#HealthMatters
Published - 14 May 2022
၁။ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကမ္ဘာလုံးဆိုင်ရာစီးပွာရေးမှာ အဓိကကျတဲ့အခန်းကဏ္ဍက ဘယ်လိုပါဝင်နေတယ်ဆိုတာကို ကိုဗစ်ကပ်ဘေးက မီးမောင်းထိုးပြခဲ့ပါတယ်လို့ ကုလကပြောတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ??
၂။ သူတို့ကလဲ ရွှေ့ပြောင်းတဲ့သဘောရှိတယ် ကိုဗစ်ကလည်း ရွှေ့ပြောင်းတဲ့သဘောရှိတော့ သူတို့ကို လက်ခံဖို့အတွက်ကရော အန္တရာယ်ကြီးတစ်ခုဖြစ်မနေဘူးလား??
၃။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအောင် ကိုဗစ်နှင့်အတူ ရွှေ့ပြောင်းအလုပ်သမားတွေရွှေ့ပြောင်းရှင်သန်ခွင့် ဘယ်လိုပေးမလဲ??
#Yangon_Media_Group
Published 14 May 2022
ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် သံဃာတော် ၁၀၂၆၄ ပါးကို ဆွမ်း၊လှုဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲကို ယနေ့ မေလ၁၄ ရက် ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့ နန်းမြို့ရိုးလေးပြင်လေးရပ်၌ တစ်ပြိုင် နက်ကျင်းပခဲ့ပါတယ်။
ယနေ့ မနက်၆နာရီမှစတင်ကာ မန္တလေးမြို့ နန်းမြို့ရိုးလေးပြင်လေးရပ်တွင် တစ်ဖက်လျှင် သံဃာတော် ၂၅၆၆ပါးစီကို ဆွမ်းနှင့်လှူဖော်ပစ္စည်းတွေ၊နဝကမ္မဝတ္ထုငွေတွေကို လောင်းလှုခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားကို နစက၊မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့တာဖြစ်ပါတယ်။
အဆိုပါအခမ်းအနားကျင်းပပုံတွေကို AFPသတင်းဌာနက ယခုလို သတင်းရုပ်သံရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 14 May 2022
စက်သုံးဆီ စျေးနှုန်းမြင့်တက်လာမှုနှင့် အလှူရှင်နည်းပါးလာမှုတို့ကြောင့် ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့များအနေနဲ့စရိတ်မျှပေးစနစ်ဖြင့်သာ လူနာလမ်းကြောင်းများကို ကူညီပို့ဆောင်ပေး နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 14 May 2022
မိုးရာသီအဝင်နဲ့ မိုးရာသီကာလတွေမှာ သွေးလွန်တုပ်ကွေး၊ဝမ်းပျက်ဝမ်းလျှော၊အစာအဆိပ်သင့်နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်တဲ့အတွက် အထူးသတိပြုဖို့လိုအပ်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်ကပြောပါတယ်၊၊
#Yangon_Media_Group
Published 14 May 2022
တရုတ်နိုင်ငံရဲ့ကြီးထွားလာမှုကိုရင်ဆိုင်နေရချိန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေနှင့် ဝါရှင်တန်မှာကျင်းပတဲ့ ပထမဆုံးထိပ်သီးအစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံတွေအတွက် ရေရှည်ကတိကဝတ်ပြုလိုက်ပါတယ်။
ဘိုင်ဒင်က ကနဦးဦးစီးဦးရွက်ပြုမှုအဖြစ် ဒေါ်လာသန်း၁၅၀အစီအစဉ်နှင့် အာဆီယံအတွက် ပထမဆုံး အချိန်ပြည့် အမေရိကန် သံအမတ်ကြီးကိုခန့်အပ်မှာကို ကြေညာခဲ့ပါတယ်။
