#Local_News
Published _ 9 December 2022


ရန်ကုန် ပြည်လမ်း ခရေပင်လမ်းခွဲအနီး YBS 42 နှင့် အငှားကားတို့ တိုက်မိ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့သည့် ပရဟိတ အသင်းထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမပေါ် ခရေပင်လမ်းခွဲမီးပွိုင့်အနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဘောလုံးကွင်းရှေ့တွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း အငှားကား ပေါ်လိုက်ပါလာသည့် ၃ ဦးအနက် အသက် ၂၀ ခန့်အရွယ်ရှိ အမျိုးသမီး ၁ ဦး သေဆုံးကာယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တက်နေထွန်းရှင်သန်မှုကူညီရေးအသင်းထံမှ သိရှိရသည်။

 

အငှားယာဉ်မောင်းဖြစ်သူမှာ ကားအတွင်း ညပ်နေသည့်အတွက် လူမှုကူညီရေး အသင်းဖြစ်သည့် တက်နေထွန်းရှင်သန်ရေးကူညီမှုမိသားစု (TNT RESCUE)မှ အချိန်နှင့်တပြေးညီ လူနာအား အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့ပြီး ကြယ်စင်မေတ္တာအသင်း(တညင်းကုန်း)အရေးပေါ်လူနာတင်ယာဉ်ဖြင့်မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ရန်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

#ymg/NN
#Yangon_Media_Group