#Local_News
Published_ 10 January 2023
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဌဝတီမြစ်အပါအဝင် မြန်မာနိုင်ငံရှိမြစ်တော်တော်များများတွင် မြစ်ရေနည်းခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊
ဇန်နဝါရီလ(၁၀)ရက်ကထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်အရသိရခြင်းဖြစ်သည်၊၊
ဧရာဝတီမြစ်ရေသည် မန္တလေးစခန်းတွင်ရေနည်းစိုးရိမ်အမှတ် ရေနည်းသတိပေးချက်(၃၆၀)စင်တီမီတာအောက်(၂၇၈)စင်တီမီတာသို့ ရောက်ရှိနေပြီးနောက် (၂၄)နာရီအတွင်း (၂၇၅)စင်တီမီတာအထိ လျော့နည်းသွားနိုင်သည် ဟုဆိုသည်၊၊
မြစ်ရေလျော့နည်းခြင်းကြောင့် သင်္ဘောများ၊ စက်လှေများသောင်တင်ခြင်း၊ သောင်ဖြင့် တိုက်မိခြင်းနှင့်သွားလာရန်ခက်ခဲခြင်းများ ကြုံတွေ့နိုင်သဖြင့် သတိပြုသွားလာရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊
ဧရာဝတီမြစ်ရေသည် မန္တလေးစခန်းအပြင် စစ်ကိုင်း၊ မင်းဘူး၊ မကွေး၊ချောက်၊ ညောင်ဦးစခန်းများတွင်လည်း မြစ်ရေများနည်းနေပြီး ရေနည်းသတိပေးချက်နားနီးလာပြီဖြစ်သလို ချင်းတွင်းမြစ်ရေသည် မုံရွာစခန်းတွင်ရေနည်းသတိပေးချက်နားနီးလာပြီဖြစ်ကြောင်းနှင့် ကျန်မြစ်များတွင်လည်း မြစ်ရေနည်းပါးကျဆင်းလာကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ January 2023
လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၀ ကျော်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ နိုင်ငံသို့ Regular လုပ်သာ ၈၈ ဦး၊ Re-entry လုပ်သား ၅၃ ဦး စုစုပေါင်း ၁၄၁ ဦးကို စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားကြောင်း၊ လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။
တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 10 January 2023
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရွှေဆိုင်တစ်ဆိုင်မှ ရွှေများကို လုယက်ယူဆောင်သွားသည့် အသက် (၃၄) နှစ်အရွယ် ထိုင်းလူမျိုး အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်အတွင်း မြန်မာရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း Maesaipress က ရေးသားထားသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ခုကို ဝင်ရောက်၍လုယူခဲ့သည့်အဆိုပါ အမျိုးသားအနေဖြင့် ရွှေများကို ရောင်းချကာ မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ လောင်းကစားရုံတွင် အကြွေးဆပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယူလာသည့် ရွှေအလေးချိန် (၅)ကျပ်သားကို ထိုင်းဘတ်ငွေ (၁၅၃၅၀၀)ဘတ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းထိုင်းနိုင်ငံသားမှာ နှာခေါင်းစည်း (Mask) တပ်ဆင်၍ ရွှေဆိုင်သို့ ၂ ကြိမ်လာရောက်ခဲ့ပြီး ဒုတိယအကြိမ်လာရောက်ချိန်တွင် လုယက်ယူ ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကိုဖမ်းဆီးရမိရန် ထိုင်းဘတ်ငွေ ၅ သောင်း ဆုကြေးထုတ်ထားခြင်းခံရသူလည်း ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_10 January 2023
ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနှင့်အတူ အသင်းရည်ညွှန်းဈေးနှုန်းမှာလည်း အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သား ၂၂ သိန်းကျော်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှစတင်ပြီး ကမ္ဘာ့ရွှေဈေးမှာဆက်တိုက်မြင့်တက်လာခဲ့ပြီး ပြည်တွင်းရွှေဈေးကွက်တွင်လည်း ဈေးအနည်းငယ်မြင့်တက်လာကြောင်း၊ ယင်းအပြင် ယနေ့(ဇန်နဝါရီလ ၁၀ ရက်) တွင်အသင်းမှထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းမှာ ၂၂ သိန်းကျော်ဖြစ်ပြီးယမန်နေ့ထက် မြင့်တက်နေကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေး၊ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း အတက်အကျတွေအပေါ် အဓိက သက်ရောက်မှုရှိနေခြင်းဖြစ်ကြောင်း၊ လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေစုဆောင်းလိုမှုသည်လျော့ကျလာပြီး ဝယ်လိုအားထက် ရောင်းလိုအားပိုများနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။
ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရည်ညွှန်းဈေးနှုန်းကိုသာ ထုတ်ပြန်ပေးနေခြင်းဖြစ်ပြီး ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ခွင့်ပြုထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 10 January 2023
အွန်လိုင်း ငါးပစ်ဂိမ်း၊ စလော့ဂိမ်း ကြေငြာများကို စုံစမ်းဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ အရေးယူမှုများကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများအား နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
"စုံစမ်းဖော်ထုတ်ပြီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်"ဟု အဆိုပါ သတင်းထုတ်ပြန်ရေးက ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။
"အရေးယူဖို့လုပ်တာကို သဘောတူပါတယ်။ တရားလွန်နေပြီ၊ ဒါက အရေးယူကိုယူရမယ်။ ဖိလစ်ပိုင်တို့ ထိုင်းတို့မှာ ခွင့်မပြုဘူးလေ၊ ဒီမှာက လုပ်ချင်သလို လုပ်နေတဲ့သဘော။ ကြော်ငြာကို မူတည်ပြီးလုပ်နေတာ။တွေ့တဲ့ page မှာ ကြော်ငြာထည့်တယ်။ လူငယ်တွေ မွဲသွားတာရှိတယ်။ အစပိုင်းကတော့ လျော်တယ်ဆိုပြီး ပျော်နေကြတယ်။နောက်ပိုင်း ကျတော့ ကုန်ရော။ အခုကကျတော့ ဆုံးဖြတ်တာ မမှန်ဘူး။ ဒီကောင်တွေလက်ထဲမှာ ရှိနေတာ။ ကံနဲ့ ဆုံးဖြတ်တာမဟုတ်ဘူး။စနစ်မကျဘူး"ဟု အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ဆောင်းပါးရှင် ကိုပေါက်က အဆိုပါ ဂိမ်းများမှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းအမျိုးမျိုးပေါ်တွင် နည်းပညာအသစ်အဆန်းများ အဆက်မပြတ်ပေါ်ထွက်လာနေသည့်အပြင် လူငယ်များစိတ်ဝင်စားသည့် ဂိမ်းအသစ်အဆန်းများလည်း ပလူပျံအောင်ပေါ်ထွက်လာနေခြင်းမှာ ဆိုးကျိုးဖြစ်လာနိုင်ကြောင်း သုံးသပ်ထားသည်။
"နည်းပညာတွေ တိုးတက်ဖြစ်ထွန်းလာတာဟာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိနေပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းအမျိုးမျိုးပေါ်မှာ နည်းပညာအသစ်အဆန်းတွေ အဆက်မပြတ်ပေါ်ထွက်လာနေသလို လူငယ်တွေစိတ်ဝင်စားတဲ့ ဂိမ်းအသစ်အဆန်းတွေလည်း ပလူပျံအောင်ပေါ်ထွက်လာပါတယ်။ ဂူဂဲပလေး(Google Play)ရဲ့ နှစ်ပတ်လည်မှာဆိုရင် အကောင်းဆုံးအက်ပ် (Apps)တွေနဲ့ ဂိမ်းဆုတွေကို ကြေညာပေးကြသလို နည်းပညာကုမ္ပဏီတွေနဲ့ ကွန်ပျူတာပညာရှင်တွေကလည်း အမျိုးမျိုးအဖုံဖုံ ဖန်တီးမိတ်ဆက်ကြပါတယ်။ပလေးစတိုး(Play Store)မှာဆိုရင် သန်းနဲ့ချီတဲ့ ခေါင်းစဉ်တွေနဲ့ အကောင်းတကာ့အကောင်းဆုံးပေါ်ထွက်လာတဲ့ အက်ပလီကေးရှင်းအမျိုးမျိုးဟာ လူငယ်လူရွယ်တွေအတွက် စွဲမက်စရာဖြစ်စေ ခဲ့ပါတယ်။
နည်းပညာခေတ်မှာ လူငယ်နဲ့ လက်ကိုင်ဖုန်း၊ လူငယ်နဲ့အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေဟာအတော့်ကိုရေပန်းစားပါတယ်။ လူငယ်တွေဟာ ဖုန်းအသစ်အဆန်းတွေ၊ နည်းပညာအသစ်အဆန်းတွေကို မက်မောကြတာဟာ သဘာဝဖြစ်ပါတယ်။ နားလည်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာနိုင်တာတွေနဲ့ လူ့အသိုက် အဝန်းမှာမကောင်းတဲ့ လက္ခဏာတွေဖြစ်လာနိုင်တာတွေကိုတော့ ဖန်တီးသူ၊ အသုံးပြုသူနဲ့ အုပ်ထိန်းသူတွေ သတိပြုသင့်ပါတယ်"ဟု ၎င်းက ရေးသားထားသည်။
ဂိမ်းဆိုသည်မှာ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်မှုတွေကို စိတ်ကူးဖန်တီးထားသော အွန်လိုင်းကစားပွဲဖြစ်ပြီး နောက်ပိုင်းတွင် ပေါ်ထွက်လာသော စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း စသည့် ဂိမ်းများမှာ Callof Duty ကဲ့သို့ ပစ်ခတ်တိုက်ခိုက်သည့် ဂိမ်းများထပ်မံပေါ်ထွက်လာသောကြောင့် ကလေးသူငယ်လူငယ်များနှင့်လူ့ဘောင်လောက အနာဂတ်အတွက် စိုးရိမ်စရာရှိကြောင်းလည်း ယင်းက ဆိုသည်။
"ဂိမ်းစတင်ပေါ်တုန်းက ရိုးရိုးဂိမ်းလေးတွေ ဆော့ကစားကြရာမှ စတားဝါး (Star War) ကြယ်တာရာစစ်ပွဲပုံစံနဲ့ တိုက်ခိုက်ကြတဲ့ ကစားပွဲတွေအထိ စိတ်ဝင်စားဖွယ်၊ ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လောင်းကစားကိုအားပေးတဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း စတဲ့ ဂိမ်းတွေပေါ်ပေါက်လာပါတယ်။ နောက် Callof Duty လို ပစ်ခတ်တိုက်ခိုက်တဲ့ဂိမ်းတွေ ပေါ်ထွက်လာတဲ့အခါ ကလေးသူငယ်လူငယ်တွေနဲ့ လူ့ဘောင်လောက အနာဂတ်အတွက် စိုးရိမ်စရာတွေဖြစ်လာပါတယ်"ဟု ၎င်းက ရေးသားထားသည်။
