#World_Science
Published_ 18 June 2023
လူသားများအနေနဲ့ အင်္ဂါဂြိုဟ်လိုမျိုး အာကာသသို့ခရီးဝေးသွားတဲ့အခါမှာ အချို့ကောက်ပဲသီးနှံများ စိုက်ပျိုးရန်လိုပြီး အာကာသထဲမှာ အပင်များကြီးထွားပုံကို နားလည်ရန်လိုအပ်ပါတယ်။
ဒီအတွက် နာဆာ(NASA)က ၂၀၁၅ ခုနှစ်ကတည်းက အာကာသထဲမှာ ပန်းပင်များစိုက်ပျိုးခဲ့ပြီး နာဆာအာကာသယာဉ်မှူး'ရှဲလ်လင်ဂရင်'က အသက်သွင်းခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာအာကာသစခန်းမှာ မျိုးစေ့ချစိုက်ပျိုးထားတဲ့ ဇီနီယာအပင်ပွင့်လာတဲ့ပုံကို နာဆာက ဖော်ပြခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက ၁၉၇၀ ခုနှစ်များကတည်းက အာကာသအတွင်းရှိအပင်များကို လေ့လာခဲ့ပေမယ့် ဒီစမ်းသပ်ချက်ကိုတော့ ရှဲလ်လင်ဂရမ်က ၂၀၁၅ ကစတင်ခဲ့ပါတယ်။
နိုင်ငံတကာအာကာသစခန်းမှာ ဆလတ်၊ ခရမ်းချဉ်သီး၊ ငရုတ်ပင်များစိုက်ပျိုးထားပြီးဖြစ်ပြီး နောက်ထပ်အပင်များ ထပ်စိုက်ဦးမှာဖြစ်ပါတယ်။
ဒီလိုအာကာသဥယျာဉ်ကို နိုင်ငံတကာအာကာသစခန်းမှ တီထွင်ခဲ့တာဖြစ်ပြီး ကြီးထွားလာနိုင်ချေကို ဖော်ပြနေပါတယ်။
ဇီနီယာပန်းပွင့်တဲ့လုပ်ငန်းစဉ်က ဆွဲငင်အားအလွန်နည်းပါးတဲ့နေရာမှာ အပင်တွေဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို ပိုမိုနားလည်လာစေရန် အခွင့်အလမ်းဖြစ်လာနိုင်ပါတယ်။
ဝေးလံတဲ့အာကာသတာဝန်တွေထမ်းဆောင်ရန် အာကာသယာဉ်မှူးများအတွက် လက်တွေ့လုပ်ကိုင်နိုင်ရန် ကူညီပေးနိုင်မှာဖြစ်ပါတယ်။
အဆိုပါဓာတ်ပုံကြောင့် သိပ္ပံပညာဝါသနာရှင်များအတွက် စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး အများအပြားမှတ်ချက်ပေးခဲ့ကြပါတယ်။
Source: WION
#YMG #Yangon_Media_Group
#Local News
Published_ 17 June 2023
မိုးရာသီမှာ ပြည်တွင်းဘုရားဖူးခရီးစဉ်တွေအနေနဲ့ ပုဂံ၊တောင်ကြီး၊အင်လေး၊ပင်းတယခရီးစဉ်တွေကို သွားလာသူအများဆုံးဖြစ်နေတယ်လို့ ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းတွေထံမှ သိရပါတယ်။
#Local News #မိုးရာသီတွင်ပြည်တွင်းဘုရားဖူးခရီးစဉ်များ #ပုဂံ၊တောင်ကြီး၊အင်းလေ
#YMG #Yangon_Media_Group
#Local_News
Published_17 June 2023
မြန်မာနိုင်ငံမှာ အွန်လိုင်းသုံးစွဲသူတွေကြားမှာ ဆိုက်ဘာပြစ်မှုတွေအနေနဲ့ အွန်လိုင်းကနေ အသရေဖျက်မှု(၂၄၈၅)မှု၊
လိမ်လည်မှု(၅၂၆)မှုဖြစ်ပွားခဲ့တယ်လို့ စားသုံးရေးရာဦးစီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
#Local_News #မြန်မာနိုင်ငံဆိုက်ဘာပြစ်မှုများ #အွန်လိုင်းမှအသရေဖျက်မှု
#YMG #Yangon_Media_Group
#World_Legacy
Published_ 17 June 2023
စပိန်နိုင်ငံရဲ့ အယ်ဘူလီစားသောက်ဆိုင်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ခန့်က မပိတ်သိမ်းခင်မှာ ကမ္ဘာ့အကောင်းဆုံးစားသောက်ဆိုင်အဖြစ် အကြိမ်ကြိမ်မဲပေးခံခဲ့ရပြီး အခုအခါမှာ အချက်အပြုတ်ပြောင်းလဲရေးကို ရည်ညွှန်းမယ့်ပြတိုက်အဖြစ် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားပါတယ်။
#World_Legacy #ကမ္ဘာ့အကောင်းဆုံးစားသောက်ဆိုင် #စပိန်စားသောက်ဆိုင် #ပြတိုက်အဖြစ်ပြန်လည်ဖွင့်လှစ်
#YMG #Yangon_Media_Group
#Health_Matters
Published_ 17 June 2023
- အဲဒီအမည်မသိ အမျိုးမသိသေးတဲ့ ကပ်ရောဂါဆိုးကို ဘယ်လိုကြိုတင်ကာကွယ်နိုင်ကြမလဲဆရာ
...??
