#World_Health
Published_ 11 April 2023
အမျိုးသားများ ဆီးသွားရင်း မိုဘိုင်းဖုန်းအသုံးပြုတာဟာ ကျန်းမာရေးဘေးထွက်ဆိုးကျိုးများ ရှိလာစေနိုင်ကြောင်း ဆရာဝန်များသတိပေးလာကြပါတယ်။
အများသုံးအိမ်သာတွေမှာ ရေဆွဲချရာကနေ စင်ထွက်လာတဲ့ဘက်တီးရီးယားတွေက ရက်ပိုင်းအထိကြာအောင် ရှိနေနိုင်ကြောင်း အင်ဒီယာနာကျန်းမာရေးတက္ကသိုလ်မှ ဆီးလမ်းကြောင်းပညာရှင် ဒေါက်တာ'ဟယ်လန်ဘာနီ'က ပြောကြားခဲ့ပါတယ်။
ဆီးစက်တွေက အိမ်သာခွက်ထဲကနေ ၃ ပေလောက်အထိ စင်ထွက်လာနိုင်ပြီး ရေဆွဲချတဲ့အခါမှာ ၆ ပေလောက်အထိ လွင့်စင်လာနိုင်ပါတယ်။
လက်တစ်ဖက်သုံးပြီး ဆီးသွားကြကာ အခြားလက်ဖြင့် ဖုန်းကိုင်ထားခြင်းက ရောဂါပိုးမပျံ့ပွားနိုင်ဘူးလို့ အထင်မှားနေတတ်ကြပါတယ်။
အများသုံးအိမ်သာတွေမှာ ထိတွေ့သမျှအရာတွေက ပိုးမွှားများပြည့်နှက်နေတတ်ပါတယ်။
လေထုထဲသို့ပျံ့နှံ့သွားကာ E coli ၊ streptococcus ၊ အသည်းရောင်အသားဝါ A နဲ့ E စတဲ့ဘက်တီးရီးယားများ ပေါက်ဖွားရာနေရာဖြစ်နေပြီး ဝမ်းရောဂါအမျိုးမျိုးဖြစ်စေပါတယ်။
ရေဆွဲချရာမှ လွင့်စင်လာတဲ့ အမှုန် ၅၇ ရာခိုင်နှုန်းခန့်ဟာ လူတစ်ယောက်ဆီသို့ ၅.၅ စက္ကန့်အတွင်း ရောက်ရှိသွားနိုင်ပါတယ်။
လက်ထဲကကိုင်ထားတဲ့ဖုန်း၊ ခန္ဓာကိုယ်ဆီကို အဆိုပါအမှုန်များလွင့်စင် ကပ်ညိလာနိုင်ပါတယ်။
ဒီနောက် လက်ကိုင်ဖုန်းကို မျက်နှာနားကပ်ပြီး ဖုန်းပြောတဲ့အခါ အဆိုပါအညစ်အကြေးမှုန်များက ပါးစပ်၊ မျက်နှာတွေသို့ထိစပ်လာနိုင်ပါတယ်။
၂၀၂၀ ခုနှစ်က အီရန်မှာ ရေအိမ်ပေါင်း ၁,၀၆၂ ခုမှ နမူနာများရယူခဲ့ကာ နမူနာအားလုံးရဲ့ ၈၉ ရာခိုင်နှုန်းက ရောဂါပိုးများကူးစက်နေပြီး အများစုက E. coli ဖြစ်နေပါတယ်။
ဒေါက်တာဘာနီပြောကြားရာမှာ "ပြန်လွင့်စင်လာတဲ့အမှုန်တွေက ကျားအင်္ဂါအထိရောက်ရှိနိုင်ကာ လက်တွဲဖော်ကိုပါကူးစက်နိုင်ပါတယ်" လို့ ဆိုပါတယ်။
လက်အခြောက်ခံစက်တွေကနေလည်း လက်ပေါ်သို့ ဘက်တီးရီးယားများ ရောက်ရှိလာနိုင်ကြောင်း တွေ့ရှိထားပါတယ်။
သာမန်လူတစ်ယောက်ဟာ ဆီးသွားရာမှာ ပျမ်းမျှအားဖြင့် ၂၁ စက္ကန့်ကြာတတ်ပြီး ဒါဟာ ဘက်တီးရီးယားသန်းပေါင်းများစွာ ကူးစက်နိုင်လောက်တဲ့အချိန်ဖြစ်ပါတယ်။
Source: Daily Mail.
