#Local_News
Published_ 12 June2023

ကိုရီးယားနိုင်ငံတွင် မြန်မာစိုက်ပျိုးရေးလုပ်သားတစ်ဦးတစ်ညလုံး ပန်ကာဖွင့်အိပ်ရာမှ သေဆုံးသွားခဲ့ကြောင်းတောင်ကိုရီးယားရောက် မြန်မာလုပ်သားများကို ကူညီပေးနေသည့် ကိုဇော်မိုးအောင်(ကိုရီးယား)ထံမှ သိရသည်။

အိပ်နေရင်း သေဆုံးသွားခဲ့သူ မှာ ကိုရီးယားနိုင်ငံ ဂယောင်နမ်ပြည်နယ် ချန်းဝမ်မြို့ ချန်းညောင်းမြို့နယ် ဂျန်းမာရပ်ကွက်ရှိ နေအိမ်တွင် နေထိုင်သည့် အသက် ၃၃ နှစ်အရွယ် ကိုသူရဖြိုး ဆိုသူဖြစ်ပြီး ဇွန်လ ၁၀ ရက် နံနက်ပိုင်းက သိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ကိုသူရဖြိုးဟာ တစ်ညလုံး ပန်ကာဖွင့် အိပ်ခဲ့ပြီးတော့မနက်ပိုင်း ထမလာမှ အလုပ် အတူလုပ်နေတဲ့ မြန်မာ လုပ်သား သူငယ်ချင်းက သွားနိုးတဲ့အခါ အသက် မရှိတော့တာကြောင့် အလုပ်ရှင်ကို အကြောင်းကြားခဲ့ပါတယ်”ဟု ကိုဇော်မိုးအောင် က ယင်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ သေဆုံးသွားသော ကိုသူရဖြိုး မှာ ၁၁ နှစ်အရွယ် သမီးငယ်တစ်ဦး ၏ ဖခင်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ကျောက်တံခါးမြို့နယ် အင်းပတ်လည်အုပ်စု ကြို့ကုန်းရွာ၌ နေထိုင်သူဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံသို့ ဒုတိယ အကြိမ် ပြန်လည်ရောက်ရှိလာသူဖြစ်ကာ ၄ လခန့်သာ ရှိသေးကြောင်း၊ မှို စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရသည်။

#ymg/BM
#Local_News #ကိုရီးယား #မြန်မာလုပ်သားတစ်ဦးတစ်ညလုံးပန်ကာဖွင့်အိပ်နေစဉ်သေဆုံး
#YMG #Yangon_Media_Group