#Local_News
Published_ 8 April 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ၊ အမှတ် (၂၂) အကြီးစားတာယာစက်ရုံအနီးတွင် ယနေ့ ဧပြီလ ၈ ရက် နံနက် ၇ နာရီခန့်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ရာတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးဖြစ်ပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိသွားကြောင်း၊အမျိုးသမီးများ ဒဏ်ရာများမှာ စိုးရိမ်ရကြောင်း ဖော်ပြထားသည်။

 

အခင်းဖြစ်ရာနေရာသို့ ဘီးလင်းမြို့နယ်မီးသတ်စသခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကာ ဒဏ်ရာရသူများနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို စုစည်းအားမာန်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
ymg/mt
#Local_News #ဘီးလင်းမြို့ #ယာဉ်တိုက်မှုဖြစ်ပွား
#YMG #Yangon_Media_Group