#Local_News
Published_ 11 April 2023
ဧပြီလမှာတော့ ပြည်တွင်းခရီးသွားကဏ္ဍ အမြင့်ဆုံးအချိန်ကို ရောက်နေပြီး မေလနဲ့ မိုးရာသီကာလမှာတော့ ခရီးသွားတွေ တဖြည်းဖြည်း ပြန်ကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Local_News #ဧပြီလပြည်တွင်းခရီးသွာကဏ္ဍ #မေလ၌တဖြည်းဖြည်းပြန်ကျဆင်းနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 11 April 2023
ဧပြီ ၁ ရက်နေ့မှာ စတင်တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲ တင်ပိုခြင်းကနေ ပိုကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိဖို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရည်မှန်းထားပါတယ်။
#Local_News #ဆန်နှင့်ဆန်ကွဲ #ပို့ကုန်ဝင်ငွေဒေါ်လာ၁ဘီလီယံ #ဆန်စပါးအသင်းချုပ်
#YMG #Yangon_Media_Group
#Local_News
Published_ 11 April 2023
ပုဂံဘုရား ပုံတော်တွေကို မြေကြီးမှာချကာ မရောင်းဖို့နဲ့ ဗုဒ္ဓဘာသာပုံရိပ်ဆိုင်ရာတွေကို ကိုယ်ခန္ဓာမှာ တက်တူးထိုးပါက တက်တူးထိုးခံတဲ့သူနဲ့ တက်တူးထိုးပေးသူ ၂ဦးစလုံးကို အရေးယူသွားမှာဖြစ်ကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) က အသိပေးထားပါတယ်။
#Local_News #ပုဂံဘုရားပုံတော် #ဗုဒ္ဓဘာသာ
#YMG #Yangon_Media_Group
#Daily_News
Published_ 11 April 2023
၁။ပုဂံမှာ ဘုရားပုံတော်တွေ မြေကြီးမှာ ချမရောင်းဖို့နဲ့ ဗုဒ္ဓဘာသာ ပုံရိပ်ဆိုင်ရာတွေ ကိုယ်ခန္ဓာမှာ တက်တူးထိုးရင် အရေးယူမည်
၂။ဆန်နှင့်ဆန်ကွဲ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ ရရှိရေး ဆန်စပါးအသင်းချုပ် ရည်မှန်းထား
၃။ဧပြီလတွင် ပြည်တွင်းခရီးသွားကဏ္ဍ အမြင့်ဆုံးအချိန်ရောက်နေ၊ မေလ၌ တဖြည်းဖြည်းပြန်ကျဆင်းနိုင်ဟုဆို
၄။နှစ်(၂၀)ကြာပြီးတိုင်အောင် အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန်အား ဂျော်ဒန်တွင်အမှတ်ရ လေးစားနေကြဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 11 April 2023
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်မြိုပတ်ရထားများအားလုံး ပြေးဆွဲမှုရပ်နားသွားမယ်လိုရန်ကုန် ဘူတာကြီးက သိရပါတယ်။
#Local_News #သင်္ကြန်ကာလ #ရန်ကုန်မြို့ပတ်ရထား #ပြေးဆွဲမှုရပ်နား
#YMG #Yangon_Media_Group
#Local_News
Published_ 11 April 2023
ရန်ကုန်-နေပြည်တော်ဘက်ခြမ်း ၈၉ မိုင်အနီး ယာဉ်တိမ်းမှောက်၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရမှု ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၈၉/ဝ) နှင့် (၈၉/၁)ကြားတွင် Wish ခဲရောင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကဒ်တုံးကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း၊အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၁)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ရန်ကုန်-နေပြည်တော် #၈၉မိုင်အနီးယာဉ်တိမ်းမှောက်
