#LocalNews
Published_ 8 Dec 2022

 

အီရတ်နိုင်ငံတွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်နေသော မြန်မာအမျိုးသမီး ၃ ဦး အခက်အခဲ အမျိုးမျိုးဖြစ်နေကာ နေရပ်ပြန်လိုနေကြကြောင်း သိရသောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်သွယ်ကူညီခဲ့ရာတွင် ၃ ဦး ထဲမှ မစုမွန်ထွေး နှင့်အဆက် အသွယ်ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

"အီရတ်နိုင်ငံမှာ အိမ်အကူသွားရောက်လုပ်ကိုင်တဲ့ မြန်မာမိန်းကလေး ၃ ဦးထဲမှာ မစုမွန်ထွေး နဲ့ အဆက် အသွယ်ရရှိခဲ့ပါတယ်။ လေယာဉ်လက်မှတ် ကိုယ်တိုင်ဝယ်ပြီးတော့ ပြန်ဖို့ သဘောတူချက်ရပြီးဖြစ်ပါတယ်။ကျန် ၂ ဦးမှာ အဆက်အသွယ်မရရှိသေးပါ။ မစုမွန်ထွေးဆီက သိရတာက သူနဲ့လည်း ကျန်တဲ့ နှစ်ယောက်နဲ့ အဆက်အသွယ်မရဘူး၊ ဖုန်းတွေကို သိမ်းထားတယ်လို့ ယူဆရတယ်လို့ ပြောပါတယ်"ဟု နစက တာဝန်ရှိသူက ပြောသည်။

 

မစုမွန်ထွေးက ၎င်းအနေဖြင့် သူမအား အီရတ်ကို ပို့ပေးသည့် အေဂျင်စီနှင့် အသက်အသွယ်ရသွားတာကြောင့် လေယာဉ်လက်မှတ်ဝယ်၍ ပြန်ရန် ပြောဆိုပြီးဖြစ်ကြောင်းလည်း viber က တစ်ဆင့် ပြောဆိုထားသည်။

 

"သမီးအဆင်ပြေသွားပြီဆရာ၊အေ့ဂျင့်ကလေ သမီးကို ညှိပေးပြီတဲ့ ၊ လေယာသ်လက်မှတ်ပဲ ဖြတ်ပြီး ပြန်ရမယ်၊ကူညီကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"ဟု ယင်းအသံဖိုင်တွင် ပြောဆိုထားသည်။

 

ymg/mt
#Yangon_Media_Group