#World_Health #YMG #Yangon_Media_Group
#World_Health
Published_ 11 April 2023
ကိုယ်ဝန်ဆောင် ကာလအတွင်း ကိုဗစ်ရောဂါကူးစက်ခဲ့တဲ့ မိခင်ကြောင့် မွေးဖွားသည့် ကလေးငယ်များ၏ ဦးနှောက်ကို ထိခိုက်စေခဲ့ကြောင်း ရှားရှားပါးပါးတွေ့ရှိခဲ့ပါတယ်။
ကျွမ်းကျင်သူများက မကြာခဏဖော်ပြကြပေမယ့် SARS-Cov-2 ဗိုင်းရပ်စ်ဟာ သားအိမ်အချင်းကိုဖြတ်ပြီး ကလေးရဲ့ဦးနှောက်မှာ ထိခိုက်စေတာကို အခုမှပထမဆုံး လေ့လာခဲ့တာဖြစ်ကြောင်း သုတေသီများ အဆိုပြုလိုက်ပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်က ကလေးအမေရဲ့ အချင်းကိုဖြတ်ပြီး ကလေးတွေရဲ့ ဦးနှောက်ကိုထိခိုက်ခဲ့တဲ့ဖြစ်ရပ် ၂ ခုကို မီယာမီတက္ကသိုလ်ကနေ Pediatrics ဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။
အဆိုပါမိခင်တွေက ၂၀၂၀ ခုနှစ် ဒယ်လ်တာကူးစက်ပျံ့ပွားမှု မြင့်မားနေစဉ် ကိုယ်ဝန်ဒုတိယကာလပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ကြတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးတွေ မရရှိခင်အချိန်လည်းဖြစ်ပါတယ်။
မွေးလာတဲ့ကလေးတွေကို ဟော့လ်ဇ်ကလေးဆေးရုံသို့ တင်ခဲ့ရာမှာ မွေးလာတဲ့အခါ ဗိုင်းရပ်စ်မကူးစက်ထားကြောင်း တွေ့ရှိခဲ့ပါတယ်။
သူတို့ရဲ့သွေးထဲမှာ SARS-CoV-2 ပဋိဇီဝပစ္စည်းများ အများအပြားတွေ့ရှိခဲ့ကာ ပဋိပစ္စည်းတွေက အချင်းကိုဖြတ်တာမျိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ဖြတ်သန်းရာလမ်းကြောင်းမှာ ကလေးရဲ့ကိုယ်ခံအားတုန့်ပြန်တာမျိုး ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကလေးနှစ်ယောက်စလုံးဟာ အကြောဆွဲခြင်း၊ ဦးခေါင်းသေးခြင်း၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းတို့ ခံစားခဲ့ရကာ တစ်ဦးကတော့ အသက် ၁၃ လအရွယ်မှာ သေဆုံးခဲ့ပါတယ်။
ဗိုင်းရပ်စ်က အချင်းကနေဖြတ်ပြီး ကလေးရဲ့အင်္ဂါတစ်ခုခုဆီ ရောက်သွားတာကို ပထမဆုံးအကြိမ် ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာအလွန်အရေးကြီးတဲ့ ဖြစ်ရပ်လို့ ယူဆထားကြောင်း မီယာမီတက္ကသိုလ် သားဖွားနှင့် မီးယပ်ဥက္ကဌဒေါက်တာ'မိုက်ကယ်ပိုင်ဒက်စ်'က ပြောပြခဲ့ပါတယ်။
ကိုဗစ်ကာလအတွင်း ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ရောဂါကူးစက်ခံရတာ သိထားကြပေမယ့် ကလေးတွေ မွေးလာတဲ့အခါ ဒီလိုပြဿနာမျိုး တွေ့ရတာကတော့ အတော်လေးထူးဆန်းတယ်လို့ မီလာဆေးတက္ကသိုလ်မှ သားဖွားမီးယပ်ပရော်ဖက်ဆာ'ရှာနက်ဇ်ဒူအာရာ'က ပြောကြားခဲ့ပါတယ်။
ထိုမိခင်နှစ်ဦးမှာ ဘာလို့ဒီလိုဖြစ်ရလဲဆိုတာကို နားလည်အောင်ကြိုးစားနေကြပြီး ကလေးတွေကို ကာကွယ်နိုင်အောင် သုတေသနပြုလုပ်သွားမှာပါလို့လည်း ပြောကြားသွားပါတယ်။
