#Local_News
Published _ 15 September 2022
မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ရထားခရီးစဉ်များထဲမှ ကြိုတင်လက်မှတ်များကို မှတ်ပုံတင်မူရင်းပြသပြီးမှ ဝယ်ယူရရှိမှာဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး မှသိရသည်။
ကြိုတင်ရထားလက်မှတ်တွေကို ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းက ရန်ကုန်ဘူတာကြီး ကြိုတင်လက်မှတ်ရုံမှာ နေ့စဉ် မနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ရောင်းချပေးနေပြီး ထိုခရီးစဉ်များထဲမှ ကြိုတင်လက် မှတ်များကို မှတ်ပုံတင်မူရင်းပြသပြီးမှသာ ဝယ်ယူနိုင်မည်ဟု ရန်ကုန်ဘူတာကြီးရဲ့ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က YMG ကို ပြောကြားခဲ့သည်။
"ကြိုတင်ရထား လက်မှတ်ဝယ်ယူရင် အရင်ကလို မှတ်ပုံတင်မူရင်း ပြသပြီး ဝယ်ယူရမှာဖြစ်ပြီး ရပ်ကွက် ထောက်ခံစာ အိမ်ထောင်စုစာရင်းတွေနဲ့ ဝယ်ယူခွင့်ပြုမှာ မဟုတ်တော့ပါဘူး၊ ဒီဟာစနေတာကြာပါပြီ လူသိနည်းနေသေးတာပါ" ဟု ရုံပိုင်ချုပ်ကြီးက ဆိုသည်။
လက်ရှိမှာ ကြိုတင်လက်မှတ်တွေကို အမြန်ရထားခရီးစဉ်အားလုံးအတွက် ဝယ်ယူနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
လတ်တလောတွင် ရန်ကုန်မြို့တွင်း မြို့ပတ်ရထား (၇) စင်းနှင့် နယ်ဝေး အမြန်ရထားတွေကို ပုံမှန်ပြေးဆွဲပေးနေပြီး နေ့စဉ်ခရီးသည်ထောင်ချီ စီးနင်းနေလျှက်ရှိကြောင်းလည်း ယင်းမှသိရသည်။
#ymg /NN
#Yangon_Media_Group
#World_Health
Published 15 September 2022
ရေအသက် တစ်မနက်ဆိုတဲ့အတိုင်း ခန္ဓာကိုယ်အတွက်လိုအပ်မယ့် ရေကို ဂရုတစိုက်သောက်သုံးဖို့ အရေးကြီးပါတယ်။
အခြားအရည်တွေ သောက်မယ့်အစား ရေချည်းပဲသောက်မယ်ဆိုရင် ခန္ဓာကိုယ်မှာ အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေမှာဖြစ်ပြီး အထူးသဖြင့် ကောင်းကျိုးတွေဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ ရေဓာတ် ၆၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားတာကြောင့် ရေမကြာခဏသောက်ပေးဖို့ အရေးကြီးပါတယ်။
ရေချည်းသာသောက်ရင် အလှအပဆိုင်ရာမှာ အလိုအလျောက်သက်ရောက်စေပါတယ်။
ရေဓာတ်က ခန္ဓာကိုယ်နဲ့ အသားအရည်ကို အားပြည့်စေပြီး အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။
အချိန်မှန်ရေသောက်ပေးခြင်းဖြင့် ဆာလောင်စိတ်ကို လျော့နည်းစေကာ အဆီအဆိပ်တွေကို ဖယ်ရှားပေးပါတယ်။
ဒါကြောင့် ကယ်လိုရီပိုမိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။
လူတွေက ကျန်းမာလာတဲ့အခါ ပိုပြီးဆွဲဆောင်မှုရှိလာပါတယ်။