#YMG #Yangon_Media_Group

#Local_News
Published_ 11 April 2023
တိုင်းတရားလွှတ်တော် ဒုညွှန်မှူး နှင့် အိမ်အကူ ကို သတ်ကာ နေအိမ်ကိုပါ မီးရှို့သွားမှု မန္တလေးတွင် ယနေ့ ဧပြီလ ၁၁ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
အဆိုပါ တိုင်းတရားလွှတ်တော် ဒုညွှန်မှူးမှာ အသက် ၅၀ အရွယ် ဒေါ်လေးကြည်ဖြစ်ပြီး မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ အကွက်(၈၉၆)၊ ၃၁ လမ်း၊ ၆၅လမ်း နှင့် ၆၆လမ်းကြားက RCသုံးထပ်နေအိမ်တွင် လည်းပင်းဓားစိုက်ဒဏ်ရာ၊ လက်ဝဲဘက်ပါးပြတ်ရှဒဏ်ရာ ၃ ချက်၊ လင်ဝဲနဖူးပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့်လည်းကောင်း၊ ယင်း၏နေအိမ်ဒုတိယထပ်က ခေါင်မိုးပေါ်တက်လှေကားခြေရင်းတွင် အိမ်အကူ အသက် ၃၈ နှစ်အရွယ် မအေးသန္တာမှာ ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေကြောင်း သိရသည်။
ယင်းအပြင် ၎င်း၏ နေအိမ်ကို မီးရှို့ခဲ့သောကြောင့် အိမ်တွင်း ပစ္စည်းများ မီးလောင် ပျက်စီးခဲ့ကြောင်း၊အဆိုပါ တိုင်းတရားလွှတ်တော် ဒုညွှန်မှူး မှာ နေအိမ်၌ ကျန်းမာရေးခွင့်ဖြင့်နေထိုင်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt #Local_News #တိုင်းတရားလွှတ်တော် #နေအိမ်ကိုမီးရှို့ #မန္တလေး
#YMG#Yangon_Media_Group
#Local_News
Published_ 11 April 2023
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်အတွင်း ရုပ်ရှင်၊ သဘင်၊ ဂီတအဖွဲ့အစည်းများမှ ဖျော်ဖြေရေး ယိမ်း ၆၈ ဖွဲ့ က ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
မြို့တော်အတွင်း ရန်ကုန်မြို့တော်ရေသဘင်မဏ္ဍပ်အပြင် ပြည်သူ့ရင်ပြင်၌ လမ်းလျှောက်သင်္ကြန် အစီအစဉ်ကို ထည့်သွင်းစီစဉ်ထားရှိပြီး ရေကစားမဏ္ဍပ် ၁၂ ခု၊ ဖျော်ဖြေရေး အစီအစဉ်များ၊ စတုဒိသာမဏ္ဍပ်များနှင့် ရေကစားရင်း အလွယ်တကူဝယ်ယူစားသုံးနိုင်ရန် ဈေးဆိုင်ခန်းများ စီမံပေးထားကြောင်း သိရသည်။
လမ်းလျှောက်သင်္ကြန်တွင် ရောင်စုံထီးအရိပ်တို့ဖြင့် အကာအကွယ်ပေးလျက်ရှိသည့်အပြင် မြန်မာ့ရိုးရာထန်းလက်တဲများအတွင်း အနားယူအပန်းဖြေနိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံဆောင်ရွက်ထားကြောင်းလည်း သိရသည်။
ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်အစီအစဉ်တွင် နွေဦးကဗျာ၊ နှစ်သစ်ချစ်ဦး၊ ပိတောက်လက်ဆောင်၊ ပိတောက်ရိပ်၊ သင်္ကြန်မိုး၊ နွေအလှ၊ တူးပို့တူးပို့၊ ပိတောက်မျက်နှာ၊ နှစ်သစ်မင်္ဂလာနှင့် ပန်းမျိုးတစ်ရာ စသည့်မဏ္ဍပ်များအပြင် စတုဒိသာမဏ္ဍပ်များနှင့် အများပြည်သူ အလွယ်တကူဝယ်ယူ စားသုံးနိုင်သည့် စားသောက်ဆိုင်ခန်းများကို စနစ်တကျတည်ဆောက်ထားကြောင်းလည်း သိရသည်။



