published - 12 May 2022
၁။ ရှေးဟောင်းပစ္စည်းများ ခိုးယူခံနေရသည့် ကမ္ဘာ့အမွေအနှစ်ဒေသပုဂံတွင် CCTV Network တပ်ဆင်မည်။
၂။ ပျူဂဝံမြို့ဟောင်းအတွင်း ဖော်ထုတ်တွေ့ရှိခဲ့သည့် ကျောက်ခေတ်ပစ္စည်းများနှင့် ပတ်သက်၍ သုတေသန စာတမ်းပြုစုနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရုပ်ရှင်အမှတ်တရပစ္စည်းများ လေလံတင်ပွဲတွင် ဒီလော်ရီယန်မော်တော်ကားပါဝင် ပြသသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldHealth
Published 12 May 2022
ကိုဗစ်ကပ်ရောဂါပျံ့ပွားခြင်း ၂ နှစ်ကျော်လာတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁ သန်းကျော်ရှိလာပြီဖြစ်ပါတယ်။
ဒီလောက်အတိုင်းအတာအထိ ရှိလာလိမ့်မယ်လို့ မထင်မိခဲ့ကြသလို လူတွေရဲ့ဘဝဟာလည်း ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။
လူအများရဲ့စိတ်ထဲမှာ ဗိုင်းရပ်စ်ကို တဖြည်းဖြည်းမေ့ပျောက်လာသလိုဖြစ်နေတဲ့အချိန်မှာ သေဆုံးသူ ၁ သန်းကျော်သွားပြီဆိုတဲ့ မိုင်တိုင်ကြောင့် ဝမ်းနည်းမှုတွေကို ပြန်အမှတ်ရမိစေပါတယ်။
လက်ရှိသေဆုံးနှုန်းက အမေရိကန် ၃၂၇ ဦးမှာ ၁ဦးသေဆုံးတဲ့နှုန်းဖြစ်နေပြီး ဆန်ဖရန်ဆစ္စကို ဒါမှမဟုတ် ဆီယက်တဲလ်တစ်မြို့လုံးရှိ လူဦးရေထက် ပိုများတဲ့ပမာဏဖြစ်ပါတယ်။
၂၀၂၀ မတ်လ ၁၁ ရက်နေ့က WHO က ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့တဲ့အချိန်မှာ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆ ဦးရှိနေခဲ့ပါတယ်။
လပိုင်းအကြာမှာတော့ ဗိုင်းရပ်စ်ကလျင်မြန်စွာပျံ့ပွားနေခဲ့ကာ လူနေထူထပ်တဲ့ နယူးယော့ခ်လိုနေရာမျိုးမှာ ကူးစက်မှုအလွန်များပြားနေခဲ့ပြီး အဲဒီနောက် တိုင်းပြည်အနှံရောက်ရှိသွားပါတယ်။
၂၀၂၀ ဇွန်လမှာ အမေရိကန်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်က ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့အမေရိကန်စစ်သည်တွေထက် ပိုများနေခဲ့ပါတယ်။
၂၀၂၁ ဇန်နဝါရီလအရောက်မှာ သေဆုံးသူ ၄၀၅,၀၀၀ ကျော်ခဲ့ရာ ဒုတိယကမ္ဘာစစ်ကကျဆုံးခဲ့တဲ့အမေရိကန်စစ်သည်တွေထက် ပိုများခဲ့ပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်ကြောင့်သေဆုံးသူ ၆.၇ သန်းရှိကြောင်း အတည်ပြုသိရှိထားပေမယ့် ရောဂါနဲ့သွယ်ဝိုက်စွာ ပတ်သက်နေတဲ့ အခြေအနေများကြောင့် သေဆုံးသူတွေကိုပါ ထည့်သွင်းစဉ်းစားပါက ၁၅ သန်းနီးပါးအထိရှိတယ်လို့ ခန့်မှန်းရပါတယ်။
