#Local_News
Published_ 12 June 2023

မြန်မာ့ကော်ဖီကို နိုင်ငံပေါင်း ၁၄နိုင်ငံသို့တင်ပို့နေပြီး ဂျပန်အပါအ၀င်  ၄နိုင်ငံက သွင်းကုန်ခွင့်ကောက်ခံခြင်းအပေါ် သုညရာခိုင်နှုန်းသတ်မှတ်၍ အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(MTPO) မှ သိရသည်။

ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီ နိုင်ငံ ၄နိုင်ငံက မြန်မာ့ကော်ဖီတင်သွင်းမှုအ တွက် အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်မြန်မာ့ကော်ဖီကို အမေရိကန်၊ ဥရောပနှင့်အာရှဒေသရှိ နိုင်ငံပေါင်း(၁၄)နိုင် ငံသို့တင်ပို့ရောင်းချနေရပြီးစျေးကွက်သစ်များထပ်မံရှာဖွေ၍ တိုးမြှင့်တင်ပို့ကြရန်စီးပွား ရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနကတိုက်တွန်းထားကြောင်းလည်းသိရသည်။

မြန်မာ့ကော်ဖီကို ပင်လယ်ရေကြောင်းမှ အမေရိကန်၊ ကနေဒါ၊ အီးယူ၊ ဂျပန်နှင့်ကိုးရီး ယားနိုင်ငံသို့တင်ပို့နေပြီးနယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ရောင်းချနေကြောင်းသိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကော်ဖီစိုက်ဧက ၅သောင်းခန့်ရှိပြီး အထူးတန်း၀င် အမျိုးအစားကော်ဖီစေ့ တစ်တန်ပေါက်စျေး ကန်ဒေါ်လာ(၇၅၀၀) ခန့်ရှိပြီး ပုံမှန်စျေးကွက်၀င် ကော်ဖီအမျိုးအစားက တစ်တန်လျှင် ကန်ဒေါ်လာ (၃၀၀၀)မှ (၄၅၀၀) ကြားစျေးရရှိကြောင်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group