#Local _News
Published _ 1 December 2022

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးတွင် နိုဝင်ဘာလ ၃၀ ရက်ညနေပိုင်းတွင် အန်ဇာတုံးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ဇဗ္ဗူသီရိလူမှုကူညီရေးအသင်းတို့ထံမှ သိရှိရသည်။

 

ယမန်နေ့ညနေ ၄ နာရီ ၁၀ မိနစ်ကျော်ခန့်က ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးတွင် အန်ဇာတုံး(အဖြူရောင်)ကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သတင်းအရ ထားဝယ်ခရိုင်မီးသတ်စခန်း၊ ဇမ္မူသီရိလူမှုကူညီရေးအသင်း၊ ထားဝယ်ကြက်ခြေနီအသင်းများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် ကားပေါ် လိုက်ပါလာသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အနက် အမျိုးသမီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဒါ့အပြင် အမျိုးသမီး ၄ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဇဗ္ဗူသီရိလူမှုကူညီရေးအသင်းကားဖြင့် ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။

#ymg/NN
#Yangon_Media_Group