#Local_News
Published_26 November 2022
မြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ ဆီစက်ချေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာကတစ်ဆင့် အသိပေးကြေညာထားသည်။
ပြည်တွင်းစားသုံးဆီဖူလုံစေရန် ၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် အရည်အသွေးမီ စားသုံးဆီများ ထုတ်လုပ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယင်းအတွက် ဆီစက်ချေးငွေ လျှောက်ထားနိုင်ကြောင်း ကြေညာချက်အတွင်း ဖော်ပြထားသည်။
ချေးငွေရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဆီစက်ချေးငွေအဆိုပြုလွှာပုံစံကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်များတွင် အခမဲ့ဒေါင်းလုတ် ရယူနိုင်ကြောင်း ကြေညာထားသည်။
ချေးငွေအဆိုပြုလွှာအတွက် ပိတ်သိမ်းမယ့်ရက်ကို ဒီဇင်ဘာ ၂၇ ရက် သတ်မှတ်ထားပြီး ချေးငွေအဆိုပြုလွှာနှင့် စာရွက်စာတမ်းများကို ချိတ်ပိတ်စာအိတ်တွင် ထည့်သွင်းပြီး ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့၊ ရုံးအမှတ် (၃၇) သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 26 November 2022
လာမည့်ဒီဇင်ဘာလအတွင်းဂျာမန်ဘာသာစကားကျွမ်းကျင်မှုကိုအတည်ပြုပေးမည့် Goethe- Zertifikat စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
Goethe-Insitut Myanmar မှအဆိုပါစာမေးပွဲများကိုကျင်းပပေးခြင်းဖြစ်ပြီးလာမည့်ဒီဇင်ဘာလ(၂၁) ရက်စတင်ကာ A1 Level ကနေ B1 Level အထိစာမေးပွဲများကိုကျင်းပသွားမည်ဟုဆိုသည်၊၊
စာမေးပွဲအတွက် ပြင်ဆင်နေသူများအနေဖြင့်မိမိ၏ စွမ်းရည်နှင့်ကိုက်ညီသောအဆင့်ကို ရွေးချယ်ပြီး ဖြေဆိုရန်နိုဝင်ဘာလ ( ၂၃ ) ရက်မှ ဒီဇင်ဘာလ ( ၂ ) ရက်အတွင်း စာရင်းပေးသွင်းထားကြရန်လိုအပ် ကြောင်းသိရသည်၊၊
စာမေးပွဲအချိန်စာရင်းမှာStart Deutsch 1 - 21. 12. 2022/Fit in Deutsch 1- 21 .12 .2022/ Goethe- Zertifikat A2- 27. 12 .2022/Fit in Deutsch 2 - 27 .12 .2022/Goethe-Zertifikat B1 - 29 .12. 2022တို့ဖြစ်သည်၊၊
ဂျာမန်ဘာသာစကားတတ်မြောက်လိုသူများအနေဖြင့်လည်းGoethe-Institut မြန်မာတွင် နိုင်ငံတကာသင်ရိုးနှင့်အညီ ဂျာမန်ဘာသာစကားကို လေ့လာနိုင်ပြီး လာမည့် ဒီဇင်ဘာလအတွင်း အခြေခံအကျဆုံး A Level အတန်းများကို In-person ရော Online Class များပါ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလအတွင်းစာရင်းသွင်းထားနိုင်ကြောင်းသိရသည်၊၊
ဒါ့အပြင် A1.1 Blended Learning Class ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်၍ အလုပ်ကြောင့် အချိန်အများကြီးမပေးနိုင်သူများအနေဖြင့်လည်း ဂျာမန်စာကို လေ့လာနိုင်မည်ဖြစ်ကြောင်း ယခင်ကဂျာမန်ဘာသာစကားလေ့လာဖူးသူတွေအနေဖြင့်လည်း Placement Test ကိုအခမဲ့ဖြေဆိုပြီး မိမိနှင့်ကိုက်ညီသည့်အတန်းကို တက်ရောက်နိုင်ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_26 November 2022