Cytomegalovirus ၊ Rubella ၊ HIV နဲ့ Zika ဗိုင်းရပ်စ်တို့ဟာလည်း အချင်းကိုဖြတ်ပြီး သန္ဓေသားရဲ့ဦးနှောက်ကိုထိခိုက်စေကြောင်း တွေ့ရှိထားပါတယ်။
Source: WIO
#World_Health #ကိုယ်ဝန်ဆောင်ကာလ #ကိုဗစ်ရောဂါ #မွေးဖွားလာသည့်ကလေး #ဦးနှောက်ထိခိုက် #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
သင်္ကြန်ကာလတွေမှာ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသအချိုမှာမြေငလျင် လှုပ်ခတ်နိုင်ခြေရှိတဲ့အတွက် သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနနှင့်ဇလဗေဒညွှန်ကြားမှု၊မြေငလျင်ဌာနခွဲမှ သိရပါတယ်၊၊
#Local_News #သင်္ကြန်ကာလ #မြေငလျင်ငယ်လှုပ်ခတ်နိုင်ခြေရှိ
#YMG #Yangon_Media_Group
#World_Disaster
Published_10 April 2023
ဂျပန်နိုင်ငံမှ နျူကလီးယားညစ်ညမ်းရေ စွန့်ထုတ်ရေးစီမံကိန်းဟာ သူတို့တိုင်းသူပြည်သားနဲ့ နိုင်ငံတကာအသိုင်းအဝန်းဘက်ကို ပြန်ဦးတည်နေကြောင်း ဂျပန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတစ်ဦးက ဆိုလိုက်ပါတယ်။
#World_Disaster #နျူကလီးယားရေဆိုးများ #ပင်လယ်ထဲသို့ စွန့်ပစ်
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
သင်္ကြန်ကာလ ဧပြီလ(၁၃)ရက်မှ (၁၆)ရက်အထိ ယာဉ်မောင်းတွေ သတိပြုလိုက်နာရမယ့် အချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဧပြီလ(၁၀)ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
#Local_News #သင်္ကြန်ကာလ #ယာဉ်မောင်းများသတိပြုရန်အချက်များ #CCTVဖြင့်စောင့်ကြည့် #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
မြန်မာနှစ်သစ်ကူးကာလ ဖြစ်တာကြောင့် ပြည်တွင်းရွှေစျေးကွက်ထဲမှာ ကြီးကြီးမားမား အရောင်း၀ယ် မဖြစ်ပေမယ့် ရွှေတိုရွှေစ အနည်းငယ်လောက်သာအရောင်းအဝယ် ရှိနေတာကြောင့် စျေးနူန်းတည်ငြိမ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
#Local_News #ပြင်ပရွှေစျေး #စျေးငြိမ်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
သင်္ကြန်တွင်း အချို့ရက်တွေမှာ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို လာရောက်တည်းခိုဖို့ ဘိုကင်တင်ထားတဲ့သူတွေနဲ့ ပြည့်နေတယ်လို့ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှ သိရပါတယ်၊၊
#Local_News #ရွှေစက်တော်ဆင်စခန်း #လာရောက်တည်းခိုမည့်သူများ
#YMG #Yangon_Media_Group
#Daily_News
Published_ 10 April 2023
၁။သင်္ကြန်အကြိုနေ့နှင့် အကျနေ့များတွင် ရွှေစက်တော်ဆင်စခန်း၌ လာရောက်တည်းခိုမည့်သူများဖြင့် ပြည့်နေ
