#World_Health
Published 16 September 2022
အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရပြီး ဦးနှောက်ရောင်ရမ်းခြင်းလက္ခဏာတွေ့ရှိခဲ့တဲ့ လူနာ ၂ ဦးရှိနေကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)မှ ကြေညာလိုက်ပါတယ်။
အသက် ၃၀ ဝန်းကျင်အမျိုးသားနှစ်ဦးဟာ မျောက်ကျောက်ရောဂါကူးစက်ခံရပြီးနောက် ဦးနှောက်နှင့်အာရုံကြောပြဿနာများ ကြုံတွေ့လာရကြောင်း အမေရိကန်ကျန်းမာရေးအရာရှိများက အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
ကိုလိုရာဒိုပြည်နယ်နေထိုင်သူ တစ်ဦးဟာ ယားယံဖုများ ထွက်လာပြီး ၉ ရက်အကြာမှာ သူ့ရဲ့ခြေဖျားတွေ ထုံထိုင်းအားနည်းသလို ခံစားလာရပြီး ဆီးသွားရာမှာပါ အခက်အခဲရှိလာပါတယ်။
ဆေးရုံတက်ရောက်ပြီး ဓာတ်မှန်ရိုက်ကြည့်ရာမှာ ဦးနှောက်နဲ့ ကျောရိုးမကြီးအနှှမှာ ဒဏ်ရာများတွေ့ရှိခဲ့ပါတယ်။
သူဟာ အရင်က ကာလသားရောဂါပိုးကူးစက်ခံရဖူးပြီး မျောက်ကျောက်ရောဂါကို ကျောရိုးခြင်ဆီစမ်းသပ်မှုကနေ ရှာမတွေ့ခဲ့ပါဘူး။
ကုသမှုခံယူပြီး ၃ ပတ်လောက်အကြာမှာ အရေပြားဒဏ်ရာတွေ သက်သာသွားပေမယ့် တစ်လကြာပြီးတဲ့အထိ လမ်းလျှောက်ရာမှာ အထောက်အကူအသုံးပြုနေရပါတယ်။
ဝါရှင်တန်ဒီစီမှ လူနာကတော့ မျောက်ကျောက်ရောဂါမှာ အဖြစ်များတဲ့ အနာဖုလက္ခဏာတွေ ထွက်ပေါ်ပြီး ၅ ရက်အကြာမှာ ဆီးအိမ်ပြဿနာနဲ့ ခြေထောက်ထုံထိုင်းတဲ့ပြဿနာများ ခံစားခဲ့ရပြီး ဆေးရုံတက်ရောက်ခဲ့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာ အခြေအနေ မူမမှန်တဲ့လက္ခဏာများပေါ်ပေါက်လာတာကြောင့် MRI စမ်းသပ်မှုပြုလုပ်ခဲ့ရာ ဒဏ်ရာတွေက ကျောရိုးမကြီးကို သက်ရောက်ခဲ့ပြီး တင်ပါးဆုံနဲ့ စအိုလမ်းကြောင်းတို့မှာ ရောင်ရမ်းခြင်းများ ရှိနေပါတယ်။
၅ ပတ်ကြာပြီးနောက် အရေပြားဒဏ်ရာများ သက်သာလာပြီး လူနာပြန်လည်ထူထောင်ရေးဌာနသို့ ပို့ဆောင်ခဲ့ကြောင်း CDC က ဖော်ပြခဲ့ပါတယ်။
ဆရာဝန်တွေ၊ ကျန်းမာရေးပညာရှင်တွေအနေနဲ့ မျောက်ကျောက်ရောဂါရဲ့ ဖြစ်လာနိုင်တဲ့လက္ခဏာတွေနဲ့ ကုသမှုတွေအကြောင်း သတိထားသိရှိထားသင့်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ထိုလူနာနှစ်ယောက်စလုံးဟာ မျောက်ကျောက်ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်း မရှိပါဘူး။
ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်လာလား ဗိုင်းရပ်စ်ကိုတုံ့ပြန်တဲ့ ကိုယ်ခံအားစနစ်ကြောင့်လားဆိုတာကို သေချာမသိရှိရသေးပါဘူး။
အရင်လေ့လာမှုတွေတုန်းက မျောက်ကျောက်ရောဂါနဲ့ အာရုံကြောပြဿနာတွေ ရှားရှားပါးပါးဆက်စပ်ဖြစ်ပွားတာကို တွေ့ရှိခဲ့ဖူးပါတယ်။
မျောက်ကျောက်ရောဂါဟာ အလျင်အမြန်ကူးစက်လျက်ရှိပြီး ယောက်ျားချင်းလိင်တူဆက်ဆံသူတွေမှာ အများစုကူးစက်တတ်ပါတယ်။
