#Local_News
Published_ 28 April 2022
သီရိလင်္ကာနိုင်ငံမှ "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး Most Venerable Aggamahapandita Dodampahala Chandrasiri Maha Thero ထံ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ဧပြီ ၂၆ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီတွင် ဆရာတော်ကြီးသီတင်းသုံးရာ သီရိလင်္ကာနိုင်ငံ Gothama Thapowanaya Monestry၊ Kalapaluwawa ၊Mulleriyawa- New Town တွင် ကျင်းပခဲ့ပါတယ်။
ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းပွဲသို့ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ နှင့် ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာသံအမတ်ကြီးက "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ရတဲ့ အကြောင်းအရာကို ရှင်းလင်းပြောကြားပြီး ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ထို့နောက် "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး Most Venerable Aggamahapandita Dodampahala Chandrasiri Maha Thero က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group.
Published 27 April 2022
မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ဝတ္တုကံတော်အတွင်းမှာ တည်ဆောက်မယ့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားကို ဧပြီ ၂၇ ရက် မနက်ပိုင်းက အဆိုပါ မင်္ဂလာနေရာမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ နေပြည်တော် ၊လယ်ဝေးမြို့ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ တို့အမှူးပြုတဲ့ သံဃာတော်(၅၄) ပါးကြွရောက်ချီးမြှင့်တော်မူကြောင်းသိရပါတယ်။
အဲဒီအပြင် SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကောင်စီဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါ တယ်။
အခမ်းအနားမှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော်ကြီးက ဝိသုံဂါမသိမ်တော်၏ ဘွဲ့တော်မည်ကို အဂ္ဂါဓိပတိ ဘွဲ့အမည် သမုတ်နိုင် ရန် လျှောက်ထားဩဝါဒခံယူခဲ့ပါတယ်။ အဲဒီအခါ ဆရာတော်များက သာဓုသုံးကြိမ်ခေါ်ဆိုပြီး သဘောဆန္ဒတူညီတော် မူကြပါတယ်။
အဲဒီနောက်အခမ်းအနားအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အလှူရှင်တွေက သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ လောင်းလှူခဲ့ကြတယ်လို့ သိရှိရပါတယ်။
#WorldArt
Published 27 April 2022
နိုင်ဂျီးရီးယားနိုင်ငံ ဘာဒါဂရီကမ်းရိုးတန်းမြို့လေးမှ လက်မှုပညာရှင်များက အုန်းခွံများဖြင့်လက်မှုပစ္စည်းများပြုလုပ်ဖန်တီးကြပြီး သူတို့ရဲ့လက်ရာများကို ခင်းကျင်းပြသထားကြပါတယ်။
#Yangon_Media_Group
Published 27 April 2022
အာရပ်စော်ဘွားမျာပြည်ထောင်စု(ယူအေအီး)နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဉာဏ်ရည်တု(အေအိုင်)ဝန်ကြီးကိုခန့်အပ် လိုက်ပါတယ်။ စီးပွားရေး အကျိုးအမြတ်အတွက် သာမကဘဲ ဉာဏ်ရည်တုလုပ်ငန်းမှာ ဦးဆောင်နိုင်ငံဖြစ်လာအောင် လုပ်မယ်လို့ ဉာဏ်ရည်တုဝန်ကြီး အယ်အိုမာဘင်ဆူလ်တန်အယ်လ်အိုလာမာက ပြောပါတယ်။
သူက ဒူဘိုင်းမြို့တော်မှာပြုလုပ်တဲ့ အေအက်ဖ်ပီနှင့်အင်တာဗျူးမှာ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ ထုတ်လုပ်မှုတစ်ခုအဖြစ် အလေးပေးပြောဆိုခဲ့ပါတယ်။
