#Local_News
Published_ 7 April 2023

သင်္ကြန်ရုံးပိတ်ရက်ကာလ နယ်ပြန်မည့်သူများအတွက် ရထားလက်မှတ်များကို ဧပြီ ပထမပတ်မှစ၍ ရောင်းချပေး လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ဧပြီ ၇ ရက်မှစတင်၍ သင်္ကြန်အထူးရထားများကို ပြေးဆွဲပေးမည်ဖြစ်သည့်အတွက် ရထားလက်မှတ် ဝယ်ယူလိုသူများအနေဖြင့် အထက်တန်းတွဲ လက်မှတ်များကို သုံးရက်ကြိုတင်စနစ်၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုတင်စနစ်ဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

 

ဧပြီ ၇ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန်နှင့် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားများကိုလည်းကောင်း ၊ဧပြီ ၈ ရက်တွင်ရန်ကုန်-မန္တလေး၊ မန္တလေး- ရန်ကုန်၊ ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ပြည် နှင့် ပြည်- ရန်ကုန် အထူး ရထားများကို ပြေးဆွဲပေးသွား မည်ဖြစ်သည်။

 

သင်္ကြန်ကာလတွင် လူစီးရထားများ အားလုံးပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် အထူးရထား ခရီးစဉ်ကို ပြန်လည်ပြေးဆွဲ မည်ဖြစ်ကာ ခရီးသည်စီးနင်းမှု အခြေအနေပေါ်မူတည်၍ လိုအပ်ပါက ဧပြီ ၉ ရက် နှင့် ဧပြီ ၁၈ ရက်တို့တွင် အထူးရထား များကို ထပ်တိုးပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ymg/ppk
#Local_News ##သင်္ကြန်အထူးရထား #နယ်ဝေးရထားလက်မှတ်များစတင်ရောင်းချ #YMG #Yangon_Media_Group