#LocalNews
Published_11 December 2022

 

တေးရေးတေးဆို သျှန်ထွဏ်း ( မြန်မာစာ)နှင့် ၎င်း၏ ညီမဖြစ်သူတို့ ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

 

သျှန်ထွဏ်း ( မြန်မာစာ)နှင့် ညီမ၊ဇတ်မင်းသား ဖိုးချစ်(ပန်တျာ)နှင့် သူ၏တပည့်ဖြစ်သူတို့အား ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်က ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း၊သျှန်ထွဏ်း ( မြန်မာစာ)နှင့် ညီမဖြစ်သူအား နေပြည်တော် အမြန်လမ်းတစ်နေရာနှင့် ဖိုးချစ်နှင့်တပည့်တို့ကို သူပိုင်ဆိုင်သည့် မင်္ဂလာဒုံရှိအနုပညာခြံတွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"သျှန်ထွဏ်းတို့မောင်နှမက မနေ့က(ဒီဇင်ဘာလ ၁၀ ရက်)မှာ လွတ်လာတာ၊ဖိုးချစ်နဲ့ သူ့တပည့်က မလွတ်သေးဘူး။စစ်နေတုန်းလို့ သိရတယ်။ဘာလို့ထိန်းသိမ်းလဲဆိုတာတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူးခင်ဗျ"ဟု အနုပညာလောကနှင့် နီဒစပ်သူတစ်ဦးက ပြောသည်။

 

အဆိုပါ သတင်းနှင့်ပတ်သက်၍ နစက သတင်းပြန်ကြားရေးတာဝန်ရှိသူများအား YMG အနေဖြင့် ဆက်သွယ် မေးမြန်း၍ မရနိုင်သေးပေ။

 

ymg/mt
#Yangon_Media_Group