Source AFP
#LocalNews
Published - 27 Aprb2022
ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်ကြောင့် ကာကွယ်ဆေးအကြိမ်ရည်အပြည့်မထိုးနှံရသေးသောမြန်မာသင်္ဘောသားများအနေဖြင့် ပြည်တွင်းပြန်လည်ဝင်ရောက်ရေးအခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_27 April 2022
ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင် အထိန်းသိမ်းခံရပြီးနောက် MAB ဘဏ် ဥက္ကဌတာဝန်ကို ဇနီးဖြစ်သူ ဒေါ်ခင်စိုးဝေ တာဝန်ယူ၍ ယခင် Chief Business Officer ဦးကျော်နီခင်အနေဖြင့် ဘဏ်၏ CEO အဖြစ် ပြောင်းလဲတာဝန်ယူပြီဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က YMG ကို ပြောသည်။
"အခုလက်ရှိဖြစ်တဲ့ ကိစ္စတွေက ဧဒင်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ကိစ္စတွေဖြစ်တယ်။ဦးချစ်ခိုင်ရဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်က အများပြည်သူရဲ့အပ်နှံငွေနဲ့ လုပ်ကိုင်နေတဲ့ဘဏ်လုပ်ငန်းဖြစ်တယ်။ ဒီနှစ်ခုက လုပ်ငန်းသဘောသဘာဝအရရော အုပ်ချုပ်မှုဖြစ်စဉ်ရောအရရော တစ်ခုနဲ့တစ်ခုက မပတ်သက်ဘူး။လုပ်ငန်းသဘောအရ မတူဘူး။ကျောက်မီးသွေးဝယ်ဖို့ စာချုပ်ချုပ်တဲ့အခါမှာ ကုမ္ပဏီရဲ့ MD က ဦးဝင်းခိုင်ဖြစ်တဲ့အတွက် ဒါကဆက်စပ်ပြီးတော့ စစ်ဆေးတာပေါ့နော်။ဒါက အခြေခံအကြောင်းတရားပေါ့။ဒီကိစ္စတွေက သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အကျိုးတူလုပ်ကြတဲ့ ကုမ္ပဏီပိုင်ရှင်တွေရဲ့ကိစ္စဖြစ်တယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်က ပြည်သူလူထုအပ်နှံငွေနဲ့ ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်လို့ လုပ်ငန်းသဘောအရ ငွေရေးကြေးရေးအရရော ပတ်သက်ဆက်နွယ်မှုမရှိပါဘူး။
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ အခြားသင့်တော်တဲ့ဗဟိုဘဏ်ရဲ့စံနှုန်းနဲ့ ကိုက်ညီမယ့်သူကို ချက်ချင်းအစားထိုးဖွဲ့စည်းပေးခဲ့ပါတယ်။အဲ့အတွက် ဥက္ကဌကိုတော့ သူ့ဇနီး ဒေါ်ခင်စိုး ဝေ CEO ကိုတော့ ဦးဂျော်နီခင်ကို ဗဟိုဘဏ်အနေနဲ့ တာဝန်ပေးအစားထိုးခန့်အပ်ပြီးဖြစ်ပါတယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်ဟာ ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းကမ်းဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်နေတဲ့ဘဏ်ဖြစ်နေသလို ဘဏ်ရဲ့ခိုင်မာမှုလုပ်ငန်း ဆောင်ရွက်နိုင်မှု တွေကိုလည်းပဲ စံသတ်မှတ်ထားတဲ့ အချိုးရာနှုန်းတွေနဲ့ကိုက်ညီမှုရှိတဲ့ ဘဏ်တစ်ဘဏ်ဖြစ်တယ်။ဒါကြောင့် စိုးရိမ်ပူပန်မှူမရှိဖို့ ပြောကြားလိုပါတယ်။ လက်ရှိမှာလည်း ဘဏ်ကိုလာတဲ့သူတွေအားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်"ဟု ယင်းကပြောသည်။
လက်ရှိတွင် မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို ဓာတ်သတ္တုအခွန်ပေးသွင်းမှုလျော့နည်းသည့်ကိစ္စဖြင့် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။
