#World_Health
Published_ 6 April 2023
ကမ္ဘာပေါ်ရှိလူဦးရေ ၆ ယောက်မှာ ၁ ယောက်နှုန်းခန့်က သူတို့ဘဝမှာ မျိုးမပွားနိုင်တဲ့ပြဿနာအနည်းဆုံး တစ်ခါတော့ကြုံဖူးကြပြီး အချက်အလက်များ ပိုစုဆောင်းရယူဖို့ WHO က တိုက်တွန်းပြောကြားလိုက်ပါတယ်။
၁၉၉၀ မှ ၂၀၂၁ အတွင်း ပြုလုပ်ထားတဲ့လေ့လာချက်များအရ ကမ္ဘာတဝှမ်းရှိ လူ ၁၇.၅ ရာခိုင်နှုန်းဟာ ကလေးမရနိုင်တဲ့ပြဿနာ ခံစားနေရကြောင်း WHO အရာရှိများကဆိုပါတယ်။
ဒီပြဿနာခံစားနေရတဲ့ လူဦးရေအချိုးအစားကြောင့် စောင့်ရှောက်မှုချပြရန်လိုအပ်ပြီး ကျန်းမာရေးသုတေသနနဲ့ မူဝါဒတွေမှာ ဒီပြဿနာနောက်ထပ်မပေါ်ပေါက်ရအောင် ပြုလုပ်ရမယ်လို့ ကုလကျန်းမာရေးအကြီးအကဲ'တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေးဆပ်စ်'က ပြောကြားခဲ့ပါတယ်။
ကိုယ်ဝန်ရရန် ကြိုးစားရာမှာ ၁၂ လကျော်ကြာတဲ့တိုင်အောင် မရရှိပါက အမျိုးသားရော အမျိုးသမီးမျိုးပွားစနစ်မှာပါ မျိုးမပွားနိုင်ဘူးလို့ သတ်မှတ်ပါတယ်။
၁၉၉၀ မှ ၂၀၂၁ အတွင်း မျိုးမပွားနိုင်တဲ့ပြဿနာ အဖြစ်များလာတဲ့ပုံစံတော့ မတွေ့ရကြောင်း ကိုယ်ဝန်တားခြင်းဆိုင်ရာ ကျန်းမာရေးအဖွဲ့ခေါင်းဆောင် 'ဂျိမ်းစ်ကီယာရီ'က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ရရှိထားတဲ့အချက်အလက်များအရ မျိုးမပွားနိုင်မှုပြဿနာက တိုးလာတယ်လည်း မဟုတ်၊ စဉ်ဆက်မပြတ်ဖြစ်တယ်လို့လည်း မပြောနိုင်ဘဲ ထိုမေးခွန်းအတွက် အဖြေထုတ်နေဆဲဖြစ်ကြောင်း ဆိုပါတယ်။
တင်ပြချက်အရ နိုင်ငံတွေအနေနဲ့ မျိုးမပွားနိုင်ခြင်းနဲ့ပတ်သက်ပြီး အချက်အလက်များစုဆောင်းခြင်း၊ အသက်အပိုင်းအခြားနဲ့ မျိုးပွားမှုဆိုင်ရာစောင့်ရှောက်ခြင်းများ ပြုလုပ်ဖို့လိုအပ်ကြောင်း သက်သေပြနေပါတယ်။
ဝင်ငွေများပြားတဲ့နိုင်ငံတွေမှာ လူဦးရေ ၁၇.၅ ရာခိုင်နှုန်းက မျိုးမပွားနိုင်မှုအခြေအနေကို အနည်းဆုံးတစ်ကြိမ်ခန့်ခံစားကြဖူးပြီး ဝင်ငွေနိမ့်ပါးတဲ့နိုင်ငံတွေမှာတော့ ၁၆.၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။
Source: Reuters.
