#Local_News
Published_11 January 2023
မိတ္ထီလာမြို့နယ်တွင် ကုန်တင်ယာဉ်နှင့်အိမ်စီးယာဉ် မျက်နှာချင်းဆိုင် တိုက် မိ၍ အမျိုးသား တစ်ဦးသေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၁၀ ရက် ညပိုင်းက မိတ္ထီလာမြို့သစ်အထွက် ဘီးခွန်ဂိတ်အကျော် နဝရတ်ဆီဆိုင်အနီးတွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ည ၈ နာရီကျော်လောက်မှာ ကုန်ကားနဲ့ အိမ်စီးကားနဲ့တိုက်မိလို့ဆိုပြီး ကျွန်တော်တို့ဆီကို ဖုန်းဝင်လာလို့ သွားရောက်အကူအညီပေးခဲ့ပါတယ်။ တိုက်မိတာကတော့ ကား၂စီး မျက်နှာချင်းဆိုင်တိုက်တာ၊အပြည်သာယာလူငယ် အသင်းကလူနာတင်ကား (၂)စီး ၊ မေတ္တာပါရမီအသင်းကလူနာတင်ကား (၁)စီး နဲ့ သွားရောက်ကူညီပေးခဲ့တယ်။ ဒဏ်ရာရတဲ့ထဲက အမျိုးသားတစ်ယောက်က ပြင်းထန်တဲ့အတွက် အဲဒီမှာပဲဆုံးသွားပါတယ်"ဟု ယင်းကဆိုသည်။
လက်ရှိတွင် ညာဘက်ခြေထောက်ကျိုးကာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှာ နှင့် မိတ္ထီလာဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Science
Published 11 January 2023
အိန္ဒိယကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DRDO)ရဲ့ စက်ရုံလုပ်ငန်းကနေ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ထောက်လှမ်းရေးတို့မှာ အထောက်အကူဖြစ်စေမယ့် ကြွက်ဆိုက်ဘော့ဂ်(ဆိုက်ဘာကြွက်)တွေကို ဖန်တီးနေကြောင်း အရာရှိတစ်ဦးကဆိုပါတယ်။
လူငယ်သိပ္ပံပညာရှင်များဓာတ်ခွဲခန်းအဖွဲ့က ကြွက်တွေရဲ့ခေါင်းပေါ်မှာ ကင်မရာတပ်ဆင်ကာ ဦးနှောက်ထဲမှာ လျှပ်ကူးပစ္စည်းများထည့်ပြီးတော့ အီလက်ထရောနစ်စနစ်ဖြင့် ညွှန်ကြားချက်များပေးနိုင်အောင် လုပ်ဆောင်နေကြကြောင်း ညွှန်ကြားရေးမှူး'ပီရှီဗာ'က ပြောပြပါတယ်။
"ဒီလိုနည်းပညာကို အိန္ဒိယမှာ ထုတ်လုပ်တာပထမဆုံး ဖြစ်ပေမယ့် နိုင်ငံခြားမှာတော့ လုပ်ဆောင်နေပြီဖြစ်ပါတယ်၊ ဒီနည်းပညာက စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ကူညီပေးနိုင်မှာဖြစ်ပါတယ်၊ ပထမအဆင့်စမ်းသပ်မှုတွေမှာ ကြွက်တွေကို ညွှန်ကြားချက်တွေနဲ့ ထိန်းချုပ်လုပ်ဆောင်နေပါတယ်" လို့ ဆိုပါတယ်။
"ဒုတိယအဆင့်မှာတော့ ရှာရမယ့်ပုံတွေကို ကြွက်ဆိုက်ဘော့ဂ်ခေါင်းပေါ်က ကင်မရာထဲ အမှန်တကယ်ထည့်သွင်းနိုင်အောင် စမ်းသပ်တာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
ဥပမာအနေဖြင့် ၂၆/၁၁ အကြမ်းဖက်တိုက်ခိုက်မှုလိုမျိုး ဟိုတယ်အခန်းပေါင်း ၂၀၀ ကျော်ကို ရှာဖွေရမယ့်အခြေအနေတွေမှာ အသုံးဝင်မှာဖြစ်ပါတယ်။
အဝေးထိန်းစက်ရုပ်တွေနဲ့ ကျဉ်းမြောင်းတဲ့နေရာတွေဝင်ရောက်ခြင်း၊ နံရံတက်ခြင်းလိုမျိုး အခက်အခဲတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကြွက်တွေက ဒီလိုလုပ်ငန်းဆောင်တာများမှာ ပိုမိုခံနိုင်ရည်ရှိပြီး တာဝန်များအပေါ်မူတည်ကာ စားစရာများဖြင့်မက်လုံးပေးပြီး ဘယ်လိုအားပေးရမလဲဆိုတာကို သိရှိထားပါတယ်။
