#Local_News
Published _ 29 November 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်သွားလာနေကြသော လူနာတင်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပရဟိတ လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

 

အသင်းမှတ်ပုံတင် မိတ္တူနှင့် ယာဉ်မောင်းလိုင်စင် ရှိမရှိ ကို စစ်ဆေးသည့်အပြင် ယာဉ်မောင်းတစ်ဦးနှင့်သတ်မှတ်ထားသော Volunteer နှစ်ဦးထက်ပိုမပို၊ ယာဉ်မောင်းနှင့် Volunteer များ တူညီဝတ်စုံ ဝတ်ဆင်ထားခြင်းရှိမရှိ စစ်ဆေးခြင်း၊ လူနာမှတ်တမ်း ပါရှိမရှိတို့ကို စစ်ဆေးကာ ယာဉ်ပေါ်တွင် လူနာမပါလျှင် မီးတန်းနှင့် အသံကိုလည်း မဖွင့်ရန် စစ်ဆေးလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

"စစ်ဆေးတဲ့အခါတော့ အသင်းမှတ်ပုံတင် မိတ္တူတို့၊ လိုင်စင်တို့ကို စစ်တာပါ။ ကျွန်တော်တို့ကို သတ်မှတ်ထားတာက Volunteer နှစ်ယောက်ထက် မပိုရဘူး၊ ကားပေါ်မှာ လူနာ မပါရင် မီးတွေ ဖွင့်တာ၊ အသံတွေဖွင့်တာ မလုပ်ရဘူး၊ ယူနီဖောင်းဝတ်ရမယ်ဆိုတာ သတ်မှတ်ပြီးသားပါ"ဟု လူမှုကူညီရေးလုပ်ဆောင်နေသူက ပြောသည်။

 

#ymg/mt
#Yangon_Media_Group