Published 6 April 2023

တရုတ်နိုင်ငံက အလယ်ပိုင်းနှင့် မြောက်ပိုင်း ထိုင်ဝမ်ရေလက်ကြားမှာ ပူးတွဲကင်းလှည့်စစ်ဆင်ရေးတစ်ခုကို စတင်နေတယ်လို့ ဖူကျန့် ရေကြောင်းလုံခြုံရေး အာဏာပိုင်က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

ဒီစစ်ဆင်ရေးဟာ အဆိုပါအဖွဲ့ရဲ့ တစ်နှစ်တာ ကင်းလှည့်ဆောင်ရွက်မှုအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး များစွာသော ရေကြောင်းစစ်ရေယာဉ်တွေပါဝင်ကြပါတယ်လို့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာဖော်ပြထားပါတယ်။အဲဒီ ဆောင်ရွက်မှုထဲမှာ ထိုင်ဝမ်ရေလက်ကြား သရုပ်ဖော်မြေပုံတစ်ခုလည်းပါဝင်ပါတယ်။

ဟိုင်ရွှန်း၀၆လို့ခေါ်တဲ့ ပင်လယ်ကင်းလှည့်အမှတ်(၆) လိုကြီးမားတဲ့ ရေကြောင်းကင်းလှည့်ရေယာဉ်တွေကို ထိုင်ဝမ် ရေလက်ကြားမှာ ဖြန့်ကျက်ချထားတာဖြစ်တယ်လို့ တရုတ်မီဒီယာအုပ်စုရဲ့ ယူယွမ်တန်ကျန်း အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

Source CCTV+

#တရုတ်နိုင်ငံရေကြောင်းကင်းလှည့်စစ်ဆင်ရေး

#ထိုင်ဝမ်ရေလက်ကြား_တရုတ်ကင်းလှည့်စစ်ဆင်ရေး

#YangonMediaGroup

Published 6 April 2023 တရုတ်နိုင်ငံက အလယ်ပိုင်းနှင့် မြောက်ပိုင်း ထိုင်ဝမ်ရေလက်ကြားမှာ ပူးတွဲကင်းလှည့်စစ်ဆင်ရေးတစ်ခုကို စတင်နေတယ်လို့ ဖူကျန့်"/>