#Local_News
Published_ 9 January 2023
လတ်တလောမှာ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေကို မကျွေးမွေးမစောင့်ရှောက်နိုင်တော့လို့ လမ်းဘေးမှာပစ်သွားတာမျိုးတွေအဖြစ်များနေတယ်လို့ မြဆည်းဆာဘိုးဘွားရိပ်သာ၊အကျိုးတော်ဆောင် ကိုဇင်မိုးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_9 January 2023
လက်တလောမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ပိတ်ထားပေမယ့် လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမယ်ဆိုပြီး လိမ်ညာမှုတွေ ရှိနေတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 9 January 2023
၁။ လူမှုကွန်ရက်တွင် ပတ်စ်ပို့လုပ်ပေးမည်ဟု ကြေညာပြီး လိမ်လည်မှုများရှိနေ
၂။ သက်ကြီးရွယ်အိုဘိုးဘွားများကို လမ်းဘေးတွင်ပစ်သွားခြင်းများအဖြစ်များနေ
၃။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မတ်ပဲနှင့်ပဲတီစိမ်း အများဆုံးတင်ပို့ထား
၄။ (၈,၀၀၀)ကီလိုမီတာကွာဝေးသည့် တောင်အမေရိကမှဖရန့်ချ်ပိုလီနေရှာသို့ အမျိုးသမီး(၆)ဦးလှေလှော်ခရီးစတင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 9 January 2023
တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းမှာရှိတဲ့ မူဆယ်-ရွှေလီ ရဲ့ နယ်စပ်ဂိတ်(၃)ခု ကို တရုတ်ဘက်က ဖွင့်တယ်လို့ ကြေညာပေမဲ့ မြန်မာနိုင်ငံဘက်က ပေးမဖွင့်သေးပါဘူး။
#Yangon_Media_Group
#LocalNews
Published_ 9 January 2023
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာကျဆင်းလာပြီး လက်ရှိတွင်လည်း အကျဈေးနှုန်းဖြင့် ရပ်တန့်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းအထိ တစ်လီတာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်နေရာမှ ယခုတပတ်အတွင်း တဖြေးဖြေးအကျဖက်သို့ ဦးတည်လာနေခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့(ဇန်နဝါရီလ ၉ ရက်)တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၅၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၀၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၈၀ ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ယင်းအပြင် လက်ကားရည်ညွှန်းဈေးနှုန်းများအနေဖြင့် 92 တစ်လီတာလျှင် ၁၈၅၂ ကျပ် ဖြစ်ပြီး 95 တစ်လီတာကို ၁၉၂၂ ကျပ်ဖြင့် ရောင်းချရန် ရည်ညွှန်းသတ်မှတ်ပေးထားကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရှိ စက်သုံးဆီရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည်ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှော င်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေးကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 9 January 2023
(၂၀၂၃)ခုနှစ် ဇန်နဝါရီလအတွင်းဂျာမန်ဘာသာစကား အခမဲ့လေ့လာသင်ယူနိုင်မည့် Free Trial Classကို အွန်လိုင်းကနေတစ်ဆင့်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းGoethe -Institut Myanmar မှ သိရသည်၊၊
သင်တန်းကို ဇန်နဝါရီလ (၁၁) ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြေခံသိရှိထားရမည့်ဂျာမန်ဘာသာ စကားအကြောင်း ၊ အက္ခရာများနှင့်အသုံးဝင်မည့်စကားလုံးများကို လေ့လာရမည်ဖြစ်၍ ဂျာမန်ဘာသာဖြင့်ပတ်သတ်သည့်အခြေခံဗဟုသုတများကို လေ့လာနိုင်မည်ဖြစ်သည်၊၊