ရေချည်းသာသောက်ရင် အသားအရည်လည်း ပိုမိုစိုပြည်လာစေပြီး ရေဓာတ်က အရေပြားပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ အသားအရည်မွဲခြောက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် တင်းရင်းလှပစေပါတယ်။
ရေသောက်တဲ့အခါ ဦးနှောက်ကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးကာ ဦးနှောက်အနေနဲ့ လျင်မြန်ထိရောက်စွာ လုပ်ကိုင်နိုင်ပါတယ်။
ရေဓာတ်က ဆဲလ်တွေကို ပိုမိုထိရောက်စွာ ပြန်လည်အားဖြည့်စေတာကြောင့် ဦးနှောက်ကျန်းမာရေးကောင်းမွန်စေပါတယ်။
ဒါ့အပြင် ရေချည်းသာသောက်တဲ့အခါ ရောဂါဘယဖြစ်နိုင်ချေ နည်းပါးပါတယ်။
ဥပမာအားဖြင့် တစ်နေ့ကို ရေ ၅ ခွက်သောက်သုံးရင် နှလုံးဖောက်ခြင်းအန္တရာယ်ဖြစ်နိုင်ချေ ၄၁ ရာခိုင်နှုန်းလျှော့ချပေးပါတယ်။
အချိုရည်သောက်သုံးခြင်းကို စွဲလမ်းနေတယ်ဆိုရင် ဒီအကျင့်ကိုပြုပြင်သင့်ပြီး ရေကိုသာသောက်သုံးသင့်ပါတယ်။
ရေအရသာအတိုင်း မနှစ်သက်ဘူးဆိုရင်လည်း ပျားရည်နဲ့ သံပရာအနည်းငယ်ထည့်သောက်နိုင်ပါတယ်။
Source: Soo Healthy
#Yangon_Media_Group
#Local_News
Published - 15 Setember 2022
ခရီးသည်တင် Express ကား ၂ စီးနှင့် ကန်တာဒိုင်နာယာဉ် ၁ စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၃ ဦးသေဆုံးခဲ့ကာ ၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ပေးသည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်၊ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျား ၁၀ ဦး၊ မ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
"ပုဂံမင်းသား Express ကရှေ့ကယာဉ်ကိုကျော်တက်လိုက်တဲ့အချိန် တစ်ဖက်ယာဉ်ကြောကလာတဲ့ သန်မြန်သူယာဉ်လိုင်းနဲ့ တိုက်မိတာပေါ့။ ကားပေါ်ပါလူတွေအကုန်လုံး ထိခိုက်ဒဏ်ရာရကြတယ်။ ဆေးရုံတတ်တယ့်လူနာက ၂၅ ယောက်ရှိပါတယ်။ ကျောက်ပန်းတောင်းပြည်သူ့ဆေးရုံကိုပဲ ပို့ထားတာပါ"ဟု ဒေသခံတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်း၊ လက်ပံပြား- ဇီးဖြူကုန်းရွာကြား၊ မိုင်တိုင်အမှတ် ၄၅/၁ မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Ymg/STH
#Yangon_Media_Group
#Local_News
Published _14 September 2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာရှိတဲ့ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရားရဲ့ အရှေ့ဘက်မုခ်အဝင် တောင်ဘက်ခြမ်း စိုင်ပေါင်က အုတ်ချပ်တွေကွာကျခဲ့တာကြောင့် ဒါကို ရှေးမူအတိုင်းပြန်ပြီး ပြုပြင်ဖို့ စီစဉ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Tourism
Published 14 September 2022
