#Local_News
Published_ 8 April 2023

ATM စက်များမှ ငွေထုတ်ယူမှုများကို အစိုးရဌာနများ၌ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း (အရာထမ်း)များ၏ လစာငွေများကို ATM စက်များမှ ထုတ်ယူနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးက သိရသည်။

 

နေပြည်တော်ရှိ အရာထမ်းများ၏ လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်များနှင့် ပုဂ္ဂလိကဘဏ်များ၏ ATM စက်များမှ ATM ကတ် များဖြင့် ထုတ်ယူခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ဆောင်ရွက်ပေးခဲ့ပြီးနောက် ယခုအခါ ATM စက်များ တပ်ဆင်ထားခြင်းမရှိသေးသည့် ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင်တိုးချဲ့ တပ်ဆင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်များတပ်ဆင်နိုင်ရေးအတွက် စက်တပ်ဆင်မည့်နေရာသတ်မှတ်ပေးခြင်း ၊ လျှပ်စစ်မီးလိုင်းနှင့် အင်တာနက်လိုင်းများ သွယ်တန်းနိုင်ရေးဆောင်ရွက်ခြင်းတို့ကို မြန်မာ့စီးပွားရေးဘဏ်နှင့်ချိတ်ဆက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လုပ်ဆောင်နေကြကြောင်း သိရသည်။
ymg/mt
#Local_News #ATMစက် #အစိုးရဌာန
#YMG #Yangon_Media_Group