#Local_News
Published_ 18 September 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်များကျရောက်ခြင်းမှာ AA နှင့် ARSA ဘင်္ဂါလီအကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားရှိ အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှတစ်ဆင့် အကြောင်းကြားစာပို့ထားရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့အသိပေး အကြောင်းကြားစာများပေးပို့ထားကြောင်း နစက မှ စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် AA အဖွဲ့သည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား မှတ်တိုင်များအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းများလုပ်ဆောင်လျက်ရှိပြီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်း၍ စက်တင်ဘာလ ၁၆ ရက် ည ၇ နာရီ ၃၀ မိနစ် တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲရဲကင်းစခန်းအား စခန်း၏ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၀ မိနစ် ၅၉.၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၂ မိနစ် ၁၆,၂၆ စက္ကန့်နေရာမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်နက်ကြီး ကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးအား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၁ မိနစ်၃၀၂ စက္ကန့်အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ် ၂၀.၉၁ စက္ကန့်သို့ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၆ ရက် ည ၈ နာရီ ၁၀ မိနစ်နှင့် စက်တင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းတို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာရဲကင်းစခန်းအား အထက်ပါပစ်ခတ်ခဲ့သည့် နေရာများမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးအား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၈.၅၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၄.၁၉ စက္ကန့်သို့ လက်နက်ကြီးကျည် ၃ လုံး၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၀.၃၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၄.၇၅ စက္ကန့်သို လက်နက်ကြီးကျည် ၂ လုံး၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၈.၅၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၆.၁၀ စက္ကန့်သို ၁ လုံးနှင့် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၂၄.၈၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၆၀၁ စက္ကန့်သို့ ၃ လုံး အသီးသီးကျရောက်ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့ပါတယ်။
နစက အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ် ကာလအတွင်း AA အဖွဲ့သည် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲနှင့်ပူးပေါင်း၍ နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုး အနီးမှနေ၍ ယခုကဲ့သို့ပစ်ခတ်တိုက်ခိုက်ခြင်းသည် အိမ်နီးချင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုကဲ့သို့ လက်နက်ကြီးကျည်ကျော်ကျပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးရှိ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။ AA အဖွဲ့အနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများဆောင်ရွက်၍ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်ခြားမှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းကိုလက်လွတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါဖြစ်စဥ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားရှိ အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မှတစ်ဆင့် အကြောင်းကြားစာပို့ထားရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့အသိပေးအကြောင်းကြားစာများ ပေးပို့ထားရှိကြောင်း စက်တင်ဘာ ၁၇ ရက် နစကရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group
