#Local_News
Published_ 17 February 2023
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၆ နာရီ ကျော်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၄ လုံး မီးလောင်ပြီး အသက်ကြီးအမျိုးသမီးတစ်ယောက် သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က သိရသည်။
အဆိုပါ မီးလောင်မှုမှာ၂ ထပ်ပျဉ်ထောင်အိမ်တစ်လုံးက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားနေအိမ်များကို ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်မှ အိမ်ရှင်အမျိုးသမီးမှာ မီးခိုးမွှန်ပြီးသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာနေရာသို မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲက Level 2 မီးသတ်ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 17 February 2023
နေပြည်တော်သပြေကုန်းတွင် လျှပ်စစ်ကား Charging Station တည်ဆောက်မှု ပြီးစီးတော့မည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးအဖွဲ့က သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်က အဆိုပါလုပ်ငန်းခွင်သို့ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင် သွားရောက် စစ်ဆေးခဲ့ကြကြောင်းသိရသည်။
သပြေကုန်းတွင် လျှပ်စစ်ကား Charging Station ကို NPK Motors Co.,Ltd က တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် Charging Station တည်ဆောက်ခြင်း၊ လျှပ်စစ်သုံးတက္ကစီယာဉ် BYD တွင် လျှပ်စစ်အားသွင်းခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်ပြီး ဖြစ်ကြောင်းလည်း သိရသည်။
Charging Stationများကို နေပြည်တော်ကောင်စီနယ်မြေအတွင်း သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း စသည့်နေရာများတွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာဈေး၊ သခင်မြပန်းခြံစသည့် နေရာများတွင် လည်းကောင်း၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားကွင်းများ စသည့် နေရာများတွင် လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် တစ်မိုင် တိုးဂိတ်၊ ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်း ၊ ၂၀၁ မိုင် နေပြည်တော်ယာဉ်ရပ်နား စခန်း၊ ၂၈၄ မိုင်သီးကုန်းယာဉ်ရပ်နားစခန်း၊ ၃၅၂ မိုင် စကားအင်းယာဉ်ရပ်နား စခန်းစသည့် နေရာတို့တွင်လည်းကောင်း အသီးသီးဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 17 February 2023
ကယ်လိုရီလျှော့ချစားသုံးခြင်းဖြင့် သင့်ကိုနုပျိုစေနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
လူပေါင်း ၂၂၀ ကိုလေ့လာပြီး ၃ ပုံ ၁ ပုံက ၂ နှစ်အတွင်း ကယ်လိုရီစားသုံးမှု ၂၅ ရာခိုင်နှုန်းလျှော့ချခဲ့ကာ ကျန်တဲ့သူတွေကတော့ ပုံမှန်အတိုင်း စားသုံးစေခဲ့ပါတယ်။
ကယ်လိုရီလျှော့ချစားသုံးခဲ့တဲ့သူတွေက အသက် ၃ နှစ်မျှ အိုမင်းခြင်းဖြစ်စဉ်နှေးကွေးသွားခဲ့ကာ စောစီးစွာအသက်ဆုံးပါးနိုင်ချေ လျော့နည်းလာခဲ့ကြောင်း အဆိုပြုထားကြပါတယ်။
အဝလွန်သူတွေမှာ ကယ်လိုရီလျှော့ချခြင်းဖြင့် ကိုယ်အလေးချိန်ကျပြီး ပိုမိုကျန်းမာစေကြောင်း သိရှိထားကြပြီးဖြစ်ပေမယ့် ကျန်းမာပြီးသားလူတွေမှာ ကယ်လိုရီလျှော့ချစားသုံးခြင်းကိုတော့ အခုမှ ပထမဆုံးလေ့လာကြတာဖြစ်ပါတယ်။
