#Local_News
Published _ 2 June 2022
ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ၏ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၂ရက်မှာ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၊ မင်္ဂလာခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းစာများ သင်ကြားရာတွင် စည်းကမ်းတကျဖြင့် မိဘဆရာသမားများ၏ သွန်သင်ဆုံးမမှုကို အလေးထားလိုက်နာပြီး ကြိုးစားကာ စာမေးပွဲများတွင် ဂုဏ်ထူးများဖြင့် အောင်မြင်အောင်ကြိုးစားစေလိုကြောင်းနှင့် မိဘများကလည်း မိမိ၏ သားသမီးများအတွက် စံနမူနာပြဖြစ်သည့် မိခင်၊ ဖခင်များ အဖြစ်ပြုမူနေထိုင်ကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောကြားခဲ့သည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာ သာဂုဏ်ထူးရှင်တစ်ဦးနှင့် ရိုးရိုးအောင်မြင်သူ နှစ်ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တက္ကသိုလ်အဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းပညာသင် ၂၂ ဦး ကိုယ်စားကျောင်းသူတစ်ဦး အားလည်းကောင်း၊ အခြေခံပညာ အထက်တန်း အဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၁၃ ဦး ကိုယ်စား ကျောင်းသူတစ်ဦးအားလည်းကောင်း၊အခြေခံပညာအလယ်တန်းအဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးကိုယ်စား၊ ကျောင်းသူ တစ်ဦးအားလည်း ကောင်း၊ အခြေခံပညာ မူလတန်းအဆင့်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၃၉ ဦးနှင့် မူကြို အဆင့်တက်ရောက်မည့်သူ ၁၂ ဦးတို့ကိုယ်စား၊ ကျောင်းသူတစ်ဦး အားလည်းကောင်း၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၆ ဦး တိုအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_2 July 2022
ညောင်နှစ်ပင်ကိုသွားတဲ့ ကိစ္စဟာ အထူးစီမံကိန်းတွေ ရှိနေလို့ သွားတာဖြစ်တယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 3 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Orchid (အခမ်းအနားမှူး)နှင့်အတူ
-"ကမ္ဘာကျော်အမျိူးသမီးအစီအစဉ်တင်ဆက်သူတွေရဲ့ ပြောဆိုပုံတွေကို ကြည့်ပြီး အတုယူဖြစ်တယ်ဆိုတဲ့အကြောင်း
-My Read Page မှ အင်္ဂလိပ်စာအုပ်တင်မကဘူး မြန်မာစာအုပ်တွေပါ ဖတ်ပြီး အနှစ်ချုပ်ရေးပြီး တင်ဖြစ်တဲ့အကြောင်း
ပထမဆုံးထွက်ရှိလာတဲ့ စာအုပ်ဖြစ်တဲ့အတွက် အိမ်မက်လေးဖြစ်မြောက်လာတာကို တန်ဖိုးထားဝမ်းသာမိပါတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published - 2 July 2022
အခုရက်ပိုင်းအတွင်း ဒေသတော်တော်များများမှာ မိုးများပြီးရေကြီးရေလျှံတွေဖြစ်လာနိုင်တဲ့အတွက် တောင်သူလယ်သမားတွေအနေနဲ့ လယ်ယာမြေတွေကို ရေမနစ်မြုပ်အောင် ကြိုတင်ဆောင်ရွက်ထားဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်၊၊
#Yangon_Media_Group
Published 2 July 2022
မြန်မာနိုင်ငံ ပုဂံမြို့တွင်ကျင်းပမည့် (၇)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်းယီးရဲ့ အထူးလေယာဉ်ဟာ ဇူလိုင်(၂)ရက် ယနေ့ မွန်းလွဲပိုင်းက ညောင်ဦးလေဆိပ်ကို ဆိုက်ရောက်ပါတယ်။