#ymg/mt #Local_News #ရန်ကုန်သင်္ကြန်ပွဲတော်
#YMG#Yangon_Media_Group
#Local_News
Published_ 11 April 2023
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ တရုတ်မှ လှူဒါန်းသည့် Yutong ဘတ်စ်ကားတစ်စီးကို ဝန်ထမ်းကြိုပို့ယာဉ်အဖြစ်အသုံးပြုမည်ဖြစ်ကြောင်းအဆိုပါ ဝန်ကြီးဌာနက သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက်က အဆိုပါ ဘတ်စ်ကား လှူဒါန်းပွဲကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တို့ တက်ရောက် ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ယခုအကြိမ်လှူဒါန်းသည့် တရုတ်နိုင်ငံထုတ် Yutong ဘတ်စ်ကားကို ဝန်ထမ်းကြို ပို့အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားပြီနောက် သံအမတ်ကြီး Mr. Chen Hai က ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် နှစ်ဦးနှစ်ဖက် ပြည်သူ့ဘဝအကျိုးပြုကူညီမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံရှိတရုတ်ကုမ္ပဏီများ နိုင်ငံခြားငွေအခက်အခဲဖြေရှင်းခြင်း စသည့်အရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်၊၊
#ymg/tthl #Local_News #Yutong ဘတ်စ်ကား #ဝန်ထမ်းကြိုပို့ယာဉ် #YMG
#Yangon_Media_Group
#Local_News
Published-11 April 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၅၀ဦးကို ဧပြီလ ၁၁ရက်(ယနေ့) ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ စေလွှတ်ခဲ့သည့် မြန်မာလုပ်သားများတွင် Re-entry ကုန်ထုတ်လုပ်သား (၈၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၁၉) ဦး၊ ကုန်ထုတ်လုပ်သားသစ် (၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၂) ဦးပါဝင်ကြောင်းသိရသည်။
အဆိုပါလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Local_News #EPSစနစ် # မြန်မာလုပ်သား၁၅၀ #ထပ်မံစေလွှတ်
#YMG #Yangon_Media_Group
#Local_News
Published_ 11 April 2023
တရုတ်-မြန်မာနယ်စပ်ပြည်သူများအတွက် တရုတ်က ယူနန်သင်္ကြန်ပွဲတော်ကျင်းပသွားမည်ဖြစ်ပြီး တရုတ် -မြန်မာနယ်စပ်ပြည်သူများအတွက် ပျော်ရွှင်ဖွယ်ရာ ဂီတပွဲတော် စသည့်ထူးခြားသောလှုပ်ရှားမှု(၁၀) ခုကျော် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်၊၊
ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲ(မြို့)များဖြစ်သည့် စစ်ဆောင်ပနား၊ တယ်ဟုန်၊ လင်ချန်း၊ ဖူအယ်နှင့် ကူမင်းမြို့တို့၌ သင်္ကြန်ပွဲတော်များ ကျင်းပသွားမည်ဖြစ်သည်ဟု ဆိုသည်၊၊