Free Trial Class ကိုအွန်လိုင်းကနေပြုလုပ်မှာဖြစ်ပြီး လူဦးရေ (၅၀) အထိသာလက်ခံသွားမှာဖြစ်လို့ စိတ်ဝင်စားသူတွေအနေဖြင့်ဇန်ဝါရီလ (၁၁) ရက် ၊ နံနက် (၁၀) နာရီ နောက်ဆုံးထားပြီး
ပါဝင်သင်ကြားလိုသူများအနေဖြင့် ဇန်ဝါရီလ (၁၁) ရက် ၊နေ့လည် (၁) နာရီ မှ နေ့လည် (၂ ၀၀) နာရီအထိ Zoom Meeting ဖြင့် ပါဝင်တက်ရောက်နိုင်မည်ဖြစ်ပြီး ဥရောပနိုင်ငံတော်တော်များများတွင်လည်း ဂျာမန်ဘာသာစကားကို အသုံးပြုကြ၍ ဂျာမန်စာလေ့လာထားခြင်းကအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 9 January 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နာရေးပို့ဆောင်သည့်ကားတစ်စီး ချောက်ထဲထိုးကျ၍ ယာဉ်ပေါ်တွင်လိုက်ပါသူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ယခုအခါ မော်လမြိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရကြောင်း မော်လမြိုင်အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
အသုဘပို့ဆောင်ရန်ရပ်ထားသည့်ယာဉ်မှာ ယာဉ်မောင်းမရှိချိန်ဂီယာပြုတ်ကျ၍ ချောက်ထဲထိုးကျခဲ့မှု ဇန်နဝါရီလ ၈ ရက် ညနေ ၂နာရီ မိနစ်၄၀ခန့်က မော်လမြိုင်မြို့၊ သွေးသောက်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ယာဉ်က ချောက်ထဲထိုးကျသွားတော့ အသုဘပို့ဖို့လိုက်ပါလာတဲ့သူထဲက ၅ဦး ထိခိုက်ရခဲ့တယ်။ ဒဏ်ရာပြင်းထန်တဲ့သူတော့မရှိဘူး။ ဒဏ်ရာရတဲ့သူတွေကို လူမှုကယ်ဆယ် ရေးအသင်းတွေက ဆေးရုံကို ပို့ပေးခဲ့ပါတယ်” မော်လမြိုင်အရေးပေါ်လူမှုကယ်ဆယ် ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ymg/mt
#Yangon_Media_Group



#LocalNews
Published_ 9 January 2023
ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ကျပ် ၄၅၃၀ ကျပ်သတ်မှတ်ပေးထားကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ပြီးခဲ့သည့်တစ်ပါတ်ထက် ၆၀ ကျပ် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်အထိ သတ်မှတ်ထားပေးထားခြင်းဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကိုနေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းနေရကြောင်း သိရသည်။
ယင်းအပြင် ပြင်ပဈေးကွက်တွင်လည်း စားအုန်းဆီတစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း ရောင်းချသူများထံမှ သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 9 January 2023
ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား ၄င်းတို့စုဆောင်းထားသည့် ရှေးဟောင်းဝတ္တုပစ္စည်း(၄၆၇)ခုနှင့် ကျောက်ဖြစ်ရုပ်ကြွင်း(၂၂၅)ခု ထိန်းသိမ်းခွင့်ပေးအပ်လိုက်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲမှသိရသည်၊၊
အဆိုပါ ထိန်းသိမ်းခွင့်ပေးအပ်သည့်'ရှေးဟောင်းဝတ္တုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ( ၅)ရက်က ပုဂံရှေးဟောင်းသုတေသနဌာနခွဲ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
အခမ်းအနားကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲမှတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဝင်များနှင့် Bagan Myanmar Group of companies မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ဌာနခွဲညွှန်ကြားရေးမှူးမှ ဦးအောင်ကြည်(အထွေထွေမန်နေဂျာ၊ Bagan Myanmar Group of Companies) ထံသို့ ၎င်းတို့စုဆောင်းထားသည့်ရှေးဟောင်းဝတ္တုပစ္စည်း(၄၆၇)ခုနှင့် ကျောက်ဖြစ်ရုပ်ကြွင်း(၂၂၅)ခုတို့အတွက် ထိန်းသိမ်းခွင့်လက်မှတ်နှင့် ရှေးဟောင်းဝတ္တုပစ္စည်းစာရင်း မှတ်တမ်းစာအုပ်တို့ကိုပေးအပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ymg/tthl