#ymg/mt
#Yangon_Media_Group
#World_Politics
Published 10 January 2023
ဘရာဇီးလ်သမ္မတဟောင်း'ဂျာယဲဘိုလ်ဆိုနယ်ရို'ကို ထောက်ခံသူလူအုပ်ကြီးက မြို့တော်ဘရာဇီလီယာအနှံ့ရှိ အစိုးရအဆောက်အအုံတွေမှာ အဓိကရုဏ်းဖြစ်ပွားအောင် လုပ်ခဲ့တဲ့နေ့မှာပဲ 'ဘိုလ်ဆိုနယ်ရို'ဟာလည်း ဝမ်းဗိုက်အောင့်ခြင်းဝေဒနာကြောင့် အမေရိကန်ရှိ ဖလော်ရီဒါဆေးရုံတစ်ရုံသို့ တက်ရောက်ခဲ့ရပါတယ်။
အဆိုပါလက်ယာစွန်းရောက်ခေါင်းဆောင်ကို အော်လန်ဒိုမြို့အပြင်ဘက်ရှိ AdventHealth Celebration ကုသစောင့်ရှောက်ရေးဆေးရုံမှာ တင်ခဲ့ရကြောင်း ဇနီးဖြစ်သူ'မစ်ရှဲလ်ဘိုလ်ဆိုနယ်ရို'က အတည်ပြုပြောကြားခဲ့ပါတယ်။
"ပြည်သူပြည်သားအပေါင်းတို့... ကျွန်မခင်ပွန်း'ဂျာယဲဘိုလ်ဆိုနယ်ရို'ကို ဆေးရုံမှာစောင့်ကြည့်နေရပါတယ်၊ အကြောင်းရင်းကတော့ ၂၀၁၈ ခုနှစ်က ဆိုရှယ်လစ်နဲ့ လွတ်လပ်ရေးပါတီ အဖွဲ့ဝင်ဟောင်းတစ်ယောက်က ဓားထိုးခဲ့တဲ့အကျိုးဆက်ကြောင့် ဝမ်းဗိုက်မအီမသာဖြစ်လာလို့ပါ၊ သူ့ကျန်းမာရေးအတွက်ရော ဘရာဇီးလ်နိုင်ငံအတွက်ပါ ဆုတောင်းနေပါတယ်၊ ဘုရားသခင်ကောင်းချီးပေးပါစေ" လို့ ပြောကြားခဲ့ပါတယ်။
ဖော်ပြချက်များအရ 'ဘိုလ်ဆိုနယ်ရို'ရဲ့ အခြေအနေက စိုးရိမ်ရခြင်းမရှိပါဘူး။
၂၀၁၈ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတုန်းက ဓားထိုးခံခဲ့ရတဲ့အခြေအနေကြောင့် ခွဲစိတ်မှု ၆ ကြိမ်ပြုလုပ်ထားရပြီးဖြစ်ပါတယ်။
ဓားထိုးခဲ့သူဟာ တရားရုံးတက်ရန်အတွက် စိတ်မနှံ့သူဖြစ်နေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။
'ဘိုလ်ဆိုနယ်ရို'ဟာ သူ့ရဲ့သမ္မတသက်တမ်းမပြည့်မီ ၂ ရက်အလို ဒီဇင်ဘာ ၃၁ ရက်နေ့မှာပဲ အမေရိကန်သို့ သွားရောက်ခဲ့ပါတယ်။
အခုလို သက်တမ်းမပြည့်ခင် ထွက်ခွာသွားခြင်းက သမ္မတအသစ်'လူးဝစ်ဇ်အင်နာစီယိုလူလာဒါဆေလ်ဗာ'ထံ အစဉ်အလာအတိုင်း ရာထူးလွှဲအပ်ရေးကိစ္စ မပြီးမြောက်ရာကျပါတယ်။
အောက်တိုဘာလကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို 'ဘိုလ်ဆိုနယ်ရို'က လက်သင့်မခံနိုင်ဘဲ အကြိမ်ကြိမ်မေးခွန်းထုတ်နေခဲ့ကာ အခုလို အာဏာလွှဲပြောင်းရေးအခမ်းအနားကို မပြုလုပ်ခြင်းက 'ဘိုလ်ဆိုနယ်ရို'ရဲ့လက်ယာစွန်းရောက်ထောက်ခံသူတွေကို အချက်ပေးလိုက်တဲ့သဘော သက်ရောက်နေကြောင်း ကျွမ်းကျင်သူများက ထောက်ပြနေကြပါတယ်။
'ဘိုလ်ဆိုနယ်ရို'ကတော့ ယခုဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတိုက်ခိုက်မှုများကို ရှုတ်ချကြောင်း တွစ်တာပေါ်ကနေ ဖော်ပြခဲ့ကာ ဒီအတွက်သူ့မှာ တာဝန်မရှိကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကိုသာ ထောက်ခံကြောင်း ဆိုပါတယ်။