"သတ္တုတွင်းဝန်ကြီးဌာနက အရင်ဝန်ကြီးဟောင်း ဦးအုန်းဝင်းနဲ့အတူ အမှုဖွင့်တာမှာပါတယ်။။တီကျစ်ကျောက်မီးသွေးတူးဖော်တဲ့လုပ်ငန်းကနေပြီးတော့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဓာတ်သတ္တုခွန်တွေကို တရားစွဲဆိုခံထားရသူတွေနဲ့ ပေါင်းပြီးတော့လျော့နည်းပေးသွင်းခဲ့တယ်ဆိုတဲ့အတွက်ကြောင့် နိုင်ငံတော်နစ်နာတယ်ဆိုပြီး အမှုဖွင့်ထားတာရှိတယ်။ဒါနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းမှာ Eden Group of Companies ၏ ဥက္ကဋ္ဌဖြစ်ကာ ဧဒင် ဦးချစ်ခိုင်ဟု လူသိများ ထင်ရှားသူ ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_27 April 2022
နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်းလိုင်စင်ရှိသူများက ပို့ကုန်တင်ပို့သည့်အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ (၃) လအတွင်းရရှိသည့် ပို့ကုန်ငွေလက်ခံရရှိခြင်းရှိမရှိကို စိစစ်ရမည်ဟု ထုတ်ပြန်ထားသော်လည်း အပြည့်အ၀ ဝင်ရောက်လာခြင်းမရှိသောကြောင့် စိစစ်အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က သိရသည်။
"ပို့ကုန်ရငွေတွေကို ၃ လ အတွင်း ပြန်လည်ဝင်ရောက်ရမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် အပြည့်အ၀ မဝင်တာကြောင့် ဗဟိုဘဏ်က ကုမ္ပဏီတွေကိုစိစစ်ပြီး မပေးသွင်းတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို အရေးယူဖို့ စီစဉ်နေပါတယ်"ဟု ဗဟိုဘဏ်၏ အရာထမ်းတစ်ဦးက YMG ကို ပြောသည်။
ပြည်ပနိုင်ငံများသို့ သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့သည့်နေ့ကစ၍ သုံးလအတွင်း ပို့ကုန်ရငွေ လက်ခံရ၊မရ ကို စိစစ်နိုင်ရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က)အရ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
ယင်းသို့ လုပ်ဆောင်ရသည့်ရည်ရွယ်ချက်မှာ ဒေါ်လာဈေးဆက်လက်ကျဆင်းလာစေရန်နှင့်ဈေးတည်ငြိမ်စေရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကုမ္ပဏီပေါ င်း (၆၆၃)ခု၏ ပို့ကုန်ရငွေတွေမှာ သတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံဘဏ်ထဲသို့ပြန်ရောက်ရှိမလာသောကြာင့် စာရင်းလာရှင်းကြရန် အဆိုပါကုမ္ပဏီများကို ဗဟိုဘဏ်က အကြောင်းကြားထားခဲ့သေးသည်။
စာရင်းလာမရှင်းပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းများအရ ဖြစ်စေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရဖြစ်စေ အရေးယူမည်ဟု ဗဟိုဘဏ်က ကြေညာထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-27 April 2022
အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် စားသောက်ဆိုင်လုပ်ငန်းတွေအနေနဲ့ အချို့ဆိုင်တွေပြုတ်သွားတာ၊အချို့ဆိုင်ခွဲတွေကို ပိတ်လိုက်ရတာမျိုးတွေရှိတယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဌ ဦးနေလင်းကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published-27 April 2022
တစ်နိုင်ငံလုံးအတိုင်းအတာအသက်(၁၅)နှစ်ကနေအသက်(၁၈)နှစ်အတွင်းရည်မှန်းလူဦးရေ(၃)သန်းကျော်ရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေသေးတဲ့သူတွေကိုကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမှာဖြစ်တယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန၊ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောခဲ့ပါတယ်၊၊
"အသက်(၁၅)နှစ်နဲ့ (၁၈)နှစ်အထိရည်မှန်းလူဦးရေ (၃)သန်းကျော်ရှိတဲ့အနက် အသက်(၁၂)နှစ်ကနေ (၁၈)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ (၁.၅)သန်းကျော်ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်တဲ့အတွက် အသက်(၁၅)နှစ်ကနေ(၁၈)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ(၇)သိန်း(၉)သောင်းကျော် ကာကွယ်ဆေးထိုးပေးပြီးပြီလို့ ခန့်မှန်းလို့ရပါတယ်၊၊