၂။ပြင်ရွှေစျေး ၂၉သိန်း ၆သောင်းကျော် ပေါက်စျေးရှိနေပြီးစျေးငြိမ်နေ
၃။သင်္ကြန်ကာလ ယာဉ်မောင်းများ သတိပြုရန်အချက်များ ထုတ်ပြန်၊ စည်းကမ်းမဲ့သူများကို CCTVဖြင့် စောင့်ကြည့်ပြီး အရေးယူမည်ဟုဆို
၄။နျူကလီးယားရေဆိုးများကို ပင်လယ်ထဲသို့ စွန့်ပစ်နေသည့် ဂျပန်၏လုပ်ရပ်ကြောင့် ပြည်သူများနှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 10 April 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး MOEE ဝန်းအရှေ့မှာ ဧပြီလ ၉ရက်နေ့ ည၉နာရီခွဲခန့်က လမ်းဖြတ်ကူးတဲ့ အသက်(၆၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦး ကားတိုက်မူ ဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် လူမူကူညီရေးအသင်းမှ သိရသည်။
#Local_News #အသက်၆၀အမျိုးသားတစ်ဦး #လမ်းဖြတ်ကူးစဉ်ကားတိုက်ခံရ
#YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသည့် နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို ထိုင်းနိုင်ငံမှ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်က လာရောက်၍ ကျန်းမာရေးအခြအနေမေးမြန်း ဂါရဝပြု ကန်တော့ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဝပ်ဖိုလ်ကျောင်း ဆရာတော်နှင့် မဟာချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံခြားရေးရာဌာနဥက္ကဋ္ဌဟောင်း ဝပ်အရုဏ်း ကျောင်းဆရာတော်တို့က ဗန်းမော်ဆရာတော်ကြီးထံ ဧပြီ ၉ ရက်တွင် လာရောက်၍ ကျန်းမာရေးအခြေအနေမေးမြန်းကာ ဂါရဝပြုကန်တော့ခဲ့တာ ဖြစ်ပါတယ်။
ထို့နောက် ဗန်းမော်ဆရာတော်ကြီးထံ WAKI မိသားစုကလှူဒါန်းသော ရွှေသားထီးတော်ဖြင့် ပြုလုပ်ထားသည့် ဓာတုစေတီတော်ကို ဆရာတော်ကြီးက ထိုင်းနိုင်ငံမှ ဆရာတော်ထံ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ဗန်းမော်ဆရာတော်ကြီးမှာ ဘန်ကောက်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူ နေခြင်းဖြစ်ကာ ဆရာဝန်များ၏ ညွန်ကြားချက်အရ အစာပျော့ပျော့ကိုသာ ဘုဉ်းပေးတော်မူနေရကာ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ အသည်း၊ လည်ချောင်း နှင့် ပန်ကရိယတို့၌ တွေ့ရသောအဖြေကို အတိအကျသိနိုင်ရန် အဖြေရှာနေသော အခြေအနေဖြစ်ကြောင်း သိရပါတယ်။
ygm_mnn
#Local_News #ထိုင်းနိုင်ငံ #ဗန်းမော်ဆရာတော်ကြီး #ထိုင်းနိုင်ငံသံဃမဟာနာယကဒုဥက္ကဋ္ဌဆရာတော် #ဂါရဝပြု #YMG #Yangon_Media_Group


#Local_News
Published_ 10 April 2023
သင်္ကြန်ပိတ်ရက်အပြီး ဧပြီလ ၂၄ ရက် တွင် တောင်ကိုရီးယားနိုင်ငံသို့် မြန်မာလုပ်သား ၁၅၀ နီးပါး စေလွှတ်သွားမည်ဟု အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ (POEA)က ကြေညာထားသည်။