'ဘိုလ်ဆိုနယ်ရို'ထောက်ခံသူတွေ ဆန္ဒပြတာဟာ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က ကပ်ပီတိုလ်ဟေးလ် ကွန်ဂရက်လွှတ်တော်အဆောက်အအုံမှာ 'ဒေါ်နယ်ထရမ့်'ထောက်ခံသူတွေ ပုန်ကန်ရန်ကြိုးပမ်းခဲ့ခြင်းနဲ့ အလားတူနေပါတယ်။
ယခုလိုအခြေအနေတွေကြောင့် သမ္မတ'လူလာ'အနေနဲ့ အရေးပေါ်အမိန့်များထုတ်ပြန်ခဲ့ရကာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေးအတွက် မြို့တော်သို့ လုံခြုံရေးတပ်များစေလွှတ်ခဲ့ရပါတယ်။
AFP တင်ပြချက်အရ ဘရာဇီးလ်တရားရုံးချုပ်၊ ဘရာဇီးလ်ကွန်ဂရက်နဲ့ ပလေနယ်တိုသမ္မတအိမ်တော်တို့ကို ဝင်ရောက်စီးနင်းခဲ့သူတွေထဲက အယောက် ၄၀၀ ထက်မနည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
Source: WION
#Yangon_Media_Group
#World_Science
Published 10 January 2023
နွားချေးမှရရှိတဲ့စွမ်းအင်ကိုအသုံးပြုပြီး ကမ္ဘာ့ပထမဆုံးထွန်စက်ကို ဗြိတိန်ကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
မီသိန်းအရည်ဓာတ်ငွေ့စွမ်းအင်သုံး T7 ယာဉ်ဟာ ထိုကဲ့သို့ပထမဆုံးအမျိုးအစားဖြစ်ပြီး ယူကေလယ်ယာခြံတွေမှာ ထိရောက်တဲ့စွမ်းအင်ရရှိစေမှာဖြစ်ပါတယ်။
အဆိုပါထွန်စက်က လယ်ယာတွေရှိ နွားချေးတွေကနေရရှိတဲ့ စွမ်းအင်ကိုအသုံးချမောင်းနှင်နေပြီး ဒီဇယ်စွမ်းအင်သုံးကဲ့သို့ စွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။
နွားကောင်ရေ ၁၀၀ ခန့်ကနေ စွန့်ပစ်ပစ္စည်းတွေကိုရယူကာ ဇီဝမီသိန်းအဖြစ် ပြောင်းလဲပစ်တာဖြစ်ပါတယ်။
ဒီဓာတ်ငွေ့ကို ဖိနှိပ်ပြီး ထုတ်လွှတ်မှုနည်းတဲ့လောင်စာအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။
ထွန်စက်တိုင်ကီထဲမှာ မီသိန်းကိုအရည်အနေဖြင့် အနှုတ် ၁၆၂ ဒီဂရီမှာထိန်းသိမ်းအေးခဲထားပြီး ဒီဇယ်ကဲ့သို့ စွမ်းအင်ပေးနိုင်ပေမယ့် ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာ သက်သာစေပါတယ်။
ဒီစက်ကို ကော်နစ်ရှ်ကုမ္ပဏီဘင်နာမန်းက ထုတ်လုပ်ခဲ့ပြီး သူဟာ ဇီဝမီသိန်းထုတ်လုပ်မှုကို ဆယ်စုနှစ်တစ်ခုတာ ရှာဖွေလေ့လာနေသူဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးလုပ်ငန်းမှာ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးခြေလှမ်းဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
နှစ် ၂၀ ကျော်တဲ့အထိ မီသိန်းဟာ လေထုကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ပူနွေးလာခြင်းရဲ့ အဆ ၈၀ လောက်များပြားပြီး ဒါကိုဖယ်ရှားကာ အကျိုးရှိစွာအသုံးချခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို ထိရောက်စွာဟန့်တားနိုင်မှာ ဖြစ်ပါတယ်။