ဒါဟာ အမေရိကန်-အာဆီယံဆက်ဆံရေးရဲ့ ခေတ်သစ်တစ်ခုလို့သူကကြိုဆိုလိုက်ပြီး အမေရိကန်အစိုးရရဲ့ မဟာဗျူဟာအချက်အခြာထဲမှာ အာဆီယံရဲ့ဗဟိုပြုမှုပါဝင်တယ်လို့ပြောဆိုလိုက်ပါတယ်။
လွတ်လပ်ပွင့်လင်း၊တည်ငြိမ်ကြွယ်ဝပြီးဒူပေနာပေခံနိုင်မှုနှင့် လုံခြုံမှုရှိတဲ့ ဒေသတစ်ခုကို ကျွန်တော်တို့ရှာဖွေနေတာဖြစ်တယ် လို့ ဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကိုပြောကြားလိုက်ပါတယ်။
Source AFP
#LocalNews
Published - 14 May 2022
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော (၃၉)ကြိမ်မြောက်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ဒီကနေ့ မေလ ၁၄ ရက်၊ နံနက် အစောပိုင်းအချိန်တွင် စေတီတော်ရင်ပြင်တော်ရှိ ဗောဓိညောင်ပင်၌ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ရုံးဝန်ထမ်းများဖြင့် ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်းတွင် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ပန်း၊ရေချမ်း၊သစ်သီး၊ဆီမီး၊အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ကြတာပါ။
ဆက်လက်၍ နံနက် ၆ နာရီခွဲ အချိန်တွင် ရွှေတိဂုံစေတီတော်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ သြဝါဒါစရိယဆရာတော်ကြီးများကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများမှ ညောင်ရေသွန်းလောင်းရန် ညောင်ရေအိုးများ ကိုယ်စီကိုင်ဆောင်ကာ ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များတန်ဆောင်းမှစတင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြပါတယ်။
ထိုနောက် နံနက် ၇ နာရီခွဲအချိန်တွင် အခမ်းအနားကျင်းပမည့် အင်္ဂါထောင့်ဗောဓိညောင်ပင်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများမှ "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကြပြီးပရိဘောဂစေတီ(မဟာဗောဓိညောင်ပင်)အား ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူပြီးနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြဝါဒါစရိယ၊ ဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ(ယောဆရာတော်ဘုရားကြီး)ထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြဝါဒါစရိယ၊ ဆရာတော်ဘဒ္ဒန္တ နာဂိတထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေခဲ့ကြပါတယ်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်သြဝါဒါစရိယဆရာတော်ကြီးများက မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များမှ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပြီး ထို့နောက် ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန်များ၊ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများက သတ်မှတ်ထားသော ကဗျာ၊လင်္ကာ၊သံပေါက်များ ရွတ်ဆိုဆုတောင်း၍ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပြီးနောက် အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ - ရွှေတိဂုံစေတီတော် (Page)