ဂျီဟတ်ဒ်အစွန်းရောက်တွေ အုပ်စိုးစဉ်က ဖျက်ဆီးခံခဲ့ရတဲ့ အီရတ်မြောက်ပိုင်း ဟတ်တရာရှေးဟောင်းအပျက်အစီးမြို့ကို ဒေသတွင်းအာဏာပိုင်များက ပြန်လည်မွမ်းမံလျက်ရှိပြီး ခရီးသွားဧည့်သည်အချို့ကလည်း ထိုနေရာကို သဘောကျနေကြပါတယ်။
#Yangon_Media_Group
Published 14 Sept 2022
SCO လို့ခေါ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ၂၂ကြိမ်မြောက် နိုင်ငံခေါင်းဆောင်များကောင်စီအစည်းအဝေးမှာ ဘုံနားလည်မှုအသစ်တွေတည်ဆောက်ဖို့နျင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍသစ်ဖွင့်လှစ်ဖို့အတွက် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ ပြဿနာတွေကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြမှာဖြစ်တယ်လို့ SCO ရဲ့ အတွင်းရေးမှူးချုပ် ကျန်မင်းက ပြောပါတယ်။
ယခုနှစ်ထိပ်သီးအစည်းအဝေးကို ဥဘက်ကစ္စတန်နိုင်ငံ စမတ်ကန်မြို့မှာ ကြာသပတေးနေ့နှင့်သောကြာနေ့များမှာ ကျင်းပသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ကြောင့်ဖြစ်ရတဲ့ နိုင်ငံတကာအခြေအနေရှုပ်ထွေးမှုတွေ၊ ယူကရိန်းအကျပ်အတည်း၊ စွမ်းအင်နှင့်စားနပ်ရိက္ခာလုံခြုံရေးကိစ္စတွေနှင့် တစ်ဖက်သတ်ကြီးစိုးမှုဝါဒတွေအကြောင်း ဆွေးနွေးကြပါလိမ့်မယ်။
“ရာသီဥတုပြောင်းလဲခြင်းဟာ SCO ရဲ့ ဆွေးနွေးပွဲတွေမှာ အမြဲအရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ထိုနည်းတူ ပြီးခဲ့တဲ့ နစ်များက ကမ္ဘာလုံးဆိုင်ရာ ထောက်ပို့ကွင်းဆက်ရဲ့ လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းဖို့ကိစ္စလည်းပါဝင်ပါတယ်။ ပြောင်းလဲမှုအသစ်တွေနှင့် စိန်ခေါ်မှုအသစ်တွေကို SCO ခေါင်းဆောင်တွေဟာ အပြည့်အဝသတိမူမိကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီကိစ္စရပ်တွေကို ဒီနှစ်ထိပ်သီးအစည်းအဝေးမှာ သူတို့ဆွေးနွေးကြပါလိမ့်မယ်” လို့ အတွင်းရေးမှူးချုပ်ကျန်မင်းက ပြောပါတယ်။
“၂၀၀၁ခုနှစ်တည်ထောက်ပြီးကတည်းက ဒီအဖွဲ့ဟာ တင်းပြည့်အဖွဲ့ဝင် (၈)နိုင်ငံ၊ လေ့လာသူအဖြစ် (၄)နိုင်ငံနှင့် ဆွေးနွေးဖက် နိုင်ငံတွေအများကြီးရှိပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် တောင့်တင်းတဲ့ မဏ္ဍိုင်ကြီးတစ်ခုသာမကဘဲ ဒေသဆိုင်ရာ စီးပွာရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပေးတဲ့ အရေးကြီးတဲ့အင်အားတစ်ခုလည်းဖြစ်ပါတယ်” လို့သူကပြောပါတယ်။
“ခါးပတ်နှင့် လမ်းကြောင်း ဦးစီးဦးရွက်အစီအစဉ် BRI ရဲ့အောက်မှာ သိသာထင်ရှားတဲ့ စီးပွားရေးတိုးတက်ဖြစ်ထွန်းမှုတွေ၊ ပြည်သူတွေရဲ့ ဘဝတွေအကြီးအကျယ်တိုးတက်လာတာတွေနှင့် အချင်းချင်းပိုမိုနီးကပ်လာကြတာတွေကို SCO အဖွဲ့ဝင်နိုင်ငံတွေ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်” လို့လည်း သူကဆက်ပြောပါတယ်။
