#Local_News
Published_ 7 April 2023

ယခုနှစ်သင်္ကြန်ပွဲတော်တွင် လူငယ်သင်္ကြန်ဇုန်များ ထည့်သွင်းထားမည်ဖြစ်ပြီး လူငယ်များ ဆပ်ပြာမူန့်များဖြင့် ပျော်ရွှင်စွာ ကစားနိုင်မည့် Form Party နှင့်လူငယ်များအတွက် ရောင်စုံသင်္ကြန် Colourful Party များထည့်သွင်းကျင်းပပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။

 

ဧပြီလ ၆ရက်နေ့က ပြည်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် နေပြည်တောင်ကောင်စီနယ်မြေအတွင်း တိုင်းရင်းသားရေကစားမဏ္ဍပ် ပြင်ဆင်ဆောက်လုပ်ထားရှိမှုနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အများပြည်သူ လျှောက်လမ်းများအပေါ်တွင် ရေမှုန်ရေမွှားများဖြင့် ပက်ဖျန်းပေးနိုင်ရေး ဆောင်ရွက်ပြင်ဆင်နေမှုများ၊ သနပ်ခါးသင်္ကြန်ဇုန်နှင့် ဝင်ပေါက်အမှတ် (၁) တည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးနိုင်ဖို့ညွှန်ကြားခဲ့ကြောင်းသိရသည်။

 

ရန်ကုန်မြို့မှာလည်း ယခုနှစ်သင်္ကြန်ပွဲတော်အတွက် မြို့တော်ခန်းမအနီးမှာ ဗဟိုရေကစားမဏ္ဍပ် တည်ဆောက်နေပြီး မဟာဗန္ဓူလပန်းခြံဘေးမှာလည်း လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ စီစဉ်နေကြောင်းသိရသည်။ဒါ့အပြင် ရန်ကုန်မြို့ပြည်သူရင်ပြင်တွင်သင်္ကြန်ပွဲတော်ကျင်းပဖို့ စီစဉ်ထားကြောင်း သိရသည်။

 

ယခုနှစ်ရန်ကုန်သင်္ကြန်ပွဲတော်အတွင်း စည်ပင်သာယာ ရေပိုက်လိုင်း၊အင်းလျားကန်နှင့်ကန်တော်ကြီးတို့မှ ရေဆက်သွယ်ကစားလိုပါက ဧပြီ၁၃ရက်နေ့ (အကြိုနေ့)နောက်ဆုံးထားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမူ)သို့ ယာယီရေဆက်သွယ်ခွင့်လျှောက်ထားရမှာဖြစ်ကြောင်း အဆိုပါကော်မတီမှထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News ##ယခုနှစ်သင်္ကြန် #Form Party #Colourful party
#YMG #Yangon_Media_Group