ဆေးရုံတွေမှာ အလောင်းတွေပုံနေလို့ အပြင်မှာရေခဲတိုက်ကားတွေ တန်းစီနေတဲ့ပုံရိပ်တွေ၊ အလုံပိတ် အထူးကြပ်မတ်ဆောင်တွေမှာ လူနာတွေကိုအသက်ရှူကိရိယာတပ်ဆင်နေရတဲ့ပုံရိပ်တွေ၊ ကူးစက်မှုလှိုင်းတိုင်းကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ပုံရိပ်တွေကို အမြဲအမှတ်ရမိနေစေမှာ ဖြစ်ပါတယ်။
၂၀၂၀ နှောင်းပိုင်း ကိုဗစ်ကာကွယ်ဆေးတွေဖြန့်ဝေလာခဲ့ရာ အမေရိကန်ပြည်သူသန်းပေါင်းများစွာဟာ ကာကွယ်ဆေးထိုးဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။
၂၀၂၁ အစောပိုင်းအရောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅ သိန်းရှိလာပြီဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးလျက်ရှိတဲ့ အမေရိကန်ပြည်သူပျမ်းမျှအရေအတွက်ဟာ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အယ်လ်ကိုင်ဒါ အသေခံတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့အရေအတွက်ထက် များနေခဲ့ပါတယ်။
ကိုဗစ်ရောဂါက သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး အားနည်းသူများမှာ အဓိကဒုက္ခပေးခဲ့ပါတယ်။
ဒါ့အပြင် ကလေးအယောက် ၁ ထောင်ကျော်လည်း သေဆုံးသူတွေထဲ ပါဝင်ခဲ့ပါတယ်။
အမေရိကန်မှခန့်မှန်းချေ ကလေးငယ် ၂၁၃,၀၀၀ ဦးတို့ဟာ မိဘတစ်ဦးဦး ဒါမှမဟုတ် အုပ်ထိန်းသူကို ကပ်ရောဂါကာလအတွင်း ဆုံးရှုးခဲ့ရပါတယ်။
အိုမီခရွန်ပျံ့ပွားမှု အပြီးမှာတော့ ကိုဗစ်အန္တရာယ်စိုးရိမ်မှုလျော့နည်းလာရပြီး ရုံးတွေအလုပ်တွေ ပြန်ဖွင့်လာခဲ့ပါတယ်။
ဗိုင်းရပ်စ်ကထပ်မံဆင့်ကဲ ပြောင်းလဲလာနိုင်တာကြောင့် သုတေသီတွေက နောက်ထပ်အားမြှင့်ကာကွယ်ဆေးတွေ ထုတ်လုပ်နေပါတယ်။
အမေရိကန်မှ ကူးစက်ရောဂါဆိုင်ရာထိပ်သီးပညာရှင် ဒေါက်တာ’အန်သိုနီဖော်ချီ’က ကိုဗစ်ရောဂါက မပြီးဆုံးသေးကြောင်း၊ ကပ်ရောဂါအဆင့်ရှိနေဆဲဖြစ်ကြောင်း ပြောကြားသွားပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 12 May 2022
လက်ကိုင်ဖုန်းတွေကို နှလုံးနဲ့နီးစပ်ရာအိတ်ကပ်တွေထဲ ထည့်ထားခြင်းက ကျန်းမာရေးပြဿနာများဖြစ်နိုင်ချေရှိကြောင်း ပညာရှင်များက သတိပေးလိုက်ပါတယ်။
iPhone နဲ့ Airpod အားသွင်းပေါက်ပစ္စည်းတွေမှာ ပါဝင်တဲ့ သံလိုက်ဆွဲအားက လျှပ်စစ်နှလုံးခုန်စက်တွေမှာပါတဲ့ နှလုံးခုန်နှုန်း အားပေးတဲ့လမ်းကြောင်းကို သက်ရောက်စေပါတယ်။
ယူကေမှာ နှစ်တိုင်း လျှပ်စစ်နှလုံးခုန်စက်တပ်ဆင်ရသူ ၅ သောင်းခန့်ရှိနေပါတယ်။
ဒီစက်တွေက ပုံမှန်အတိုင်းနှလုံးခုန်နိုင်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