ymg/kg
#Yangon_Media_Group
#LocalNews
Published - 14 May 2022
မေလအတွင်း အားအနည်းငယ်ရှိသောလာနီညာဖြစ်စဥ်အခြေအနေကို ရောက်ရှိနေလို့ သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်၊၊
နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ မို/ဇလဌာနကသတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်၊၊
လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမယ့် အဲဒီ့လာနီညာဖြစ်စဉ်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်တွေ ပိုမိုဖြစ်ပေါ်လာခြင်းစတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ မိုး/ဇလကမေလ(၁၄)ရက်မှာသတိပေးချက်ထုတ်ပြန်ထားပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#WorldBusiness
Published 14 May 2022
Tesla အမှုဆောင်အရာရှိချုပ်ဘီလျံနာ'အီလွန်မက်စ်'က တွစ်တာကိုဝယ်ယူမယ့်အစီအစဉ်အား ခေတ္တဆိုင်းငံ့ထားကြောင်း ပြောကြားလိုက်ပါတယ်။
ဒေါ်လာ ၄၄ ဘီလီယံတန်ကြေးရှိတဲ့ ဝယ်ယူမှုကြီးကို ရှေ့ဆက်လုပ်ဆောင်ပါ့မလားလို့ သံသယဝင်စရာဖြစ်လာပါတယ်။
တွစ်တာလူမှုကွန်ရက်ပေါ်က မလိုလားအပ်တဲ့အကောင့်တွေနဲ့ အကောင့်တုတွေ များပြားနေခြင်းကို 'မက်စ်'ကထောက်ပြချင်နေကြောင်း သောကြာနေ့အစောပိုင်းက တွစ်တာမှာဖော်ပြသွားပါတယ်။
တွစ်တာရဲ့ပြဿနာတစ်ခုမှာ လူအစစ်တွေအသုံးပြုသကဲ့သို့ ထင်မှတ်စေတဲ့ကွန်ပျူတာဉာဏ်ရည်တုအကောင့်တွေကို ရှင်းလင်းဖို့ 'မက်စ်'ကဆန္ဒရှိနေတာပါ။
တွစ်တာအနေနဲ့ဒီပြဿနာတွေကို အပြည့်အဝအကြောင်းကြားဆောင်ရွက်ခြင်းရှိ/မရှိ 'မက်စ်'ကမေးခွန်းထုတ်နေခဲ့ပါတယ်။
ဒါပေမဲ့ ကုမ္ပဏီကလည်း တရားဝင်စည်းမျဉ်းထုတ်ပြန်ချက်ကို ဖွင့်ဟခဲ့ရာမှာ အနည်းဆုံး ၂ နှစ်အထိ ဉာဏ်ရည်တုအကောင့်တွေနည်းပါးနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
သုံးသပ်သူအချို့ကတော့ 'မက်စ်'ဟာ ဒီကိစ္စကိုအကြောင်းပြချက်အဖြစ်တည်ပြီး ဝယ်ယူဖို့သဘောတူညီချက်ကို နောက်ဆုတ်သွားနိုင်တယ်လို့ ယူဆနေကြပါတယ်။
အကောင့်တုတွေက တကယ်အသုံးပြုသူတွေရဲ့ ၅ ရာခိုင်နှုန်းအောက်သာရှိတယ်လို့ ဖော်ပြခဲ့ပေမယ့် အဲဒီလောက်အထိနည်းပါးတယ်ဆိုတာကို 'မက်စ်'က မယုံသင်္ကာဖြစ်နေပြီး တွစ်တာဝယ်ယူမှုကို ဆိုင်းငံ့ထားလိုက်ကြောင်း သောကြာနေ့နံနက်က တွစ်တာမှာဖော်ပြခဲ့ပါတယ်။
တဆက်တည်းမှာပဲ ဝယ်ယူဖို့ကိစ္စကိုတော့ ဆန္ဒရှိနေဆဲဖြစ်ကြောင်း ဆက်လက်ဖော်ပြသွားပါတယ်။
'မက်စ်'ဟာ တွစ်တာကိုဝယ်ယူဖို့ အချိန်ကြာမြင့်စွာကြိုးပမ်းခဲ့ပြီး ဧပြီလမှာအဆုံးစွန်အထိ အားထုတ်ခဲ့တာဖြစ်ပါတယ်။
တွစ်တာပေါ်က မလိုလားအပ်တဲ့အကောင့်တုပြဿနာက ဖုံးကွယ်ထားတာတော့မဟုတ်ပါဘူး။