CDC ရဲ့ ဖော်ပြချက်အရ အမေရိကန်မှာ မျောက်ကျောက်ကူးစက်သူ ၂၂,၀၀၀ နီးပါးရှိခဲ့ပြီး ကမ္ဘာမှာအများဆုံးဖြစ်နေပါတယ်။
Source: Bloomberg
#Yangon_Media_Group
#Local_News
Published _15 September 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပဲတီစိမ်းဧက ၂ သိန်း နီးပါးကို ကန်ထရိုက်လယ်ယာစနစ်နဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
Published 15 Sept 2022
၂၀၂၂ခုနှစ် စက်တင်ဘာ ၁ရက်မှ စက်တင်ဘာ ၁၅ ရက်အတွင်း မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်နှုန်းကို
ပုံစံကားချပ်ရေးဆွဲဖော်ပြအပ်ပါတယ်။ စက်တင်ဘာလအတွင်း ကူးစက်နှုန်းမြင့်မားလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာနရဲ့နေ့စဉ်သတင်းထုတ်ပြန်ချက်တွေကနေ ရယူပါတယ်။
Published 15 Sept 2022
၂၀၂၂ခုနှစ် စက်တင်ဘာ ၁ရက်မှ စက်တင်ဘာ ၁၅ ရက်အတွင်း မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ်ပိုးတွေ့လူနာအရေအတွက်ကို
ပုံစံကားချပ်ရေးဆွဲဖော်ပြအပ်ပါတယ်။ စက်တင်ဘာလအတွင်း ကူးစက်ခံရသူ အရေအတွက်မြင့်မားလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာနရဲ့နေ့စဉ်သတင်းထုတ်ပြန်ချက်တွေကနေ ရယူပါတယ်။
#World_Environment
Published 15 September 2022
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နဲ့ အခြားနေရာတွေမှာ လူလက်တံလောက်ရှိတဲ့ အဖြူရောင်ကတ္တဝါငှက်တွေဟာ အမှိုက်ပုံးအဖုံးကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဖွင့်နေတာကို တွေ့မြင်ရပါတယ်။
#Yangon_Media_Group
#Local_News
Published _15 September 2022
ပြီးခဲ့တဲ့ ရက်ပိုင်းက မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ မော်တော်ယာဉ်ကြီးတွေ လမ်းခရီးအဆင်မပြေတဲ့ အကြောင်းတွေကြောင့် ကုန်သွယ်လုပ်ငန်း နည်းနည်းတုန့်ဆိုင်းသွားရာကနေ အခုဆိုရင် နဂိုအတိုင်းပုံမှန် ပြန်ဖြစ်နေပါပြီ။
#Yangon_Media_Group
#Local_News
Published_ 15 September 2022
ဗုဒ္ဓဂါယာခရီးစဉ်တွေ ပြန်လည်စတင်သွားမှာဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့အမီ ဗုဒ္ဓဂါယာကို ဘုရားဖူးခရီးသွားလိုသူတွေများပြားနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်း
နောင်းဟန်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 15 September 2022
မွန်ပြည်နယ် သထုံမြို့နယ်ရှိ စေတီတစ်ဆူ မိုးကြိုးပစ်ခံရပြီး စိန်ဖူးတော်မြေခပျက်စီးခဲ့ကာ စေတီကိုယ်လုံးတော်တွင် အက်ကြောင်းတွေ ပေါ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 15 September 2022
၁။ သထုံမြို့နယ်ရှိ သုဝဏ္ဏ၀တီမြို့၊ သိမ်ဆိပ်တောင်လေးကုန်းစေတီ မိုးကြိုးပစ်ခံရသဖြင့် စိန်ဖူးတော်မြေခခဲ့