ယင်းကဲ့သို့ စေလွှတ်မည့်အလုပ်သမားများတွင် လုပ်သားအသစ် ၁၀၅ဦးနှင့် လုပ်သားဟောင်း(Re-entry) ၄၃ဦးဖြစ်ကြောင်း ပါရှိသည်။
သွားရောက်လုပ်ကိုင်ခွင့် ရမည့်အလုပ်သမားများ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ထားပြီးအဆိုပါအလုပ်သမားများအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများဆောင်ရွက်ရန် ဧပြီလ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံခန်းမဆီလာရောက်ကြရန်လည်း အသိပေးထားသည်။
ယင်းကဲ့သို့လာရောက်သည့်နေ့တွင် အာမခံကြေး ၊ဝန်ဆောင်ခနဲ့ လေယာဉ်စရိတ်ပေးသွင်းကြရမှာဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Local_News #သင်္ကြန်ပိတ်ရက် # မြန်မာလုပ်သား
#YMG #Yangon_Media_Group

Published 10 April 2023
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) ဒူဘိုင်းမှာပြုလုပ်တဲ့ လေလံပွဲတစ်ခုမှာ ရှားပါးမော်တော်ယာဉ် လိုင်စင် နံပါတ်ပြားတစ်ခုဟာ ယူအေအီးရဲ့ ဒိုင်ယာဟမ်၅၅သန်း( အမေရိကန်ဒေါ်လာ ၁၅သန်းခန့်)အထိ အမြင့်ဆုံးနှင့် လေလံ အောင်သွားခဲ့ပါတယ်။ အဆိုပါနံပါတ်ပြားဟာ P7 ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး နံပါတ်ပြားအဖြစ် စံချိန်တင် သွားခဲ့ တာဖြစ်ပါတယ်။
အဲဒီ P7 နံပါတ်ပြားဟာ P ကို ဘေးဖယ်လိုက်ရင် (၇)ဂဏန်းတစ်လုံးတည်းလို့ လျှပ်တစ်ပြက်မြင်ရပါတယ်။ စနေနေ့က ပြုလုပ်တဲ့ ပရဟိတလေလံပွဲတစ်ခုမှာ လေလံတင်ခဲ့တာဖြစ်ပြီး အဆိုပါလေလံရရှိငွေတွေကို ဒူဘိုင်းအုပ်စိုးသူ ရှိတ်မိုဟာမက် ဘင်ရာရှစ်တည်ထောင်ထားတဲ့ အစားအသေက် တစ်ဘီလျံ ပံ့ပိုးမှုဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဦးစီးဦးရွက်အစီအစဉ်ထဲ ရောက်ရှိသွား မှာ ဖြစ်ပါတယ်။
ယူအေအီးဟာ ကားလိုင်စင်နံပါတ်ပြားတွေကို ဂုဏ်တင်စရာတစ်ခုအဖြစ် ပရဟိတလုပ်ငန်းတွေအတွက် လေလံ ပစ်လေ့ရှိပါတယ်။ အလွန့်ကိုချမ်းသာ ကြွယ်ဝကြသူတွေဟာ သူတို့ရဲ့ ဓနစည်းစိမ်ကိုပြသတဲ့ ပြယုဒ်တစ်ခုအဖြစ် ဝယ်ကြပါတယ်။ ၂၀၀၈ခုနှစ်တုန်းက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ဆာအက်အက်ဒူဂါဖာခိုရီဆိုသူဟာ အဘူဒါဘီမြို့မှာ နံပါတ်(၁) ဂဏန်း လိုင်စင်နံပါတ်ပြားကို ဒိုင်ယာဟမ်ငွေ ၅၂.၂ သန်းနှင့်ဝယ်ယူခဲ့တာဟာ နောက်ဆုံးဈေးအမြင့်ဆုံးဝယ်ယူ မှုဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ P7 နံပါတ်ပြား ဘယ်သူဝယ်ယူခဲ့တယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူး။