ဇီဝမီသိန်းရဲ့စွမ်းအားကိုရယူပြီး လယ်ယာခြံတွေမှာ စွမ်းအင်မှီခိုစရာမလိုဘဲ ကာဗွန်ပပျောက်စေမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန်ရှိ ပြပွဲတစ်ခုမှာ New Holland T7 Methane Power LNG ထွန်စက်ကို စတင်ပြသခဲ့ပါတယ်။
ကုမ္ပဏီက ဒီနည်းပညာကို ကျယ်ပြန့်စွာချဲ့ထွင်နိုင်ဖို့ လေ့လာနေပြီး တစ်ချိန်ကျရင် ကျေးလက်ဒေသတွေမှာ လျှပ်စစ်မော်တော်ယာဉ်များကို အားသွင်းစေနိုင်ဖို့ မျှော်လင့်ထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_ 10 January 2023
ရွှေလီနယ်စပ်ဂိတ်မှပြည်ဝင်မည့်သူများ ကျန်းမာရေးကုဒ်မလိုတော့ဘဲ(၄၈)နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်မရှိကြောင်းအထောက်အထားပြသရန်သာလိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ထားသည်၊၊
ထုတ်ပြန်ချက်တွင် ရွှေလီနယ်စပ်ဂိတ်တွင် ဂိတ်ဖြတ်သန်းသွားလာမှုများ ပြန်လည်စတင်ပြီးနောက် ပြည်ဝင်သူများသည် ကျန်းမာရေးကုဒ်လျှောက်ထားရယူရန်မလိုအပ်တော့ဘဲ(၄၈)နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါမရှိကြောင်း စစ်ဆေးမှုအစီရင်ခံစာကိုသာ လိုအပ်ပါသည်ဟု ဖော်ပြထားသည်၊၊
ပြည်ဝင်လာသည့် ကုန်တင်ကားများသည် ယာဉ်မောင်းနှင့် ယာဉ်၏အချက်အလက်များကို အကောက်ခွန်ဌာနထံ ကြိုတင်အကြောင်းကြားပြီး ပြည်ဝင်နိုင်သည်ဟု ဆိုသည်၊၊
ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအတွက် “B အဆင့်ကူးစက်မှုရောဂါကို B အဆင့် စီမံထိန်းချုပ်မှု” အကောင် အထည်ဖော်ဆောင်ပြီး ပြည်ဝင်လာသူများနှင့် ကုန်ပစ္စည်းများ စသည်တိုအပေါ် ကူးစက်ရောဂါစစ်ဆေးရေး စီမံခန့်ခွဲမှုအစီအမံများ မကျင့်သုံးတော့ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်၊၊
ဇန်နဝါရီလ (၈)ရက်တွင် ယူနန်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ရွှေလီနယ်စပ်ဂိတ်၊ တရုတ်-ဗီယက်နမ်နယ်စပ် ဟိုခို နန်ရှီးမြစ်နယ်စပ်ဂိတ်၊ တရုတ်-လာအိုနယ်စပ် မိုဟန်နယ်စပ်ဂိတ်တို၌ ဂိတ်ဖြတ်သန်းသွားလာရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
တရုတ်-မြန်မာနယ်စပ် တယ်ဟုန် တိုင်တိုင်းရင်းသား၊ ဂျိန်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြိုရှိ ရွှေလီနယ်စပ်ဂိတ်သည် တရုတ်-မြန်မာကုန်သွယ်ရေး၏ အကြီးဆုံး ကုန်းလမ်းနယ်စပ်ဂိတ် ဖြစ်ပြီးရွှေလီနယ်စပ်ဂိတ်ရှိ ပြည်ဝင်ပြည်ထွက်လမ်းကြောင်းအသီးသီးကို တပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ပြည်ဝင်ပြည်ထွက်ခရီးသည်များသည် စနစ်တကျတန်းစီ၍ နယ်စပ်ကာကွယ်ရေးစစ်ဆေးမှုများကို ခံယူကြကြောင်းဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Health
Published 10 January 2023
