#Local_News
Published_ 17 September 2022
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့၊ အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေးဘဏ်နှင့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်တို့မှ ကြီးမှူးကျင်းပသည့် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့- အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်တို့၏ အဆင့်မြင့် အရာရှိများဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ ရက်နှင့် (၂၁) ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်တို့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် တက်ရောက်ခဲ့ပါတယ်။
အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့-အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်တို့၏ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲတွင် ဗီယက်နမ်ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Pham Thanh Ha ၊ SEACEN Centre ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ Dr. Mangal Goswami နှင့် အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်၏ Chief Representative ဖြစ်သူ Mr. Tao Zhang တို့က နှုတ်ခွန်းဆက်စကားများ ပြောခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် SEACEN အဖွဲ့ဝင်ဗဟိုဘဏ်(၁၉)ဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ SEACEN အမှုဆောင်ဒါရိုက်တာနှင့် အစည်းအဝေးတက်ရောက်လာသူများက ၎င်းတို့၏ အတွေ့အကြုံ အသိအမြင်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြပါတယ်။
စက်တင်ဘာ ၁၆ ရက်တွင် (၂၁) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင် လာမည့် ၂၀၂၃ ခုနှစ်တွင်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများ၊ ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက် လျာထားမှု၊ SEACEN စင်တာမှ ကြီးမှူးဆောင်ရွက်လျက်ရှိတဲ့ မဟာဗျူဟာမြောက် စီမံကိန်းများဆောင်ရွက်မှု၊ SEACEN စင်တာတွင် ဒါရိုက်တာများ ခန့်အပ်မှု၊ SEACEN အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၃-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် External Auditor ခန့်အပ်မှုနှင့်စပ်လျဉ်း၍ SEACEN အမှုဆောင်ဒါရိုက်တာ Dr. Mangal Goswami နှင့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Pham Thanh Ha တို့က တင်ပြဆွေးနွေးခဲ့ ပါတယ်။
ထို့နောက် SEACEN အဖွဲ့ဝင်ဗဟိုဘဏ် (၁၉) ဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြုံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 17 September 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့်အဖွဲ့ဝင်များ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။
ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးချက်များကို နှစ်ဖက်သဘောထားများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) တို့ပါ သဘောတူညီချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ လေ့လာ စိစစ် ချက်များကို ရှင်းလင်းတင်ပြပါတယ်။