#World_Technology
Published 18 September 2022
မနာမကျင်ဘဲနဲ့ မိနစ်ပိုင်းအတွင်း ကိုယ်တိုင်အသုံးပြုနိုင်တဲ့ တက်တူးကပ်ခွာကို သိပ္ပံပညာရှင်များ တီထွင်လိုက်ပါတယ်။
အမေရိကန် ဂျော်ဂျီယာရှိ ပညာရှင်များတီထွင်လိုက်တာဖြစ်ပြီး အဆိုပါတက်တူးကပ်ခွာတွေကို အလွန်သေးငယ်တဲ့ အပ်ငယ်များဖြင့် ပြုလုပ်ထားကာ တစ်ခုချောင်းစီဟာ မီလီမီတာခန့်သာရှည်ပြီး မင်ရည်ပါဝင်ပါတယ်။
ဒီအပ်တွေက အရေပြားကိုဖောက်ကာ မင်များစိမ့်ဝင်သွားပြီး တက်တူးပုံပေါ်လာစေပါတယ်။
တက်တူးထိုးတဲ့အခါ အရောင်ထည့်သွင်းထားတဲ့ အပ်ချွန်ချွန်နဲ့ အရေပြားအပေါ်ဆုံးအလွှာကို ကြိမ်ဖန်များစွာဖောက်ရတာကြောင့် အလွန်နာကျင်ပြီး ပြီးစီးဖို့နာရီနဲ့ချီ ကြာမြင့်တတ်ပါတယ်။
အပ်သေးလေးတွေကတော့ အရေပြားပေါ် တစ်ခါဖိလိုက်ရုံနဲ့ သွေးမထွက်စေဘဲ မိနစ်ပိုင်းအတွင်း မင်စိမ့်ဝင်နိုင်ပါတယ်။
တက်တူးကပ်ခွာနည်းပညာက ဆေးပညာပိုင်းဆိုင်ရာအတွက် ဖန်တီးခဲ့တာဖြစ်ပြီး အမာရွတ်ဖုံးအုပ်ရန်၊ ကင်ဆာဓာတ်ရောင်ခြည်ကုထုံး၊ ရင်သားခွဲစိတ်အပြီး နို့သီးခေါင်းပြန်လည်ထွက်ပေါ်ရန် အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် ဆီးချို၊ ဝက်ရူးပြန်၊ ဓာတ်မတည့်မှု စတဲ့ရောဂါအခြေအနေတွေရှိတဲ့ လူနာတွေမှာ လက်ကောက်ကွင်းအစား အဆိုပါတက်တူးကို အသုံးပြုနိုင်ပါတယ်။
"ဒီနည်းလမ်းက ဆေးဘက်ဆိုင်ရာအတွက်သာမက အသုံးပြုရလွယ်ကူတာကြောင့် တက်တူးအလှထိုးလို့လည်း ရနိုင်ပါတယ်" လို့ ပရော်ဖက်ဆာ'မာ့ခ်ပရူစ်နစ်ဇ်'က ဆိုပါတယ်။
တက်တူးထိုးဖို့အတွက်ဆိုရင်လည်း အပ်အသေးလေးတွေက ကုန်ကျစရိတ်၊ နာကျင်မှုနဲ့ တက်တူးဆရာတို့ မလိုအပ်တော့ပါဘူး။
တက်တူးကပ်ခွာက အပ်လေးတွေဟာ သဲမှုန်ထက်တောင် သေးငယ်ပြီး တီဗီဖန်သားပြင်ပေါ်မှ ပစ်ဇယ်မှုန်လေးတွေလို စုစည်းသွားကာ ရုပ်ပုံပေါ်လာစေတာဖြစ်ပါတယ်။
ဥပမာအားဖြင့် နံပါတ်တွေ၊ စာလုံးတွေ၊ ကြယ်ပုံတွေ၊ နှလုံးပုံတွေနဲ့ QR ကုဒ်ပုံတွေကိုတောင် အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် အမည်းပျော့ရောင်မင်နဲ့ဖော်ထားတဲ့ တက်တူးဆိုရင်ပုံမှန်အားဖြင့် မမြင်သာဘဲ ခရမ်းလွန်ရောင်ခြည်နဲ့တွေ့မှ ပေါ်လာတဲ့ မင်အမျိုးအစားလည်းပါဝင်ပါတယ်။
အခုမင်က သာမန်တက်တူးတွေလို တသက်လုံးစွဲတဲ့မင်ဖြစ်ပြီး ယာယီမင်ဖြင့်အသုံးပြုနိုင်အောင် လေ့လာနေကြပါတယ်။
ဆေးဘက်ဆိုင်ရာအတွက် ဆေးပညာရှင်အာဏာပိုင်များထံမှ အသိအမှတ်ပြုဖို့ လိုအပ်ပေမယ့် အလှအပဆိုင်ရာ တက်တူးအတွက်တော့ ဆိုင်တွေမှာ ရောင်းချနိုင်မှာဖြစ်ပါတယ်။
ထိုအတွက်ကုန်ကျစရိတ်ကို သေချာမသိရသေးပေမယ့် ကပ်ခွာတစ်ခုအတွက် တစ်ဒေါ်လာအောက်သာ ကျသင့်နိုင်ဖွယ်ရှိပါတယ်။
ဒီနည်းလမ်းက တက်တူးဆရာတွေရဲ့ အလုပ်အကိုင်ဖြစ်တဲ့ တက်တူးထိုးခြင်းတွေကို လုံးဝအစားထိုးဖို့တော့မဟုတ်ကြောင်း၊ မနာမကျင်ဘဲ အလွယ်တကူထိုးချင်တဲ့သူများအတွက် ရည်ရွယ်တာဖြစ်ကြောင်း ပရော်ဖက်ဆာ'ပရူစ်နစ်ဇ်'က ဆိုပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published 18 Sept 2022