အသက် ၁၂ နှစ်အရွယ် တရုတ်လူမျိုး ယောက်ျားလေးတစ်ယောက်ဟာ အာသာဖြေရင်း သူ့ရဲ့လိင်တံထဲသို့ အပူချိန်တိုင်းသာမိုမီတာထည့်သွင်းခဲ့ရာမှ ညပ်နေခဲ့ပြီး ၉ နာရီခန့်ကြာတဲ့အထိ အလွန်အမင်းနာကျင်နေရတာကြောင့် ဆေးရုံသို့ရောက်ရှိလာခဲ့ပါတယ်။
ဓာတ်မှန်ရိုက်ချက်များအရ သာမိုမီတာက ဆီးလမ်းကြောင်းနက်နဲတဲ့အထိ ရောက်ရှိနေကာ ဆီးအိမ်ထဲထိ ဝင်နေပါတယ်။
သာမိုမီတာဝင်လာရာ လမ်းကြောင်းအတိုင်းထုတ်လိုက်ပါက အင်္ဂါတွေထိခိုက်မှာစိုးတဲ့အတွက် ဆရာဝန်များက ခွဲစိတ်ကုသနည်းဖြင့် ထုတ်ယူခဲ့ကြပါတယ်။
ယောက်ျားလေးရဲ့လုပ်ရပ်က အန္တရာယ်များစွာရှိပြီး အထဲမှာ ပစ္စည်းညပ်နေနိုင်ခြင်း၊ အတွင်းတစ်ရှူးများ ထိခိုက်ခြင်း၊ ဆီးအိမ်ပေါက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
ဆရာဝန်တွေက ထုတ်ယူရင်း ဒဏ်ရာတွေကျန်ခဲ့နိုင်သလို ဆီးအိမ်ထိ ခွဲစိတ်ခြင်းတို့ ပြုလုပ်ရနိုင်ပါတယ်။
အခုကိစ္စမှာတော့ ဆီးအိမ်ထဲရှိတစ်ရှူးများထဲသို့ ခွဲစိတ်ရာအသေးစားလေးပြုလုပ်ကာ ကိရိယာငယ်များဖြင့် သာမိုမီတာကို အနေအထားမှန်အောင်လုပ်ပြီး ဆွဲထုတ်ခဲ့ကြပါတယ်။
ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ ဘယ်လောက်အထိ ခံစားရနိုင်လဲဆိုတာကိုတော့ အတိအကျမဖော်ပြခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ်များအတွင်း အမျိုးသားတွေမှာ ပြဿနာတွေဖြစ်လာတာ မြင်တွေ့ရများပြားလာပါတယ်။
ယောက်ျားလေးတွေက လိင်မှုခံစားချက်နဲ့ ပတ်သက်ပြီး ချဲ့ထွင်စမ်းသပ်ချင်နေတဲ့စိတ်ကို သတိပေးလိုက်ပါတယ်။
လိင်အင်္ဂါအတွင်း ပစ္စည်းညပ်တဲ့အခါ ရှက်ရွံ့စိတ်ကြောင့် ဆေးရုံမလာရဲဘဲ ကိုယ့်ဘာသာဖြေရှင်းရာကနေ ပိုဆိုးလာတတ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_ 9 January 2023
၂၀၂၂ခုနှစ်တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှာ မီးလောင်ကျွမ်းမှု(၂၄၄)ကြိမ်၊ဆုံးရှုံးမှုတန်ဖိုးကျပ်သန်းပေါင်း(၁၀၄၀)သန်းရှိခဲ့ပေမယ့် အရင်နှစ်ကထက်မီးလောင်ကျွမ်းမှုနဲ့ဆုံးရှုံးမှုတန်ဖိုးနည်းပါးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရပါတယ်၊၊
#Yangon_Media_Group
#World_Adventure
Published 9 January 2023
ပြင်သစ်အမျိုးသမီး ၅ ဦးနဲ့ စပိန်အမျိုးသမီး ၁ ဦးတို့ဟာ ကြာသပတေးနေ့ကစတင်ပြီး လှော်တက်လှေပေါ်မှာ အလှည့်ကျလှော်ခတ်နေကြပြီဖြစ်ပါတယ်။
လီမာပင်လယ်အော်ကနေ စတင်ကာ ၈ ထောင်ကီလိုမီတာကွာဝေးတဲ့ ပီရူးနဲ့ ပိုလီနေရှာဖရန့်ချ် မူရီယာကျွန်းကြား စိန်ခေါ်လှော်ခတ်သွားကြမှာဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_9 January 2023
ဒီဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုပဲမျိုးစုံတင်ပို့မှုကနေ မတ်ပဲနဲ့ ပဲတီစိမ်းကို အများဆုံးတင်ပို့ထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
Page 1414 of 2000