ယူနန်ပြည်နယ်ရှိ စစ်ဆောင်ပနား၊ တယ်ဟုန်၊ လင်ချန်း၊ ဖူအယ် စသည့် ပြည်နယ်ခွဲ (မြို့) များသည် တစ်နှစ်တစ်ကြိမ် ကျင်းပသော အတာသင်္ကြန်ပွဲတော် လှုပ်ရှားမှုများကို ကျင်းပရန် ရက်များဆက်တိုက် ပြင်ဆင်နေကြပြီး များပြားစုံလင်လှသော ဂုဏ်ပြုအခမ်းအနားများနှင့် လက်တွေ့ခံစားမှု အစီအစဉ်များ ကျင်းပရန် စီစဉ်ထားကာ လူသောင်းချီပါဝင်ဆင်နွှဲကြသော ပျော်ပွဲရွှင်ပွဲကြီးကို ထပ်မံစတင်တော့မည်ဟု ဆိုသည်၊၊
စစ်ဆောင်ပနား ကျင်ဟုံမြို့တွင် ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ ညပိုင်းအထိ တိုင်ပြက္ခဒိန် ၁၃၈၅ ခုနှစ် နှစ်သစ်ကူးပွဲတော် (သင်္ကြန်ပွဲတော်) ဂုဏ်ပြုအခမ်းအနားနှင့် ရိုးရာနဂါးလှေလှော်ပြိုင်ပွဲ၊ တိုင်းရင်းသား ထူးခြားလက္ခဏာများပါဝင်သော သဲပုံပွဲ၊ ကြက်တိုက်ပွဲ ဖျော်ဖြေပွဲများ၊ လူသောင်းနှင့်ချီ၍ မီးပုံးပျံလွှတ်ခြင်း စသည့်အစီအစဉ်များကို ကျင်းပမည်ဖြစ်သည်။
တယ်ဟုန် တိုင်တိုင်းရင်းသား ဂျိန်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် မန်စီ မီးရောင်စုံလင် ဂီတပွဲ၊ တိုင်းရင်းသားအစားအစာနှင့် အထူးထွက်ကုန်များ ပြပွဲ၊ “အရုဏ်ဦးမြို့” ဂီတပွဲတော်၊ အမျိုးသားစည်းလုံးညီညွတ်ရေး micro film ပွဲဦးထွက်ပြသခြင်းအခမ်းအနား၊ စီမံကိန်းလက်မှတ်ရေးထိုးပွဲအခမ်းအနားနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ပွဲ၊ တရုတ်-မြန်မာ နယ်စပ်ပြည်သူများ ပျော်ရွှင်ဖွယ်ရာ ဂီတပွဲတော် စသည့် ထူးခြားသော လှုပ်ရှားမှု ၁၀ ခုကျော်ကို ကျင်းပမည်ဖြစ်သည်။
လင်ချန်းမြို့တွင် သင်္ကြန်ပွဲတော် ဆက်စပ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား ကျင်းပ၍ တစ်မြို့လုံးတွင် စားသောက်ဖွယ်ရာများ ကူးသန်းရောင်းဝယ်ရေး၊ ရိုးရာဓလေ့ထုံးတမ်းများ၊ ကျေးလက်ခရီးသွားလာရေး စသည့် တွဲဖက်လှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်သည်။
ဖူအယ်မြို့ မုံလျန် တိုင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ ဝတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် တိုင်တိုင်းရင်းသားပြည်သူများ နှစ်သစ်ကူးအခမ်းအနားကို ကျင်းပမည်ဖြစ်သည်။
ကူမင်းရှိ ယူနန်တိုင်းရင်းသားကျေးရွာတွင် ခရီးသွားဧည့်သည်များအတွက် ရေပေါ်ရှိုးပွဲ၊ ရေပက် ဆုမွန်ကောင်းတောင်းပေးခြင်း၊ အဆိုအက၊ ရေကစားရင်း ချန်ပီယံလုခြင်း စသည့် မူလအနှစ်သာရမပျက်သော ရိုးရာဓလေ့ လက်တွေ့ခံစားမှုများကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
ymg/tthl
#Local_News #တရုတ်-မြန်မာနယ်စပ် #တရုတ်က ယူနန်သင်္ကြန်ပွဲတော်
#YMG #Yangon_Media_Group

#World_Crime
Published_ 11 April 2023
တနင်္လာနေ့က လူဝီဗီးလ်မြို့ရှိ ဘဏ်တစ်ခုမှာ အသက် ၂၃ နှစ်အရွယ် ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးက လုပ်ဖော်ကိုင်ဖက် ၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ကာ နောက်ထပ် ၉ ဦးဒဏ်ရာရစေခဲ့ပြီးယင်းကို ဆိုရှယ်မီဒီယာမှာ တိုက်ရိုက်ပြသခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
