Published 11 December 2022

စနေနေ့ကွာတာဖိုင်နယ်ပွဲမှာ မော်ရိုကိုက ပေါ်တူဂီကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားတဲ့အတွက် ဒါဟာ ကမ္ဘာ့ဖလား နောက်ဆုံးလေးသင်းထဲ ရောက်ရှိသွားတဲ့ ပထမဆုံး အာဖရိကအသင်းတစ်သင်းဖြစ်သွားပါပြီ။ အာဖရိက အသင်း(၃)သင်းဟာ ကွာတာဖိုင်နယ်ကနေ ထွက်သွားခဲ့ရပြီး ဝါလစ် ရီဂရက်ဂူရဲ့ အသင်းသာ နောက်ဆုံးမှာ ဆီမီးဖိုင်နယ်ကိုတက်လှမ်းသွားတာပါ။

၁၉၉၀ပြည့်နှစ်မှာ ကင်မရွန်၊ ၂၀၀၂မှာ ဆီနီဂေါနှင့် ၂၀၁၀မှာ ဂါနာတို့ဟာ အသင်းကောင်းတွေအဖြစ်ပြသခဲ့ပေမယ့် နောက်ဆုံးရှစ်သင်းအဆင့်ထက် ကျော်ပြီး အဲဒီအသင်းတွေ မတက်နိုင်ခဲ့ကြပါဘူး။

နာမည်ကြီးအသင်းပေါ်တူဂီကို အနိုင်ရလိုက်ပြီး နောက်ဆုံးလေးသင်းထဲ ရောက်ရှိသွားတဲ့အတွက် မော်ရိုကိုပရိဿတ် တွေဟာ သူတို့အသင်းအတွက် အပျော်ကြီးပျော်ခဲ့ကြပါတယ်။

 

Source: AFP

#Morocco_victory_over_Portugal

#World_Cup_Qatar

#Morocco_Fans_celebrate

Published 11 December 2022 စနေနေ့ကွာတာဖိုင်နယ်ပွဲမှာ မော်ရိုကိုက ပေါ်တူဂီကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားတဲ့အတွက် ဒါဟာ ကမ္ဘာ့ဖလား"/>