၂။ သီတင်းကျွတ်လပြည့်နေ့အမီ ဗုဒ္ဓဂါယာကိုဘုရားဖူးခရီးသွားရောက်လိုသူများ များပြားနေ
၃။ တရုတ်-မြန်မာနယ်စပ် မူဆယ် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပုံမှန်ပြန်ဖြစ်
၄။ အမှိုက်ပုံးဖွင့်ပြီး အမှိုက်ဖွသည့် ကတ္တဝါငှက်များကြောင့် ဆစ်ဒနီမြို့နယ်ခံများ စိတ်အနှောင့်အယှက်ဖြစ်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 15 Sept 2022
၂၀၂၂ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာများ ဖိုရမ်ကို စက်တင်ဘာ ၁၅ ရက် ကြာသပတေးနေ့က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေးဒေသ နန်နင်းမြို့မှာ ကျင်းပရာ နိုင်ငံပေါင်း ၇၀ကျော်မှ ဧည့်သည် ၁၈၀ကျော် အွန်လိုင်းနှင့် ကိုယ်တိုင် တက်ရောက်ခဲ့ကြပါတယ်။
“အသိဉာဏ်၊ပူးပေါင်းဆောင်ရွက်မှု၊ပေါင်းစည်းညီညွတ်မှု” ဆိုတဲ့ အာဘော်နှင့် ပြုလုပ်တဲ့ ဒီနှစ်ဖိုရမ်ကို တရုတ်မီဒီယာအုပ်စု CMG နှင့် ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ CMG နှင့် အာဆီယံမီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုအသစ်တွေဖြစ်တဲ့ “ဇီ မျိုးဆက် ဩဇာလွှမ်းမိုးသူများ လေ့ကျင့်ရေးစင်တာ” နှင့် “ တရုတ်-အာဆီယံ မီဒီယာ အရေးပေါ်လိုင်း” စီမံကိန်းနှစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။
ဖိုရမ်နှင့်အတူ CMG နှင့် ကွမ်ရှီကျင်းအစိုးရတို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီအပြင် တရုတ်-အာဆီယံ မီဒီယာကွန်ပလက်စ် ဖွင့်ပွဲကိုပါ တစ်ပါတည်းကျင်းပခဲ့ကြပါတယ်။
Source CCTV+
#ASEAN_China_Media_Partners_Forum
#Guangxi_Zhuang
#China_media
#Local_News
Published - 15 September 2022
ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စားအုန်းဆီတစ်ပိဿာကို ကျပ် ၈၀၀၀ အထိကျဆင်းသွားတယ်လို ဝယ်ယူသုံးစွဲသူထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 15 September 2022
မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၁) ရက်မှ (၁၅) ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ (၂၂၇) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး အကြောင်းကြားထားပါတယ်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၂၂၇ ခုအတွင် အလုပ်သမား ၆၂၄ နေရာပါဝင်ပြီး အမျိုးသား ၃၀၆ နေရာနှင့် အမျိုးသမီးများအတွက် ၃၁၈ နေရာ ခေါ်ယူထားပါတယ်။
မြန်မာသံရုံး၊ အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထား မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိတယ်လို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1562 of 1952