ပြည်သူလူထုအတွင်းမှာတော့အသက်(၁၅)နှစ်ကနေ (၁၈)နှစ်အတွင်း (၂.၂)သန်းကျော်ကာကွယ်ဆေးထိုးဖို့ကျန်နေပါတယ်၊၊တစ်နိုင်ငံလုံးအတိုင်းအတာ အသက်(၁၅)နှစ်ကနေ(၁၈)နှစ်အတွင်းကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ပထမအကြိမ်ဧပြီလ(၁၇)ရက်ကနေဧပြီလ(၂၃)ရက် အထိဒုတိယအကြိမ်မေလ(၂၄)ရက်ကနေဇွန်လ(၂၀)ရက်အတွင်းထိုးပေးသွားဖို့ လျာထားပါတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်၊၊
ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်လို့ တစ်နိုင်ငံလုံးအတိုင်းအတာ ဧပြီလ(၂၄)ရက်အထိစာရင်းတွေအရ ကိုဗစ်ကာကွယ်ဆေးဝယ်ယူ၊လှူဒါန်း၊ရရှိမှု Doseစုစုပေါင်း(၆၆.၁၃)သန်းကျော်ရှိပြီး(၅၃.၇၅) သန်းကျော်ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောပြချက်အရ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 27 April 2022
တစ်ရက်လျှင် စက်သုံးဆီဖိုးသိန်းချီကုန်ကျနေသည့်အတွက် ပရဟိတအသင်းများအနေနဲ့ လူမှုကူညီပေးဖို့ အခက်အခဲများရှိလာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_27 April 2022
ဂရိတ်ဦးဘိုးစိန်၏မြေး၊ မင်းသားကြီး ကက်နက်စိန်၏သား ဇာတ်မင်းသားကြီး ညီဝင်းစိန်သည် ဧပြီလ ၂၆ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ဇာတ်မင်းသားကြီး ညီဝင်းစိန်(ခ)ဦးညီဝင်း ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ဒါရိုက်တာ မောင်သီက "စိန်မဟာအဆက်ပေမို့၊တိမ်ဝဋာထက်ဆီက၊ထိန်ဖြာလျက် အသရေညီ။ပုဆိုးတော် ခက်ဂမုန်းရယ်နဲ့၊အရိုးပေါ် အရွက်မဖုံးရအောင်၊အကျိုးမျှော် တစ်သက်လုံးသာပ ကပြရှာသည်။သုခအမြှိက် အသွင်တည်၊မုခသိုက် သဘင်သည် မို့၊စတုမဟာနန်း ကိုဖြင့်၊အခုမကြာ လှမ်းကာကြွရှာတော့၊ကျန်ရစ်သူ မှန်းကာဆလို့ရယ်၊ လွမ်းရစ်ကြအုံး"ဟု လွမ်းချင်းစာစီ၍ လူမှုကွန်ရက်တွင် မှတ်ချက်ရေးသားထားသည်။
၎င်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တောင်သူလယ်သမားတိုးတက်ရေး ပါတီကိုယ်စားပြု၍ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-27 April 2022
ဧပြီလ(၂၉)ရက်မှာ မြန်မာနိုင်ငံမှာ ပုလင်းသွင်းထုတ်လုပ်တဲ့ Myancopharm ကိုဗစ်ကာကွယ်ဆေး dose(၁)သန်းကို ကျန်းမာရေးဝန်ကြီးဌာနကို ပေးပို့သွားမှာဖြစ်တယ်လို့ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန၊ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်၊၊
Sinopharm ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းမှာ ပုလင်းသွင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး ဧပြီလ(၂၅)ရက်မှာ မြန်မာနိုင်ငံFDA ရဲ့ထောက်ခံချက်ရရှိခဲ့ပြီးဧပြီလ(၂၉)ရက်မှာ မြန်မာနိုင်ငံမှာ ပုလင်းသွင်းထုတ်လုပ်တဲ့ Myancopharm ကိုဗစ်ကာကွယ်ဆေး dose(၁)သန်းကို ကျန်းမာရေးဝန်ကြီးဌာနကို ပေးပို့သွားမှာဖြစ်ပါတယ်၊၊
ကာကွယ်ဆေးကို ပြည်တွင်းမှာထုတ်လုပ်နိုင်တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကထည့်သွင်းပြောခဲ့ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1556 of 1688