“ BRIနှင့်ချိတ်ဆက်မှုသဘောက ပူးပေါင်းဆောင်ရွက်မှုနှင့်ဗဟုဝါဒပဲဖြစ်တယ်။အဲဒါဟာ SCO ရဲ့ရည်ရွယ်ချက်တွေနှင့် လည်းထပ်တူဖြစ်နေတယ်။ ရလာဒ်အားဖြင့် SCO နိုင်ငံတွေအကြားမှာ BRI ဟာ ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်နေပါတယ်။ ကုန်သွယ်ရေးတိုးတက်တာ၊ရထားလမ်းနှင့်ကားလမ်းသယ်ယူပို့ဆောင်ရေး တွေကောင်းမွန်လာတာတွေ၊ပြီးတော့ ထောက်ပို့စွမ်းဆောင်ရည်မြင့်မားလာတာတွေသာမကဘဲ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးတွေမှာလည်း မြင့်မားလာတာ တွေ့ကြရပါတယ်” လို့ သူကပြောပါတယ်။
SCO ကို ၂၀၀၁ခုနှစ်မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတွေအကြား နိုင်ငံရေး၊စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ အမြဲတမ်းအဖွဲ့တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်၊ကာဇက်စတန်၊ကာဂျစ္စတန်၊ရုရှား၊တာဂျစ်ကစ္စတန်၊ဥဘက်ကစ္စတန်၊အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ ၈နိုင်ငံဟာ တင်းပြည့်အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။
ဒီအဖွဲ့ကြီးဟာ ယူရိုးရှားတိုက်ကြီးရဲ့ ငါးပုံသုံးပုံခြုံလွှမ်းထားပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးမျှရှိပါတယ်။ ထို့အပြင် ၂၀၂၁ခုနှစ်စာရင်းဇယားများအရ ကမ္ဘာ့ဂျီဒီပီရဲ့ ၂၀ရာခိုင်နှုန်းလည်းကိုယ်စားပြုထားတာဖြစ်ပါတယ်။
Source CCTV+
#SCO
#Shanghai_Cooperation_Organization
#China_Russia_India_SOC
#Local_News
Published_ 14 September 2022
မြန်မာနိုင်ငံက အသက်ကြီးတဲ့သူတွေမှာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ အစာအိမ်ဟောင်းနှင့် အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာတွေအဖြစ်အများဆုံးတွေ့နေရတယ်လို့ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းဥက္ကဌ၊ ကင်ဆာအထူးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 14 September 2022
ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၂၉ သိန်း ၇ သောင်း ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာတယ်လို့ ပြည်တွင်းရွှေဈေးကွက်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-14 Setember 2022
ငရုပ်အစို ဝယ်ယူမှုများနေတာကြောင့် ငရုပ်ဈေးနှုန်းတွေဟာ ကျဆင်းလာခြင်းမရှိပဲ စံချိန်တင်မြင့်တက်လာခဲ့တယ်လို ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 September 2022
၁။ ငရုပ်အစိုဈေးနှုန်း စံချိန်တင်မြင့်တက်လာ
၂။ ရွှေဈေးနှုန်း ပြန်လည်ကျဆင်း
၃။ အသက်ကြီးသူများတွင် ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများ အဖြစ်အများဆုံးတွေ့နေ