#Yangon_Media_Group




#LocalNews
Published_9 January 2023
ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို အရေးပေါ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များအပါအဝင် မြို့နယ်အချို့တွင် လျှပ်စစ်မီးယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်သည်။
ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၃ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ရပ်တန့်ပြုပြင်ရပြီး ရတနာဓာတ်ငွေ့ ပို့လွှတ်မှုအရေးပေါ် ရပ်တန့်ရမှု (Totally Shut Down )ဖြစ်ပေါ်သွားသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းလျက်ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျှော့နည်းနေခြင်းကြောင့် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြုပြင်နေစဉ်တွင် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Health
Published 9 January 2023
ကိုယ်အလေးချိန်လျှော့ချဖို့ ကယ်လိုရီတွက်ချက်ပြီး စားသုံးနေတဲ့သူတွေအနေနဲ့ ပြန်လည်စဉ်းစားဖို့လိုအပ်နေပါပြီ။
ကယ်လိုရီတွက်ချက်စားလို့ ဝိတ်လျော့တာနဲ့ပတ်သက်ပြီး အထောက်အထားအနည်းငယ်သာတွေ့ရကာ အဲဒီအစား အစားအစာရဲ့အရည်အသွေးကိုသာ အလေးထားသင့်ကြောင်း၊ ကယ်လိုရီတွက်ချက်စားသုံးခြင်းက လုံးဝအဓိပ္ပာယ်မရှိကြောင်း ယူကေမှ ပညာရှင်ကဆိုပါတယ်။
ကယ်လိုရီထိန်းသိမ်းခြင်းဖြင့် ဝိတ်လျော့နိုင်ပေမယ့် ခန္ဓာကိုယ်လိုအပ်ချက်တွေ ဖြစ်ပေါ်နိုင်ကာ ဆာလောင်စိတ်ပိုမိုဖြစ်ပေါ်တတ်ပါတယ်။
ကယ်လိုရီစားသုံးခြင်းကို ထိန်းချုပ်ခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်တွေကို နှောင့်နှေးသွားစေပါတယ်။
ထိုကဲ့သို့ကျင့်ကြံစားသုံးသူ ၉၅ ရာခိုင်နှုန်းလောက်က မူလအလေးချိန်ကိုပြန်ရောက်နိုင်တဲ့အပြင် ပိုပြီးတောင် ဝလာတတ်ကြပါတယ်။
စားသောက်ကုန်လုပ်ငန်းတွေက ကယ်လိုရီ၊ အဆီဓာတ်၊ သကြားဓာတ်ပါဝင်မှုတို့ကို အာရုံစိုက်အောင်ဆွဲဆောင်ပြီး အရည်အသွေးကိုကျ မေ့လျော့နေအောင် ပြုလုပ်ကြပါတယ်။
ဒီလိုနဲ့ ကုန်ကြမ်းအစစ်မဟုတ်တာတွေနဲ့ ထုတ်လုပ်လာကာ အကျိုးအမြတ်အလွန်ဖြစ်ထွန်းလာကြပေမယ့် စားသုံးသူတွေကတော့ ရောဂါပိုးတွေသာ များပြားလာပါတယ်။
ဒါကြောင့် မူလရင်းမြစ်ကုန်ကြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေဖြစ်တဲ့ မြေပဲ၊ အစေ့အဆန်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တို့ကိုသာ အလေးထားစားသုံးသင့်ကြောင်း ပြောပြခဲ့ပါတယ်။
ဝိတ်ကျချင်တဲ့သူတွေအနေနဲ့ အမျိုးမျိုးသောအစားအစာတွေကို စားသုံးပေးသင့်ပါတယ်။
အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အစားအစာများကိုရှောင်ရှားခြင်း၊ တစ်နေ့ကို အစာစားချိန် ၁၀ နာရီအတွင်းထားရှိခြင်း၊ တစ်ပတ်အတွင်း အရွက် ၃၀ ခန့်စားသုံးခြင်းတို့ဖြင့် ဝိတ်လျော့အောင် ထိန်းသိမ်းနိုင်ပါတယ်။
ကျန်းမာရေးနဲ့ လျော်ညီစွာ ဝိတ်ကျဖို့က ရက်ပိုင်းနဲ့မရဘဲ လချီနှစ်ချီကြာမြင့်ပါတယ်။
Source: NY Post.