ပထမအဆင့်မှာ လျှပ်ကူးပစ္စည်းတွေကို ကြွက်တွေရဲ့ဦးနှောက်ထဲမှာ စိုက်ထားမှာဖြစ်ပြီး ဒုတိယအဆင့်မှာတော့ ကြိုးမဲ့ထုတ်လွှင့်ပို့ဆောင်သွားမှာဖြစ်ကာ ဓာတ်ခွဲခန်းစမ်းသပ်မှုများအတွက် ကြွက် ၃/၄ ကောင်ကို အသုံးပြုထားကြောင်း သိရပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 11 January 2023
ဆောင်းရာသီမှာဖြစ်တတ်တဲ့ လည်ချောင်းနာခြင်းဝေဒနာဟာ အသက်အန္တရာယ်မရှိပေမယ့် နေရထိုင်ရခက်ခဲလေ့ရှိပါတယ်။
အဲဒီအခါမှာ လူတွေက ရေနွေးပူပူဖြင့် တစ်ခုခုပြုတ်သောက်တာမျိုး ပြုလုပ်ကြပါတယ်။
တကယ်လည်း ပြုတ်ရည်ပူပူနွေးနွေးသောက်တဲ့အခါ သွေးလည်ပတ်မှုကောင်းစေပြီး အလျင်အမြန်သက်သာစေနိုင်ပါတယ်။
ဒါကြောင့် လည်ချောင်းနာခြင်းကို သက်သာစေမယ့် အကြမ်းခြောက်ပြုတ်ရည် ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) နွယ်ချိုပြုတ်ရည်
လေ့လာချက်တွေအရ နွယ်ချိုပြုတ်ရည်ဟာ သလိပ်နှာရည်ယိုခြင်းကို သက်သာစေပြီး နာကျင်မှုကိုလျော့ကျစေပါတယ်။
သူ့မှာပါဝင်တဲ့ လစ်ကွီလစ်တင်နဲ့ လစ်ကွီရီတီဂျနင်တို့ဟာ သလိပ်တွေကို အပြင်ထွက်လာအောင် ကူညီပေးပါတယ်။
ဂလစ်ဆာရစ်ဇင်းကတော့ လည်ချောင်းနားတဝိုက်ကို ကာကွယ်ပေးကာ အစာမျိုချတဲ့အခါ မသက်မသာဖြစ်ခြင်းကို လျော့နည်းစေပါတယ်။
(၂) လက်ဖက်စိမ်းအကြမ်းရည်
လက်ဖက်စိမ်းမှာပါဝင်တဲ့ ပိုလီဖီနောလ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး လည်ချောင်းနာခြင်းကိုဖြစ်စေတဲ့ ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်ပေးပါတယ်။
နောက်ထပ်ဒြပ်ပေါင်းတစ်မျိုးကတော့ လည်ချောင်းရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတို့ကို သက်သာစေပါတယ်။
(၃) ဂျင်းပြုတ်ရည်
ဂျင်းကိုညှစ်ရာကနေရရှိတဲ့အရည်မှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေက နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို သက်သာစေပြီး အအေးမိခြင်းကို သက်သာစေကြောင်း သိပ္ပံနည်းကျတွေ့ရှိထားပါတယ်။
ဂျင်းကိုညှစ်လိုက်တဲ့အခါ ရရှိတဲ့အရည်လောက် ဂျင်းပြုတ်ရည်က အာနိသင်မရှိတာကိုတော့ သတိပြုသင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 10 Jan 2023
တရုတ်နှင့်မြန်မာနိုင်ငံတို့ရဲ့အကြီးဆုံးကုန်းပိုင်းနယ်စပ်ပေါက်ကို တရုတ်နိုင်ငံ အနောက်တောင်ပြည်နယ် ရွှေလီမြို့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံက ယင်းရဲ့ ကိုဗစ်ကပ်ရောဂါစည်းကမ်းသတ်မှတ်ချက်တွေကို ဖြေလျော့ပေးပြီးနောက် နယ်စပ်တွေပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ ရွှေလီနယ်စပ်ပေါက်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
နယ်စပ်ပေါက်ပြန်လည်ဖွင့်လှစ်ခြင်းအဖြစ်တရုတ်ဘက်မှာ တရုတ်နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပါတယ်။
“ကျွန်တော်တို့နယ်စပ်ပေါက်ရဲ့ အခြေခံအဆောက်အအုံတွေကို ထိန်းသိမ်းအဆင့်မြှင့်တင်ပြင်ဆင်ဖို့ ကျွန်တော်တို့ ကြိုတင်ပြင်ဆငရေးတွေအများကြီးလုပ်ခဲ့ပါတယ်။ အထူးသဖြင့်ကွန်ယက်ပစ္စည်းတွေ ပြန်လည်ပြုပြင်ရေးဖြစ်ပါတယ်” လို့ ရွှေလီလူဝင်မှုကြီးကြပ်ရေးစခန်းက အရာရှိ ကျွာယူဖေးက ပြောပါတယ်။