၄။ IS စစ်သွေးကြွများ၏ဖျက်ဆီးခြင်းကိုခံခဲ့ရသည့် အီရတ်ရှေးဟောင်းအပျက်အစီးနေရာအား ခရီးသွားဧည့်သည်များအတွက်ဖွင့်လှစ်လိုက်ပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _14 September 2022
ထိုင်းနိုင်ငံမှာ ပြောင်းဆန်ထွက်တဲ့ ရာသီဖြစ်တာကြောင့် မြန်မာ့ပြောင်းဆန်ကို ဗီယက်နမ်နိုင်ငံကို ပို့နေတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _14 September 2022
ရွှေဈေးဆက်တိုက်ကျဆင်းသွားမည်ကိုစိုးရိမ်၍ ဈေးကွက်အတွင်း လာရောက်ရောင်းချသူများနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေအရောင်းအဝယ် ပြုလုပ်သူများက ပြောသည်။
"ကမ္ဘာ့ဈေးက ကျတယ်။ ပြည်တွင်းဒေါ်လာဈေးလည်းကျတယ်။ လာရောင်သူတွေများတယ်။ နောက်ထပ်ဈေးကျလာမှာ စိုးလိုရောင်းတာ။လာမယ့်ဒီဇင်ဘာဆိုရင် တွင်းတွေက လှိုင်လှိုင်ထွက်ပြီလေ ရွှေက၊ ရွှေဈေးက ပြုကျမှာ။ အခုကလည်း ဒေါ်လာကစားတဲ့သူတွေကြောင့် ရွှေဈေးက တင်းနေတာလေ။ အခုကျတော့ အစိုးရက ဒေါ်လာထုတ်ရောင်းတဲ့အခါကျတော့ ဒေါ်လာဈေးကျတယ်။ အစိုးရက ရောင်းတဲ့ ရွှေဒင်္ဂါးပြားကလည်း ကမ္ဘာ့ဈေးအတက်အကျအပေါ်မှာပဲ မူတည်ပြီးရောင်းတာလေ"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က YMG ကို ပြောပြသည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၉၉၆၀၀၀ ကျပ်ဖြင့် အရောင်းပိတ်ခဲ့သော်လည်း ပြင်ပတွင်မူ ၂၉ သိန်း ခန့် ရှိနေကြောင်း၊ ကမ္ဘာ့ဈေးမှာ တစ်အောင်စလျှင် အမေရိကန် ၁၇၀၃ ဒေါ်လာ ရှိသောကြောင့် စက်တင်ဘာလ လဆန်းပိုင်းနှင့် နှိင်းယှဉ်ပါက သိသိသာသာ ကျဆင်းသည့် ဈေးမဟုတ်ကြောင်း၊စက်တင်ဘာလ ၅ ရက် က တစ်အောင်စ လျှင် ၁၇၁၉ ဒသမ ၅ နှင့် နှိင်းယှဉ်ပါက အနည်းငယ်ကျသည်ဟုဆိုနိုင်ကြောင်း၊ သို့သော်လည်း ကမ္ဘာ့ဈေးအတက်အကျကိစ္စမှာ ပြည်တွင်းရွှေ ပြင်ပပေါက်ဈေးအပေါ် သက်ရောက်မှု မရှိဟုလည်း ဆိုနိုင်ကြောင်း ရွှေအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက YMG ကို ပြောသည်။
"ရွှေဒင်္ဂါးပြားတွေကို ကမ္ဘာ့ရွှေဈေးအပေါ်မှာ အခြေခံပြီးတော့ တွက်တယ်၊လက်ခံလိုရတယ်။ လက်ရှိ YGEA က သတ်မှတ်ဈေးနဲ့ ပြင်ပ ပေါက်တာနဲ့က ကွာနေတယ်၊ ဒါက ဘယ်လိုမျိုး ဖြစ်ရတာလဲကို ပြောမတတ်ပါဘူးခင်ဗျ။ ဒီနေ့ဆိုရင် ပြင်ပရွှေ တစ်ကျပ်သားကို ၂၉ သိန်း ကနေ ၂၉ သိန်း ခွဲ ဝန်းကျင်လောက် ရှိနေတယ်။ ဒေါ်လာက အပြင်မှာ အရောင်းကို ၃၂၅၀ လောက် ရှိပြီးတော့ အဝယ်ကို ၃၄၀၀ စွန်းစွန်း ရှိနေတယ်။ဒါတွေကြောင့် ဈေးကွက်က မငြိမ်မသက် ဖြစ်နေတဲ့ အနေအထားလိုပဲ သုံးသပ်လို ရပါတယ်"ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
#ymg/mt
#Yangon_Media_Group
Page 1564 of 1952