အရှေ့အလယ်ပိုင်းပြင်ပဘက်မှာလည်း အလားတူ ကားနံပါတ်ပြားတွေကို လေလံမှာ ဈေးကြီးပေးဝယ်တာ တွေရှိခဲ့ဖူးပါ တယ်။ ဒီနှစ်စောစောပိုင်းမှာ Rတစ်လုံးပဲပါတဲ့ နံပါတ်ပြားကို ဟောင်ကောင်မှာ ဟောင်ကောင်ဒေါ်လာ ၂၅.၅သန်း (အမေရိကန်ဒေါ်လာ၃.၂သန်း)နှင့် ဝယ်ယူခဲ့သူရှိခဲ့ပါတယ်။
ဒူဘိုင်းဟာ မဟာ့မဟာချမ်းသာသူတွေအတွက် စိတ်ချလုံခြုံပြီး အခွန်ကင်းတဲ့ အရပ်တစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့ပါတယ်။ ကမ္ဘာ့အခြားအစိတ်အပိုင်းတွေဟာ စီးပွာရေးကျဆင်းမှုကြောင့် စိုးရိမ်သောကရောက်နေကြရတဲ့ အချိန်မှာ ယူအေအီးရဲ့ စီးပွားရေးဟာ ကောင်းမွန်နေဆဲဖြစ်ပါတယ်။ ရေနံတွေဈေးကြီးမြင့်တာဟာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံ တွေနှင့် အရေးကြီးဖောက်သည်တွေအတွက် အကျိုးရှိနေပါတယ်။ ဓနအင်အားတွေစီးဝင်မှုက အိမ်ခြံမြေဈေးကွက်ကို အားကောင်းနေစေပါတယ်။
ကိုယ့်မိခင်နိုင်ငံထက် အရောင်းအခွန်နှုန်းတွေ နိမ့်တာကြောင့် အလယ်အလတ်ဝင်ငွေရှိကြတဲ့ နိုင်ငံခြားသား ပညာရှင်တွေဟာ ကားတွေအပေါ် ငွေကိုဖြုန်းနေနိုင်ကြပါတယ်။
အဘူဆာဘာလို့သိကြတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘာဗင်ဒါဆင်းဆာနီဟာ ၂၀၁၆ခုနှစ်တုန်းက ကားလိုင်စင်နံပါတ်ပြား D 5 ကို ဒိုင်ယာဟမ် ၃၃သန်းနှင့် ဝယ်ခဲ့ပါသေးတယ်။ “ ဒူဘိုင်းဟာ ရွှေနိုင်ငံ။ ကြီးမားတဲ့သူတွေ၊ခိုင်မာတောင့်တင့်တဲ့သူတွေနှင့် သဘောကောင်းသူတွေနေတဲ့မြို့ဖြစ်တယ်။ အဲဒါကြောင့် လူတိုင်းက သူတို့ရဲ့ လူနေမှုအဆင့်ကိုပြချင်ကြတယ်” လို့ တနင်္လာနေ့က အင်တာဗျူးမှာပြောခဲ့ပါတယ်။
သူဟာ ၂၀၀၆ခုနှစ်တုန်းက ဇိမ်ခံဟိုတယ်ကြီးတစ်ခုကိုလာတာ သူ့ကိုပေးမဝင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကားက နံပါတ်တွေအများကြီးနှင့်နံပါတ်ပြားတပ်ထားလို့ဖြစ်တယ်လို့ ဆာနီကပြောပါတယ်။ သူအနေနှင့် နံပါတ်နှစ်လုံးပါ နံပါတ် ပြားရှိရင်ရှိ မရှိရင် အရန်စာရင်းသွင်းမယ်လို့ အပြောခံခဲ့ရပါတယ်တဲ့။ အဲဒါကြောင့် သူဟာ နံပါတ်တစ်လုံးတည်းနှင့် ကား လိုင်စင်ပြားကိုသိပ်လိုချင်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့မှာ အခွင့်အရေးရလာပြီး သူဝယ်တဲ့ပိုက်ဆံတွေက ပရဟိတအလှု အတွက်ဆိုတာသိလိုက်တာနှင့် သူဟာ D 5 နံပါတ်ပြားကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူက D5ဘာဖြစ်လို့ကြိုက်တာလဲ ဆိုတော့ သူ့ရဲ့အကြိုက်နံပါတ်ဟာ ၉ ဂဏန်းဖြစ်ကြောင်း၊ Dဆိုတာ နံပါတ်၄ဖြစ်ပြီး ၄နှင့် ၅ပေါင်းတဲ့အခါ ၉ ရကြောင်း ဘလွမ်းဘတ်သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
Source: Bloomberg
#P7ကားနံပါတ်ပြားဒူဘိုင်းတွင်ဒေါ်လာ၁၅သန်းဖြင့်လေလံအောင်
#အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ
#YangonMediaGroup

Page 1245 of 1958