မကွေး-ပျော်ဘွယ်-ပြည်ညောင်-ပင်းပက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မကွေး-ပျော်ဘွယ် ၈၇ မိုင်၊ ပျော်ဘွယ်-ပြည်ညောင် ၃၁ မိုင်နှင့် ပြည်ညောင်-ပင်းပက် ၆၇ မိုင် သုံးပိုင်းခွဲ၍ ဧပြီလမှစတင်ကာ အဆင့်မြှင့်တင်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ယခုအခါ အဆင့်မြှင့်တင်ခြင်း လုပ်ငန်များမှာ စီမံကိန်းတစ်ခုလုံး၏ ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးမျိုးမြင့်ဦးသည် စက်တင်ဘာ ၁၇ ရက်တွင် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်ပါက အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ရေနံချောင်း Off-take မှတဆင့် ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနိုင်ရေး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ကြိုတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဆက်လက်၍ ဝန်ကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်းပက်သဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းသို့ရောက်ရှိစစ်ဆေးရာ သံမဏိစက်ရုံ ပြန်လည်လည်ပတ်ချိန်တွင် စက်ရုံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ပေးနိုင်ရေး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ စက်ရုံအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ ဖြည့်ဆည်းနိုင်ရေးအတွက် ရွှေစီမံကိန်းမှ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားဖို့ ပြောကြားခဲ့ပါတယ်။
ပင်းပက်ဓာတ်ငွေ့ထိန်းဖြန့်စခန်းရှိ သဘာဝဓာတ်ငွေ့ ဖိအားမြှင့်စက်များ ဖိအားစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ သရက်ပုကျေးရွာအနီးရှိ ပိုက်လိုင်းပြုပြင်ခြင်းနှင့် ပိုက်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 18 September 2022
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဒု-ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ကို စက်တင်ဘာ ၁၇ ရက်တွင် သီးခြားစီတွေ့ဆုံခဲ့ကြပါတယ်။
ထိုသို့တွေ့ဆုံရာ၌ ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုမှ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA-PC၊ DKBA အဖွဲ့တို့သည် တတိယနေ့ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြပြီး ၃ ရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို ထပ်မံဆွေးနွေး၍ အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်များကို အတည်ပြုလက်မှတ်များရေးထိုးခဲ့ကြပါတယ်။
ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးတို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published-17 Setember 2022
ပြည်တွင်းရွှေဈေးနှုန်းဟာ ထပ်ကျဖို့ရှိနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 17 September 2022
လာမယ့်အောက်တိုဘာလသီတင်းကျွတ်ချိန်မှာ ကျိုက်ထီးရိုးနဲ့ပုဂံဘုရားဖူးသွားမယ့်သူတွေ များလာနိုင်တဲ့အတွက် ပြည်တွင်းဘုရားဖူးလုပ်ငန်းတွေ၊ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်၊၊
#Yangon_Media_Group
#World_Development
Published 17 September 2022
၂၀၁၂ ခုနှစ်က တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၈ ကြိမ်မြောက် အမျိုးသားကွန်ဂရက် ပြုလုပ်ပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ဆန်းသစ်တီထွင်မှုအပေါ် ရင်းနှီးမြှုပ်နှံခြင်းဟာ တိုးမြင့်လာခဲ့ပြီး ကမ္ဘာ့ဆန်းသစ်တီထွင်မှုညွှန်းကိန်းမှာလည်း တရုတ်နိုင်ငံဟာ ဆက်တိုက်ဆိုသလို တက်လာခဲ့ကြောင်း အင်္ဂါနေ့ကထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်စာရင်းအင်းရုံးမှ နောက်ဆုံးတင်ပြချက်အရ သိရှိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 17 Sep 2022
-မြန်မာနိုင်ငံအနေနှင့်ရော ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့သင့်သလား ဘာလုပ်ရမလဲ??
