#World_Health
Published 19 February 2023
မက္ကဆီကိုမှ ကလေးတစ်ယောက်မွေးဖွားရာမှာ အမြီးပါဝင်လာကြောင်း ဆရာဝန်များဖော်ပြခဲ့ကြပါတယ်။
နျူဗိုလီယွန်ရှိဆေးရုံမှာ ထိုမိန်းကလေးငယ်ကို ဗိုက်ခွဲမွေးဖွားခဲ့ပြီး မိဘတွေ ကျန်းမာလျက်ရှိပါတယ်။
ထိုအမြီးက ၂.၂ လက်မရှိပြီး အရေပြား၊ အမွေးအမျှင်များရှိကာ ထိပ်ဖျားချွန်ပါတယ်။
ထိုကလေးကို နေ့စေ့လစေ့မွေးဖွားခဲ့ပြီး ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။
သူ့ကိုမွေးဖွားပြီးခဏအကြာမှာပဲ ဆရာဝန်တွေက အမြီးကိုတွေ့ရှိခဲ့ပါတယ်။
မြီးညှောင်ရိုးအောက်နားကနေ ထွက်နေကာ လက်ဝဲဘက်ကို အနည်းငယ်စောင်းနေပါတယ်။
အမြီးကို အပ်နဲ့ထိုးကြည့်ရာမှာတော့ ကလေးက ငိုနေခဲ့ပါတယ်။
အခြားဘက်မှာတော့ ကလေးဟာ ကျန်းမာလျက်ရှိပြီး ဦးနှောက်၊ နှလုံး၊ အကြားအာရုံ၊ ဆီး အားလုံးပုံမှန်ပဲဖြစ်ပါတယ်။
ကလေးကို ဆေးရုံမှဆင်းခွင့်ပေးခဲ့ပြီးနောက် ၂ လသားအရွယ်မှာ ပြန်လည်ဆန်းစစ်ခဲ့ကြရာ ကိုယ်အလေးချိန်၊ အရပ်အမြင့်ပုံမှန်ရှိခဲ့ပြီး အမြီးက ၀.၃ လက်မပိုရှည်လာပါတယ်။
ထို့နောက် ခွဲစိတ်ဆရာဝန်တွေက အမြီးကိုဖြတ်တောက်ပေးခဲ့ပါတယ်။
ထိုနေ့မှာပဲ လူနာကို ဆေးရုံမှဆင်းခွင့်ပေးခဲ့ကာ နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားခဲ့ရပါဘူး။
အမြီးကိုနောက်ထပ်ခွဲခြမ်းစိတ်ဖြာခဲ့ရာမှာ တစ်ရှူးပျော့၊ သွေးကြောများ၊ အာရုံကြောတွေနဲ့ ဖွဲ့စည်းထားကြောင်း တွေ့ရှိခဲ့ရပါတယ်။
ကလေးမမွေးခင်အထိ အမြီးပါလာတာကို သိကြလေ့မရှိဘဲ ဘာကြောင့် ဒီလိုအမြီးပါရလဲဆိုတာကိုလည်း မသိကြပါဘူး။
လူသားမျိုးရိုးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀ ခန့်က မျောက်တွေဆီကနေ မျိုးရိုးကွဲထွက်လာစဉ် အမြီးမပါတော့တာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 19 Feb 2023
ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန် ရေပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ မြောက်ကိုးရီးယားဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု မည်သည့်နေရာကိုမဆို ရောက်ရှိအောင်ပစ်လွှတ်နိုင်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောဆိုလိုက်ကြပါတယ်။
ဒုံးကျည်ဟာ အလွန်မြင့်မားတဲ့ ဝေဟင်လမ်းကြောင်းကပစ်လွှတ်ခဲ့တာဖြစ်ပြီး ပုံမှန်ပစ်လွှတ်နေကျ အမြင့်ထက်များစွာ မြင့်မားပြီး သွားနိုင်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဇာကာဇူ ဟာမာဒါက သတင်းထောက်တွေကိုပြောကြား လိုက်ပါတယ်။ ဒုံးကျည်ဟာ ကီလိုမီတာ ၁၄၀၀၀ အတိုင်းအတာအထိပစ်လွှတ်နိုင်လို့ ဒါဟာ အမေရိကန်တစ်နိုင်ငံလုံး ကို ရောက်နိုင်တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒုံးကျည်ဟာ ပြုံယမ်းမြို့တော် ဆင်ခြေဖုံးတစ်နေရာရာက ပစ်လွှတ်လိုက်တာလို့ ယူဆရပြီး ဂျပန်ပင်လယ်ထဲကျရောက်ခဲ့ တာဖြစ်ပါတယ်။ ၆၆ မိနစ်ကြာ ပျံသန်းမှုအတွင်း အမြင့် ၅၇၀၀ကီလိုမီတာအထိ ရောက်ရှိခဲ့ပါတယ်။ဒီဒုံးကျည်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက မြောက်ကိုးရီးယား က ပစ်လွှတ်ခဲ့တဲ့ ကမ္ဘာ့ တိုက်ကြီးများအကြားပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်အမျိုးအစားထဲမှာ ၁၁စီးမြောက်ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မနက်(ဖေဖော်ဝါရီ၁၉)မှာ ဒုံးကျည်ပစ်တဲ့အကြောင်း နှင့် ၄၀၁၅ စက္ကန့်အတွင်း ခရီးအရှည် ၉၈၉ ကီလိုမီတာကို အမြင့် ၅၇၆၈ ကနေ ပျံသန်းခဲ့တယ်လို့ မြောက်ကိုးရီးယားက အတည်ပြုလိုက်ပါတယ်။
“ဒါဟာ ကျွန်ုပ်တို့ရဲ နျူးကလီးယားဟန့်တားလက်နက်ရဲ့ အင်အားကြီးမားမှုကို အာမခံပြီး ရှင်းရှင်းလင်းလင်းသက်သေပြလိုက်တာ ဖြစ်တယ်” လို့ ကိုရီးယား သတင်းအေဂျင်စီ KCNA ကပြောပါတယ်။
မြူးနစ်မှာ လုံခြုံရေးဆိုင်ရာညီလာခံတစ်ခုတက်ရောက်ဖို့ရောက်ရှိနေကြတဲ အမေရိကန်၊ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒုံးကျည်ပစ်လွှတ်တဲ့သတင်းရရှိပြီးနောက် ချက်ခြင်းအစည်းအဝေးတစ်ခုခေါ်လိုက်ကြပါတယ်။
ဒါဟာ ရန်လိုတဲ့အပြုအမူဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကပြောလိုက်ပြီး မြောက်ကိုးရီးယားရဲ့ ဒီလုပ်ရပ်ဟာ ဒီနိုင်ငံသုံးနိုင်ငံကို ပိုပြီး ပေါင်းစည်းညီညွတ်သွားစေတယ်လို့လည်း ထပ်လောင်းပြောကြားလိုက်ပါတယ်။
Source: NikkeiAsia
#North_Korea_Missile
#North_Korea
#Indo_Pacific

#Local_News
Published_ 18 February 2023
ရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာ မိုးသည်းတာ၊ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 18 February 2023
နောင်တစ်ချိန်မှာ YBS ယာဉ်တွေထဲမှာ လျှပ်စစ်ကားတွေပါဝင်လာအောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_ 18 February 2023
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းကသိရသည်။
မနက်ဖြန် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၉ နာရီမှ ၄ နာရီအထိ အင်းစိန်၊ရွှေပြည်သာ၊မရမ်းကုန်း ၊မြောက်ဥက္ကလာ၊ထောက်ကြန့် ၊မှော်ဘီ ၊လှည်းကူး၊ ဖောင်ကြီး ၊အင်းတိုင်၊ မင်္ဂလာဒုံ ၊ ဒါးပိန် ၊ရွှေလင်ပန်း မြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ထားမည်ဖြစ်ကြောင်း ယင်းက ထုတ်ပြန်ထားသည်။
ယာယီဖြတ်တောက်ရခြင်းမှာ 230 kv လှော်ကားပင်မဓာတ်အားပေးစက်ရုံတွင် တည်ဆောက်ပြီးစီးသွားသော တိုးချဲ့ ဓာတ်အားပို့လွှတ်စနစ်အသုံးပြုရန်အတွက် ဖြစ်ကြောင်းလည်း သိရသည်။
ymg/ynzw
#Yangon_Media_Group
#World_Climate
Published 18 February 2023
ကမ္ဘာ့အကြီးဆုံး ရေခဲပြင်စကိတ်ကွင်းဖြစ်ပြီး ယူနက်စ်ကိုအမွေအနှစ်နေရာလည်းဖြစ်တဲ့ ကနေဒါမှ အထင်ကရ ရစ်ဒေါတူးမြောင်းစကိတ်ကွင်းကြီးကို ဆယ်စုနှစ် ၅ ခုအတွင်းပထမဆုံးအကြိမ်အဖြစ် ယခုဆောင်းရာသီမှာ ဖွင့်လှစ်နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 18 Feb 2023
- အဖြစ်ဆိုးတွေထပ်မဖြစ်အောင် အခုကတည်းကဘာတွေပြင်ဆင်ထားသင့်သလဲ??