နှလုံးခုန်မမှန်သူတွေနဲ့ နှလုံးခုန်ရပ်ခြင်းခံစားရဖူးသူတွေမှာ အဆိုပါစက်မျိုးတပ်ဆင်လေ့ရှိပါတယ်။
Apple နဲ့ Microsoft တို့မှ ထုတ်လုပ်တဲ့ပစ္စည်းအချို့ဟာ နှလုံးခုန်စက်နဲ့ စင်တီမီတာအကွာအဝေးလောက်ကနေတောင် အနှောင့်အယှက်ဖြစ်စေကြောင်း ဆွစ်ဇာလန်ပညာရှင်များ လေ့လာတွေ့ရှိထားပါတယ်။
ဒီသဘောကတော့ ဖုန်းကိုအင်္ကျီအိတ်ကပ်ထဲမှာ ထည့်ထားပါက လျှပ်စစ်ဓာတ်ထုတ်လွှတ်မှုကို နှောင့်ယှက်စေတာဖြစ်ပါတယ်။
ဘေဆယ်လ်တက္ကသိုလ်နဲ့ လက်တွေ့သိပ္ပံတက္ကသိုလ်တိုပညာရှင်များက iPhone 12 Pro Max, Apple Airpod အားသွင်းပစ္စည်း, Apple Pencil 2nd Gen နဲ့ Microsoft Surface Pen တို့ကို စမ်းသပ်ခဲ့ကြပါတယ်။
ပညာရှင်တွေက ဒီပစ္စည်းတွေကို နှလုံးခုန်စက်မှ အကွာအဝေးအမျိုးမျိုးကနေ ထားရှိစမ်းသပ်ခဲ့ပါတယ်။
နှလုံးခုန် မမှန်တဲ့သူတွေမှာ ရင်ဘတ်အနီးနားကို အီလက်ထရောနစ်ပစ္စည်းထားမယ်ဆိုရင် စက်ပစ္စည်းတွေထဲမှာပါဝင်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက နှလုံးခုန်စက်တွေကို ရပ်တန့်ပစ်နိုင်ကြောင်း သုတေသနအင်ဂျင်နီယာ ဒေါက်တာ’ကိုရန်တင်ဖယ်ရီ’က ရှင်းပြသွားပါတယ်။
နှလုံးရောဂါလူနာတွေအနေနဲ့ ဒီလိုအန္တရာယ်တွေကို သိရှိနားလည်သင့်ပြီး ဆရာဝန်တွေကလည်း ဒီအကြောင်းကို သတိပေးသင့်ပါတယ်။
အင်္ကျီအိတ်ကပ်ထဲမှာ ဖုန်းထည့်တာမျိုး၊ လှဲနေတဲ့အချိန် ရင်ဘတ်ပေါ်မှာ တင်ထားတာမျိုး၊ ဖုန်းသုံးရင်းအိပ်ပျော်သွားတာမျိုးတို့က ဒီလိုပြဿနာတွေဖြစ်လာနိုင်စေပါတယ်။
အင်္ဂလိပ်လူမျိုးသန်းပေါင်းများစွာဟာ နှစ်စဉ် iPhone ဝယ်ယူသုံးစွဲကြပြီး ၂၀၂၀ အတွင်း iPhone ပိုင်ဆိုင်သူ ၅၀ ရာခိုင်နှုန်းနီးပါးရှိခဲ့ပါတယ်။
နောက်ထွက်တဲ့ပစ္စည်းတွေအပြင် ၂၀၁၃ တကည်းကထွက်ရှိလာတဲ့ Microsoft Surface Pen တွေမှာလည်း လျှပ်စစ်သံလိုက်လှိုင်းများ ပါဝင်လာကြပါတယ်။
နှလုံးစက်ပစ္စည်းတွေမှာပါဝင်တဲ့ အာရုံခံနည်းပညာတွေက အနီးနားကသံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကို တုန့်ပြန်စေပါတယ်။
ဒီလိုအပြန်အလှန်တုန့်ပြန်မှုတွေမဖြစ်အောင် ဖုန်းပစ္စည်းတွေကို နှလုံးခုန်စက်တည်ရှိရာနေရာနဲ့ ၆ လက်မအကွာမှာ ထားရှိသင့်ပါတယ်။
Apple ပစ္စည်းသုံးစွဲရင်း နှလုံးခုန်စက်ပြဿနာရှိလာပြီဆိုရင် ဆက်လက်အသုံးမပြုဘဲ ဆရာဝန်နဲ့ နှလုံးခုန်စက်ထုတ်လုပ်သူများထံ ဆက်သွယ်အကြံဉာဏ်တောင်းခံသင့်ပါတယ်။
Source: The Sun
#Yangon_Media_Group
Page 1583 of 1738