#Yangon_Media_Group
#World_News
Published 9 January 2023
ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများဖြေရှင်းဖို့အတွက် အင်္ဂလန်မှာ တစ်ခါသုံးပလတ်စတစ် ဇွန်းခရင်းများနဲ့ ပန်းကန်ပြားများကို ပိတ်ပင်တော့မှာဖြစ်တယ်လို့ အစိုးရကအတည်ပြုလိုက်ကြောင်း ဒေးလီးမေးလ်က ဇန်နဝါရီ ၈ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
အစိုးရအဖွဲ့က အခုလိုပိတ်ပင်မယ့်အကြောင်း သေချာစဉ်းစားနေတယ်လို့လည်း ပြီးခဲ့တဲ့လက ဖော်ပြခဲ့ကြပါတယ်။
အခုနောက်ဆုံးဖော်ပြချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး'သရီဇာကော်ဖေး'က တစ်ခါသုံးပလတ်စတစ်ပစ္စည်းများအား တားမြစ်ဖို့ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
ပတ်ဝန်းကျင်၊ အစားအစာနှင့်ရပ်ရွာကြီးကြပ်ရေးဌာနမှ ထိုကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
'ကော်ဖေး'ကပြောကြားရာမှာ ပလတ်စတစ်ခရင်းတစ်ချောင်းဆိုရင် ပျက်စီးပြိုကွဲဖို့ နှစ်ပေါင်း ၂၀၀ ခန့် ရာစုနှစ် ၂ ခုနီးပါးကြာမြင့်နိုင်ကြောင်း၊ မြေကြီးထဲမှာ ကျန်ရှိနေနိုင်သလို သမုဒ္ဒရာပင်လယ်များ ညစ်ညမ်းစေပြီး သက်ရှိသတ္တဝါတွေကို ထိခိုက်စေနိုင်ပါတယ်။
"ဒီကိစ္စကိုပဲ ရှေ့ဆက်ဖြေရှင်းဖို့ ဆုံးဖြတ်ထားပါတယ်။ လတ်တလောနှစ်တွေမှာ အရေးပါတဲ့အဆင့်တွေ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ထပ်လုပ်ဆောင်စရာရှိသေးသလို ပြည်သူတွေရဲ့တုန့်ပြန်သံကိုလည်း နားထောင်ရပါဦးမယ်" လို့ ပြောပြသွားပါတယ်။
"ဒီလိုပိတ်ပင်လိုက်ခြင်းဖြင့် ပလတ်စတစ်အကြွင်းအကျန်ပေါင်း ဘီလီယံနဲ့ချီပြီး ညစ်ညမ်းနေခြင်းကို ရပ်တန့်ရာမှာ အထောက်အကူဖြစ်စေနိုင်ပြီး နောက်မျိုးဆက်တွေအတွက်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ အကူအညီဖြစ်စေပါတယ်"
ပိတ်ပင်ချက်ထဲမှာ ပလတ်စတစ်ပန်းကန်ပြား၊ ဇလုံ၊ ဇွန်းခရင်း၊ ပလတ်စတစ်တုတ်ချောင်း၊ ပိုလီစတိုင်ရင်းခွက်တွေနဲ့ စားစရာထည့်စရာတို့ ပါဝင်နိုင်ပြီး လာမယ့်ရက်သတ္တပတ် စနေနေ့က စတင်သတ်မှတ်သွားဖွယ်ရှိနေပါတယ်။
Source: WION
#Yangon_Media_Group
Page 1415 of 2000