#Local_News
Published_ 7 April 2023

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၇ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ယင်းပမာဏမှာ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၄၆၂ ဒသမ ၁၃ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ပြီး မြဝတီနှင့် ထီးခီးနယ်စပ်ဂိတ်တို့မှ ကုန်သွယ်မှု အများဆုံးပြုလုပ်ထားခြင်းဖြစ်‌ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

 

မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် တာချီလိတ် နယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၁၄၈ သန်းကျော်၊ မြဝတီနယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၃ ဘီလီယံကျော်၊ ကော့သောင်းနယ်စပ်ဂိတ်မှ ၂၂၄ သန်းကျော်၊ မြိတ်နယ်စပ်ဂိတ်မှ ၁၃၂ သန်းကျော်၊ ထီးခီးနယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၂ ဒသမ ၇၂ ဘီလီယံကျော်နှင့် မောတောင်နယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၁၅ သန်းကျော်ရရှိထားကြောင်းဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

 

အများဆုံး ပို့ကုန်ပစ္စည်းများအနေဖြင့် CMP၊ SEZ (အထည်အလိပ်)၊ ဆန်မှုန့်၊ ပြောင်း၊ ဖြတ်စ(အလူမီနီ ယံဗူးခွံ)၊ မြေပဲ၊ ငါးပိ၊ ငရုတ်၊ မန်ကျည်းသီး(အစေ့ပါ)၊ ကြက်သွန်နီ၊ ရေထွက်၊ ဆန်ကွဲ၊ ပီလောပီနံ၊ ဂေါ်ဖီထုပ်၊ Transformer Main၊ စတီး(ငြမ်းစင်)၊ ပဲတီစိမ်း တို့ဖြစ်ကြောင်း သိရသည်။
ymg/ppk
#Local_News #မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး
#YMG #Yangon_Media_Group