ယင်းနောက် တက်ရောက်လာကြသူများက သဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တတိယနေ့ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 17 September 2022
တရုတ်နိုင်ငံ၏ ပညာသင်ဆုစီမံကိန်းဖြင့် ဘွဲ့ရရှိသည့် မြန်မာကျောင်းသားကျောင်းသူများအား ဘွဲ့လက်မှတ်ချီးမြှင့်ခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်များအရသိရသည်၊၊
၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်သည့် ပညာသင်ဆု ဘွဲ့နှင်းသဘင်အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu မှ ကျောင်းသား ကျောင်းသူများထံသို့ ဘွဲ့လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်၊၊
အခမ်းအနားသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မိုးချယ် တက်ရောက်ပြီး ၂၀၂၂ ခုနှစ်တွင် ဘွဲ့ရရှိသော ကျောင်းသားကျောင်းသူအချိုနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။
သံမှူး Mr. Tan Shufu က "အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှား၍ ပညာကြိုးစားသင်ယူပြီးမြောက်ခဲ့သော ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုစကား ပြောကြားပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍဆိုင်ရာ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်အမြဲ များစွာအလေးထားကြောင်း၊ သမ္မတ Mr. Xi Jinping သည် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး (South–South cooperation) နှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု တည်ထောင်ရေးကို ကိုယ်တိုင်ကိုယ်ကျ အလေးထား၊ မြှင့်တင်ပေးပြီး တရုတ်နိုင်ငံ၏ နိုင်ငံစီမံအုပ်ချုပ်ရေးအတွေ့အကြုံများကို မျှဝေကာ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားအတွက် အဆင့်မြင့် စီမံခန့်ခွဲရေးလူတော်လူချွန်များ ပျိုးထောင်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်သည့် ပညာသင်ဆုစီမံကိန်းမှတစ်ဆင့် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ ၂၀၀ ကျော်သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိခဲ့ကြောင်း၊ ကျောင်းသားကျောင်းသူများမှ သင်ယူလေ့လာခဲ့သမျှကို အသုံးချ၍ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စူးစမ်းလေ့လာကာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးတို့အတွက် အပြုအဘောဆောင်စွာ အကျိုးထမ်းရွက်ပြီး နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန် မျှော်လင့်ကြောင်း "ပြောကြားသည်။
ဦးအောင်မိုးချယ်က "မြန်မာနိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်အထောက်အပံ့များ ပေးအပ်သည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း၊ ကျောင်းသားကျောင်းသူများမှ သင်ယူလေ့လာခဲ့သည့် အတတ်ပညာများနှင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းများတွင် အသုံးချပြီး သက်ဆိုင်ရာနယ်ပယ်များမှလုပ်ငန်းများ တိုးတက်ရေးကို ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း" ပြောကြားခဲ့သည်ဟုဆိုသည်၊၊
ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်က "တရုတ်နိုင်ငံ အဆင့်မြင့်တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရန်အခွင့်အရေးများ ပေးအပ်သည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း၊ ပညာသင်ယူခြင်းဖြင့် အသိပညာများ များစွာရရှိတိုးတက်ခဲ့ကြောင်း၊ ၎င်းပညာများကို အနာဂတ်လုပ်ငန်းခွင်တွင် ကြိုးပမ်းအားထုတ်အသုံးချကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး စာမျက်နှာသစ်ကို ရေးသားသွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊


#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 17 September 2022
မွန်ပြည်နယ်၊ ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော် ပုရဝုဏ်အတွင်းရှိ လဟာပြင်တွင် ဖွင့်လှစ်ထားသည့် လဟာပြင်ဂဝံအနုပညာယဉ်ကျေးမှုပြတိုက်တွင် ဂဝံလက်ရာရုပ်တု(၃၀)ကျော် ပြသထားကြောင်း သိရသည်၊၊
အဆိုပါ ပြတိုက်တွင် ဂဝံကျောက်တုန်းများဖြင့် ဆင်ရုပ်၊ နွားရုပ်၊ ခြင်္သေ့ရုပ်၊ ငါးရုပ်အစရှိသည့် အရုပ်များကို ထုလုပ်ပုံဖော်ထားပြီး ပြသထားခြင်းဖြစ်သည်၊၊
"ကျိုက်ထီးဆောင်းကုန်းမြေ တစ်ခုလုံးက ဂဝံကုန်း မြေပေါ်မှာတည်ရှိတာ၊၊ ဂဝံရုပ်တုတွေက သက်တမ်း ကတော့ တူတူပဲ၊၊ ဒီမှာကရုပ်တုဟောင်းတွေလည်းရှိတယ်၊၊ အသစ်လည်းရှိတယ်၊၊ အဟောင်းနဲ့အသစ်ရောနေတယ်၊၊ အခုဖွင့်လှစ်လိုက်တဲ့ လဟာပြင်ဂဝံအနုပညာ ယဉ်ကျေးမှုပြတိုက်မှာက ဂဝံကျောက်တုံး(၃၂)တုံးကို တူးလိုက်တယ်၊၊အဲဒီ့ဟာကို ဆင်ပြောင်တို့ နွားတို့ကို ထုလိုက်တယ်၊၊ အဲဒီ့ရုပ်တုတွေက ယဉ်ကျေးမှုအပြင် ကိုးကွယ်မှုဆိုင်ရာကိုလည်း ဖော်ပြနိုင်တယ်၊၊ ဆင်ရုပ်ဆိုရင် မြတ်စွာဘုရားပဠိသန္ဓေယူတာကို ဖော်ပြနိုင်တယ်၊၊ ငါးရုပ်ကတော့ မြတ်စွာဘုရားဖွားမြင်ချိန် ဝိသာခါနက္ခတ်ကို ဖော်ပြရာမှာ ငါးရုပ်ကိုဖော်ပြတယ်၊၊ အခုပြတိုက်ကတော့ လဟာပြင်မှာ ဖွင့်လိုက်တာပါ၊၊ သုဝဏ္ဏဘူမိဂဝံယဉ်ကျေးမှုနဲ့ သုတေသနပြတိုက်ကတော့ မပြီးသေးလိုမဖွင့်ရသေးပါဘူး"လို့ ကျိုက်ထီးဆောင်းဆံတော်ရှင်မှ ဆရာလေးဒေါ်ကုဏ္ဍလသိင်္ဂီက YMG ကို ပြောသည်၊၊
စက်တင်ဘာလ(၉)ရက်တွင် ဖွင့်လှစ်ထားသည့် အဆိုပါ ပြတိုက်သည် လဟာပြင်တွင် ဖွင့်ထားသော ဂဝံအနုပညာယဉ်ကျေးမှုပြတိုက်ဖြစ်ပြီး လဟာပြင်ဂဝံအနုပညာလက်ရာများကို ကျွမ်းကျင်သူပညာရှင်များမှ လက်ရာမြောက်ထုလုပ်ခဲ့ကြပြီး ကျိုက်ထီးဆောင်း ဒုတိယဒီပဆရာတော်၏ လမ်းညွှန်မှုဖြင့် ရဟန်းရှင်လူများ လေ့လာကြည့်ရှုနိုင်ရန်ပြတိုက်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်၊၊



#ymg/tthl
#Yangon_Media_Group
#World_Health
Published 17 September 2022
လေယာဉ်ခရီးဖြင့် သွားလာတဲ့အခါ ပေါင်မုန့်နဲ့ ဂျုံမုန့်အမျိုးမျိုးကို မစားသုံးဖို့ အစားအစာကျွမ်းကျင်ပညာရှင်များက အကြံပြုလိုက်ပါတယ်။
နယူးယော့ခ် ဟန်တာကောလိပ်ရှိ အစားအစာမူဝါဒစင်တာမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ'ချားလ်စ်ပလတ်ကင်'က ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေဟာ ဗိုက်ပြည့်စေမှာမဟုတ်သလို ခရီးဆုံးတဲ့အခါမှာလည်း ပင်ပန်းနေစေမှာပါ။
ဒီထဲမှာ ခေါက်ဆွဲတွေနဲ့ ကိတ်မုန့်တွေလည်း ပါဝင်ပါတယ်။
"ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ ပါ့စ်တာခေါက်ဆွဲနဲ့ ငရုတ်ဆီ၊ ပေါင်မုန့်၊ ဌာပနာမုန့်၊ ကိတ်မုန့်တွေစားလိုက်ရင် ဗိုက်ပြည့်မှာမဟုတ်ဘဲ ပင်ပန်းနေမှာပါ၊ သွေးတွင်းသကြားဓာတ်က တက်ပြီး ပြန်ကျသွားတဲ့အတွက် မခံရပ်နိုင်ခံစားရစေမှာပါ" လို့ ရှင်းပြသွားပါတယ်။
ဒါ့အပြင် ဒီပေါင်မုန့်မျိုးစုံက ထင်သလောက်အရသာရှိမှာလည်း မဟုတ်ပါဘူး။
လေယာဉ်ပေါ်မှာဆိုရင် လေဖိအားကြောင့် သွေးတွင်းထဲကအောက်ဆီဂျင်လျော့နည်းကာ လျှာပေါ်ကအရသာခံဖုတွေကို သက်ရောက်စေပါတယ်။
အဲဒီကနေ အနံ့အရသာခံနိုင်တဲ့ အာရုံကြောစနစ်က တုံ့ပြန်မှုအားနည်းကာ အနံ့အရသာအာရုံလျော့ပါးသွားပါတယ်။
LSG Sky Chefs Asia Pacific မှ အချက်အပြုတ်ကျွမ်းကျင်ပညာရှင်'ဖရစ်ဇ်ဂရော့စ်'က တကယ်လို အရသာရှိရှိစားချင်တယ်ဆိုရင် ထမင်း ဒါမှမဟုတ် စွပ်ပြုတ်ကို ရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။
ဒီအစားအစာတွေက မူလအသွင်အပြင် အရသာမပျက်ဘဲ အလွယ်တကူ အပူပေးနိုင်ပါတယ်။
ဒါ့အပြင် လေယာဉ်ပေါ်မှာ အရသာရှိရှိစားချင်ရင် အခြားနည်းလမ်းလည်း ရှိပါသေးတယ်။
ပရော်ဖက်ဆာ'ချားလ်စ်စပန့်စ်'က လေယာဉ်အင်ဂျင်ရဲ့ဆူညံသံကြောင့် တစ်လလောက်ကြာတဲ့အထိ ပါးစပ်ထဲမှာ ၁၀ ရာခိုင်နှုန်းလောက် ပိုပြီး ခါးသက်နေနိုင်တယ်လို့ ဆိုပါတယ်။
အမြင့်ရောက်နေတဲ့အချိန်မှာ စားစရာသောက်စရာအရသာရှိစေရန် ဆူညံသံလုံတဲ့ နားအုပ်နားကြပ်တပ်ထားနိုင်ကြောင်း အကြံပြုလိုက်ပါတယ်။
"လေဖိအားလျော့နည်းခြင်း၊ လေခြောက်သွေ့ခြင်း၊ အင်ဂျင်သံဆူညံခြင်းတို့ကြောင့် အစားအစာတွေရဲ့ အနံ့အရသာအာရုံခံမှုကို ထိခိုက်စေပါတယ်"
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 16 September 2022
မူးယစ်ဆေးဖြတ်လိုတဲ့ လူနာ(၄၀)ခန့်ကို မူးယစ်ဆေးဖြတ်နိုင်အောင်နဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နိုင်အောင်ဆောင်ရွက်ပေးနေတယ်လို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုဥက္ကဌဦးစံရှိန်က YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
Published 16 Sept 2022
ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာကန်မြို့မှာကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံကို SCO ရဲ့ ဆွေးနွေးဖက်နိုင်ငံအဆင့်ပေးအပ်ဖို့ သဘောတူဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်တဲ့ ဆာမာကန်ကြေညာစာတမ်းထဲမှာထိုကဲ့သို့ဆုံးဖြတ်ကြောင်း ဖော်ပြထားတာဖြစ်တယ်လို့ TASS သတင်းဌာနက သတင်းရေးသားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့်အတူ ဘာရိန်း၊မော်လဒိုက်၊ကူဝိတ်နှင့် ယူအေအီးနိုင်ငံတွေကိုလည်း ဆွေးနွေးဖက်နိုင်ငံအဆင့်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ TASS ကဖော်ပြပါတယ်။
“ အဖွဲ့ဝင်နိုင်ငံတွေက ဘာရိန်းဘုရင့်နိုင်ငံ၊မော်လဒိုက်သမ္မတနိုင်ငံ၊ကူဝိတ်နိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ကို SCO ဆွေးနွေးဖက်မိတ်ဖက်များအဆင့် ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကျေနပ် အားရမှုရှိစွာ အလေးဂရုပြုကြပါတယ်” လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနှင့် ဆွေးနွေးဖက်မိတ်ဖက် လက်မှတ်ရေးထိုးနိုင်ဖို့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကိုတော့ ဆက်လက် ဆောင်ရွက်ရဦးမယ့် သဘောတော့ရှိနေပါတယ်။
