#Local_News
Published_ 12 June 2023

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်း‌မြို့နယ်နှင့် လှိုင်မြို့နယ် ကြား ၊ ပါရမီလမ်းပေါ်တွင် ဇါန်လ ၁၁ ရက် ည က အိမ်စီးကား ၂ စီးတိုက်မိခဲ့သောကြောင့် လူသုံးဦး ဒဏ်ရာရသွားကြောင်း သိရသည်။

တိုက်မိသော ကားအမျိုးအစားများမှာ Parado နှင့် Salon Q အမျိုးအစားများဖြစ်ပြီး ကွေ့ကြောမှ မောင်းလာသော ကားနှင့် တည့်တည့်ယာဉ်ကြောမှ မောင်းလာသော ကားတို့ တိုက်မိကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားတိုက်မှုကြောင့် Salon Q ကားပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာ Parado ကားပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်.

"ပါရမီလမ်းနဲ့ပြည်လမ်းထောင့်၊မင်းလမ်းမုန့်တီဆိုင်အရှေ့မှာဖြစ်တာပါ။ ပွန်းပဲ့ဒဏ်ရာရပြီး သတိလစ်တဲ့ အမျိုးသမီးတစ်ယောက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်"ဟု မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်း၏တာဝန်ရှိသူကပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ လူမှုကူညီရေးအသင်းများက သွားရောက်ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိထားသည့် သူများအား မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်း၊ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ymg/BM
#YMG #Yangon_Media_Group