အရင်က ကြွက်တွေမှာလေ့လာခဲ့ရာမှာလည်း ကယ်လိုရီလျှော့ချခြင်းက သက်ရှည်ကျန်းမာစေရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်းကို သက်သေပြရာ ရောက်နေပါတယ်။
စမ်းသပ်မှုမှာ အသက်ကြီးရင့်လာရင် ဖြစ်လာကြတဲ့ သွေးဖိအားနဲ့ ကိုလက်စ်ထရောလ်များခြင်းတို့ဖြင့် စမ်းသပ်တာဖြစ်ပါတယ်။
ထိုကဲ့သို့အိုမင်းလာခြင်းလက္ခဏာတွေကို ခန္ဓာကိုယ်ထဲရှိ မျိုးရိုးဗီဇလုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။
ဇီဝနည်းလမ်းအရ အိုမင်းလာခြင်းကို နှောင့်နှေးစေခြင်းဖြင့် အသက်ရှည်ရှည်နေထိုင်ရနိုင်ပြီး အိုနာသေဖြစ်စဉ်နှောင့်နှေးသွားနိုင်တာဖြစ်ပါတယ်။
အိုမင်းရင့်ရော်ခြင်းဖြစ်စဉ် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းနှောင့်နှေးစေခြင်းဖြင့် စောစီးစွာအသက်ဆုံးရှုံးနိုင်ချေ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း အရင်က တွေ့ရှိထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 17 February 2023
စားသုံးနိုင်တဲ့ မှိုတွေမှာတွေ့ရတဲ့ လှုပ်ရှားဒြပ်ပေါင်းတွေဟာ အာရုံကြောဖွံ့ဖြိုးမှုနဲ့ မှတ်ဉာဏ်စွမ်းရည်တို့ကို အားမြှင့်ပေးကြောင်း ဩစတြေးလျနိုင်ငံ ကွင်းစ်လန်းတက္ကသိုလ်မှ သုတေသီများက ဆိုပါတယ်။
Hericium erinaceus လို့ခေါ်တဲ့မှိုမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေကို သိပ္ပံပညာရှင်များတွေ့ရှိခဲ့ပြီး ခြင်္သေ့လည်ဆံမှိုလို့ ခေါ်ဝေါ်ကြပါတယ်။
ဒီမှိုတွေကနေရရှိတဲ့ ပစ္စည်းတွေကို အာရှနိုင်ငံတွေမှာ တိုင်းရင်းဆေးအတွက် ရာစုနှစ်ကြာအောင် အသုံးပြုကြပေမယ့် ဦးနှောက်ဆဲလ်တွေပေါ် သက်ရောက်မှုကို သိပ္ပံနည်းကျလေ့လာချင်ကြတာ ဖြစ်ပါတယ်။
အကြိုစမ်းသပ်မှုများအရ ခြင်္သေ့လည်ဆံမှိုဟာ ဦးနှောက်ဆဲလ်ဖွံ့ဖြိုးမှုနဲ့ မှတ်ဉာဏ်စွမ်းရည်တို့ကို တိုးမြှင့်စေနိုင်ကြောင်း ပရော်ဖက်ဆာ'ဖရက်ဒရစ်မျူနီယာ'က ပြောပြခဲ့ပါတယ်။
နျူရိုထရိုဖင်ဆိုတဲ့ ပရိုတိန်းတွေဟာ အာရုံကြောဆဲလ်တွေ ဖွံ့ဖြိုးမှု၊ လုပ်ဆောင်ချက်၊ အသက်ရှင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပါတယ်။
သူတို့ကိုတွေ့ရှိတာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်ပြီး အာရုံကြောစွမ်းရည်ကို မြှင့်တင်ခြင်း၊ ဆုတ်ယုတ်မှုကာကွယ်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ဆေးဘက်ဝင်မှုကို သေချာအသုံးမချနိုင်သေးဘဲ အကျိုးကျေးဇူးတွေကို ထုတ်ဖော်ဖို့လိုအပ်ပါသေးတယ်။
အာရုံကြောချို့တဲ့လာတဲ့ အယ်လ်ဇိုင်းမားလို ရောဂါမျိုးဖြစ်ပေါ်မလာအောင် ကုသကာကွယ်ပေးနိုင်မယ်လို့ တွေ့ရှိလာကြပါတယ်။
တရုတ်ရှေးတိုင်းရင်းဆေးပညာမှာ နာမကျန်းဖြစ်ခြင်းနဲ့ ကျန်းမာရေးထိန်းသိမ်းရန်အတွက် ခြင်္သေ့လည်ဆံမှိုကို အသုံးပြုနေကြတာ ကြာပါပြီ။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 16 February 2023
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင် အချိန်ခန့်က ရန်ကုန်မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၉၆/၆)မိုင်မှာ
ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ပြည်သာယာလူငယ်ပရဟိတအသင်းက သိရပါတယ်။
#Yangon_Media_Group
#World_Botany
Published 16 February 2023
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီရှောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တည်ဆောက်ဆဲ စီးပွားရေးတိုးတက်မှုဇုန်မှာ တည်ရှိနေတဲ့ ရာစုနှစ်သက်တမ်းရှိသစ်ပင်တစ်ပင်ကို ဒေသတွင်းရုက္ခဗေဒဥယျာဉ်သို့ ဘေးကင်းစွာ ရွှေ့ပြောင်းစိုက်ပျိုးခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 February 2023
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၈၃ ဒေါ်နဲ့ဈေးဖွင့်လာပြီး ဈေးပြန်ကျလာပါတယ်။ ပြည်တွင်းဈေးကွက်ပြင်ပပေါက်ဈေးကတော့ ၂၈ သိန်း ၅ သောင်းကျော်ပေါက်ဈေးရှိနေပြီး ဈေးနှုန်းအကျဘက်မှာရှိနေတယ်လို့ ရန်ကုန်ရွှေဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 February 2023
မဟာဝိဇရစေတီတော်ရှိ အရံစေတီတော်တွေကို ရွှေပြန်ချဖို့ရှိပြီး ရေစိမ့်နေတဲ့ ရင်ပြင်တော်ကိုပြန်လည်ပြုပြင်သွားဖို့ရှိတယ်လို့ စေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 16 February 2023
ဖေဖော်ဝါရီလ ၁၆ရက်နေ့ ဒီနေ့မနက်ပိုင်း ၇နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် မိုင်းပြင်းကိုဗဟိုပြုပြီး အဲ့ဒီမြိုရဲ့အရှေမြောက်ဘက် ၁၈ မိုင်ခန့် အကွာမှာ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကသိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 16 February 2023
၁။ ဒီနေ့မနက် ရှမ်းပြည်နယ်မှာ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်
၂။ မဟာဝိဇရစေတီတော်၏ အရံစေတီ(၂၄)ဆူကို ရွှေပြန်ချမည်၊ ရေစိမ့်နေသည့်ရင်ပြင်တော်ကိုပြုပြင်မည်
၃။ ရန်ကုန်ရွှေပြင်ပပေါက်ဈေး ၂၈ သိန်း ၅ သောင်းကျော်ရှိနေပြီးဈေးနှုန်းအကျဘက်မှာရှိနေ
၄။ နှစ်တစ်ရာသက်တမ်းရှိ ရှေးဟောင်းသစ်ပင်အား စောင့်ကြည့်ထိန်းသိမ်းရန်အတွက် နေရာပြောင်းရွှေ့စိုက်ပျိုး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 February 2023
YBS ယာဉ်စီးခတွေကို စီးနင်းတဲ့မှတ်တိုင် အကွာအဝေးအပေါ် မူတည်ပြီးကျပ် ၂၀၀ မှ ၄၀၀ ကြား တောင်းခံဖို့သတ်မှတ်ထားပြီး ပိုမိုတောင်းခံပါက အရေးယူသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
#World_News
Published 16 February 2023
၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံရဲ့ လှိုဏ်ဂူထဲရောက်ရှိနေချိန် ရုတ်တရက်မိုးကြီးရေလျှံတာကြောင့် ဂူထဲရေတွေဝင်ပြီးပိတ်မိခဲ့သွားခဲ့ရာ ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကြောင့် နှစ်ပတ်အကြာမှာ ခက်ခက်ခဲခဲနဲ့ ပြန်လွတ်မြောက်လာခဲ့တဲ့ တောဝက်လူငယ်ဘောလုံးအသင်းထဲက အသင်းခေါင်းဆောင်က ဗြိတိန်က ဘောလုံးအကယ်ဒမီတစ်ခုမှာ တက်ရောက်နေရင်း ရုတ်တရက်ကွယ်လွန်သွားခဲ့ပြီလို့ ၎င်းရဲ့ဆရာတစ်ဦးက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာရေငုပ်ပညာရှင်တွေနဲ့ ထိုင်းရေတပ် ရေငုပ်တပ်ဖွဲ့ဝင်တွေရဲ့ တစိုက်မတ်မတ်ကြိုးစားပမ်းစားကယ်ထုတ်မှုတွေကြောင့် ထိုင်းဂူထဲပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းအကြောင်း ကမ္ဘာတဝန်းက စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြပြီး ဒွမ်လို့ သိသူများပြားတဲ့ ဒူအမ်ပတ်ခ်ျပရွမ်သပ်က ၎င်းတောဝက်ဘောလုံးအသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်ပါတယ်။
