#Local_News
Published_1 December 2022

 

နိုဝင်ဘာလအတွင်း အောင်ဘာလေထီလက်မှတ် ရောင်းရမှုသည် ပြီးခဲ့သည့်လများထက် ကျပ်သန်း ၂၀၀ ကျော်ဖိုး တိုးလာကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

နိုဝင်ဘာလအတွင်း ထီစာအုပ် ၃၉၀၀၀၀ ကျော်ရောင်းချခဲ့ပြီး ရောင်းရငွေ စုစုပေါင်းတန်ဖိုးသည် ကျပ်သန်း ၃၉၀၀ ကျော်ရှိကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်း ၃၇၀၀ ကျော်သာရှိကြောင်းသိရသည်။

 

အဆိုပါ ရောင်းရငွေ ကျပ်သန်း ၃၉၀၀ ကျော်ထဲမှ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၂၇၀၀ ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

ဒီဇင်ဘာ ၁ ရက်တွင် ချီးမြှင့်မည့် အောင်ဘာလေထီမှာ အထူးဆုကြီးအဖြစ် ကျပ်သိန်း ငါးထောင် ၁ ဆု နှင့် ကျပ်သိန်း တစ်ထောင် ၁ ဆု တ့ို ပါဝင်ပြီး ဆုတစ်ဆုချင်း ဆုမဲတွေနှင့် ဝေဝေဆာဆာပဒေသ ဆုမဲများ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

#ymg/sth
#Yangon_Media_Group