#World_Health
#YMG #Yangon_Media_Group
#Local_News
Published _6 April 2023
၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ (ပထမ အကျော့)အဖြစ် မနေ့က ဧပြီလ ၅ ရက်၊ ညနေ ၄နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အီရန်အမျိုးသမီး လက်ရွေးစင်အသင်းက မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
ပွဲချိန် ပထမပိုင်းတွင် မြန်မာအသင်းက ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဝင်းသိင်္ဂီထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်းတို့၏ ဂိုးရရှိရေး ကြိုးစားမှုများ အဆုံးသတ်ပိုင်း သေချာခြင်းမရှိခြင်း၊ မြတ်နိုးခင်၏ အပိုင်ကန်သွင်းချက်နှင့် ဝင်းသိင်္ဂီထွန်း၏ ခေါင်းတိုက်သွင်းချက်များကို အီရန်ဂိုးသမား ကာကွယ်ခြင်းတို့ကြောင့် ဂိုးမရှိ သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမား အပြောင်းအလဲများပြုလုပ်ခဲ့ပြီး ပွဲချိန် (၅၂)မိနစ်တွင် ကျောနံပါတ် (၇) Chatrenoor က ခေါင်းတိုက်ကာ အီရန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယင်းနောက် မြန်မာအသင်းက ချေပဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ဝင်းသိင်္ဂီထွန်း ကန်သွင်းချက် အီရန်ဂိုးသမား ကာကွယ်ခဲ့ခြင်း၊ ပုံ့ပုံ့ပြည့်မောင် အဝေးကန်ချက် ဘားတန်းထိထွက်ခြင်းတို့ကြောင့် အရူံးဖြင့် ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။
မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-မေဇင်နွယ်၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ရူပါခင်၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဖြူဖြူဝင်း၊ မြတ်နိုးခင် တို့ ပါဝင်ကစားခဲ့ကြသည်။
မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် ဧပြီလ၈ ရက်၊ ညနေ ၄ နာရီတွင် ခြေစစ်ပွဲ (ဒုတိယ အကျော့)အဖြစ် အီရန်အသင်းနှင့် ဆက် လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ymg/mt
#Local_News #အိုလံပစ်ခြေစစ်ပွဲ #မြန်မာအသင်း
#YMG #Yangon_Media_Group








#Local_News
Published_ 5 April 2023
ပုဂံစူဠာမဏိဘုရားမှာ ရေဝပ်ရေလျှံမဖြစ်အောင် ပြုပြင်ထိန်းသိမ်းရေးတွေဆောင်ရွက်တာ ပြီးစီးသွားပြီလို့ ရှေးဟောင်းသုတသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲမှ သိရပါတယ်၊၊
#Local_News #ပုဂံစူဠာမဏိဘုရား #ရေဝပ်ရေလျှံ #ပြုပြင်ထိန်းသိမ်း #YMG #Yangon_Media_Group
#Asia_Entertainment
Published_ 5 April 2023
အချိန်က ညသန်းခေါင်အချိန်ရှိနေပြီ ဖြစ်ပေမယ့် စွန့်ပစ်ခံထားရတဲ့ ဘန်ကောက်ဈေးဝယ်စင်တာအထက်မှာ သရဲရေဒီယိုကတော့ အသံလွှင့်နေဆဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ဖူးသူတွေပြောပြတာကို လူထောင်ပေါင်းများစွာက အွန်လိုင်းပေါ်ကနေ နားဆင်ရင်း စတူဒီယိုဖန်သားပြင်မှာလည်း ကွန်မန့်များစွာမြင်ရမှာဖြစ်ပါတယ်။
#Asia_Entertainment #သရဲဝိဉာဉ်ဇာတ်လမ်းများ #ထိုင်းနိုင်ငံ #သရဲရေဒီယိုYouTubeချန်နယ် #YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
သင်္ကြန်ကာလ နီးကပ်လာစဉ် ဓာတ်ဆီဈေးနှုန်းများမှာ ရှိရင်းလတ်တလောနှုန်းထားထက် ကျပ် ၁၀၀ ကျော်သို့ ရုတ်တရက် ခုန်တက်လာပြီး တစ်လီတာ ၂,၃၀၀ ဝန်းကျင် ဈေးအလှုပ်ဖြင့် တွေ့ရှိရကြောင်း နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#Local_News #သင်္ကြန်ကာလ#ဓာတ်ဆီဈေးတက်
#YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
သင်္ကြန်ပိတ်ရက်ရှည် ကာလမှာ လူငယ်တွေပြန်စုမိပြီး မူးယစ်ဆေးပြန်သုံးစွဲနိုင်တဲ့အတွက် သတိပြုကာကွယ်ဖို့ လိုအပ်တယ်လို့ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း မြန်မာ(ဗဟို)မှသိရပါတယ်၊၊
#Local_News #သင်္ကြန်ပိတ်ရက် #မူးယစ်ဆေးပြန်သုံးစွဲ #သတိပြုကာကွယ်
#YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
သင်္ကြန်ကာလအတွင်း စားသုံးဆီ ဖူလုံမှုရှိစေဖို့ စားအုန်းဆီတန်ချိန် (၇၅၀၀၀) တင်သွင်းဖို့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ကနေ သိရှိရပါတယ်။
#Local_News #သင်္ကြန်ကာလ #ပြည်ပစားအုန်းဆီ #တန်ချိန် ၇၅၀၀၀
#YMG #Yangon_Media_Group