သုံးလတစ်ကြိမ်အစီရင်ခံစာကို အမေရိကန်လုံခြုံရေးနဲ့တရားမျှတရေးကော်မရှင်ထံ တင်ပြခဲ့ရာမှာ အကောင့်တုအရေအတွက်ခန့်မှန်းချက်က တကယ်ရှိနေတာနဲ့ ကွဲလွဲနေနိုင်တယ်လို့ ထုတ်ဖော်ဝန်ခံထားပါတယ်။
ကွင်နီပီယက်တက္ကသိုလ်မှ စီးပွားရေးဂျာနယ်လစ်ဇင်ပရော်ဖက်ဆာ'ဆာရာဆေးလ်ဗား'က "မက်စ်ဟာ ကွန်ပျူတာဉာဏ်ရည်တုအကောင့်တွေပြဿနာကို အကြောင်းပြပြီး ဝယ်ယူမှုသဘောတူညီချက်ကို ဖျက်သိမ်းချင်နေတဲ့သဘောတွေ့ရပါတယ်" လို့ ပြောကြားလိုက်ပါတယ်။
သောကြာနေ့က တွစ်တာနဲ့ Tesla တို့ရဲ့ ရှယ်ယာအတက်အကျ ဆန့်ကျင်ဘက်အနေအထားဖြစ်သွားပါတယ်။
တွစ်တာရှယ်ယာတွေက ၉.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Tesla ရှယ်ယာတွေကတော့ ၅.၇ ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။
ဝယ်ယူခြင်းအထမမြောက်ခဲ့ဘူးဆိုရင်တော့ 'အီလွန်မက်စ်'ဘက်က သဘောတူညီချက်ဖျက်သိမ်းကြေး ဒေါ်လာ ၁ ဘီလီယံလျော်ကြေးပေးရမှာဖြစ်ပါတယ်။
ဒီလိုအရေးကြီးတဲ့ကြေညာချက်ကို တွစ်တာပေါ်ကနေထုတ်ပြန်လိုက်ခြင်းက 'မက်စ်'အတွက်တော့ ကုမ္ပဏီနှစ်ခုစလုံးရှယ်ယာတန်ဖိုးထိခိုက်စေပါတယ်။
Source: AP News
#Yangon_Media_Group
#DailyNews
Published - 14 May 2022
၁။မိုးရာသီအဝင်တွင် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်နှင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်
၂။ ရန်ကုန်ပရဟိတအဖွဲ့များအနေနဲ့ စရိတ်မျှပေးစနစ်ဖြင့်သာ လူနာလမ်းကြောင်းများကို ကူညီပို့ ဆောင်ပေးနေရ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လေလံတင်ပွဲသမိုင်းတလျှောက် အကြီးဆုံးစိန်ဖြူကြီး ဒေါ်လာ (၁၈.၈)သန်းဖြင့် လေလံအောင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_14 May 2022
ရခိုင်ပြည်နယ် ကျောက်တော်မဟာမုနိတိုက်ပွဲရှောင်စခန်းတွင် မေလ ၉ ရက် နံနက် တစ်နာရီခန့်အချိန်ကဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ယင်းမီးဘေးသင့်သူများအား UNHCR က အရေးပေါ်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။
UNHCR မြန်မာအနေဖြင့် အရေးပေါ်တုံ့ပြန်ကူညီဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းအသီးသီးတို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မီးဘေးသင့်မိသားစုများအတွက် ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းစုံများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းစုံများ၊ ဆိုလာမီးအိမ်နှင့်တာပေါ်လင်စများအစရှိသည့် အရေးပေါ်ကယ်ဆယ်ပစ္စည်းများအား ပံ့ပိုးကူညီပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ ကျောက်တော်တိုက်ပွဲရှောင်စခန်းရှိ ယာယီတဲတစ်လုံးမှ မီးကြွင်းမီးကျန်ကြောင့်ဖြစ်ကြောင်း၊ဓနိမိုး၊ ဝါးကာ၊ ဝါးခင်း ယာယီနေအိမ် ၂၆၂ လုံး မီးလောင်ခဲ့ကာ လူပေါင်း (၁၀၇၃)ဦး မီးဘေးသင့်သောကြောင့် ရခိုင်ပြည်နယ်အစိုးရကလည်း လတ်တလောအတွက် လူတစ်ဦးစီအတွက် ဆန် ဆီ ဆား ငပိများအပါအဝင် အိမ်ထောင်စု တစ်စုချင်းအလိုက် ပစ္စည်း (၁၃) မျိုးပါ Family Kit (၂၆၂) ပုံးနဲ့ တာပေါ်လင် (၆×၁၈)ပေ အစပေါင်း (၂၆၂) စ ထောက်ပံ့ထားကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားစေခဲ့သော မီးပေါ့ဆခဲ့သူအား ရာဇသတ်ကြီးပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၆၆၀ ကျော် မီးလောင်ဆုံးမှုဖြစ်ပွားခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 14 May 2022
ချေးငွေကုမ္ပဏီမှ ငွေလာသိမ်းသူဝန်ထမ်းကိုသတ်ပြီး လူသတ်အလောင်းဖျောက်ကာ ငွေနှင့်ဆိုင်ကယ်အား ယူငင်ထွက်ပြေးမှု ဘီလင်းမြို့နယ်တွင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ မေလ ၁၃ ရက်နေ့က ဘီးလင်းမြို့နယ်၊ခဲမောက်ကျေးရွာတွင် လူသတ်ပြီးအလောင်း မြေမြုပ်ထားမှုဖြစ်စဥ်မှ သေဆုံးသူအား သက်ဆိုင်ရာဒေသရဲတပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းတွေက ပြန်လည်တူးဖော်ခဲ့ရတာပါ။
"သူက ချေးငွေကုမ္ပဏီကဝန်ထမ်းပေါ့။ငွေလာသိမ်းရင်းနဲ့ အခုလိုဖြစ်တာ။ ငွေရစရာရှိလို့ ငွေလာသိမ်းတာကို သတ်တယ် သူ့မှာပါတဲ့ ငွေတွေရောပစ္စည်းတွေရော ဆိုင်ကယ်တွေရော ယူပြီးထွက် ပြေးသွားတာပေါ့။ သူတို့က အလောင်းကိုတော့ သူတို့ ခြံဝန်းထဲမှာဘဲမြုပ်ခဲ့တယ်။ ပြီးတော့ သူတို့ကပဲ လူသတ်အလောင်းမြုပ်ခဲ့ပါတယ်ဆိုတာကို ရဲကိုသတင်းပေးခဲ့တယ်။ အဲ့ဒီနောက်မှာ ကျနော်တို့က သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့အတူ အလောင်းကိုသွားဖော်ရတာပါ။ ပစ္စည်းယူ လူသတ်အလောင်းဖျောက်တဲ့ လင်မယားနှစ်ယောက်လုံးကတော့ ထွက်ပြေးသွားပါတယ်။"လို့ ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်မှ တာဝန်ရှိသူ တစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ပြန်လည်တူးဖော်ရရှိခဲ့တဲ့ အလောင်းကိုလည်း ဒေသခံလူမှုကူညီရေးပရဟိတအဖွဲ့က ကားဖြင့် ဘီးလင်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးပြီး ရင်ခွဲရုံမှတစ်ဆင့် သထုံမြို့နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ လူသတ်အလောင်းဖျောက်ခဲ့တဲ့ လင်မယားနှစ်ယောက်ဟာ ထွက်ပြေးတိမ်း ရှောင်နေဆဲဖြစ်ပြီး သက်ဆိုင်ရာမှ ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်
ymg/kg
#Yangon_Media_Group
#WorldHealth
Published 14 May 2022
သေဆုံးပြီးသားလူတွေရဲ့မျက်လုံးကို သိပ္ပံပညာရှင်များက ပြန်လည်သက်ဝင်လှုပ်ရှားနိုင်အောင်ပြုလုပ်နိုင်ခဲ့တာကြောင့် သေဆုံးခြင်းကို ပြန်လည်ရှင်သန်နိုင်အောင် လုပ်နိုင်မလားဆိုတဲ့ မေးခွန်းတွေပေါ်ထွက်လာပါတယ်။
မျက်ကြည်လွှာထဲက အလင်းဝင်ဆဲလ်တွေက သေဆုံးပြီး ၅ နာရီထိကြာအောင် အလင်းကိုတုန့်ပြန်နိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