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တစ်ပါတ်အတွင်း လယ်ယာထွက်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၂၄ သန်းရရှိထားကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၎င်းလယ်ယာထွက်ကုန်တင်ပို့မှုများအနက် ရော်ဘာတင်ပို့မှုမှာ ကန်ဒေါ်လာ ၆ ဒသမ ၂ သန်းဖြစ်ပြီး မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းတင်ပို့ထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် မြဝတီနှင့် မူဆယ်ပြီးပါက တတိယ အများဆုံး ကုန်သွယ်မှုဆောင်ရွက်နေသည့် ကုန်သွယ်ရေးစခန်းတွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းဖြစ်ကြောင်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ ပြောင်းစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။
ယင်းအပြင် ယခုဘဏ္ဍာနှစ်၏ ခုနှစ်လကျော်ကာလအတွင်း တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၁၉ သန်းရရှိထားပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်မှုတွင် ကန်ဒေါ်လာ ၆၄ ဒသမ ၂၂ သန်းပို့ကုန်ဝင်ငွေရရှိထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_26 November 2022
ယခုဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၁၈ ရက်အထိ ရက်ပေါင်း ၂၃၀ အတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၄ ဘီလီယံရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာန၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
ပြီးခဲ့သည့်နှစ်ကာလတူနှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၉၅ သန်းကျော်ပိုမိုရရှိခဲ့ပြီး မြဝတီ၊ ကော့သောင်းနှင့် မောတောင်နယ်စပ်ဂိတ်တို့သည် ကုန်သွယ်မှုလျော့ကျခဲ့ခြင်းဖြစ်သည်။
တာချီလိတ်ဂိတ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၀၇ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက်ကန်ဒေါ်လာ ၂၆ သန်းကျော် တိုးလာကြောင်း၊ မြဝတီနယ်စပ်ဂိတ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ ဘီလျံ ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၁၂၄ သန်းကျော် လျော့ကျခဲ့ပါတယ်။ ကော့သောင်းနယ်စပ်ဂိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၂၃ သန်းကျော်ကုန်သွယ်မှုပြုလုပ်ခဲ့ပြီးတော့ ၈ သန်းကျော် လျော့ကျခဲ့တယ်လို သိရပါတယ်။
မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁ ဘီလီယံ ကုန်သွယ်ခဲ့ပြီး ထီးခီးဂိတ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ဘီလီယံကျော် ကုန်သွယ်ခဲ့ကာ ယခင်နှစ်ထက် ကန်ဒေါ်လာ ၄၄၃ သန်းကျော် တိုးလာကြောင်းသိရသည်။