#Yangon_Media_Group
Published 17 Sept 2022
ဆိုင်ကယ် ကယ်ရီသမားတစ်ဦးဖြစ်တဲ့ မူဟာမက် ရစ်ဝမ်ဟာ ဂျာကာတာရဲ့ လမ်းတစ်လမ်းဘေးမှာ ထိုင်နေရင်း သူ့ဖုန်းက တိန်ခနဲမြည်သံကို စောင့်ဆိုင်းနေပါတယ်။ နေ့တိုင်း မီးခိုထူထူတွေကြားထဲ ခရီးသည်တွေ သယ်ပို့ပေးနေရတာ အခု သိပ် မတန်တော့ဘူးလို့ သူကပြောပါတယ်။
လောင်စာဆီဈေးနှုန်းကို ၃၀ ရာခိုင်နှုန်းတက်လိုက်တာကြောင့် ဂျာကာတာရဲ့ ရေပန်းအစားဆုံး ဆိုင်ကယ်ကယ်ရီ အက်ပလီကေးရှင်း Gojek ဂိုးဂျက်ကို သုံးကြတဲ့ ကယ်ရီသမားရာပေါင်းများစွာက စားဝတ်နေရေးခက်ခဲလာကြပါတယ်။ အဲဒါကြောင့် သူတို့က အင်ဒိုနီးရှား နိုင်ငံတစ်လွှား ဆန္ဒပြကြဖို့ ပြင်ဆင်နေကြပါတယ်။
“ ဆီဖိုးချန်ထားဖို့လိုတဲ့အတွက် တစ်ခါတစ်ခါ တစ်နေ့လုံး သင့်တင့်တဲ့ အစားအစာတောင်မစားရဘူး။ ဆီမရှိရင် ဘျွန်တော် ဘယ်လိုအလုပ်လုပ်မလဲ” လို့ ဂိုးဂျက်ရဲ့ ကန်ထရိုက်တာတစ်ဦးဖြစ်တဲ့ ရစ်ဝမ်ကပြောပါတယ်။
သူတို့ဟာ ဥပဒေမရှိတဲ့ ဈေးကွက်မှာ အလုပ်လုပ်နေကြရတာပါ။ သူတို့ကို ကုမ္ပဏီတွေက “ပါတနာ” ဒါမှမဟုတ် “ကန်ထရိုက်တာ” လို့ သတ်မှတ်ပြီး သူတို့ရဲ့နေ့စဉ်ဝင်ငွေအပေါ်ခေါင်းပုံဖြတ်နေကြတယ်လို့ ဝေဖန်သူတွေကဆိုကြပါတယ်။
ယူကရိန်းစစ်ကြောင့် တစ်ကမ္ဘာလုံး ငွေကြေးဖောင်းပွမှုတွေနှင့် လောင်စာဆီဈေးမြင့်တက်မှုတွေ ဖြစ်နေစဉ်အတွင်းမှာ အင်ဒိုနီးရှားရဲ့ လိုငွေပြမှုကို ဖြတ်တောက်နိုင်ဖို့အတွက် သမ္မတ ဂျိုကို ဝီဒိုဒိုက လောင်စာဆီမှာ အစိုးရက စိုက်ထုတ်ကျခံပေး တာကို သိသိသာသာ လျှော့ချခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဓာတ်ဆီဈေးတွေက တစ်လီတာကို ၇၆၅၀ ရူပီယာ(ဆင့် ၅၀)ကနေ ၁၀၀၀၀ ရူပီယား(၆၇ဆင့်)အထိဈေးတက်သွားခဲ့ပါတယ်။
ဆိုင်ကယ်ကယ်ရီကုမ္ပဏီကြီးနှစ်ခုက သယ်ပို့ခတွေကို အနည်းငယ်မျှပဲတက်ပေးတယ်လို့ ကယ်ရီသမားတွေက ပြောပါတယ်။ စရိတ်အပိုတွေကာမိအောင်ဆိုပြီး တစ်ကီလိုမီတာကို ရူပီယား ၈၀၀ (၅ ဆင့်)သတ်မှတ်ပေးတာပါ။
ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Gojek နှင့် Grabတို့က သူတို့ဟာ အစိုးရရဲ့ ဥပဒေစည်းကမ်းထဲကနေ နှုန်းထားသတ်မှတ်ပေးတာ ဖြစ်တယ်လို့ အေအက်ဖ်ပီကိုပြောပါတယ်။
ဒီကုမ္ပဏီတွေက နှုန်းထားတက်ယူတာနှင့်ပတ်သက်လို့ ထုတ်မပြောကြပေမယ့် သမဂ္ဂ ခေါင်းဆောင်တွေကတော့ သူတို့ သတ်မှတ်ပေးတဲ့ နှုန်းထားဟာ ကယ်ရီသမားတွေမျှော်လင့်ထားတာထက် အတော်နည်းနေတယ်လို့ပြောကြပါတယ်။
“ အင်ဒိုနီးရှားနိုင်ငံတစ်လွှားက ကယ်ရီသမားတွေက သတ်မှတ်ပေးထားတဲ့ နှုန်းကို လက်မခံနိုင်ကြဘူး” လို့ ယာဉ်မောင်း တစ်သိန်းကျော်ကို ဦးဆောင်နေတဲ့ သမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုင်ဂွန်းဝီကာဆိုနိုက ပြောပါတယ်။