ရွှေလီဘက်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်လာရှာကြတဲ့ မြန်မာနိုင်ငံသားတော်တော်များများဟာ မိသားစုနှင့်ပြန်တွေ့ကြဖို့ အကြာကြီးစောင့်ဆိုင်းခဲ့ကြရတာပါ။
“ကျွန်မအတော်စိတ်လှုပ်ရှားမိတယ်။ မြန်မာနိုင်ငံမပြန်ရတာအတော်ကြာပြီ” လို့ မြန်မာအမျိုးသမီးပြုံးပြုံးစိန်ကပြောပါတယ်။
လူအုပ်ကြီးဟာ အကြာကြီးစောင့်ဆိုင်းနေခဲ့တဲ့ကာလတွေကိုဖြတ်သန်းခဲ့ကြရတပါ။ သူတို့ဟာ ဓာတ်ပုံတွေရိုက်ကြပြီး အွန်လိုင်းကနေ ဗွီဒီယိုတွေ လိုက်ဖ်တင်ကာ သူတို့ရဲ့အပျော်တွေကို မိတ်ဆွေတွေထံ ဝေမျှပေးခဲ့ကြပါတယ်။
ဒီဝင်ထွက်ပေါက်ဖွင့်လိုက်တဲ့အတွက် အပြုသဘောပြောင်းလဲမှုတွေအများကြီးဖြစ်လာမှာပါ။
“ လူတွေရဲ့ဘဝ၊စီးပွာရေးနှင့် မြို့ရဲ့ ကဏ္ဍပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြောင်းအလဲကြီးတွေဖြစ်လာမှာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ ကျွန်တော်တို့ မြန်မာဘက်နှင့် အလုပ်သမားဝန်ဆောင်မှုပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမှာပါ။ ဒါဟာ ရွှေလီမှာအခြေစိုက်နေတဲ့ အထည်ချုပ်လုပ်ငန်းလိုမျိုး လုပ်သားအခြေပြု လုပ်ငန်းတွေအတွက် အကူအညီဖြစ်စေမှာပါ” လို့ ရွှေလီဒုမြို့တော်ဝန် ကန်ပေါင်တေးက ပြောပါတယ်။
နှစ်နိုင်ငံအကြား အခြားသောယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်ဖို့ကြံဆမယ်လို့ ဒုမြို့တော်ဝန်က ပြောပါတယ်။ ဥပမာအားဖြင့် နယ်စပ်ကုန်စည်ပြပွဲတွေ၊ နယ်စပ်ဖြတ်ကျော်မာရသွန်ပြေးပွဲတွေနှင့် နှစ်ပတ်လည် ကာနင်ဗယ် ပွဲတော်တွေလိုမျိုးဖြစ်တယ်လို့ သူကပြောကြားလိုက်ပါတယ်။
Source CCTV+
#China_Myanmar_Border_Gate
#Rulli_border_port_opened
#China_Myanmar
#Local_News
Published_ 10 January 2023
မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြန်လည်ဖွင့်မယ်လို့ ထိုင်းနိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#World_Industry
Published 10 January 2023
ကာတာနိုင်ငံက အရှေ့အလယ်ပိုင်းဒေသမှာ အကြီးမားဆုံးအီသိန်းဖြိုခွဲမယ့်စက်အပါအဝင် သဘာဝဓာတ်ငွေ့ကနေ ပိုလီအီသိုင်လင်းနဲ့ အခြားပလတ်စတစ်များအဖြစ် ပြောင်းလဲပေးမယ့် စက်ရုံတစ်ရုံကိုဆောက်လုပ်ဖို တနင်္ဂနွေနေ့က ချက်ဗ်ရွန်ဖိလစ်ဓာတုကုမ္ပဏီနဲ့ ဒေါ်လာ ၆ ဘီလီယံတန်သဘောတူညီချက်မှာ ရေးထိုးခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_10 January 2023
မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအားလုံးမှာ တယ်လီမက်တစ်စနစ်ကို တပ်ဆင်ပြီးဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_10 January 2023
ယခုဘဏ္ဍာနှစ်ရဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ (၉)လအတွင်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၆) ဘီလီယံတန်ဖိုးရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း - FDI (၅၉)ခု ဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_10 January 2023