ယင်းအပြင် မောတောင်နယ်စပ်ဂိတ်တွင် အမေရိကန်ဒေါ်လာ ၇ သန်းကျော်ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ကန်ဒေါ်လာ ၁ သန်းနီးပါး လျော့ကျခဲ့ကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပ့ိုနေပြီး ထိုင်းနိုင်ငံဘက်ကနေ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဂတ်စ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ အထည်ချုပ် (CMP) လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များကို တင်သွင်းကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Business
Published 26 November 2022
အမေရိကန်အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ဟွာဝေး(Huawei Technologies) နဲ့ ZTE တို့မှ ဆက်သွယ်ရေးပစ္စည်းအသစ်များခွင့်ပြုချက်ကို တားမြစ်ပိတ်ပင်လိုက်ကာ အဆိုပါကုမ္ပဏီတွေမှ ပစ္စည်းကိရိယာတွေဟာ အမေရိကန်နိုင်ငံတော်လုံခြုံရေးအတွက် လက်မခံနိုင်စရာအန္တရာယ်ဖြစ်စေတာကြောင့်လို့ အကြောင်းပြလိုက်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံမှ စောင့်ကြည့်ထောက်လှမ်းရေးကိရိယာ ထုတ်လုပ်တဲ့ Dahua Technology ကုမ္ပဏီ၊ ဗီဒီယိုစောင့်ကြည့်ရေးကုမ္ပဏီ Hangzhou Hikvision Digital Technology ၊ ဆက်သွယ်ရေးကုမ္ပဏီ Hytera Communications Corp Ltd တို့မှထုတ်လုပ်တဲ့ပစ္စည်းများကို ရောင်းချခြင်း၊ တင်သွင်းခြင်းတို့ကိုလည်း တားမြစ်လိုက်တဲ့ နောက်ဆုံးပိတ်စည်းမျဉ်းများကို ချမှတ်လိုက်ကြောင်း အမေရိကန်ပြည်ထောင်စုဆက်သွယ်ရေးကော်မရှင်(FCC)က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နည်းပညာကုမ္ပဏီများကို တရုတ်ကအသုံးချပြီး အမေရိကန်တွေကို လျှို့ဝှက်ထောက်လှမ်းမှာစိုးတဲ့အတွက် အမေရိကန်က တရုတ်နည်းပညာကုမ္ပဏီကြီးတွေကို တိုက်ဖျက်နေတဲ့သဘောဖြစ်ပါတယ်။
"ဒီစည်းမျဉ်းအသစ်တွေက ဆက်သွယ်ရေးနဲ့ဆက်စပ်တဲ့ နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်မှုတွေကနေ အမေရိကန်ပြည်သူတွေကိုကာကွယ်ဖို့ အရေးကြီးတဲ့လုပ်ဆောင်ချက်တွေဖြစ်ပါတယ်" လို့ FCC ဥက္ကဌ'ဂျက်စီကာရိုဆန်ဝေါ်ဆယ်လ်'က ထုတ်ပြန်လိုက်ပါတယ်။
Huawei က မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သလို ZTE ၊ Dahua ၊ Hikvision ၊ Hytera တို့ကလည်း ချက်ချင်းဖြေကြားခြင်းမရှိပါဘူး။
အမေရိကန်မှာ တရုတ်ကုမ္ပဏီများအနေနဲ့ ပစ္စည်းအသစ်ရောင်းချခြင်းကို ထိရောက်စွာတားမြစ်ပိတ်ပင်မယ့် အကြောင်းအရာကို 'ရိုဆန်ဝေါ်ဆယ်လ်'က ပြီးခဲ့တဲ့လအတွင်း နောက်ထပ်ကော်မစ်ရှင်နာ ၃ ဦးထံ တင်ပြခဲ့ပါတယ်။
အကျုံးဝင်စာရင်းမှာရှိတဲ့ ကုမ္ပဏီအားလုံးအတွက် စက်ပစ္စည်းခွင့်ပြုချက်အားလုံးကို ပိတ်ပင်ရန် စဉ်းစားနေကြောင်း FCC က ၂၀၂၁ ဇွန်လမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဆက်သွယ်ရေးကွန်ရက်များ ကာကွယ်ရေးအတွက်ရည်ရွယ်တဲ့ ၂၀၁၉ ဥပဒေအရ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ခြိမ်းခြောက်နေတဲ့ တရုတ်ကုမ္ပဏီ ၅ ခုထဲမှာ Huawei ၊ ZTE ၊ Hytera Communications Corp ၊ Hikvision နဲ့ Dahua တို့ပါဝင်ပါတယ်။