မစ္စတာ ဝမ်းယီးကို နစက နိင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးမှ တာဝန်ရှိသူတွေက ကြိုဆိုပြီး တည်းခိုရာ ဟိုတယ်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်းသတင်းရရှိပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ လန်ချန်း_မဲခေါင်ရဲ့ အခြားအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတွေနှင့်အတူ မနက်ဖန် ဇူလိုင်(၃)ရက်နေ့မှာ မြန်မာနိုင်ငံ ပုဂံမှာကျင်းပမယ့်အစည်းအဝေးတက်ရောက်မှာ ဖြစ်ပြီး မြန်မာ နစကနိုင်ငံခြားဝေးဝန်ကြီးနှင့်လည်း သီးခြား တွေ့ဆုံဖို့ရှိနိုင်တယ်လို့ သတင်းအရင်အမြစ်တွေကပြောပါတယ်။
-ygm/knl
#Local_News
Published_2 July 2022
နေရပ်ပြန်မည့် မြန်မာတစ်ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ် (KLIA-1) တွင် ပျောက်ဆုံးသွားကြောင်း မလေးရှားနိုင်ငံ နှလုံးလှပရဟိတလူငယ်များ သွေးအလှူရှင်အဖွဲ့က သိရသည်။
"သူ့နာမည်က ကိုကြည်ခိုင်ပါ။ ဒီနေ့မနက်ပိုင်းထွက်ရမယ့် လေယာဉ်နဲ့ မြန်မာနိုင်ငံကို လိုက်ဖို့ဆိုပြီးတော့လေဆိပ်ကို အဖော်တစ်ယောက်နဲ့သွားတာ၊ စောင့်ဆိုင်းနေရင်း ပျောက်သွားတာ၊ သူက အာရုံကြောအားနည်းနေတယ်။ မွေးရာပါလား ဘာလားတော့ မသိဘူး။ ကျွန်တော်တို့လည်း ဒီမှာသိရတာပဲ"ဟု အဆိုပါ သွေးလှူရှင်များ အဖွဲ့တာဝန်ရှိသူက YMG ကို ပြောသည်။
ပျောက်ဆုံးသူသည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ စည်တိုင်းကျေးရွာကဖြစ်ကြောင်း၊ မလေးရှားရောက်မြန်မာနိုင်ငံသားများ အနေဖြင့် နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ထံ ဆက်သွယ်ပေးကြရန်လည်း အကြောင်းကြားထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 2 July 2022
ဈေးရောင်းပွဲတော်ပြုလုပ်နေပေမယ့်လည်း လူသိနည်းပါးနေသောကြောင့် မြန်မာ့လက်မှုအနုပညာပစ္စည်း အရောင်းဈေးကွက်အေးစက်လျက်ပဲရှိသည်ဟု မြန်မာ့လက်မှုအနုပညာအသင်းဥက္ကဌဦးသာဓုက YMG ကို ပြောသည်၊၊
နိုင်ငံခြားသားအဝင်မရှိတော့သည့် အချိန်မှစ၍ မြန်မာ့လက်မှုပစ္စည်းရောင်းအားများကျဆင်းအေးစက်ခဲ့ပြီး ပြည်တွင်းကအဝယ်အနည်းငယ်သာ ရှိခဲ့ခြင်းဖြစ်သည်၊၊
"မိုးရာသီဈေးရောင်းပွဲတော်တွေ လုပ်ပေးခဲ့ပါတယ်၊၊ အခုလည်း အပတ်စဉ်စနေ၊တနင်္ဂနွေနေ့တိုင်း မြန်မာ့လက်မှုအနုပညာစင်တာမှာ ဈေးရောင်းပွဲတော် ပြုလုပ်ပေးနေပါတယ်၊၊ အဲဒီလို ပြုလုပ်ပေးနေပေမယ့်လည်း လူသိနည်းပါးတဲ့အတွက် မြန်မာ့လက်မှုအနုပညာပစ္စည်းဈေးကွက် အေးစက်နေဆဲပဲရှိပါတယ်၊၊ အပတ်စဥ်စနေ၊ တနင်္ဂနွေတိုင်း ပြုလုပ်တဲ့ ဈေးရောင်းပွဲတော်မှာတော့ မြန်မာ့လက်မှုအနုပညာပစ္စည်းတွေကို တစ်စုတစ်စည်းတည်း ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူတွေဆီက ဝယ်ယူလို့ရပါတယ်"ဟု မြန်မာ့လက်မှုအနုပညာအသင်းဥက္ကဌ ဦးသာဓုက YMG ကို ပြောသည်၊၊