#Daily_News
Published_ 5 April 2023
၁။သင်္ကြန်ကာလအတွက် ပြည်ပမှ စားအုန်းဆီ တန်ချိန် ၇၅၀၀၀ တင်သွင်းမည်
၂။သင်္ကြန်ပိတ်ရက်ရှည် ကာလတွင် လူငယ်များပြန်စုမိပြီး မူးယစ်ဆေးပြန်သုံးစွဲနိုင်သဖြင့် သတိပြုကာကွယ်ရန်လိုဟုဆို
၃။သင်္ကြန်ကာလ နီးကပ်လာစဉ် ဓာတ်ဆီဈေးတက်လာပြီး တစ်လီတာ ၂,၃၀၀ ဝန်းကျင်ရှိလာ
၄။သရဲဝိဉာဉ် ဇာတ်လမ်းများအကြောင်း ဖုန်းခေါ်ဆိုပြောကြားနိုင်သည့် ထိုင်းနိုင်ငံမှသရဲရေဒီယို YouTube ချန်နယ်တွင် နားဆင်သူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 5 April 2023
ဧပြီလထဲမှာ ရန်ကုန်၊မန္တလေးအပါအဝင် ဒေသအချို့တွင်နေ့အပူချိန်(၄၀) ဒီဂရီစင်တီဂရိတ်အထက်ရောက်ရှိမှာဖြစ်ပြီး နေ့အပူချိန်ပြင်းတဲ့အတွက်မိုးတိမ်တောင်တွေဖြစ်ထွန်းကာဒေသအချိုမှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်၊မန္တလေး #နေ့အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်ကျော်နိုင် #မိုးတိမ်တောင်ကြောင့်မိုးရွာမည် #YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
ချောင်းသာမှပုသိမ်သို့သွားသည့် ခရီးသည်တင်ယာဉ် Minibus တောင်ကမ်းပါးသို့ဝင်တိုက်မိပြီး တိမ်းမှောက်သွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်၊၊
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း(၁၉)ဦးအနက် ကျား(၁)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နှင့် ကျား(၁)ဦး (သေဆုံး)တို့အား ချောင်းသာမြို့ဓမ္မပါလ လူမှုကူညီရေးအသင်းယာဉ်များဖြင့် ချောင်းသာတိုက်နယ်ဆေးရုံနှင့် ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်၊၊
ဧပြီလ(၅)ရက် ၀၈:၀၀ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကန်ကြီးကျေးရွာအုပ်စု၊ မျက်ရှကျေးရွာအနီး၊ မိုင်တိုင်(၂၉/၇)နှင့် (၃၀/ဝ)ကြားတွင် ချောင်းသာမြို့မှ ပုသိမ်မြို့သို့ မောင်းနှင်လာသော Minibus (အဝါ/အဖြူကြား) ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိတောင်ကမ်းပါးယံသို့ ဝင်တိုက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချောင်းသာနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ချောင်းသာ #ပုသိမ် #ခရီးသည်တင်ယာဉ်တိမ်းမှောက်
#YMG #Yangon_Media_Group


#Local_News
Published_ 5 April 2023
မတ်လ၃၁နေ့ကျော်လွန်လာပြီဖြစ်သော်လည်း ဖောင်းကြွနံပါတ်ပြားပုံစံအသစ် လဲလှယ်ရန် ယာဉ်အချို့ ကျန်ရှိနေသည့်အတွက် ၂၀၂၃ ခုနှစ် ဧပြီလ အား ပညာပေး ကာလအဖြစ် သတ်မှတ်ကာ ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်အား (၃၁.၃.၂၀၂၃) တွင် နောက်ဆုံးထား၍ ပြောင်းလဲတပ်ဆင်ရန် အသိပေးနှိုးဆော်ခဲ့ခြင်းဖြစ်သည်။
ပညာပေး ကာလ ကျော်လွန်ပါက လိုအပ်သည့် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိဖေါင်းကြွနံပါတ်မပြောင်းလဲရသေးသောမော်တော်ယဉ်များအနေဖြင့် သက်ဆိုင်ရာ ကုန်လမ်းညွန်ကြားမှုဦးစီးဌာနများတွင် ဖေါင်းကြွနံပါတ်လဲလှယ်မှုဆောင်ရွက်နိုင်ကြောင်းသိရသည်။
ymg/ppk
#Local_News #ဖောင်းကြွနံပါတ်ပြားပုံစံသစ် #ပညာပေးကာလထပ်တိုး
#YMG #Yangon_Media_Group

#Local_News
Published_ 5 April 2023
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အရိုးအထူးကုဆေးရုံကြီးရှေ့၌ ယမန်နေ့ ညဦးပိုင်းက အငှားယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဧပြီလ ၄ ရက်၊ ည ၇ နာရီ ၁၂ မိနစ်ဝန်းကျင်တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အရိုးအထူးကုဆေးရုံရှေ့၌ အငှားယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ စုံစမ်းသိရသည်။
ဖြစ်စဉ်အရ အဆိုပါအငှားယာဉ်မှာ မောင်းလာရင်း အရိုးဆေးရုံရှေ့အရောက်၌ စက်ထိုးရပ်သွားစဉ် ယာဉ်မောင်းဖြစ်သူက ဆင်းကြည့်ရာမှာ ကား၏ ဆီတိုင်ကီအောက်ဘက်နားမှ မီးခိုးများထွက်လာသည်ကို တွေ့ရှိရပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံးစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပရဟိတအသင်းမှ သိရသည်။
ymg/ppk
#Local_News #ကြည့်မြင်တိုင်အရိုးအထူးကုဆေးရုံ #မော်တော်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား #YMG #Yangon_Media_Group

Page 1253 of 1957