အဲဒီအပြင် အီဂျစ်အာရပ်သမ္မတနိုင်ငံ၊ဆော်ဒီအာရေဗျဘုရင်နိုင်ငံနှင့် ကာတာနိုင်ငံတို့ကိုလည်း SCO ဆွေးနွေးဖက်မိတ်ဖက်အဆင့် ပေးအပ်တဲ့ စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြတာကိုလည်း အဖွဲ့ဝင်နိုင်ငံတွေက အလေးဂရုပြုခဲ့ ကြတယ်လို့ ကြေညာချက်မှာ ဆက်လက်ရေးသားထားပါတယ်။
အစည်းအဝေးအတွင်းမှာ SCO အတွင်းရေးမှူးချုပ်ရုံးနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ ယူနက်စကို၊ အာရှနှင့်ပစိဖိတ် စီးပွားရေးနှု့်လူမှုရေးကော်မရှင်တို့ အကြားလည်း နားလည်မှုစာချွန်လွှာတွေလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ တရုတ်၊အိန္ဒိယ၊ရုရှား၊အီရန် ကာဇက်စတန်၊ကာဂျစ်စတန်၊ပါကစ္စတန်၊တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ဟာ တင်းပြည့်အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး လေ့လာသူအဆင့်နိုင်ငံတွေ၊ဆွေးနွေးဖက်မိတ်ဖက်နိုင်ငံတွေနှင့် ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။
Ref: TASS
#World_Technology
Published 16 September 2022
ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်တဲ့ ဒက်ထရွိုက်မော်တော်ကားပြပွဲမှာ အမေရိကန်ကားကုမ္ပဏီကြီးတွေရဲ့ ဓာတ်ဆီသုံးကားများနဲ့ လျှပ်စစ်ကားများပြသခဲ့ကြပြီး သမ္မတ'ဂျိုးဘိုင်ဒန်'လည်း တက်ရောက်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 September 2022
မန္တလေးတိုင်းအတွင်းရှိ ပျူမြို့ဟောင်းတစ်ခုဖြစ်တဲ့
ပင်လယ်မြို့ဟောင်း (သို့မဟုတ်) မိုင်းမောကို မကြာမီတူးဖော်သုတေသနပြုလုပ်သွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(စီမံ)ညွှန်ကြားရေးမှူးဦးအောင်အောင် ကျော်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-16 Setember 2022
လာမယ့် ခရီးသွားရာသီအစမှာ ပြည်တွင်းကို ဝင်ရောက်လာမဲ့ပြည်ပခရီးသွားဦးရေဟာ နည်းနိုင်သေးတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 September 2022
အခါကြီးရက်ကြီး ကာလတွေမှာ မိမိရဲ့ မြိုနယ်ကိုပြန်ကြမယ့်သူတွေ များပြားတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ကားလက်မှတ်နှုန်းထားတွေကို သာမာန်ထက် ဈေးတင်ရောင်းတာတွေမပြုလုပ်ကြဖို ညွှန်ကြားချက်ထုတ်ထားတယ်လို YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
Published 16 Sept 2022
တရုတ်နိုင်ငံ တောင်ပိုင်း ဟူနန်ပြည်နယ် မြို့တော် ချန်ရှား မြို့လယ်က အထပ်မြင့် ရုံးကြီး သောကြာနေ့ မွန်းလွဲပိုင်းက မီးကြီးလောင်ကျွမ်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သတင်းပေးပို့ပါတယ်။
အဲဒီအဆောက်အအုံဟာ အထပ်ပေါင်း ၄၂ထပ်ရှိပြီး ၆၅၆ ပေကျော်မြင့်မားတဲ့ တရုတ်တယ်လီကွမ်းအဆောက်အအုံကြီးဖြစ်ပါတယ်။ အထပ်ဒါဇင်ကျော်ဟာ မီးလောင်ကျွမ်းခံရပါတယ်။
ကနဦးစစ်ဆေးချက်များအရ အဆောက်အအုံရဲ့ ပြင်ပနံရံတွေမှာ မီးစတင်လောင်ကျွမ်းတာလို့ ဟူနန်မီးသတ်ဌာနက ပြောပါတယ်။ လက်ရှိမှာ ပြင်ပကမီးကိုငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိလို့သိရပါတယ်။
Source: Reuters
#China_ Hunan_ Changsha
#Changsha_Fire
#China_Telecom_building
Page 1560 of 1952