မြန်မာ့လက်မှုအနုပညာ အသင်းအနေဖြင့် မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊အမှတ်တရလက်ဆောင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ စားသောက် ကုန်များကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မလမ်းမကြီးပေါ်ရှိ 'မြန်မာ့လက်မှုအနုပညာစင်တာ'တွင် အပတ်စဥ်စနေ၊ တနင်္ဂနွေတိုင်း 'ဈေးရောင်းပွဲတော်'အနေအဖြစ် ဆိုင်ခန်း(၂၄)ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_2 July 2022
တရားမဝင်မြန်မာများပါ ကားတစ်စီး မလေးရှားသို့သွားရောက်စဉ် တိမ်းမှောက်၍ ၂၃ ဦးဒဏ်ရာရသွားကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်သူများက ပြောသည်။
ဇူလိုင်လ တစ်ရက်ညနေ ၃ နာရီခန့်အချိန်က ထိုင်းနိုင်ငံ အာရှလမ်းမကြီး တောင်ပိုင်းအဝင် ဗန်းလမ်လိုင်ရွာ ထခေခရိုင် ထချန်ခရိုင်ခွဲ စုရာဇ်ဌာနီတွင် ကားတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စိုးရိမ်ဒဏ်ရာ ရသူမရှိကြောင်း သိရသည်။
ယင်းမြန်မာနိုင်ငံသားများအား အဖြူရောင်ပစ်ကပ်ကားတစ်စီးဖြင့် တင်ဆောင်၍ မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် ပို့ဆောင်ရန် သွားရောက်စဉ် လမ်းတွင် မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိသောကြောင့် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published - 2 July 2022
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၃၃၇၃ နေရာဖန်တီးပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်သည့် အစည်းအဝေးပွဲမှ သိရသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုတို့ကို အတည်ပြုပေးခဲ့ပြီး CMP စနစ်ဖြင့် ဆံပင်တုအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ အမျိုးသမီးဝတ် အတွင်းခံအင်္ကျီ၊ အတွင်းခံဘောင်းဘီနှင့် ၎င်းတို့၏ ဆက်စပ်ပစ္စည်းအမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာ ငွေကျပ် ၄၄၄၁ ဒသမ ၄၇၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၉ သန်းဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခြောက်ခုမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၃၃၇၃ နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် အထည်ချုပ်စက်ရုံအသစ်များကို လစဥ်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ပြီးခဲ့သည့် မေလတွင် လုပ်သားနှစ်သောင်းကျော် အလုပ်အကိုင်ပေးထားနိုင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကြောင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအချို့ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ရပြီး အထူးသဖြင့် စက်မှုဇုန်အလုပ်အသမားများ အများဆုံး အလုပ်လက်မဲ့များဖြစ်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အလုပ်ကိုင်ရှားပါးနေမှုကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်သူများရှိနေပြီး အစိုးရမှလည်း တရားဝင် လုပ်သားစေလွှတ်မှုများ ရှိနေကြောင်းလည်းသိရသည်။
ymg/sth
#Yangon_Media_Group
#WorldPolitics
Published 2 July 2022
ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားကို အနောက်နိုင်ငံများက ခွဲခြားဆက်ဆံနေပေမယ့် အင်ဒိုနီးရှားနိုင်ငံက ရုရှားတို့နဲ့ပူးပေါင်းပြီး စီမံကိန်းအများအပြား ပြုလုပ်သွားဖို့ စီစဉ်နေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားဒေသမှာ လောင်စာဆီနဲ့ ရေနံဓာတုလုပ်ငန်းအတွက် ကုန်ကြမ်းများထုတ်လုပ်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံပိုင် Pertamina ရေနံကုမ္ပဏီနဲ့ ရုရှားပိုင် Rosneft ရေနံကုမ္ပဏီတို့က ရေနံချက်စက်ရုံတစ်ခုတည်ဆောက်ဖို့စီစဉ်နေကြကြောင်း အင်ဒိုနီးရှားအစိုးရအကြီးတန်းအရာရှိတစ်ဦးက ဇူလိုင် ၁ ရက်နေ့မှာ The Straits Times သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
"အခွန်ကင်းလွတ်ခွင့်ကာလနဲ့ ပတ်သက်ပြီး ရုရှားနဲ့ဆွေးနွေးညှိနှိုင်းနေပါတယ်၊ စီမံကိန်းကရှေ့ဆက်နေဆဲဖြစ်ပါတယ်" လို့ စီမံကိန်းကိုကြီးကြပ်ဦးစီးနေတဲ့ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ နှစ်နိုင်ငံပိုင်ကုမ္ပဏီတွေက အစောပိုင်းတုန်းကလည်း ဂျာကာတာအခြေစိုက်ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ PT Pertamina Rosneft Pengolahan dan Petrokimia ကို အကောင်အထည်ဖော်ခဲ့ပြီး အရှေ့ဂျာဗား ကျူဘန်မြို့ရှိ New Grass Refinery Root (NGRR) လုပ်ငန်းကို ထိန်းချုပ်ထားကာ တစ်နေ့ကို ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီစည်ပိုင်းပေါင်း ၂၂၉,၀၀၀ ထွက်ရှိနေပါတယ်။
ယခုစီမံကိန်းရဲ့ ကနဦးကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံရှိခဲ့ပြီး Rosneft ကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနဲ့ Pertamina ကုမ္ပဏီက ၅၅ ရာခိုင်နှုန်းပါဝင်ပိုင်ဆိုင်နေပါတယ်။
စီမံကိန်းပြီးမြောက်အောင်မြင်ခဲ့ရင် အင်ဒိုနီးရှားအနေနဲ့ လောင်စာဆီတင်သွင်းခြင်းကိုမှီခိုနေရခြင်းအတွက် များစွာအထောက်အကူပြုစေမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားသမ္မတ'ဝီဒိုဒို'နဲ့ အစိုးရအဖွဲ့က စက်သုံးဆီအရောင်းဆိုင်တွေမှာ လူအများတတ်နိုင်တဲ့ လောင်စာဆီဈေးနှုန်းအတိုင်းရောင်းချနိုင်ဖို့ လောင်စာထုတ်လုပ်ရေးလုပ်ငန်းများ တိုးချဲ့လျက်ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံရှိ လူဦးရေသန်း ၂၇၀ ဟာ ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှုဒဏ်မှ ရုန်းထွက်နေကြရဆဲဖြစ်ပြီး ဒီလိုလောင်စာကုမ္ပဏီတွေ တိုးချဲ့လာတာဟာ နိုင်ငံရေးနဲ့လူမှုရေးတည်ငြိမ်အေးချမ်းဖို့ အရေးပါတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း လေ့လာသုံးသပ်သူတွေက ရှုမြင်နေကြပါတယ်။
ကာလီမန်တန်ရှိ အင်ဒိုနီးရှားမြို့တော်အသစ်မှာ ရုရှားမီးရထားလမ်းများရင်းနှီးမြှုပ်နှံဖို့ကိုလည်း ရုရှားသမ္မတ'ပူတင်'ကကမ်းလှမ်းခဲ့ကြောင်း ဂျာကာတာရှိ ရုရှားသံရုံးက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
