#Local_News
Published_ 8 April 2023

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီတော်ရင်ပြင်အနီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြင့် တစ်လသားအရွယ် ကလေးငယ်တစ်ဦးအား ကမ္ဘာအေးစေတီရင်ပြင်အနီး စွန့်ပစ်ထားကြသည်ကို သွားရောက်ကူညီခဲ့ရကြောင်း မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သိရသည်။

 

ဧပြီလ ၇ ရက် ညနေပိုင်းအချိန် စေတီတော်ရင်ပြင်တွင် ဈေးရောင်းသူများက ကလေးငိုသံကြားသည့်အတွက် သွားကြည့်ရာ ကလေးငယ်အား ပုရွက်ဆိတ်များ ကိုက်ထားကြောင်း ၊ ယင်းကလေးငယ်မှာ သား ယောင်္ကျားလေးဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကိုအကြောင်းကြားလာတာကြောင့် ရောက်သွားတဲ့အခါ ကလေးငယ်က မွေးရာပါ နှုတ်ခမ်းကွဲပြီး တစ်ကိုယ်လုံးပုရွတ်ဆိတ်တွေကိုက်ခံထားလို့ နာကျင်နေတယ်။

 

ဒါကြောင့် ကျန်းမာရေး အခြေအနေကြောင့် ရန်ကင်းကလေးဆေးရုံကို ကူညီပို့ဆောင်ခဲ့ကြပါတယ်၊ပိုင်ရှင်မဲ့ကလေးဆိုတော့ ဆေးရုံက သိပ်လက်မခံချင်ဘူး၊စကားတွေအများကြီးပြောရတယ်၊လက်မှတ်တွေလဲ ထိုးရတယ်၊ဘာပဲဖြစ်ဖြစ် ကလေးအသက်အရေးကြီးလို့ လုပ်ပေးလိုက်ပါတယ်၊ကလေးငယ်ရဲ့ နာမည်ကို ဆေးရုံစာအုပ်မှာ မောင်ကြယ်ဖြူ လို့ ရေးပေးထားခဲ့ပါတယ်"ဟု အဆိုပါ အဖွဲ့၏ တာဝန်ရှိသူကပြောသည်။
ymg/mt
#Local_News #မွေးရာပါနှုတ်ခမ်းကွဲ၊အာခေါင်ကွဲ #ကလေးငယ်တစ်ဦး #ကမ္ဘာအေးစေတီအနီးစွန့်ပစ် #YMG #Yangon_Media_Group