ရီပတ်ဘလစ်ကန် ၂ ဦးနဲ့ ဒီမိုကရက်တစ် ၂ ဦးပါဝင်တဲ့ ကော်မရှင်နာ ၄ ဦးတို့က ဒီအစီအစဉ်ကို ထောက်ခံလိုက်ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 26 November 2022
ဒူးခေါင်းဟာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး မတ်တပ်ရပ်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ လှုပ်ရှားခြင်းတို့ ဆောင်ရွက်ရန်အသုံးပြုရပါတယ်။
လူအများအပြားမှာ ဒူးဆစ်ကြားရှိ အရွတ်တစ်ရှူးပျက်စီးကြရကာ ခွဲစိတ်ပြီးချိန်ညှိရခြင်း၊ တစ်ရှူးအစားထိုးခြင်းများ ပြုလုပ်ကြရပါတယ်။
ဒါပေမဲ့ ဒူးခွဲစိတ်ပြီးတဲ့အခါ ပြန်လည်သက်သာဖို့ အချိန်ကြာသလို ချိန်ညှိတဲ့နေရာအသားကျဖို့လည်း အချိန်လိုအပ်ပေမယ့် အမြဲတမ်းဒီလိုမျိုးသာ ရှိနေမှာမဟုတ်ပါဘူး။
Active Implants က ဆေးဘက်ဆိုင်ရာနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး NUsurface လို့ခေါ်တဲ့ အရွတ်တုအစားထိုးကိရိယာကို ထပ်ခါထပ်ခါတီထွင်နေတာဖြစ်ပါတယ်။
ဒူးဆစ်ကြားရှိအရွတ်ဟာ အရိုးထိပ်အချင်းချင်း မပွတ်တိုက်အောင် ကြားခံပေးထားတဲ့အရာဖြစ်ပြီး အဆိုပါကုမ္ပဏီကထုတ်တဲ့ ပစ္စည်းက လူ့ဒူးဆစ်ရှိ တကယ့်အရွတ်အစစ်နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။
ထိုပစ္စည်းကို ဒူးဆစ်ကြားမှာ အပ်နဲ့ချုပ်စရာမလိုဘဲ ခွဲစိတ်ဆရာဝန်များအတွက် လွယ်ကူစွာလုပ်ကိုင်နိုင်သလို ဒဏ်ရာကျက်ချိန်လည်း ခဏပဲကြာမြင့်ပါတယ်။
လူနာမှာအစားထိုးထည့်သွင်းနိုင်ရန်အတွက် လိုအပ်တဲ့ဆေးနှစ်မျိုးကိုလည်း ထုတ်လုပ်သွားမှာဖြစ်ပြီး တစ်မျိုးကို ခွဲစိတ်ပြီးချိန်မှာ အသုံးပြုရမှာဖြစ်ပြီး နောက်တစ်မျိုးကိုတော့ လတွေကြာသွားတဲ့အခါမှာ သုံးစွဲရမှာဖြစ်ပါတယ်။
ဒါဟာ လူနာမှာ ရောင်ရမ်းခြင်းကိုကာကွယ်ပေးတဲ့အပြင် အလျင်အမြန်သက်သာအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။
ဒီကိရိယာဟာ သက်လတ်ပိုင်းတွေမှာ ဒူးဆစ်အရွတ်အစားထိုးဖို့ လိုအပ်သူတွေအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့က စက်ပစ္စည်းထုတ်လုပ်ရေးမှာ ပတ်သက်နေတဲ့ ကျွမ်းကျင်သူများ၊ ဆရာဝန်များ၊ မန်နေဂျာများက ဥရောပသမဂ္ဂကိုယ်စား အစ္စရေးလ်သို့ရောက်ရှိခဲ့ကာ နောက်နှစ်အနည်းငယ်အတွင်း ဖြန့်ချိဖို့ရည်မှန်းထားတဲ့အတိုင်း နောက်ဆုံးထုတ်လုပ်မှုအဆင့်တွေကို ကြည့်ရှုသွားမှာဖြစ်ပါတယ်။
ဒီနည်းလမ်းက ငယ်ရွယ်သူများအပြင် အသက်ကြီးသူတွေမှာပါ ပြုလုပ်နိုင်မှာဖြစ်ကြောင်း ပရော်ဖက်ဆာ'အယ်လီဇာဗေတာကွန်'က မှတ်ချက်ပြုလိုက်ပါတယ်။
"လုပ်စရာများစွာကျန်သေးပေမယ့် အခုဆိုရင် အရေးကြီးတဲ့နေရာကို ရောက်လာပြီဖြစ်ပြီး ကမ္ဘာတဝှမ်းက လူနာတွေကို သက်သာစေရန် တိုးတက်ထုတ်လုပ်သွားမှာပါ" လို့ Active Implants ဥက္ကဌ ဒေါက်တာ'အယ်ရန်ဂန့်ဇ်'က ပြောကြားသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Myanmar_News
Published 26 Nov 2022
၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးပြီး ဆုအများဆုံးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဒိုင်းဆုကြီးပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အခမ်းအနားမှာ ရှေးဦးစွာ ၂၀၂၂ခုနှစ်၊ (၅၉) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ(က)အဆင့် ဗိုလ်လုပွဲအဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့်အတူ စစ်ရေးပြမှူးကြီးဦးဆောင်၍ အလံတော်အဖွဲ့၊ အားကစားအသင်း ၁၇ သင်းနှင့် ဆုရဘောလုံး အသင်း ၆ သင်းတို့မှ အားကစားသမားများက ဇေယျာသီရိတပ်မတော် အားကစားကွင်းအတွင်း ဝင်ရောက်နေရာယူကြပြိး ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ပြိုင်ပွဲတလျောက်ဆုရရှိခဲ့ကြတဲ့ အသင်းတွေကို ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်ထိပ်တန်းအရာရှိကြီးတွေက ဆုတွေချီးမြှင့်ခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၅၀ ခု၊ ငွေတံဆိပ် ၃၅ ခု၊ ကြေးတံဆိပ် ၃၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂၂ ခုဖြင့် ဆုအများဆုံးဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းက တံခွန်စိုက် ဒိုင်းဆုကြီး ရရှိခဲ့တာဖြစ်ပါတယ်။
#Ymg-knl
#Yangon_Media_Group
#Myanmar_News
Published :26 November 2022
ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းကြီးမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုနှင့် သီလဝါအထူးစီးပွားရေးဇုံ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှု အခြေအနေများကို နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် နိုဝင်ဘာ ၂၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် ပြည်တွင်းပြည်ပနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အခြေအနေများ၊ ဂျပန်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး Mr. Yusuke Watanabe တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 26 November 2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ အက်ဒမန် ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များအား ပင်လယ်ပြင်သို့ သယ်ဆောင်မည့်အဖွဲ့ ရောက်ရှိ နေကြောင်းသတင်းအရ အတည်ပြုရှာဖွေဖော်ထုတ်ခဲ့ပါတယ်။
ထိုသို့ရှာဖွေဖော်ထုတ်ခဲ့ရာ မြိတ်မြို့နယ်၊ လယ်ကယ် ကျေးရွာအနီးတွင် အိုငယ်(ခ) ခင်ကျော်နိုင် အား FUSO ၆ ဘီး မော်တော်ယာဉ် ၁ စီး၊ Toyota Celsior မော်တော် ယာဉ် ၁ စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ FUSO ၆ ဘီးယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ အိုက်စ် (မက်သ်အဖက်တမင်း)များသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ဘောမ်ထန်(ခ)ဘောမ်ဆောင်၊ ရှရွယ် (ခ)အလာနှင့် ဘောမ်ဇုန်း တို့ ၃ ဦးအား နိုဝင်ဘာ ၁၀ ရက်နေ့တွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ အမှတ်(၁)ဘောတံတား၌ လည်းကောင်း၊ ဇော်တွယ် နှင့် လွမ်းဟူ တို့ ၂ ဦးအား မြိတ်မြို့၊ ကလွင်ကျေးရွာ၌ CALDINA မော်တော်ယာဉ် ၁ စီး၊ NISSAN AD VAN မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်နေ့၌ သန့်ဇင် နှင့် ဇနီးဖြစ်သူ မအေးမြတ်စန္ဒာထွန်း တို့အား ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ NISSAN မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း၊ စောအောင် နှင့် သီဟ တို့အား ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ တည်းခိုခန်း၌ လည်းကောင်း၊ သန့်ဇင်ဦး အား တွံတေးမြို့နယ်၊ ခလောက်ခလူးကျေးရွာရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ မြင့်ဇော်ဦး အား ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၈)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌လည်းကောင်း၊ အိုက်စ် (မက်သ်အဖက်တမင်း)များ တာဝန်ခံသယ်ဆောင် သူ ဇော်ဂျီ(ခ)အားချင်း အား နိုဝင်ဘာ ၁၅ ရက်နေ့တွင် လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မြိတ်မြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် အက်ဒမန် ပင်လယ်ပြင်ရေကြောင်းအသုံးပြု၍ ပြည်ပသို့ ဆက်လက်သယ်ဆောင်မည် ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၁၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Health
Published 26 November 2022
အဆင့်ဆင့်ပြုလုပ်ထားပြီး အသင့်စားသုံးနိုင်တဲ့ ဟော့ဒေါ့၊ ပီဇာ၊ ဒိုးနပ်မုန့်များ စားသုံးခြင်းဖြင့် အရွယ်မတိုင်ခင် သေဆုံးမှုဖြစ်ပေါ်နိုင်ကြောင်း သုတေသီများလေ့လာတွေ့ရှိထားပါတယ်။
ထိုကဲ့သို့အစားအစာများ စားသုံးခြင်းဟာ ဆီးချို၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာစတဲ့ ရောဂါများဖြစ်နိုင်ချေများတာကြောင့် အရွယ်မတိုင်ခင်သေဆုံးမှုနဲ့ ဆက်စပ်နေကြောင်းကို လေ့လာခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်တုန်းက အသက် ၃၀ မှ ၆၉ နှစ်ကြား ဘရာဇီးလ်လူမျိုး ၅ သိန်းကျော်သေဆုံးခဲ့ရာမှာ အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့ အစားအစာများစားခြင်းကြောင့် ၅၇,၀၀၀ ခန့် အရွယ်မတိုင်ခင် သေဆုံးထားကာ စုစုပေါင်းရဲ့ ၁၀.၅ ရာခိုင်နှုန်းမျှ ရှိနေပါတယ်။
ဘရာဇီးလ်မှာ လေ့လာတွေ့ရှိထားတာထက် အမေရိကန်မှာ ဒီလိုနှုန်းထားက ပိုပြီးမြင့်မားနေမယ်လို့ သုတေသီများခန့်မှန်းကြပါတယ်။
ထိုအစားအစာတွေဟာ စက်ရုံမှ အဆင်သင့်ထုတ်လုပ်ထားတာကြောင့် ပါဝင်ပစ္စည်းတွေ လတ်ဆတ်ခြင်းမရှိဘဲ စွဲလမ်းစေတဲ့အရာတွေ များစွာပါဝင်ပါတယ်။
ဒီလိုအစားအစာတွေဟာ ဈေးသက်သာအောင် ထုတ်လုပ်ထားကြတာကြောင့် ဝင်ငွေနိမ့်ပါးတဲ့နိုင်ငံတွေမှာ ပိုပြီးအစားများကြပါတယ်။
