#Local_News
Published _ 1 December 2022

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အင်းတော်မြို့မရဲစခန်းကို လက်နက်ကိုင်တစ်ဖွဲ့က နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းပစ်ခတ်ခဲ့သောကြောင့် ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သားအမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

လက်နက်ကိုင်များက ရဲစခန်း၏ မြောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ဗန်းမောက်လမ်းဆုံဘက်မှ ၄၀ မမဗုံးပစ်လောင်ချာများဖြင့် ရမ်းပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ သက္ကယ်ကျင်းကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

 

လက်နက်ကိုင်အဖွဲ့တစ်ခု ပစ်ခတ်သော ဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်စိန်ရင် (၅၀)နှစ်၊ ဒေါ်မိုးဥမ္မာကျော် (၄၇)နှစ်၊ ဒေါ်သဲကော(၃၂)နှစ်၊ ဒေါ်ဝါဝါခိုင်(၅၁)နှစ်၊ ဒေါ်မိမိငယ်(ခ)မငယ်(၄၃)နှစ်၊ ဒေါ်ခင်ထွေးစိန် (၃၇)နှစ်နှင့် ဒေါ်ကေသွယ်ဝင်း (၄၆)နှစ်တို့ ၇ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group