Published 8 Dev 2022

အိန္ဒိယရုပ်ရှင်မင်းသား ရန်ဘီရာကာပူးဟာ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါ့မှာ ကျင်းပနေတဲ့ ပင်လယ်နီ နိုင်ငံတကာရုပ်ရှင်ပွဲတော် (၇)ရက်မြောက်နေ့မှာ ဗရိုက်တီ နိင်ငံတကာ ဦးစီးသရုပ်ဆောင်ဆု Variety International Vanguard Actor Award ကို ဒီဇင်ဘာ (၇)ရက်က ရရှိသွားပါတယ်။ ပရိဿတ်တွေက ပွဲတော်ကိုရောက်ရှိလာတဲ့ သူ့ကို အော်ဟစ်ကြိုဆိုခဲ့ကြပါတယ်။

အခုအခါ အသက် ၄၀ရှိပြီဖြစ်တဲ့ မင်းသား ရန်ဘီရာကာပူးဟာ မင်းသားကြီး ရီရှီကာပူးနှင့် နီတူဆင်းတို့ရဲ့ သားဖြစ်ပြီး  ဒါရိုက်တာ ရုပ်ရှင်မင်းသား ရာ့ချ်ကာပူးရဲ့မြေးဖြစ်ပါတယ်။ သူဟာ ဟိန္ဒူဘာသာစကား ရုပ်ရှင်တွေမှာ ထင်ရှားသူဖြစ်ပြီး သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိသူတွေထဲမှာ တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ထူးချွန်ဆု (၆)ဆုအပါအဝင် ဆုများစွာရရှိထားပါတယ်။

“သိပ်စိတ်လှုပ်ရှားမိတယ်။ ဂျက်ဒါ့ကို ဒါ   ကျွန်တော်ပထမဆုံးရောက်ဖူးတာ။ ဒီလိုဖြစ်ဖို့ မေတ္တာရပ်ခံခဲ့တာ နှစ်ကြိမ်ရှိပြီ လို့ ကျွန်တော်သိပါတယ်။ အလွန့်ကိုစိတ်လှုပ်ရှားရတယ်..အသံသွင်းဖို့ အလွန့်ကိုစိတ်လှုပ်ရှားတယ်။ ကျွန်တော် ရုပ်ရှင်ပွဲတော်တွေကိုသဘောကျတယ်။ ရုပ်ရှင်တွေနှင့် ရုပ်ရှင်တွေရဲ့ ဆန်းကြယ်မှုတွေနှင့်ပတ်သက်တဲ့ ဝန်းကျင်ရနံ့တွေ ရတယ်လေ။ အဲဒါကြောင့် ပျော်စရာပေါ့ “ လို့ ရန်ဘီရာကာပူးကပြောပါတယ်။

ပင်လယ်နီရုပ်ရှင်ပွဲတော်ကို ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါ့မှာ ဒီဇင်ဘာ ၁ရက်မှ ၁၀ရက်အထိကျင်းပနေတာဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်မှာ အာရပ်နှင့်နိုင်ငံတကာရုပ်ရှင်ဇာတ်ကားတွေ ကော်ဇော်နီအထူးပွဲပြသတာတွေအပြင် အလုပ်ရုံဆွေးနွေး ပွဲတွေ၊ သင်တန်းတွေနှင့် လုပ်ငန်းကွန်ယက်ချိတ်ဆက်မှုတွေကိုပါ ကျင်းပပေးနေတာဖြစ်ပါတယ်။

Source: AFP

#Ranbir_Kapoor

#Red_Sea_International_Festival

#Saudi+Arabia_Jeddah