ထုပ်ပိုးထုတ်လုပ်ထားတဲ့ အစားအစာတွေကို လျှော့ချစားသုံးမယ်ဆိုရင် တစ်နှစ်ကို လူ ၅,၉၀၀ မှ ၂၉,၃၀၀ ခန့် အသေအပျောက်နည်းသွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒါကြောင့် ထုပ်ပိုးထုတ်လုပ်ထားတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံးလျှော့ချပြီး လတ်ဆတ်သန့်ရှင်းတဲ့ အစားအစာတွေ ပိုမိုစားသုံးဖို့ လမ်းစဉ်များချမှတ်သင့်ပါတယ်။
ရွေးချယ်စားသောက်တဲ့ လူတွေကို ဒီအတွက် အပြစ်တင်ဖို့တော့ မမျှတပါဘူး။
ဆင်းရဲနွမ်းပါးတဲ့နေရာတွေမှာ လတ်ဆတ်တဲ့အစားအစာတွေ ဝယ်ယူဖို့ ဈေးကြီးကြတာကြောင့် အလွယ်တကူ ဈေးသက်သာစွာဝယ်ယူနိုင်တဲ့ အစားအစာတွေကိုပဲ ရွေးချယ်ကြတာပါ။
လူတွေလည်း အစားအစာရွေးချယ်ခွင့်ရသင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ရပိုင်ခွင့်ရှိပါတယ်။
Source: SCMP
#Yangon_Media_Group
#Local_News
Published_ 26 November 2022
ကုလသမဂ္ဂအမျိုးသမီးများ အသင်းမှ ကြီးမှူးလျက် ကမ္ဘာတစ်ဝှမ်းရှိ ချို့တဲ့သည့် ကလေးသူငယ်များအတွက် ရန်ပုံငွေရရှိရန် ရည်ရွယ်၍ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အဦ၌ နှစ်စဉ်ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂစျေးရောင်းပွဲကို နိုဝင်ဘာ ၂၂ ရက်၌ ကျင်းပခဲ့ရာ မြန်မာအဖွဲ့ရုံးမှ အမျိုးသား ယဉ်ကျေးမှု ဆိုင်ခန်းနှင့် အစားအသောက်ဆိုင်ခန်းနှစ်မျိုးဖြင့် ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံး၏ ညွှန်ကြားရေးမှူးချုပ် Ms. Tatiana Valovaya၊ ကုလသမဂ္ဂ အမျိုးသမီးများအသင်း ဥက္ကဋ္ဌ Ms. Niloufar Rafi-Kian Bouabid နှင့် အိန္ဒိယအမြဲတမ်း ကိုယ်စားလှယ်၏ ဇနီး Mrs. Shushma PANDEY တို့မှ အဖွင့် အမှာစကားအသီးသီး ပြောကြားကာ စျေးရောင်းပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုဆိုင်ခန်းတွင် မြန်မာမှု ရွှေချည်ထိုး ငွေချည်ထိုး ပစ္စည်းများ၊ မြန်မာ့တွင်းထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ၊ အသုံးအဆောင်များအပါအဝင် မြန်မာချည်ထည်တို့ကို ရောင်းချခဲ့ပြီး၊ ရိုးရာ အစားအသောက် ဆိုင်ခန်းတွင် မြန်မာ့အစား အစာ အုန်းနို့ခေါက်ဆွဲနှင့် သာကူတို့ကို ရောင်းချခဲ့ပြီး မြန်မာအဖွဲ့ရုံးသည် ဈေးရောင်းပွဲမှ ရရှိသည့် အမြတ်ငွေ ဆွစ်ဖရန့် ၄၅၀ ကို UNWG သို့ လှူဒါန်းခဲ့ပါတယ်။
မတူကွဲပြားသည့်လူမျိုးနှင့် ယဉ်ကျေးမှုနောက်ခံဖြင့် အမျိုးသမီးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုပိုမို မြှင့်တင်နိုင်ရေးရည်ရွယ်၍ကုလသမဂ္ဂ အမျိုးသမီးများ အသင်းကို ၁၉၇၀ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး အကျိုးအမြတ်ရှေးမရှုသော ပရဟိတ အဖွဲ့အစည်းတစ်ခု (non-profit organization) ဖြစ်ကြောင်း သိရှိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 25 november 2022
လက်ရှိတွင် ဈေးကွက်မှာ နာမည်ကြီး လူကြိုက်များနေတဲ့ ယိုးဒယားဒူးရင်း ချန်နီသီးကို ပြည်တွင်းက ဒူးရင်းခြံတွေမှာ စိုက်ပျိုးမှုပိုများလာတယ်လို့ ဒူးရင်းစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Page 1254 of 1767