ကပ်ရောဂါကြောင့် နှောင့်နှေးမှုများရှိခဲ့ပေမယ့် မြို့တော်အသစ် နူဆန်တာရာမှာ ဩဂုတ်လကစပြီး စတင်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မစ္စတာ'ဝီဒိုဒို'က ကြာသပတေးနေ့က ရုရှားသို့လာရောက်စဉ်မှာ 'ပူတင်'နဲ့ပြောကြားခဲ့ကြပြီး ရုရှားလောင်စာကုမ္ပဏီတွေက အင်ဒိုနီးရှားမှာလာရောက်ရင်းနှီးမြှုပ်နှံချင်ကြကြောင်း၊ အထူးသဖြင့် လျှပ်စစ်ဓာတ်အားပေးရရှိရေးအတွက် နျူကလီးယား စွမ်းအင်များထုတ်လုပ်ဖို့အတွက်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အချို့ဒေသတွေမှာ လျှပ်စစ်ဓာတ်အား မလုံမလောက်ရရှိနေပါတယ်။
မစ္စတာ'ဝီဒိုဒို'က ယူကရိန်းသမ္မတရဲ့သတင်းစကားကို 'ပူတင်'ထံသို့ပေးပို့ခဲ့ပြီး အတိအကျကိုတော့ မဖော်ပြခဲ့ပါဘူး။
စစ်ပွဲပဋိပက္ခကြောင့် ထိခိုက်ခဲ့ရတဲ့ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာထောက်ပံ့မှုတွေကို ပြန်လည်ချိတ်ဆက်ရေးတိုးတက်လာဖို့မျှော်လင့်ထားပြီး နှစ်နိုင်ငံအကြား သံတမန်ရေးဆက်သွယ်နိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ယခုနှစ် ဂျီ-၂၀ အဖွဲ့အစည်းမှာ အလှည့်ကျဥက္ကဌရာထူးရရှိထားပြီး ထိပ်သီးအစည်းအဝေးပွဲကျင်းပနိုင်ဖို့ပြင်ဆင်လျက်ရှိရာ အနောက်နိုင်ငံတွေက 'ပူတင်'ကို ဂျီ-၂၀ အစည်းအဝေးပွဲက နေထုတ်ပယ်ဖို အင်ဒိုနီးရှားကိုဖိအားပေးနေကြပါတယ်။
Source: The Straits Times
#Yangon_Media_Group
#Local_News
Published_2 July 2022
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကို ဆက်သွယ်တည်ဆောက်ထားသည့် ဂွချောင်းတံတားကို ဇူလိုင်လ ၁ ရက်ကစ၍ ယာယီဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူက ပြောသည်။
“အခုက ကျောင်းသားတွေက ကူးတို့နဲ့သွားလာနေရတယ်။ မိုးရာသီဆိုတော့ မိုးစိုတယ်၊ အဆင်လည်းမပြေဘူးလေ၊ တံတားပေါ်ကဆိုတော့ လမ်းလျှောက်လို့ပဲသွားသွား၊ စက်ဘီးနဲ့ပဲသွားသွားပေါ့။ ကားလေးတွေဆိုရင်လည်း ဟိုဖက်ကမ်း၊ ဒီဖက်ကမ်း သွားလာလို့ရတဲ့ အနေအထားဖြစ်လို့ ခွင့်တောင်းပြီးမှ ယာယီခွင့်ပြုထားတာပါ"ဟု အဆိုပါဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။
လတ်တလောတွင် တံတား၏ အချောသတ်လုပ်ငန်းများနှင့် လက်ကျန်လုပ်ငန်းများ ကျန်နေသေးသည့်အတွင် ယင်းတို့ကို ဆက်လက်လုပ်နေရသေးကြောင်း၊ပွင့်လင်းရာသီတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)က သိရသည်။
ဂွချောင်းတံတားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် တွင် စတင်တည်ဆောက်ခဲ့ပြီး အမျိုးအစားမှာ သံကူရစ်တံတားအမျိုးအစားဖြစ်ကာ တံတားအရှည်မှာ ၁၃၉၈ ပေနှင့် ၉ လက်မရှိကြောင်း ၊ ငွေကျပ်သန်းပေါင်း ၈၉၀၀ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 2 July 2022
၁။ ယခုရက်ပိုင်းအတွင်း လယ်ယာမြေများ ရေမနစ်မြုပ်အောင် ကြိုတင်ဆောင်ရွက်ထားရန်လို
၂။ ညောင်နှစ်ပင်ကိုသွားသည့်ကိစ္စ အထူးစီမံကိန်းများကြောင့်ဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကြောင့် ကိုင်ရိုမှရေပေါ်အိမ်များ ဖယ်ရှားခံရမည့် အန္တရာယ်ကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1552 of 1803