သေနတ်သမားဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ ထိမှန်သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်သတ်တာလား ဒါမှမဟုတ် သူ့ကိုယ်သူပစ်သတ်တာလားဆိုတာ မသိရပါဘူး။
အမေရိကန်က လူအစုလိုက်အပြုံလိုက် ပစ်သတ်မှုဖြစ်ရပ်တွေထဲမှာ အခုဖြစ်ရပ်က နောက်ဆုံးဖြစ်ပျက်သွားတာဖြစ်ပါတယ်။
သေနတ်သမားက 'ကော်နာစတာဂျန်'ဖြစ်ကာ ပြီးခဲ့တဲ့နှစ်က အမျိုးသားဘဏ်ဟောင်းမြို့ထဲရုံးခွဲမှာ အချိန်ပြည့်ဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့ကြောင်း လူဝီဗီးလ်ရဲတပ်ဖွဲ့က ဆိုပါတယ်။
စလပ်ဂါဖီးလ်ဘေ့စ်ဘောကွင်းအနီး ဘဏ်ရုံးမှာ နံနက်ပိုင်း ၈ နာရီခွဲ၌ ပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ သတင်းပေးပို့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရဲတပ်ဖွဲ့က တုန့်ပြန်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
ရဲအရာရှိတွေက ရိုင်ဖယ်ကိုင်ဆောင်ထားတဲ့ သေနတ်သမားကို ပစ်ခတ်ခဲ့ကြောင်း ရဲမှူးချုပ်'ဂျက်ကွီလင်ဂွင်ဗီလာရိုလ်'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်သူက သူပစ်ခတ်နေတဲ့ပုံကို ဆိုရှယ်မီဒီယာမှာ ထုတ်လွှင့်ပြသခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးသူတွေကတော့ အသက် ၄၀ နှစ် 'ယိုရွှာဘာရစ်'၊ အသက် ၅၇ နှစ် 'ဒင်နာအက်ခ်ဘာ့'၊ အသက် ၆၃ နှစ် 'သောမတ်စ်အယ်လီယော့'၊ အသက် ၄၅ နှစ် 'ဂျူလီယာနာဖာမာ'၊ အသက် ၆၄ နှစ်'ဂျိမ်းစ်တက်'တို့ဖြစ်ပါတယ်။
ကင်တပ်ကီအုပ်ချုပ်ရေးမှူး'အန်ဒီဘီရှီယာ'က နေ့လယ်ခင်းသတင်းစာရှင်းလင်းပွဲမှာ ငိုကြွေးပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ရဲအရာရှိ ၂ ဦးလည်းပါဝင်ခဲ့ပြီး အသက် ၂၆ နှစ်အရွယ် ရဲအရာရှိဟာ ဦးခေါင်းကို ထိမှန်ခဲ့ပြီးနောက် စိုးရိမ်ရဖွယ်အခြေအနေ ရှိနေပါတယ်။
အမေရိကန်မှာ ၂၀၂၃ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုပေါင်း ၁၄၆ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၆ နောက်ပိုင်းအများဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
သေနတ်များ လုံခြုံစွာသိမ်းဆည်းရန်၊ သေနတ်ရောင်းချမှုများအတွက် နောက်ကြောင်းစစ်ဆေးမှု၊ သေနတ်ထုတ်လုပ်သူများ လွတ်ငြိမ်းချမ်းသာခွင့် ဖယ်ရှားရန် လိုအပ်တဲ့ဥပဒေများကို ကွန်ဂရက်လွှတ်တော်မှ အတည်ပြုပေးစေလိုကြောင်း သမ္မတ'ဂျိုးဘိုင်ဒင်'က ပြောကြားလိုက်ပါတယ်။
Source: Daily Mail
#World_Crime #လူဝီဗီးလ် #ဘဏ်ဝန်ထမ်းဟောင်း #သေနတ်ပစ်ခတ်မှု #(၅)ဦးသေဆုံး
#YMG #Yangon_Media_Group






Page 1244 of 1958