ရှင်သန်နေတဲ့ လူဆီကရရှိတဲ့ တုန့်ပြန်ချက်မျိုးတွေ့ရှိခဲ့ကြတယ်လို့ ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေမှာ ဖော်ပြထားပါတယ်။
မျက်ကြည်လွှာထဲက နျူရွန်းတွေဟာ ဗဟိုအာရုံကြောစနစ်ရဲ့အစိတ်အပိုင်းဖြစ်ပြီး ဦးနှောက်နဲ့ကျောရိုးမတို့ပါ ဝင်ပါတယ်။
အမေရိကန်သုတေသီများ ပြုလုပ်တဲ့တွေ့ရှိချက်က အခြားဗဟိုအာရုံကြောစနစ်ဆဲလ်တွေဟာလည်း အနာဂတ်မှာ ပြန်လည်ရှင်သန်အောင် ပြုလုပ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ ပေါ် ပေါက်လာပါတယ်။
ဦးနှောက်သေဆုံးခြင်းက ပြန်ရှင်မလာနိုင်ဘူးလို့ သတ်မှတ်ထားတာကြောင့် ယခုတွေ့ရှိချက်က စဉ်စားစရာဖြစ်လာပါတယ်။
သိပ္ပံပညာရှင်များက သေဆုံးပြီးသားအလှူရှင်ထံမှ မျက်လုံးဖယ်ရှားပြီးနောက် မိနစ် ၂၀ အထိကြာရှည်ခံနိုင်မယ့် စနစ်ကို ဖန်တီးခဲ့ကြပါတယ်။
မျက်လုံးထဲက အလင်းဝင်လက်ခံဆဲလ်တွေကို ပြန်လည်အသက်ဝင်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း အူတာ တက္ကသိုလ်မှဒေါက်တာ’ဖာတီမာအက်ဘတ်စ်’က ဆိုပါတယ်။
အလှူရှင်သေဆုံးပြီး ၅ နာရီကြာတဲ့အထိ မျက်လုံးထဲကဆဲလ်တွေဟာ အလင်းရောင်တွေ မှိန်ပျပျအလင်းကိုတောင် တုန့်ပြန်နိုင်ပါသေးတယ်။
၂၀၁၉ ခုနှစ်က ယေးလ်တက္ကသိုလ်က သေဆုံးပြီးတာ ၄ နာရီကျော်ကြာပြီဖြစ်တဲ့ ဝက် ၃၂ ကောင်ရဲ့ဦးနှောက်တွေကို ပြန်လည်လှုပ်ရှားလာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နျူရွန်းလှုပ်ရှားမှုကိုတော့ ပြန်ရှင်သန်လာအောင် မလုပ်နိုင်ခဲ့ပါဘူး။
အသက်ရှင်သူရဲ့ မျက်လုံးအတိုင်း မျက်ကြည်လွှာဆဲလ်တွေကို အချင်းချင်းတုန့်ပြန်ဆက်သွယ်နိုင်အောင် ပြုလုပ်နိုင်ခဲ့ကြကြောင်း ဒေါက်တာ’ဖရန်စ်ဗင်ဘာ့ဂ်’က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယခုတွေ့ရှိချက်က အမြင်အာရုံဆုံးရှုံးခြင်းနဲ့ ဦးနှောက်ဆိုင်ရာရောဂါများအကြောင်း တိုးတက်သိရှိ လာနိုင်ပါတယ်။
မျက်လုံးလှူဒါန်းခြင်းဖြင့် သုတေသနလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်းနဲ့ သိပ္ပံပညာတိုးတက်စေဖို့ လူတွေအနေနဲ့ မျက်လုံးလှူဒါန်းပေးဖို့ တွန်းအားဖြစ်လာစေပါတယ်။
ကိုယ်တွင်းအင်္ဂါလှူဒါန်းရေးအဖွဲ့အစည်းများ၊ လှူဒါန်းသူများ၊ မျက်လုံးလှူဘဏ်တွေအနေနဲ့ လှူဒါန်းခြင်းဖြင့် သုတေသနလုပ်ငန်းတွေကို ဘယ်လောက်အထိကူညီနိုင်လဲဆိုတာ သိရှိစေချင်ကြောင်း ‘ဗင်ဘာ့ဂ်’ကဆိုပါတယ်။
ဦးနှောက်သေဆုံးမှုက အောက်ဆီဂျင် ဒါမှမဟုတ် သွေးထောက်ပံ့မှုပြတ်တောက်ကာ ဦးနှောက်လုပ်ဆောင်ချက် ရပ်ဆိုင်းသွားတာမျိုးဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ နှလုံးအဆုတ်တို့ ဆက်လက်လည်ပတ်အောင် ထောက်ပံ့ထားလို့ရပေမယ့် သတိပြန်လည်မလာဘူးဆိုရင် သေဆုံးပြီလို့ ယူကေဥပဒေမှာ ဖော်ပြထားပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 1580 of 1738