#Yangon_Media_Group
#Local_News
Published_ 18 February 2023
ဖေဖော်ဝါရီလဒုတိယအပတ်တစ်ပတ်လုံး ရန်ကုန်ရွှေဈေးဟာ ဈေးဆက်တိုက်ကျဆင်းနေပေမယ့် အရောင်းအဝယ်မရှိဘဲ အေးဆက်နေတယ်လိုရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 18 Feb 2023
- အဲသလို သန္ဓေပြောင်းတာဟာ ဘယ်လောက်ကြောက်စရာကောင်းမလဲ ကိုဗစ်လိုဖြစ်လာနိုင်သလား ??
#Yangon_Media_Group
#DailyNews
Published_ 18 February 2023
၁။ ရန်ကုန်ရွှေဈေးဆက်တိုက်ကျဆင်းနေပြီး အရောင်းအဝယ်မရှိ
၂။ YBS ယာဉ်များတွင် လျှပ်စစ်ကားများပါဝင်လာအောင် ဆောင်ရွက်ရန်ရှိဟုဆို
၃။ လေပြင်းတိုက်ပြီး မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဆက်ဖြစ်နိုင်
၄။ ရာသီဥတုဖောက်ပြန်မှုကြောင့် ကနေဒါမှကမ္ဘာ့အကြီးဆုံးစကိတ်ကွင်းကြီး ဖွင့်လှစ်ရန်အခက်အခဲရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 18 Feb 2023
- ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေက သန္ဓေပြောင်းလာနေပြီလို့ သတင်းအချို့မှာဖတ်ရပါတယ်။ အဲဒါဟုတ်ပါသလား??
#Yangon_Media_Group
#Local_News
Published-18 February 2023
ကျန်းမာရေးဝန်ကြီးဌာန ၊ အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်သည့် အစားအသောက် ၃၇ မျိုးကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။
ယင်းအစားအသောက်များမှာ ရွှေအုပ်မက်မန်းယို၊ ကောင်းဟိန်းဇီးယို၊ ဘုရင်မ မက်မန်းသီး(အနီ) ရုပ်ပုံပါ မန်ကျည်းဖလိတ်ပြား၊ 123 တံဆိပ်သရက်ယို၊ Hong Yuan တံဆိပ်ဇီးသီးယို၊ MK တံဆိပ်မက်၊မန်းသီး(အနီ)၊ ASA(Kisses You)တံဆိပ် Heart Jelly ၊ LANTERN တံဆိပ်(ပုလင်း)Bubble Gum ၊ Fruity တံဆိပ်(ပလတ်စတစ်ခွက်)အချိုရည် တို့ဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။
ထို့အပြင် မမော် တံဆိပ်ဇယန်းလက်ဖက်အစို၊ ABC(rainbow) တံဆိပ်(ပလတ်စတစ်ပုလင်း)စတော်ဘယ်ရီအရသာအချိုရည်၊ ခြင်္သေ့မင်း တံဆိပ်ငရုတ်ဆီ၊ Lucky Tiger တံဆိပ်ငရုတ်ဆီ၊ Sun Light တံဆိပ်(ပလတ်စတစ်ပုလင်း)ကိုလာအရသာအချိုရည်၊ ဇယန်းရွှေတောင် တံဆိပ်ပဲကြီးလှော် Thailand စာသားပါ(ပလတ်စတစ်ပုလင်း)ယိုးဒယားငါးပိရည်၊ Thailand စာသားပါ (ပလတ်စတစ်အိတ်)ကြက်ကြောလုံး၊ TP Food တံဆိပ်ကြက်ကြောလုံး၊ City Food Squid တံဆိပ် ရေဘဝဲချောင်း၊ Thailand စာသားပါ(ပလတ်စတစ်အိတ်)ပုဇွန်လုံး၊ Shenglong တံဆိပ်ပုဇွန်လုံး၊တရုတ်စာသားပါ(ပလတ်စတစ်အိတ်)ပုဇွန်လုံးနှင့် Thailandစာသားပါ(ပလတ်စတစ်အိတ်) စသည့် အစားအသောက်များလည်း ပါဝင်သည်။
အဆိုပါ အစားအသောက် များကို တာရှည်စားသောက်မိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်ပျက်စီးနိုင်ခြင်းနှင့်ကင်ဆာရောဂါဖြစ်ပွားစေနိုင်ကြောင်းလည်း အသိပေးထားသည်။
အစားအသောက်ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့်လည်း အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများ၊ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်တို့ကို လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူခံရမည်ဟု အသိပေးထားသည်။
#ymg/mt
#Yangon _Media _Group
Page 1312 of 1957