#Health_Matters #အမည်မသိအမျိုးမသိကပ်ရောဂါဆိုး #ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 17 June 2023
လာမယ့်ဇွန်လ၂၅ရက်ဟာ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့ဖြစ်ပြီး မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာသင်္ဘောသားနေ့ (Day of the Seafarer) အထိမ်းအမှတ် အခမ်းအနားကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။
#Local_News #အပြည်ပြည်ဆိုင်ရာသင်္ဘောသားနေ့ #ရန်ကုန်မြို့ ၌ကျင်းမည်
#YMG #Yangon_Media_Group
#Health_Matters
Published_ 17 June 2023
- ကပ်ရောဂါဆိုးဟာ ယခုလက်ရှိဖြစ်နေတဲ့ကိုဗစ်နှင့် အရင်ဖြစ်ခဲ့တာတွေထက် ပိုဆိုးမယ်လို့ပြောနေကြပါတယ်။ ဘယ်လောက် အထိဆိုးနိုင်သလဲဆရာ ...??
#Health_Matters #အမည်မသိအမျိုးမသိကပ်ရောဂါဆိုး #ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 17 June 2023
၁။ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားနေ့ အခမ်း အနားရန်ကုန်မြို့ ၌ကျင်းမည်
၂။ မြန်မာနိုင်ငံတွင် ဆိုက်ဘာပြစ်မှုများအဖြစ် အွန်လိုင်းမှ အသရေဖျက်မှု (၂၄၈၅)မှု၊ လိမ်လည်မှု(၅၂၆)မှု ဖြစ်ပွားခဲ့
၃။ မိုးရာသီတွင် ပြည်တွင်းဘုရားဖူးခရီးစဉ်များအဖြစ် ပုဂံ၊ တောင်ကြီး၊ အင်းလေးသို့ သွားလာသူအများဆုံးဖြစ်ဟု ဆို
၄။ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်အဖြစ် သတ်မှတ်ခံခဲ့ရသည့် စပိန်စားသောက်ဆိုင်အား ပြတိုက်အဖြစ် ပြန်လည်ဖွင့်လှစ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 17 June 2023
- နောက်လာနိုင်တဲ့ ကပ်ရောဂါဆိုးက ဘယ်လိုပုံစံမျိုးဖြစ်နိုင်သလဲဆရာ ...??