ဆွဲကောင်းတဲ့နေ့တွေဆို သူတို့ဟာ တစ်ရက်ကို ရူပီးယား တစ်သိန်းခွဲ(၁၀ ဒေါ်လာ)ခန့်ရကြပါတယ်။ ဒါပေမယ့် အရင် ဆီပြန်ဖြည့်ရတာက ရူပီးယား နှစ်သောင်း( ၁,၃၅ ဒေါ်လာ)ကုန်ကျခဲ့ပေမယ့် ယခု ရူပီးယား သုံးသောင်းခွဲ (၂,၃၅ ဒေါ်လာ)အထိကုန်ကျနေကြရတာဖြစ်ပါတယ်။
တစ်ခါတစ်ခါ တစ်နေ့တည်း နှစ်ကြိမ်ဆီပြန်ဖြည့်ရတဲ့အခါမျိုးမှာ ကယ်ရီသမားတွေအတွက် ဘာမှများများစားစား မကျန်တော့ဘူးလို့လည်းဆိုပါတယ်။
“ ဒီရက်တွေမှာ ဘယ်နေရာမှာပဲ ဆီဝယ်ဝယ် ကျွန်တော့်အတွက်က တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုဖြစ်နေတာပဲ” လို့ အသက် ၃၈နှစ်အရွယ် Grab ကယ်ရီယာ အိုင်ဝမ် နာ အက်ဘာ ကပြောပါတယ်။ သူက သူ့ဖုန်းဆီ အော်ဒါဝင်လာဖို့ စောင့်ဆိုင်းနေတာ တစ်နာရီရှိနေပါပြီ။
“ အစိုးရဆီက ဆန်ဝယ်လို့ရနေတုန်းမို့ မိသားစုကို ကျွေးမွေးနိုင်သေးတာပဲ ကျေးဇူးတင်ရမယ်” လို့ သူက ဆက်ပြောပါတယ်။
Gig ယာဉ်မောင်းတွေက အစိုးရက အရေးယူမှု အားနည်းလို့ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒပြမယ်လို့ သတိပေးနေပေမယ့် ဂျာကာတာဝန်းကျင်မှာ အစိုးရက ရဲအရာရှိ ရှစ်ထောင်ခန့် ချထားတာကြောင့် လူအနည်းငယ်မျှနှင့်ပဲ အကန့်အသတ်နှင့် ဆန္ဒပြနေကြရတာဖြစ်ပါတယ်။
“ ပေးထားတဲ့ ကတိတွေ လွှင့်မပစ်ပါနှင့် “ လို့ အသက် ၃၈နှစ်အရွယ် နောက်ကယ်ရီသမားတစ်ဦးဖြစ်တဲ့ ဆိုင်ဖူ ရစ်ဝမ် ကပြောပါတယ်။သူက ဂျာကာတာရဲ့ ပါဆာ ဆီနင် လက်ကားဈေးရှေ့မှာ လူစောင့်နေတာပါ။
“ ဆင်းရဲသားတွေ ပိုပြီး ဆင်းရဲသွားအောင်မလုပ်ကြပါနှင့်ဗျာ” လို့ သူက ဆက်ပြောလိုက်ပါတယ်။
Source: AFP
#Indonesian_gig_drivers
#Indonesia_Fuel_Hike
#Local_News
Published _ 17 september 2022
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေရဲ့ နာမည်တွေကို အသုံးချပြီး လိမ်လည်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အလုပ်အကိုင်အကိုင်ရှာဖွေသူတွေအနေနဲ့ သေချာတိကျတဲ့ အေဂျင်စီရဲ့ တာဝန်ရှိသူကို ဆက်သွယ်ဖို့ လိုအပ်နေပြီး ပွဲစားတွေကနေတဆင့် ငွေပေး၊ ငွေချေမှုတွေကို အတတ်နိုင်ဆုံး မလုပ်ကြဖို့ လိုအပ်နေတယ်လို့ လပ်ကီး ပြည်ပအလုပ်အကိုင်ရှာဖွေရေးက တာဝန်ရှိသူက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 17 Sep 2022
- တစ်ကျော့ပြန်ပိုလီယိုဟာ ခေါင်းထောင်ထလာနိုင်သလား??
#Yangon_Media_Group
#DailyNews
Published _ 17 September 2022
၁။ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနာမည်များ အသုံးပြုပြီး လိမ်လည်နေမှုများအပေါ် ထိန်းချုပ်နိုင်ရန် လိုအပ်နေ
၂။ ပြည်တွင်းဘုရားဖူးလုပ်ငန်းများ မကြာမီပြန်လည်လည်ပတ်တော့မည်ဟုဆို
၃။ ရွှေဈေးနှုန်းထပ်ကျဖို့ ရှိနေဟု YGEA ဥက္ကဋ္ဌပြော
၄။ နှစ်စဉ်ကမ္ဘာ့ဆန်းသစ်တီထွင်မှု ညွှန်းကိန်းတွင် တရုတ်အဆင့်များစွာ ခုန်တက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1249 of 1643