လက်ရှိမှာတော့ အသက် ၁၇နှစ်ရှိပြီဖြစ်တဲ့ ဒွမ်ရဲ့ သေဆုံးရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိကြရသေးပါဘူး။
၎င်းတို့အားလုံးကို စာသင်ကြားပေးခဲ့ဖူးတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်က သံဃာတော်တစ်ပါးက ဒွမ်ကွယ်လွန်ကြောင်းသတင်းကို ဆိုရှယ်မီဒီယာကနေ မျှဝေထားခဲ့တာဖြစ်ပါတယ်။
ဒူအမ်ပတ်ခ်ျပရွမ်သပ်က ဘဝတစ်ပါးကိုကူးပြောင်းသွားပါပြီ၊ နောင်ဘဝမှာလည်း သူရဲ့တပည့်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာဖို့ မျှော်လင့်ပါကြောင်း ဆရာတော်ဆူပတ်ပွန်မေသီဂိုက ၎င်းရဲ့ဖေ့ဘွတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
၎င်းကွယ်လွန်မှုသတင်းကို ဒွမ်ရဲ့အဘွားဆီက ကြားသိခဲ့ရတာဖြစ်ပြီး ဒွမ်က ဗြိတိန်နိုင်ငံမှာ မတော်တဆမှုတစ်ခုကြုံတွေ့ရပြီး ကွယ်လွန်သွားတာလို့သာသိရကြောင်း ဆရာတော်က ဆိုပါတယ်။
ဗြိတိန်နိုင်ငံ၊ လက်စတာရှိုင်းယားက ဘရွတ်ခ်ဟောက်စ်ကောလိပ်ဘောလုံးအကယ်ဒမီကျောင်းမှာ ဒွမ်ပညာသင်ဆုနဲ့ တက်ရောက်နိုင်ဖို့ကူညီပေးခဲ့တဲ့ ထိုင်းအမျိုးသားဘောလုံးအသင်းရဲ့ခေါင်းဆောင်ဟောင်းလည်းဖြစ်၊ နည်းပြဟောင်းလည်းဖြစ်တဲ့ ကီယာတီဆုခ်စီနာမွမ်ကတော့ ယဉ်ကျေးပြီးကြင်နာတတ်တဲ့ ဒွမ်က သူရဲ့နိုင်ငံအတွက် ကစားသမားကောင်းတစ်ဦးဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်ရှိသူဖြစ်ကာ သူရဲ့အိပ်မက်တွေကို အကောင်အထည်ပေါ်လာဖို့ကို မျှော်လင့်ထားခဲ့ပေမယ့် အခုအခါမှာတော့ ကောင်းစွာအနားယူပါတော့ ဒွန်ရေလို့ ၎င်းရဲ့အင်စတာ ဂရမ်မှာရေးသားထားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဇွန်လတုန်းက အသက် ၂၅ နှစ်အရွယ် လက်ထောက်နည်းပြတစ်ဦးနဲ့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြား ထိုင်းလူငယ်လေးတွေ လေ့ကျင့်ရေးပြီးတဲ့နောက် ထမ့်လုံလှိုဏ်ဂူထဲသွားလည်ခဲ့ပြီးနောက် ဂူထဲရေမြင့်တက်လာချိန်မှာ ပိတ်မိသွားခဲ့တာပါ။
ပိတ်မိပြီး ကိုးရက်ကြာတော့မှာ ၎င်းတို့ကို လှိုဏ်ဂူဝကနေ ၂မိုင်ခွဲမျှအကွာ ဂူအတွင်းနေရာမှာ ခြေရာခံမိပြီး ကယ်ဆယ်ရေးက ခက်ခဲရှုပ်ထွေးတာကြောင့် နောက်ထပ်ခြောက်ရက်ကြာပြီးမှ ၎င်းတို့ကို ဂူထဲကနေစပြီး သယ်ထုတ်နိုင်ခဲ့ကြပါတယ်။
ကယ်ဆယ်ရေးလုပ်နေရင်းမှာလည်း အငြိမ်းစားထိုင်းရေငုပ်သမားတစ်ဦး တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရပါသေးတယ်။
ကယ်ဆယ်ရေးအောင်မြင်ခဲ့ပြီးနောက် ၎င်းတို့အားပေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားပွဲတစ်ခုကို တက်ရောက်အားပေးဖို့ ဖိတ်ကြားခံခဲ့ရသလို ၎င်းတို့ဖြစ်ရပ်မှန်ဇာတ်လမ်းအကြောင်း စာအုပ်တွေ၊ မှတ်တမ်းရုပ်ရှင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်းထွက်ရှိထားခဲ့ပြီး မကြာသေးခင်ကလည်း"Thai Cave Rescue" ဆိုပြီး Netflix ရဲ့ဇာတ်လမ်းတွဲလည်း ထွက်ရှိထားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1315 of 1957