#Local_News
Published_ 9 December 2022

 

နေပြည်တော်ရှိ တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း (၂)ကျောင်းအတွက် ကျောင်းသုံးပစ္စည်းများနှင့်အား ကစားပစ္စည်းများကို ဒီဇင်ဘာလ(၇)ရက်ကလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊

 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ပထမအတွင်းဝန် Mr. Zhang Zhongming တို့အဖွဲ့သည် ဒီဇင်ဘာလ (၇)ရက်တွင် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းများဖြစ်သည့် နေပြည်တော် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်းသို့သွားရောက်ခဲ့သည်၊၊

 

အဆိုပါကျောင်းများအတွက် သံရုံးကိုယ်စား စာရေးကိရိယာနှင့် အားကစားသုံးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်၊၊

 

တရုတ်သံရုံးသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် နေပြည်တော် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းသို့ စာသင်ကျောင်းဆောင်နှင့် အားကစားကွင်း စသည့်အဆောက်အအုံများ လှူဒါန်းတည်ဆောက်ပေးခဲ့ပြီး ကျောင်းမှ ထူးချွန်သည့် ကျောင်းသားကျောင်းသူများအတွက် တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ဆုများ ချီးမြှင့်ခဲ့ကာ ကျောင်းသားကျောင်းသူနှင့်ဆရာ ဆရာမများ တရုတ်နိုင်ငံသို့သွားရောက်လေ့လာရန်လည်းစီစဉ်ပေးခဲ့ကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

#ymg/tthl
#Yangon_Media_Group