ပြီးခဲ့တဲ့ရက်ပိုင်းက အင်းလေးဒေသမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် ပြည်တွင်းခရီးသွားပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 10 January 2023
၁။ အင်းလေးဒေသဖြစ်စဉ်ကြောင့် ပြည်တွင်းခရီးသွားပုံရိပ်ကို ကျဆင်းစေနိုင်သည်ဟုဆို
၂။ ၉ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၉ ခု ဝင်ရောက်ခဲ့
၃။ YBS ယာဉ်လိုင်းအားလုံးတွင် တယ်လီမက်တစ်စနစ်တပ်ပြီးဖြစ်ဟုဆို
၄။ ဓာတ်ငွေ့မှ ပလတ်စတစ်သို့ပြောင်းလဲပေးမည့် ဒေါ်လာ(၆)ဘီလီယံတန်စက်ရုံအား ကာတာနှင့်ချက်ဗ်ရွန်တို့ တွဲဖက်ဆောက်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 10 January 2023
သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှု ရှေးဟောင်းသမိုင်းဝင်ပြတိုက်ကို ပြည်တွင်းပြည်ပက စိတ်ဝင်စားသူတွေလေ့လာနိုင်ဖို ပြတိုက်ဖွင့်လိုက်ပါပြီ။
#Yangon_Media_Group
#Local_News
Published_ 10 January 2023
ဂျပန်ပညာတော်သင်အခွင့်အရေးရရှိနိုင်မည့်Study in Japan Fair 2023ပွဲအွန်လိုင်းကနေတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
MAJAအဖွဲ့မှကြီးမှူးကျင်းပပေးခြင်းဖြစ်ပြီး ဂျပန်ပညာရေးအဖွဲ့အစည်း(၅၃) ခု ပါဝင်ဆင်နွဲကြမည် ဖြစ်သည်၊၊
၂၀၂၃ဇန်နဝါရီလ(၂၃)ရက်တွင် Online Universities၊ Schools Information Seminar ကိုကျင်းပသွားမည်ဖြစ်ပြီး Zoom Group Discussion ကိုတော့၂၀၂၃ဇန်နဝါရီလ(၂၃)ရက်မှ(၂၈)ရက်အထိကျင်းပသွားမည်ဖြစ်သည်၊၊
အဆိုပါ Study in Japan Fair 2023ပွဲကို ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ သက်မွေးပညာသင်ဥပစာကောလိပ်နဲ့ ဂျပန်ဘာသာစကားကျောင်းစတဲ့ ပညာရေးအဖွဲ့အစည်း (၅၃)ခုက ပါဝင်သွားမည်ဖြစ်ပြီး Special Website တွင် တက္ကသိုလ်များ၏ မိတ်ဆက်အကြောင်းအရာများ ဖော်ပြထားမည် ဖြစ်သည်၊၊
Study in Japan Fairမှာ ပါဝင်တက်ရောက်လိုပါက Special website: https://2023.studyinjapan-asean.com/
Registration Link: https://schoolynk-event.com/events/95e19d09-42c3-4b77-9c58-a6e137c1da49/registration/profile တွင် စတင်စာရင်းသွင်းနိုင်ကြောင်း သိရသည်၊၊
Online Study in Japan Fair 2023 မှာ ပါဝင်သွားမယ့် တက္ကသိုလ်များအနေဖြင့် Asia University ၊Chiba University ၊ Digital Hollywood University၊Eikei University of Hiroshima ၊ Graduate Institute for Entrepreneurial Studies အပါအဝင် တက္ကသိုလ်(၄၈)ခု၊ ဂျပန်ဘာသာစကားကျောင်း I.C.Nagoya Japanese language School ၊Kyoshin Language Academy ၊Tokyo Galaxy Japanese Language Schoolစသည့်(၃)ကျောင်း၊ သက်မွေးပညာသင်ဥပစာကောလိပ်အနေဖြင့် Idea IT College Aso ၊Japan IT Business College တို့ပါဝင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1413 of 2000