#Health_Matters #အမည်မသိအမျိုးမသိကပ်ရောဂါဆိုး #ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 17 June2023
ရန်ကုန်တိုင်းေးသကြီး ၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာအတွင်း အိမ်အကူအမျိုးသမီး တစ်ဦး အသတ်ခံခဲ့ရသည့် အမှုတွင် အိမ်ဆေးသုတ်အလုပ်သမားတစ်ဦးကို သံသယဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ် FMI Orchid O-Lot တွင် အဆိုပါ အိမ်အကူအမျိုးသမီးမှာ ဦးခေါင်းကို တူဖြင့် ထု၍ အသတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
အဆိုပါ သံသယ ကြောင့် အဖမ်းခံထားရသူမှာ အိမ်အကူ အလုပ်လုပ်နေသော အိမ်၌ ဆေးသုတ်အလုပ်ကို လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း၊အိမ်အကူအမျိုးသမီး သေဆုံးသည့်နေ့က ယင်းအမျိုးသားမှာ အခင်းဖြစ်ရာနေအိမ်သို့ ရောက်ရှိခဲ့သည်ဆိုသည့် အထောက်အားများဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။
အိမ်အကူအမျိုးသမီး သေဆုံးခဲ့သည့် နေအိမ်တွင် ပစ္စည်းများလည်း ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ၊လက်ရှိတွင် ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 17 June2023
ရခိုင်ပြည်နယ်တွင် တစ်နေ့တည်း မိုးကြိုးပစ်ခံရ၍ လယ်သမား ၄ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့မှု ဇွန်လ ၁၆ ရက်က ဖြစ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ဇွန်လ ၁၆ ရက် ၊ ညနေ ၃ နာရီခန့်က ပုပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာတွင် ကျေးရွာမြောက်ဘက်ရှိလယ်ကွင်းတွင်ကန်သင်းဆည်နေသူ ဒေါ်ခိုင်ဇာနည်ဝင်းအသက်(၂၉)နှစ် နှင့်သူ၏မတ်တော်စပ်သူ ကိုအောင်သိန်းချေ(၁၉)နှစ်မှာ မိုးကြိုးထိမှန်၍သေဆုံးခဲ့ကြောင်း၊အလားတူ ပုဏ္ဏားကျွန်း၊ ဝမ်းတီးကျေး ရွာမှ အသက်(၂၇)နှစ်အရွယ် ကိုလုံးချေမှာ မွန်းလွဲ၂နာရီကျော်ခန့်က လယ်ထွန်သွားစဉ် မိုးကြိုးထိမှန်၍သေဆုံးသွားခဲ့ကြောင်း၊ထို့အပြင် မြောက်ဦးမြို့နယ်၊ သူငယ်တော်ကျေးရွာမှ အသက်(၄၃)နှစ်အရွယ် ဦးအေးသိန်းထွန်းမှာညနေ၄နာရီအချိန်က အငှားလုပ်ကိုင်နေသည့်လယ်ကွင်းအတွင်း ဂဏန်းနှိုက်နေစဉ် ရုတ်တရက် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ကျောက်တော်မြို့နယ်၊အောင်ဇေယျကျေးရွာမှ ဒေါ်ရွှေမြစိန်(၄၃)နှစ်မှာ လယ်လုပ်ငန်းလုပ်ကိုင်နေစဉ် ရုတ်တရက် မိုးကြိုးထိမှန်၍ ဘယ်ဘက်နားရွက်၊ ပေါင်နှစ်ဘက်နှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းသိရသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရသေ့တောင်မြို့နယ်များတွင် မိုးကြိုးပစ်ခံရ၍သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 17 June2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ဝေဇယန္တာမှတ်တိုင်အနီး တွင် အိမ်ခြေမဲ့တစ်ဦးသေဆုံးနေမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ကသိရသည်။
သေဆုံးသူမှာ အသက်(၅၀) ခန့်အရွယ်အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး ဖြစ်ပြီး ယင်းကို ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
"သူကသာကေတမြို့နယ်ထဲမှာ သွားလာနေတာတွေ့တယ်။အများအားဖြင့် ၆ ရပ်ကွက်ထဲမှာ သွားလာနေတယ်။
သူများပေးတာ စားတယ်။ အအေးမိပြီး ဆုံးတာ ဖြစ်နိုင်တယ်။သက်ဆိုင်ရာက ပြင်ပဒဏ်ရာ မရှိတာကို အတည်ပြုပြီး ဓမ္မာတာအတိုင်းသေဆုံးတာမို့လို့ ကျွန်တော်တို့က မြေပြင်လိုအပ်တာ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး စံပြဆေးရုံကို ပို့ခဲ့ကြတာပါ”ဟု အဆိုပါအဖွဲ့ မှ လိုက်ပါကူညီသူက ပြောသည်။
ymg/BM
#YMG #Yangon_Media_Group


Page 1241 of 2055